Monday, December 20, 2010

ကြီးမိုက်

* ပြက္ခဒိန်ထက် - ကုန်ဆုံးရက်များ
ရွက်ခြောက်လားကွယ် - လွင့်ပါးသွေခွါ
အက္ခရာသစ် - ဖွင့်လှစ်ကြပေါ့ စာမျက်နှာ ။
* စာမျက်နှာဟောင်း - အကောင်းအဆိုး
ရေးထိုးစာတမ်း - ဘ၀လမ်းရဲ့
တစ်ခန်းရပ်ဇာတ် - မှတ်တမ်းပြုစုဆင်ခြင်မိ ။
* ခရီးရှည်စွာ - ဖြတ်သန်းလာရ
ဘ၀နှင့်တူ - ငါဘာယူမိ
နတ်လူပေးဆု - မြတ်သာဓုလော ။
* စီးပွားချမ်းသာ - ရတနာ
ဥစ္စာဓနရခဲ့သလော ။
* သိပ္မ၀ိဇ္ဖာ တတ်ကောင်းစွာ
ပညာသုတရခဲ့သလော ။
* ``ကုသိုလ်ဥစ္စာ ပညာစုစု
တစ်ခုခုရှာ တစ်နေ့တာ ´´ တဲ့ ။
* ပညာရှိစကား ပစ်ပယ်ထားလျက်
စားဝတ်နေရေး အယိုင်ပြေးကာ
လေးလံဝန်ထမ်း မောပမ်းလှိုက်ဖို
ကုသိုလ်ဥစ္စာ ငါ့ဘ၀နဲ့နော်
ငါးဆယ်ကျော်လည်း လောဘ၀ဲမှာ
သောကလည်ဆွဲ မောဟထည်လဲ
ဒေါသကဲလျက် ....
အစွဲအမှားနောက်ကျိကာ
မမြဲတရား ရောက်ရှိလာသမို့
အမေရေ .... ကျွန်တော် ငရဲတံခါးခေါက်မိနေပြီခင်ဗျား ...။

Sunday, October 24, 2010

မစွန့်စားပါနဲ့လားသမီးရယ်

ဒီလိုစွန့်စားမှုမျိုးတွေတော့ထပ်ပြီးမလုပ်ချင် ပါနဲ့တော့လားသမီးရယ်လို့ပြောချင်ပါတယ်။
မတော်တဆဆိုတာရှိတတ်တော့ တကယ်လို့များခြေချော်လက်ချော်ဆိုရင် ရင်နာရမှာကမိဘတွေပါ၊

Saturday, June 19, 2010

နောင်တ ၁၀ မျိုး

၁။ အချိန်ရှိခိုက် ငယ်စဉ်က ပညာ မသင်ခဲ့မိလေခြင်း။
၂။ ဥစ္စာ မစုဆောင်းမိခဲ့လေ ခြင်း။
၃။ သူတပါး၏ အချစ်ကို ဖျက်ဆီးမိခဲ့လေခြင်း။
၎။ သူတပါး၏ အသက်ကို ပြစ်မှားမိခဲ့လေခြင်း။
၅။ သူတပါး၏ မယားကို ပြစ် မှားမိခဲ့လေခြင်း။
၆။ ဥစ္စာပစ္စည်း ရှိလျှက် မလှူမိခဲ့လေခြင်း။
၇။ ဆုံးမစကားကို နားမ ထောင်မိခဲ့လေခြင်း။
၈။ မိဘကို မလုပ်ကျွေး မိခဲ့လေခြင်း။
၉။ ပညာရှိထံ နည်းခံ၍ မသင်ကြား မိခဲ့လေခြင်း။
၁၀။ မြတ်သော အကျင့်ကို မကျင့်မိခဲ့လေခြင်း။

အလှူ၏ ကြီးကျယ်မြင့်မြတ်ပုံ

မြတ်စွာဘုရား ဟောကြားတော်မူသော ဝေလာမပုဏ္ဏားကြီးအလှူနှင့် စပ်လျဉ်း၍ အလှူတစ်ခုထက် တစ်ခု ကြီးကျယ်မြင့်မြတ်ပုံကို အောက်ပါအတိုင်း နှိုင်းယှဉ်ခဲ့ပါသည်။
-ဆင်၊ မြင်း၊ ကျွဲ၊ နွား၊ စားဖွယ်ပစ္စည်း ၈၄၀၀၀ စီ လှူသော အလှူထက် သောတာပန်တစ်ဦးကို လှူပါက ကြီးမြတ်ကြောင်း။
-သောတာပန် ၁၀၀ ကို လှူသည်ထက် သကဒါဂါမ်တစ်ဦးကို လှူပါက ပိုမြတ်ကြောင်း။
-သကဒါဂါမ် ၁၀၀ ကို လှူသည်ထက် အနာဂါမ်တစ်ဦးကို လှူပါက ပိုမြတ်ကြောင်း။
-အနာဂါမ် ၁၀၀ ကို လှူသည်ထက် ရဟန္တာတစ်ပါးကို လှူသူက ပိုမြတ်ကြောင်း။
-ရဟန္တာ ၁၀၀ ကို လှူသည်ထက် ပစ္စေကဗုဒ္ဓါတစ်ပါးကို လှူသူက ပိုမြတ်ကြောင်း။
-ပစ္စေကဗုဒ္ဓါ ၁၀၀ကို လှူသည်ထက် သမ္မာသံဗုဒ္ဓ ဘုရားရှင်ကို လှူသူက ပိုမြတ်ကြောင်း။
-ဘုရားတစ်ဆူကို လှူသည်ထက် ဘုရားအမှူးထားသည့် သံဃာကို လှူသူက ပိုမြတ်ကြောင်း။
-ဘုရားအမှူးပြုပြီး သံဃာကို လှူသူထက် ကျောင်းတစ်ဆောင်ကို လှူသူက ပိုမြတ်ကြောင်း။
-ကျောင်းတစ်ဆောင် လှူသူထက် ဘုရား၊ တရား၊ သံဃာ (သရဏဂုံ ၃-ပါး) ကို ကိုးကွယ်ဆည်းကပ်သူက သာလွန်မြင့်မြတ်ကြောင်း။
-ဘုရား၊ တရား၊ သံဃာကို ကိုးကွယ်ဆည်းကပ်သူထက် ငါးပါးသီလကို စောင့်ထိန်းသူက ပိုမြတ်ကြောင်း။
-ငါးပါးသီလကို စောင့်ထိန်းသူထက် ပန်းတစ်ရှုပ် နမ်းခိုက်မျှ မေတ္တာစိတ်ကို ပွားများပါက ပိုမြတ်ကြောင်း။
-မေတ္တာပို့သ ပွားများသူထက် လက်ဖျစ်တတွတ်မျှ အနိစ္စသညာကို ပွားများသူက အမြတ်ဆုံး ဖြစ်ပါသည်။
(ဓမ္မမိတ်ဆွေ ရေးသားသော လူ့ပြည်မှအပြန် စာအုပ်မှ ကောက်နှုတ်ချက်) သစ္စာတရားများစုဝေးရာမှ ကူးယူဖော်ပြပါသည်)
By zaylay, on June 16th, 2010

ဘ၀အစမ်းရှင်းတမ်း

အကျိုးရှိမယ့်အတွေးလေးတွေ ရစေမှာမို့ ပြန်မျှဝေတာပါ။
Balance Sheet of Life
Our Birth is our Opening Balance!
Our Death is our Closing Balance!
Our Prejudiced Views are our Liabilities
Our Creative Ideas are our Assets

Heart is our Current Asset
Soul is our Fixed Asset
Brain is our Fixed Deposit
Thinking is our Current Account

Achievements are our Capital
Character & Morals, our Stock-in-Trade
Friends are our General Reserves
Values & Behaviors are our Goodwill

Patience is our Interest Earned
Love is our Dividend
Children are our Bonus Issues
Education is Brands / Patents

Knowledge is our Investment
Experience is our Premium Account
The Aim is to Tally the Balance Sheet Accurately.
The Goal is to get the Best Presented Accounts Award.

ရွေးကောက်ပွဲနှိုင်းယှဉ်လေ့လာချက်

၁၉၈၈ ခုနှစ် လူထုဒီမိုကရေစီ လှုပ်ရှားမှုကြီးကို စစ်တပ်က ဖြိုခွင်းခဲ့ပြီး စက်တင်ဘာလ ၁၈ ရက် နေ့တွင် အာဏာသိမ်းခဲ့သည်။ ထိုအချိန်မှစ၍ စစ်တပ်က ၂၂ နှစ်တိုင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ မရှိဘဲ တိုင်းပြည်ကို အုပ်ချုပ်ခဲ့သည်။

၁၉၉၀ ခုနှစ်တွင် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီး ကျင်းပခဲ့ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က စစ်တပ်ထောက်ခံသော တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ (တစည) ကို ထောက်ခံမဲ အများစုဖြင့် အပြတ်အသတ် အနိုင်ရခဲ့သည်။ သို့သော်စစ်အစိုးရက အာဏာလွှဲပေးရန် ငြင်းဆန်ခဲ့သည်။ စစ်တပ်က နိုင်ငံရေးကို လွှမ်းမိုးချုပ်ကိုင်နိုင်ခွင့် ပေးထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ၁၅ နှစ်ကြာခန့် ရေးဆွဲခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် လူထုဆန္ဒခံယူပွဲဖြင့် အတည်ပြုခဲ့သည်။

စစ်အစိုးရက ထုတ်ပြန်ထားသော ၂၀၀၈ ရွေးကောက်ပွဲ ဥပဒေများက ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးဖြစ်စဉ်မှ ဖယ်ထုတ်ထားသည့်အတွက် လာမည့် ၂၀၁၀ ရွေးကောက်ပွဲကို NLD က သပိတ်မှောက်ခဲ့သည်။

ထို့နောက် စစ်အစိုးရသည် အစဉ်အဆက်ကျင့်သုံးခဲ့သော စစ်တပ်သည် ပါတီနိုင်ငံရေး ကင်းရှင်းရမည်ဆိုသည့် စည်းကမ်းချက်ကို စွန့်လွှတ်လိုက်သည်။ ထိပ်ပိုင်း စစ်ဗိုလ်ချုပ်များသည် နေ့ချင်းညချင်း စစ်ယူနီဖောင်းချွတ်ကာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကို ထူထောင်လိုက်ပြီး ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်လာကြသည်။
မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီမှ လူဟောင်းများဖြင့် ဖွဲ့စည်းထားသော တစည နှင့် ယခု စစ်အစိုးရက ကြိုးကိုင်ထားသည့် USDP တို့ကို နှိုင်းယှဉ် လေ့လာ၍ တင်ပြထားပါသည်။
အပြည့်အစုံဖတ်ရန်

Friday, June 18, 2010

နိုင်ငံရေးသမားဋီကာ

“နိုင်ငံရေးသမားဋီကာ”။
----မောင်ဝံသ
နိုင်ငံရေးသမား (Politician) နဲ့ နိုင်ငံပြုခေါင်းဆောင် (Statesman) ကို ခွဲခြားရှင်းပြတဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်တွေ ဖတ်ရှုလေ့လာ ကြပြီး နိုင်ငံရေး သမား တွေကို ကိုယ်ကျိုးရှာ သမားတွေလို့ ထင်မြင်ယူဆ သူတွေ အတော်များ နေတယ်ဗျ။
နိုင်ငံရေးဆောင်ရွက်သူ အားလုံးကို လွှမ်းခြုံပြီး နိုင်ငံရေးသမား (Politician) လို့ ခေါ်ဆိုပါတယ်။
နိုင်ငံရေးသမားတွေဟာလည်း ပုထုဇဉ်တွေဖြစ်လို့ လောဘ၊ ဒေါသ၊ မာန်မာနများ ရှိကြစမြဲ ဖြစ်ပါတယ်။ အနည်းအများတော့ ကွာခြားကြမှာပေါ့။
အဲဒီအပေါ် မူတည်ပြီး နိုင်ငံရေးသမားဆိုး၊ နိုင်ငံရေး သမားကောင်းရယ်လို့ ကွဲပြားလာကြတယ်။
ဆိုးတယ် ကောင်းတယ်ဆိုတာ သူတို့နဲ့ ဆက်ဆံနေရတဲ့ လူထုက အကဲဖြတ် သတ်မှတ်ကြတာပါ။
ကောင်းကျိုး၊ ဆိုးကျိုးဘယ်ဟာ လုပ်သလဲ။
အစိုးရအရာရှိတယောက်ဟာ သူ့အလုပ်တာဝန်ကို ကျေပွန်စွာထမ်းဆောင်ရင် အရာရှိကောင်း တယောက်လို့ ပြောနိုင်တယ်။ သူနဲ့ ဆက်ဆံရတဲ့ ပြည်သူ တွေကို အကျပ်ကိုင်၊ ပညာပြပြီး လာဘ်လာဘရအောင်လုပ်ရင် အရာရှိဆိုးလို့ ပြောကြတယ်။
နိုင်ငံရေးသမားလည်း ထိုနည်း၎င်းပါပဲ။
ပြည်သူလူထုကို အလုပ်အကျွေးပြုရင် နိုင်ငံရေးသမားကောင်း၊ပြည်သူလူထုကို အာဏာအလွဲသုံးပြီး ပြန်လည်နှိပ်စက်နေရင် နိုင်ငံရေးသမားဆိုးပါပဲ။
အရာရာကို ပြည်သူလူထု ကောင်းကျိုးလုပ်သလား၊ ဆိုးကျိုးလုပ်သလားနဲ့ပဲ တိုင်းတာရပါမယ်။
“ပီတိကိုပဲ စားရမယ်”။
အစိုးရ၀န်ထမ်းနဲ့ နိုင်ငံရေးသမား ကွာခြားတာက အစိုးရ၀န်ထမ်းက သူ့ပညာနဲ့ ကျွမ်းကျင်မှု အားလျှော်စွာ လစာ၊ ငွေကြေးရရှိတယ်။
နိုင်ငံရေးသမားက လစာငွေကြေးမရဘူး။
စေတနာ့ ၀န်ထမ်းအလုပ်ဖြစ်တယ်။သူ့ကို နိုင်ငံရေးလုပ်ရမယ်လို့ ဘယ်သူကမှ ခိုင်းတာမဟုတ်ပါ။
သဘောတရားအရပြောရရင် မိမိအလိုဆန္ဒအလျောက် အများအကျိုးကို ဆောင်ရွက်ချင်တဲ့စိတ် ထက်သန်လွန်းလို့ နိုင်ငံရေးလုပ်ကြတာ ဖြစ်တယ်။
နိုင်ငံရေးလုပ်ခြင်းဟာ မိမိကိုယ်ကိုမိမိ တာဝန်အပ်နှင်းပြီး လုပ်တဲ့ မစ်ရှင် (Mission) အလုပ် ဖြစ်တယ်။
ကုသိုလ်ဖြစ် အလုပ်ဖြစ်တယ်။ ဘာသာရေးစကားလုံးနဲ့ ပြောရင် သာသနာပြု အလုပ်မျိုး ဖြစ်တယ်။
ဒါဖြင့် နိုင်ငံရေးသမားဟာ နိုင်ငံရေးလုပ်လို့ ဘာရသလဲ။
ဘာမှ မရပါဘူး။
ဒါဖြင့် ဘာစားသလဲ။ ပီတိကိုပဲ စားရပါမယ်။
သူပါဝင်လုပ်ဆောင်ခဲ့တဲ့ နိုင်ငံရေး လုပ်ငန်းကြီးတစ်ခု အောင်မြင်သွားတာကိုကြည့်ပြီး တစိမ့်စိမ့်နဲ့ ပီတိဖြစ်နေမယ်။
အဲဒါ အရသာပဲပေါ့။ သူပါဝင်စွမ်းဆောင်ခဲ့တာကို အသိအမှတ်ပြုတဲ့အနေနဲ့ မော်ကွန်း တင်ခံရရင်လည်း ပီတိဖြစ်တာပါပဲ။ ရင်ဘတ်မှာ ဖဲဝါကြိုးလေး ချိတ်ဆွဲပေးတာခံရရင်ပဲ ပင်ပန်းနွမ်းနယ်ခဲ့သမျှ အနစ်နာခံခဲ့သမျှတွေအားလုံး ပြေပျောက်သွားတော့တာပေါ့။ တပည့်တွေကို ကြည့်ရ၊ ဆရာတွေကို ကျေးဇူးဆပ်ရ နိုင်ငံရေးသမားတွေထဲမှာ ၀န်ကြီး၊ ၀န်ကလေး၊ အမတ်စသည်ဖြင့် နိုင်ငံရေး ရာထူးဌာနန္တရတွေ အသီးသီးရရှိသူတွေကတော့ လစာငွေကြေးတင်မက လုပ်ပိုင်ခွင့် အခွင့်အရေးတွေပါ ရကြတယ်။ လုပ်ပိုင်ခွင့်အာဏာတွေကနေ ငွေကြေးတွေ ဒလဟော ၀င်လာတယ်။ အဲဒီအခါ သူတို့ကို အဲဒီနေရာမျိုးရောက်အောင် ပခုံးနဲ့ထမ်းပြီး တွန်းတင်ပေးခဲ့တဲ့ တပည့်တပန်းတွေကို ပြန်ပြီး ကြည့်ရရှာတယ်။ တချိန်တည်းမှာ သူ့ကိုလာဘ်ရွှင်စေတဲ့ နေရာကောင်းပေးထားတဲ့ အထက်အရာရှိများကိုလည်း ကျေးဇူးတုန့်ပြန်ရတယ်။ ဒီလိုနဲ့ပဲ ရထားတဲ့လုပ်ပိုင်ခွင့် အာဏာလေးကို လက်မလွှတ်ချင်တော့ဘူး။ အာဏာတည်မြဲဖို့ နည်းလမ်းမျိုးစုံ ကျင့်သုံးတော့တယ်။ ဘယ်လောက်ဖြူစင်တဲ့ နိုင်ငံရေးသမားဖြစ်ပါစေ၊ အာဏာမှာ ယစ်မူးသွားတတ်တယ်။ နေရာနှင့် ခံယူချက် မတူ နိုင်ငံရေးသမားတွေထဲမှာပဲ ရင့်ကျက်မှုရှိပြီး အမျှော်အမြင်ကြီးတဲ့ပုဂ္ဂိုလ်ကို Statesman လို့ ခေါ်ဝေါ်သုံးနှုန်းတယ်။ Statesman ဟာ နိုင်ငံရေး သမား ပါပဲ။ သို့ပေမယ့် Politician နိုင်ငံရေးသမားဟာ အုပ်ချုပ်ရေးလုပ်ငန်းတွေ တာဝန်ယူလို့ရတယ်။ သူတို့ရဲ့ အဓိက ရည်မှန်းချက်က ရွေးကောက်တင် မြှောက်ခံရဖို့ ဖြစ်တယ်။ လူသားရေးရာတွေဟာ သူ့အတွက် အရေးမကြီးဘူး။ ရာထူးနေရာရှိမှ သူ့သြဇာအာဏာကို လူတွေက လိုက်နာကြမယ်လို့ သိထားတယ်။ တိုင်းပြည်ကောင်းကျိုးလုပ်ဆောင်ဖို့ ပထမဆုံး အာဏာရအောင် လုပ်ရမယ်လို့ ခံယူထားတယ်။ Statesman နိုင်ငံရေးသမားတွေက လူသားရေးရာကို ပိုစိတ်ဝင်စားတယ်။ သူ့အတွက် နေရာဟာ အရေးမကြီးဘူး။ လူအများကောင်းကျိုးကို ဘယ်နေရာက လုပ်ရလုပ်ရ လုပ်မယ်လို့ ဆုံးဖြတ်ထားတယ်။ လူတွေကို ကူညီနိုင်သမျှ ကူညီတယ်။ Statesman နဲ့ Politician ကို ခွဲခြားပြီးပြောထားတဲ့ နာမည်ကျော် အဆိုအမိန့်တချို့ရှိတယ်။ “နိုင်ငံရေးသမားဟာ လာမယ့်ရွေးကောက်ပွဲကိစ္စကို စိတ်ဝင်စားတယ်။နိုင်ငံပြုခေါင်းဆောင်က လာမယ့် မျိုးဆက်အတွက် စိတ်ဝင်စားတယ်။” ဒီအဆို အမိန့်ကို အမေရိကန် နိုင်ငံရေးသမား၊ တရားဟောဆရာနဲ့ စာရေးဆရာ ဂျိမ်းဖရီးမန်းကလပ်က မိန့်ဆိုခဲ့တာပါ။ နိုင်ငံရေးလောကမှာတော့ အတော်လေး ပေါ်ပြူလာ ဖြစ်ပါတယ်။ အဲဒီအတိုင်းဆိုရင် နိုင်ငံရေးသမားဟာ မျက်တောင်မွှေးတဆုံးပဲ ကြည့်တတ်သူလို့ ယူဆရမလို ဖြစ်နေတာပေါ့။ အမေရိကန် သမ္မတကြီး အေဘရာဟမ်လင်ကွန်းကလည်း နိုင်ငံရေးသမားတွေနဲ့ ပက်သက်လို့ ထင်ရှားတဲ့ အဆိုအမိန့်တွေ မိန့်ဆိုခဲ့ပါတယ်။ “နိုင်ငံရေးသမားတယောက်အဖို့ ၀ါရင့်နိုင်ငံပြုခေါင်းဆောင် အမြန်ဆုံး ဖြစ်လာစေတဲ့ နည်းကတော့ ရွေးကောက်ပွဲမှာ ရှုံးဖူးခြင်းပါပဲ” “သူ့နိုင်ငံရေးကို ခင်ဗျားလက်မခံနိုင်ရင် သူ့ကို နိုင်ငံရေးသမားလို့ ခေါ်တယ်။ အကယ်၍ လက်ခံနိုင်တယ်ဆိုရင် သူဟာ နိုင်ငံပြုခေါင်းဆောင်ပဲ” “နိုင်ငံပြုခေါင်းဆောင်အစစ်ဆိုတာ စွန့်လွှတ်၊ စွန့်စားရဲသူကို ခေါ်တယ်” ပြည်သူ့မေတ္တာ ရောင်ပြန် အထက်ဖော်ပြပါ အဆိုအမိန့်စာကိုးများအရ နိုင်ငံရေးသမားဆိုတာ နိုင်ငံတကာမှာလည်း လူအများရဲ့ ကိုးစားယုံကြည်ခြင်းကို သိပ်မရဘူးလို့ ဆိုနိုင် ပါတယ်။ တကယ်တော့ နိုင်ငံပြုခေါင်းဆောင်အဆင့်ကို လူတိုင်းရောက်ဖို့ မလွယ်ပါဘူး။ မည်သို့ဆိုစေ အသက်ရှင်နေတဲ့အခိုက် တတ်နိုင်သမျှ အများအကျိုးကို သယ်ပိုးဆောင်ရွက်သွားကြရင်ဖြင့် နိုင်ငံရေးသမားများအပေါ် ပြည်သူ့မေတ္တာ ရောင်ပြန်ဟပ်လာမှာပါလို့ ပြောချင်ကြောင်းပါ ခင်ဗျာ။
“-မောင်ဝံသ”။
16-jun - 2010

Wednesday, June 16, 2010

ဒါလားဟဲ့ - သူတို့ဒီမိုကရေစီ


စည်းကမ်းပြည့်ဝတဲ့ဒီမိုကရေစီဆိုတာ ဒါမျိုးမဟုတ်ပါ