Wednesday, June 27, 2012

ဂျပန် နှင့် Japanization

မြန်မာစစ်အစိုးရအဆက်ဆက်ဂျပန်နိုင်ငံထံကချေးယူထားခဲ့တဲ့ကြွေးမြီဂျပန်ယန်းငွေဘီလီယန်၃၀၃.၅ဘီလီယံ(အမေရိကန်ဒေါ်လာ၃ဒသမ၇ဘီလီယံ)လျှော်ပစ်ပေးခဲ့တဲ့ဂျပန်အစိုးရဟာသူတို့ကိုယ်တိုင်ဂျပန်နိုင်ငံ တင်ရှိနေတဲ့ကြွေးမြီပြဿနာကိုဖြေရှင်းဖို့ကျိုးစားရင်း  အစိုးရ အတွင်း သဘောထားကွဲလွှဲမှုတွေ ဖြစ်ပေါ်နေတာကြောင့် လက်ရှိအစိုးရ ၀န်ကြီးချုပ် နိုဒါ အစိုးရ ဆက်လက်ရပ်တည်မှု ဟာ  စိမ်ခေါ်မှုတွေ ရှိနေတယ်လို့ နိုင်ငံရေးလေ့လာ သုံးသပ်သူတွေက ပြောဆိုနေကြတယ်။

ပြည်ပရောက်မြန်မာတွေ ပြည်တော်ပြန်ချင်တိုင်း ပြန်လို့မရသေး

၂၀၁၁ နှစ်လည်ကတည်းက ကြံ့ဖွံ့အစိုးရသစ်၏သမ္မတကြီး ဦးသိန်းစိန်ကအကြိမ်ကြိမ်အခါခါ ပြည်ပရောက်မြန်မာများပြည်တော်ပြန်ကြဖို့အရေးဖိတ်ခေါ်နေခဲ့သည်။အစိုးရ၏ကိုယ်စား
လှယ်များ၊ အကျိုးဆောင်များနှင့် တွေ့ဆုံညှိနှိုင်းပြီး ပြည်တော်ပြန်ကြသူ မြန်မာများကိုလည်း ပြည်တွင်းပြည်ပမီဒီယာများတွင်သတင်းအဖြစ်တွေ့နေကြရသည်။သို့သော်လည်းပြည်တော် ပြန်လိုသူမြန်မာတိုင်း လွတ်လပ်စွာပြန်ခွင့်ရနေသည်မဟုတ်ဟုအမေရိကန်ပြည်ရောက် မြန်မာအချို့က မိုးမခသို့ပြောကြားသည်။