Wednesday, May 30, 2012

ဝေဖန်တယ်ဆိုတာ


ကျောက်ဆည်သံရွာအထက်တန်းကျောင်းမှကျောင်းဆရာမတစ်ဦးအသတ်ခံရမှု

ကျောက်ဆည်မြို့၊လွန်ကျော်အမှတ်(၁)စိုက်ပျိုးရေးခြံမှာနေထိုင်တဲ့ကျောင်းဆရာမဒေါ်နန်းနွံ(ခေါ်) ဒေါ်မြမြ စိန် အား ၂၀၁၂ခုနှစ်၊ ဧပြီလ ၁၅ ရက်နေ့ ည ၁၂ နာရီမိနစ် ၂၀ အချိန်ခန့်မှာ အိမ်တွင်းဖောက်ထွင်း ၀င် ရောက်နေသူတစ်ဦး က လည်ပင်းကို ဓားနဲ့ထိုးသတ်တဲ့ အမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။
ဆရာမဒေါ်မြမြစိန်ဟာခင်ပွန်းဖြစ်သူဦးခင်မောင်တင့်(စိုက်ပျိုးရေးခြံလုပ်သားမှူး)နဲ့သားဖြစ်သူတို့နဲ့အတူအိမ် ခန်းထဲမှာအိပ်နေစဉ်အသတ်ခံခဲ့ရတာဖြစ်ပါတယ်။သတ်တဲ့သူဟာအိမ်သားတွေမရှိခိုက်အိမ်ထဲဝင်ပုန်းနေတာ ဖြစ်ပါတယ်။
ညဖက်အိမ်သားတွေအိပ်ပျော်နေချိန်မှာဆရာမရဲ့ လည်ပင်းကဆွဲကြိုးကို ဖြုတ်နေစဉ်မှာ ဆရာမဒေါ်မြမြစိန် လန့်နိုးသွားပြီး အော်ဟစ်အကူအညီ တောင်းတဲ့အတွက် ဓားနဲ့ လည်ပင်းကို ထိုးပြီးထွက်ပြေးသွားခဲ့ တာဖြစ် ပါတယ်။

သမ္မတကြီးနှင့်တကွပညာရေးဝန်ကြီးတို့သိစေရန်

ကျွန်တော်တို့ကျောင်းဟာ တာချီလိတ်မြို့နယ်၊ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) မိုင်းကိုးဖြစ်ပါသည်။ ကျွန်တော်တို့ကျောင်းအပါအ၀င်မိုင်းကိုးကျေးရွာအုပ်စုတွင်ကျောင်းပေါင်း(၁၅)ကျောင်းရှိပါသည်။ထိုကျောင်းများ မှာမူလတန်းနှင့်မူလတန်း(လွန်)ကျောင်းများဖြစ်ပါသည်။ထိုကျောင်း(၁၄)ကျောင်းမှမိုင်းကိုးအခြေခံအထက်တန်း ကျောင်း(ခွဲ)သို့တတ်ရောက်လိုသောကျောင်းသား/သူအသစ်များကိုကျောင်းအုပ်ကြီးဦးအေးသိန်းမှာထိုင်းဘတ် ငွေ (၁၀၀၀)ကောက်ခံနေပါသည်။
(၁၄)ကျောင်းမှကျောင်းသား/သူများသည်မိုင်းကိုးကျောင်းတွင်မနေပဲတာချီလိတ်၊ကျိုင်းတုံကျောင်းသို့ပြောင်းရွေ့ လိုပါကမိမိကျောင်းနှင့်မဆိုင်သော်လည်းဘတ်ငွေ(၁၀၀၀)၊မိမိကျောင်းမှကျောင်းသူ/သားများကျောင်းပြောင်း လက်မှတ်ယူလျှင်လည်းဘတ်ငွေ(၁၀၀၀) ပေးမှရမည်ဟုဆိုသည်။ ငွေကြေး မတတ်နိုင် သောမိဘများအား သဲ (၁)စီး၊ကျောက်(၁)စီး၊ အုတ်(၁)စီး၊ ဘိလပ်မြေ စသည်တို့ကို ကြိုက်နှစ် သက်ရာ လှူဒါန်းနိုင်သည်။ မပေး လျှင် မရဟုပြောသည်။ကျောင်းအပ်နှုန်းများမှာအစိုးရမှတရားဝင်ကျပ်ငွေဖြင့်သတ်မှတ်ထားသောလည်း ကျပ်ငွေဖြင့် ကျောင်း အပ်လျှင် လက်မခံ၊ ဘတ်ငွေဖြင့်သာ လက်ခံသည်။ ပညာရေးမှူးရုံးမှ ခိုင်းသည်ဟုဆိုပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့ အထက (၃) ကျောင်းမှ မတရားမှုများ လာဘ်စားမှုများ ဖော်ထုတ်ပေးပါ

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့ အထက (၃) ကျောင်းအုပ် ဆရာမကြီး၊ ကျောင်းစာရေးကြီးနှင့် ဟိန္ဒူ ဆရာ မတို့ (၃) ဦးပူးပေါင်း၍ S.A.T များ လုံလောက်စွာရှိပါလျက် J.A.T များကို အထက်တန်းသင်စေ၍ လာဘ်စား သည်။

Time Table များလိမ်ညာဆွဲ၍ အထက်ကိုတင်သည်။လုပ်ဖော်ကိုင်ဖက် ဆရာ ဆရာမ များအပေါ် အတန်း ခွဲမှု နှင့်ပတ်သတ်၍ ငွေယူလာဘ်စားသည်။ မဆိုင်သောနယ်မြေမှ လာရောက်အပ်နှံသော ကျောင်းသားများ ကို လက်ခံငွေယူ လာဘ်စားသည်။မနှစ်က ကျောင်းသား ၁ ယောက် ၅သောင်း ၊ ၃ သောင်း လာဘ်စားသဖြင့် မိဘများက မကျေနပ်၍ တိုင်သော်လည်း ပေါ်အောင် မစစ်နိုင်ပါ။

Form ကြေး ၁၀၀ ကျပ်ကောက်တာပေါ်သွားပေမယ့်ဘာမှ အပြစ် မပေးပါ။ ကျောင်းအုပ်ကိုယ်တိုင်က "" မနှစ် က Form ကြေး ၁၀၀ကောက်တာရတာမှငါ့မှာ ၂ သိန်းပဲရတယ် ပြဿနာ ဖြစ်လို့ အထက်ကိုပြန်ပေး လိုက်ရ တာက ၃ သိန်းကုန်တယ်ဟု လျှောက်ပြော နေပါသည်။

ဆရာမကြီးရဲ့တိုက်အသစ်ကြီးပြီးလုပြီ။လာဘ်စားတာထင်ရှားနေပါပြီ။ဒီနှစ်တော့ လာဘ်စားမှုတွေ ပေါ်အောင် စစ်ပေးပါတော့။

အမှန်တရားကိုလိုလားတဲ့
၃၆ ဦး

ဒေါ်စုနှင့်အနီးကပ်များသို့

ဘန်ကောက်လေဆိပ်သို့ရောက်ရှိလာသည့်ဒေါ်အောင်ဆန်းစုကြည်နှင့်ကြိုဆိုသူများ

ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်အတွင်း ထိုင်းအာဏာပိုင်တို့ အကြံပြု၍ဖြစ်စေ မိမိကိုယ်တိုင်ရောက်ဖူး လို သော ဆန္ဒပြင်းပြနေလျှင်ဖြစ်စေ မဲဆောက်သို့သွားဖြစ်လျှင်
၁။ ဒေါက်တာဆင်သီရာမောင် ၊..မယ်တော် ဆေးခန်း၊ ……..သွားသင့်တွေ့သင့်သည်။
၂။ KNU နှင့်....................................................................တွေ့သင့်သည်။
၃။ နှစ်ပေါင်းများစွာ မှယနေ့ထိ ထိုင်းနိုင်ငံဥပဒေအရ တရားမ၀င်သော “ ဒုက္ခသည်စခမ်း” ဆိုသည့်နေရာ များ သို့ ဒေါ်စုအနေဖြင့် “ ယခုအချိန်တွင် ” မသွားသင့်ပါ။

နက်နဲရှုတ်ထွေးလှသော ထိုဒေသများ၏ နောက်ကြောင်း နှင့် ကိစ္စအ၀၀ ကို ဒေါ်စုနှင့်အနီးကပ်များ အချိန်မှီ အပြည့်အစုံမသိရှိနိုင်ပါ။
ဘာမှမဖြစ်ခဲ့လျှင် လဲ ဘာမှအကျိုးထူးနောက်ဆက်တွဲပေါ်စရာမရှိပါ။တစ်စုံတစ်ခုဖြစ်လျှင်လဲ ထိုင်းနိုင်ငံတွင် တာဝန်မရှိပါ ။
ဒေါ်စုခရီးစီစဉ်သူများ….. မဲဆောက်သည် ကရင်ပြည်နယ်မဟုတ်သည်ကိုလည်းကောင်း ၊ ထိုဒေသ၏ သမိုင်း ကြောင်း နောက်ခံအရှုတ် အထွေးများ ကို မိမိတို့မည်မျှသိကြောင်း ကိုလည်းကောင်း အထူး သတိပြု ပါ။


အချိန်သိပ်ရလျှင် မြဘုရားသွားဖူးပါ။ အသွားမတော် တစ်လှမ်းဟူသော စကားရပ်တွင် ဘုရားကျောင်းကန် များ မပါပါ။

ဒေါ်စုသည်နိုင်ငံရေးအာဏာသက်တမ်းကုန်ခါနီးမှထိုနေရာသို့သွားကြသောလော်ရာဘုတ်(စ်)လည်း မဟုတ် ပါ။ တိုက်စင်ရှီနာဝပ်လည်းမဟုတ်သည်ကိုသတိပြုပါ။ ဒေါ်စုသည် ဒေါ်စုသည်သာဖြစ်သည်။

စေတနာဖြင့် ။

MK
၂၇.၅.၂၀၁၂
Hessen,
Germany။

၃၀-၅-၁၂ ပြည်တွင်းသတင်းများ

  - ဝ လူဦးရေတိုးပွါးရေးစီမံကိန်းတောင်ပိုင်း ဝ တပ်ဖွဲ့မှ စုံတွဲရာချီအား မင်္ဂလာ ပွဲကျင်းပ ..... Read More
- ကေအိုင်အေ နှင့် အစိုးရတပ် စစ်ရေးတင်းမာမှုကြောင့် ဒေသခံလူထုအခက်တွေ့ ..... Read More
- သျှမ်းပြည်မြို့တော်နှင့်အခြားမြို့ငယ်များ၌လည်း လျှပ်စစ်မီးပြတ်တောက်ရေး ပြဿနာကြုံတွေ့ရ ... Read More
- သျှမ်းလူမျိုးအကြောင်း လေ့လာရေးဗဟိုဌာနဖွင့်လှစ်နိုင်ရေးအစည်း အဝေးကျင်းပ ..... Read More 
- ဒေါ်အောင်ဆန်းစုကြည် မဟာချိုင် သွား ..... Read More
- ယာယီနိုင်ငံကူး လက်မှတ် လုပ်ငန်း လိမ်လည်မှုရှိ ..... Read More
- အိုင်ဒီပီ ပြန်လည်နေရာ ချရေး ..... Read More
- လျှပ်စစ်တာဝါတိုင်များ ဖျက်ဆီးသူကို KIO စုံစမ်းနေ ..... Read More
- ဒေါ်အောင်ဆန်းစုကြည်အလုပ်သမားအဖွဲ့များနှင့် တွေ့မည် ..... Read More
- အစာငတ်ခံ ဆန္ဒပြရင်း လဲကျသူ ၁၀ ဦးအထိရှိလာ ..... Read More
- အိန္ဒိယက ဒေါ်လာ သန်း ၅၀၀ မြန်မာကို ချေးမည် ..... Read More
- ပါဖောမန့်ပြသူ အနုပညာရှင်များ တရားစွဲခံရ ..... Read More
- မျိုးကျော့မြိုင်ရဲ့ လက်ရောက်မှုနဲ့ ဆီးဂိမ်းအတွက် သီချင်းဖန်တီးသူ ..... Read More
- IDPs များ ပြန်လည်နေရာချထားရေး နော်ဝေ ကူညီမည် .....  Read More
- ဟိုတယ်ဈေးနှုန်းများကြောင့် ကမ္ဘာလှည့်ခရီးသွားများ အခက်တွေ့ ..... Read More
- ဆန္ဒပြပွဲ ပါတီတွေ အမြတ်မထုတ်ဖို့ ကော်မရှင် သတိပေး ..... Read More
- ဒေါ်အောင်ဆန်းစုကြည် နေရူး အထိမ်းအမှတ် မိန့်ခွန်းပြောမည် ..... Read More
- ဒေါ်စုကို မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ဝမ်းပမ်းတသာ ကြိုဆို ..... Read More
- ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ပထမ ညီလာခံ အကြိုညှိနိုင်းပွဲ စတင်ကျင်းပ .... Read More
- ဂတ်စ်စီမံကိန်းအပေါ်ဒေသခံလူထုစိတ်ပျက်စပြုလာ ..... Read More
- ရမ်းဗြဲတွင် အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦး မုဒိမ်းကျင့် သတ်ဖြတ်ခံရ ..... Read More
- တောင်ကုတ်မြို့ရှိ အိမ်ခြေ ၆၀ခန့်ပြောင်းရွှေ့ခံရ ..... Read More
- အလုံမြို့နယ် လျှပ်စစ်မီးအရေး သုံးရက်ဆက်တိုက် ဆန္ဒပြမည်..... Read More
- ငြိမ်းချမ်းရေးအတွက် အခြေခံဥပဒေပြင်ဖို့ ငြိမ်းကော်မတီအား လူထုပြော ..... Read More
- ဝန်ကြီးဌာန ဝက်ဘ်ဆိုက်များ သတင်းအချက်အလက် ထုတ်ပြန်မှု အလွန်နည်းပါး....Read More
- အမျိုးသားအဆင့် အကြံပေးကောင်စီ အတွက် ဆွေးနွေးမှုများ ရှိနေ..... Read More
- မြန်မာဆန်နီအထည်ချုပ်စက်ရုံအလုပ်သမားများ ဆန္ဒပြ ..... Read More
- အိန္ဒိယ ကွန်ဂရက်ပါတီဥက္ကဋ္ဌ က NLD ဥက္ကဋ္ဌကို ဖိတ်ကြား ..... Read More
- ဒေါ်စု အာရှအမျိုးသမီးများ အကြောင်း ဟောပြောမည်..... Read More