Wednesday, August 1, 2012

ဒေါ်လာသန်း၅၀၀ကျော်တန်ဖိုးရှိသော ရွှေတြိဂံဒေသထွက် မူးယစ်ဆေးဝါးများဆစ်ဒနီတွင်ဖမ်းဆီးမိ

'ice'စိတ်ကြွဆေး၃၀၆ကီလိုဂရမ်နှင့်ဘိန်းဖြူ၂၅၂ကီလိုဂရမ်စုစုပေါင်းမူးယစ်ဆေးဝါးတန်ဖိုးအမေရိကန်ဒေါ်လာ၅၂၅သန်း(ထိုင်းဘတ်ငွေ၁၆.၅၅ဘီလျံ)ခန့်ကိုဆစ်ဒနီမြို့တွင်ဖမ်းဆီးမိခဲ့ကြောင်းရဲတပ်ဖွဲ့မှကြေညာခဲ့သည်။အဆိုပါမူးယစ်ဆေးဝါးဂိုဏ်းများလှုပ်ရှားမှုကိုသံသယ
ဖြစ်ဖွယ်ရာများကို၁၁လကျော်ကြာစုံစမ်းထောက်လှမ်းပြီးဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်။အဆိုပါမူးယစ်ဆေးဝါးများသည်နာမည်ကျော် မြန်မာအစိုးရမထိမ်းချုပ်နိုင်သောရွှေတြိဂံနယ်မြေမှတဆင့်ထိုင်း နိုင်ငံအတွင်းဖြတ်သန်းကာ ကြွေရည်သုတ်ကရားများအတွင်းထည့်သွင်း၍ကုန်ပို့ကွန်တိန်နာများဖြင့်ထိုင်းနိုင်ငံဆိပ်ကမ်းမှသြစကြေးလျနိုင်ငံဆစ်ဒနီမြို့သို့တင်ပို့ခဲ့ခြင်းဖြစ် သည်။မူးယစ်ဆေးဝါးသယ်ဆောင်လာသူများသည်ဂိုဏ်းအဖွဲ့ဖြင့်လုပ်ကိုင်ကြပြီး
ဟောင်ကောင်မှစီစဉ်မှုများရှိသည်ဟု စုံစမ်းမှုအရသိရကြောင်း ဖေါ်ပြထားသည်။


ယ္ခုလိုမူးယစ်ဆေးဝါးများဖမ်းဆီးရမိခြင်းသည်ယ္ခုနှစ်အတွက် အများဆုံးပမာဏဖြစ်ပြီး သြစတြေးလျနိုင်ငံသမိုင်းတွင်တတိယမြောက်အများဆုံးဖမ်းဆီးရမိခြင်းဖြစ်သည်။ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်မှုနှင့်ပါတ်သက်၍ဟောင်ကောင်နိုင်ငံသား၎ဦး၊ ဗြိ တိန်ဒေသမှပြောင်း ရွှေ့လာ သော သြစတြေးလျနိုင်ငံတွင် နေထိုင်ခွင့်ရှိသူ ၃ဦးတို့ကိုဖမ်းဆီးထိမ်းသိမ်းထားပြီဖြစ်သည်။

KIA ကြောင့်အရပ်သားများမီးလောင်ခံရမှုဖြစ်ပွားခဲ့

ကချင်ပြည်နယ်ဖားကန့်မြို့တွင်အရပ်သားများအရက်ဝိုင်းထိုင်သောက်နေစဉ် ကေအိုင်အေတပ်ဖွဲ့ဝင် အချို့က ဓာတ်ဆီထည့်ထားသည့်ရေသန့်ဘူးဖြင့်ပစ်ပေါက်ခဲ့သဖြင့် မီးဖိုမီးမှတဆင့်မီးလောင်မှုဖြစ်ပွား ခဲ့သဖြင့်အရပ်သား ၈ဦးမီးလောင်ဒဏ်ရာရခဲ့သည်။

ဇူလိုင်၂၆ရက်နေ့ည၁၁နာရီခန့်တွင်ဖားကန့်မြို့သာယာကုန်းကျေးရွာအ၀င် မြေစာပုံ အဟောင်းအနီးရှိလမ်းဘေးတဲအတွင်း၌ဦးမြတ်သူရ(အသက်၃၈နှစ်) နှင့်အခြားအဖော်၇ဦးတို့သည်မီးမွှေးပြီးအသင့်ပါလာသည့်အရက်စုသောက်နေကြသည်။ထိုအချိန်တွင်ပစ္စတိုများကိုင်ဆောင်ထားသည့်ကေအိုင်အေတပ်ဖွဲ့ဝင်၎ဦးရောက်ရှိလာပြီးအသင့်ပါလာသည့်ဓာတ်ဆီထည့်ထားသော ရေသန့်ဘူးဖြင့်ပစ်ပေါက်ခဲ့ရာမီးဖိုမီးမှတဆင့်ကူးစက်ပြီးမီးလောင်ကျွမ်း မှုဖြစ်ပွားခဲ့သည်။

မီးလောင်မှုကြောင့်ဦးမြတ်သူရအပါအ၀င်အရက်အတူသောက်နေသည့်ဦးတူးတူး၊ဦးမာလ၊ဦးသက်ပိုင်၊ဦးမျိုးထွန်း၊ဦးဧရာမောင်၊ဦးတင်ဆန်းအောင်၊ဦးမင်းမင်းတို့၏ခန္ဓာကိုယ်အနှံ့တို့ တွင်မီးလောင်ဒဏ်ရာ များရရှိခဲ့ကြသည်။

အဆိုပါ ဖြစ်စဉ်အတွက်ဖားကန့်ရဲစခန်းကဇူလိုင်၂၇ရက်နေ့တွင်(ပ(၁၆၀/၂၀၁၂) ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ(၃၂၆)အရအမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။