Tuesday, February 5, 2013

အတိုက်အခံနဲ့ အစိုးရ

ယနေ့မြန်မာပြည်တွင်းမှာ ဖြစ်နေတဲ့ပဋိပက္ခတွေအပေါ် NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်
ကမျက်နှာလွဲခဲပစ်လုပ်နေပါတယ်၊အရမ်းပျော့ညံ့လွန်းတယ်၊ NLD ဟာအတိုက်အခံ မဟုတ်တော့ဘူး။ ကြံ့ဖွတ်နဲ့ပေါင်းပြီး ပြည်သူကို နှိပ်ကွပ်နေတယ်၊ NLDဟာ စစ်အာဏာ ရှင်တွေရဲ့ နှပ်ကြောင်းထဲကို ၀င်နေပြီ စတဲ့အသံတွေစုံစနီဖာကြားနေရပါတယ်။
ဒီလိုပြောတဲ့လူတွေထဲမှာ နှစ်မျိုးရှိတယ်။ တမျိုးက တကယ်ပဲစိုးရိမ်ပူပန်စိတ်နဲ့အပြု သဘောသတိပေးကြတဲ့သူနဲ့လုပ်သမျှကိုအဆိုးလိုက်မြင်ပြီးငါမလုပ်ရင်မဟုတ်ဘူးဆို
တဲ့ပုံစံနဲ့ ပြောနေတဲ့သူရယ်လို့ ခွဲလို့ရမယ်ထင်တယ်။ အဲဒီအပေါ်မှာမှကြံ့ဖွတ်အစိုးရရဲ့ အလုပ်မရှိကြောင်ရေချိုးတန်ပြန်မီဒီယာတွေကမီးလောင်ရာလေပင့်အရေးအသားတွေ
နဲ့တစိတ်ကိုတအိတ်လုပ်လိုက်ကြတော့ ဖောင်းပွကုန်တော့တာပဲ။

အကြောင်းအရာတခုကို ချဉ်းကပ်တော့မယ်ဆိုရင် ချဉ်းကပ်လို့ရမယ့်နည်းလမ်းတွေ
အများကြီးရှိနိုင်ပါတယ်။ သူ့အတွေး ကိုယ့်အတွေးဆိုတာလည်း မတူညီနိုင်ပါဘူး။
အပျက်သဘောနဲ့မြင်နိုင်သလို အပြုသဘောနဲ့လည်း စဉ်းစားလို့ရပါတယ်။ ဒီထဲမှာမှ
တိုင်းပြည်မှာဖြစ်သမျှတွေမှန်သမျှ NLD ကဘာမှမလုပ်လို့အပြစ်ပုံချဒေါ်အောင်ဆန်း

စုကြည်ကတိုင်းပြည်ကိုပစ်ပြီးထွက်ပြေးနေတယ်ဆိုပြီးနိုင်ငံရေးသဘာကြီးယောင်ယောင် ပညာရှင်ယောင်ယောင်နဲ့ အရေးအသားတွေကအဆိုးဆုံးပါပဲ။

မြန်မာနိုင်ငံပညာရေး နိမ့်ကျသွားရခြင်း၏အကြောင်းရင်းများ

ကိုလိုနီခေတ် ပညာရေးကို ကျွန်ပညာရေးဟု ခေါ်ခေါ်၊ ဘာပဲခေါ်ခေါ် ပညာရေးမှာ ကမ္ဘာ့အဆင့်ကို ကောင်းကောင်း မှီခဲ့ဖူပါသည်။ ကိုလိုနီခေတ်က ဘွဲ့ရခဲ့သူများသည်
လွတ်လပ်ရေး ရပြီးနောက် ရန်ကုန်တက္ကသိုလ်တွင် ဆရာများ ဖြစ်လာခဲ့ကြသည်။
ဆရာများ၏ သင်ကြားပေးခြင်း ခံရသော တပည့်များမှာလည်း ကမ္ဘာ့အဆင့်ကို မီခဲ့ကြ
သည်။ ဦးနု အစိုးရက အင်္ဂလန်၊ အမေရိကန်၊ ကနေဒါ၊ ဩစတြေးလျ၊ စသော နိုင်ငံများ
သို့ ပညာတော်သင်များ စေလွှတ်သည်။ ပညာတော်သင်များ၏ ၉၉ ရာခိုင်နှုန်းမှာလည်း အမိနိုင်ငံသို့ ပြန်လာပြီး ကျရာ တာဝန်များကို ထမ်းရွက်ကြသည်။


တက္ကသိုလ်များနှင့် ကျောင်းများတွင်လည်း အရည်အချင်းကို ဦးစားပေးပြီး တကယ်တတ်
သူကိုသာ အအောင် ပေးတတ်သဖြင့် တက္ကသိုလ် ၀င်တန်း စာမေးပွဲ အောင်ချက်သည်
အများဆုံး ၁၂ ရာခိုင်နှုန်းသာ ရှိခဲ့သည်။ ၁၉၅၉ ခုနှစ်တွင်မူ ၃ ဒသမ ၄ ရာခိုင်နှုန်းသာ
ရှိခဲ့ပါသည်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ဘယ်လမ်းသွားမှာလဲ

၂၀၁၀ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို အစိုးရကလွှတ်ပေးခဲ့တယ်။
၂၀၁၂ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကျတော့ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်
တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ဟာလစ်လပ်တဲ့ ၄၅နေရာမှာဝင်ရောက်ရွေး
ချယ်ခံတော့ ၄၃နေရာအနိုင်ရခဲ့ပြီး တရားဝင်အဓိကဒုတိယအင်အားကြီးပါတီဖြစ်လာ
ခဲ့တယ်။ ဒီလိုတစ်ခဲနက်အောင်မြင်မှုတွေရလာတာကြောင့်လဲ ဦးသိန်းစိန်အစိုးရရဲ့
ပြုပြင်ပြောင်းလဲရေးပထမအဆင့်ကိုရောင်ပြန်ဟပ်လာခဲ့တယ်။

ဒေါ်စုကြည်ဟာနေအိမ်အကျယ်ချုပ်ကျခံနေရစဉ်အတောအတွင်း လွတ်လပ်မှုနဲ့ဒီမို
ကရေစီအတွက် အတိုက်အခံခေါင်းဆောင်တစ်ယောက်အနေနဲ့လူကြိုက်များခဲ့တယ်။ ဒီအချက်နဲ့တော့ မြန်မာနိုင်ငံအတွက်သမ္မတတစ်ယောက်ဖြစ်ဖို့အသင့်အဖြစ်သေးပါ
ဘူး။သမ္မတတစ်ယောက်အဖြစ်အနေနဲ့သူမဟာ၁၃၅မျိုးသောတိုင်းရင်းသားလူမျိုးစုတွေ
ကိုစုစည်းပေးနိုင်ဖို့လိုအပ်ပြီး မလုပ်နိုင်ဘူးဆိုရင်တော့ သူမရဲ့ဂုဏ်သိက္ခာကိုထိခိုက်စေ
မှာဖြစ်ပါတယ်။ဒိအတွက်သူမဟာလက်ရှိသူမရဲ့နိုင်ငံရေးနဲ့ဘာသာရေးအလေ့အ
ကျင့်တွေကိုပြောင်းလဲနိုင်ဖို့အတွက်ခက်ခက်ခဲခဲဆုံးဖြတ်ချက်ချဖို့လိုအပ်ပါလိမ့်မယ်။

အတိုက်အခံခေါင်းဆောင်တစ်ယောက်အနေနဲ့ သူ့မှာခိုင်မာတဲ့သမိုင်းကြောင်းတွေနဲ့ သူမရဲ့ပါတီကိုထောက်ခံမှုတွေရှိပါတယ်။

Sunday, February 3, 2013

ကချင်လက်နက်ကိုင်များနှင့်တရုတ်ပြည်တွင်ငြိမ်းချမ်းရေးဆွေးနွေးရန်မြန်မာအစိုးရသဘောတူ

လွန်ခဲ့သည့်နှစ်လအတွင်း မြန်မာစစ်တပ်နှင့်ဖြစ်ပွားခဲ့သည့်ပဋိပက္ခများအဆုံးသတ်
ရန်ကြိုးစားသည့်အနေ ဖြင့် လာမည့်အပတ်တွင်မြန်မာအစိုးရနှင့် တရုတ်ပြည် တွင်ဆွေးနွေးရန်သဘောတူခဲ့ကြောင်း KIA က ပြောခဲ့သည်။

KIA ၏ကြေညာချက်၌ တရုတ်အစိုးရကအစည်းအဝေးတွင်သက်သေတစ်ယောက်
အနေဖြင့်ပါဝင်ပြီးပြေ လည်အောင်ဝင်ရောက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းဖော်ပြ
ထားခဲ့ကာ ကျွန်ုပ်တို့၏ခေါင်းဆောင်များအ တွက် ကမ္ဘာတစ်ဝန်းလုံးရှိမိတ်ဆွေများ
နှင့် ထောက်ခံသူများ၊ ကချင်အသိုင်းအဝိုင်းတို့ကဆုတောင်းပေးကြရန်လည်းတိုက်
တွန်းခဲ့သည်။

သီရိလင်္ကာရေတပ်က မြန်မာနှင့် ဘင်္ဂလားဒေ့ရှ့်နိုင်ငံသားများကို ကယ်ဆယ်ခဲ့

သီရိလင်္ကာနိုင်ငံ အရှေ့ဘက်ပင်လယ်ပြင်မှာ နစ်မြုပ်တော့မည့်လှေတစ်စင်းပေါ်က ဘင်္ဂလားဒေ့ရှ့်နှင့်မြန်မာနိုင်ငံသား ၁၀၀ကျော်ကို သီရိလင်္ကာရေတပ်ကကယ်တင်
လိုက်ခဲ့တယ်လို့ ရေတပ်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောလိုက်ပါတယ်။
ရေတပ်ပြောရေးဆိုခွင့်ရှိသူ   Kosala Warnakulasuriya ကဆင်ဟွာသတင်းဌာန
ကိုပြောပြရာ မှာ သောင်တင်နေတဲ့လှေတစ်စင်းနဲ့ပတ်သက်တဲ့သတင်းကို ရရှိခဲ့ပြီး တဲ့နောက်မှာ ရေတပ်သင်္ဘောတွေ ကိုစေလွှတ်ခဲ့ပြီး ရေတပ်သင်္ဘောတွေရောက်
တဲ့အခါ အသက်အန္တရာယ်စိုးရိမ်ရလောက်တဲ့အနေအထားနဲ့ အပြွတ်အသိပ်တင်
ထားတဲ့လှေတစ်စီးပေါ်မှာ လူ ၁၃၈ဦးကိုတွေ့ခဲ့တယ်ဆိုပါတယ်။

သိရိလင်္ကာရေတပ်ကချက်ခြင်းပဲအဲဒီလူတွေကိုရေတပ်သင်္ဘောပေါ်တင်ပြီးကမ်းခြေ ကိုခေါ်လာခဲ့တယ်လို့အဆိုပါပြောရေးဆိုခွင့်ရှိသူကပြောလိုက်ပါတယ်။ လှေပေါ်မှာတွေ့
ခဲ့ရသူအများစုဟာ ကိုယ်ခန္ဓာရေဓာတ်ကုန်ဆုံး နေတာတွေခံစားနေရတာတွေ့ရ
လို့ဒေသဆေးရုံတစ်ခုကို တင်ထားခဲ့ပါတယ်။ လှေပေါ်မှာပါလာသူတွေထဲမှာ အမျိုးသမီး နဲ့ကလေးတွေတွေ့ခဲ့ရပြီး ခိုလှုံခွင့်ရဖို့အတွက် ဘယ်နိုင်ငံသွားဖို့ဦးတည်တယ်ဆိုတာရှင်း
ရှင်းလင်း လင်းမသိရသေးပါဘူး။ မကြာခင်အချိန်တွေက သြစတြေလျနိုင်ငံကိုခိုလှုံဖို့ အတွက် လှေတွေနဲ့သွားဖို့ကြိုးစားတဲ့ သီရိလင်္ကာနိုင်ငံသားတွေကိုဖမ်းမိခဲ့ဘူးပါတယ်။

သူတို့ရဲ့ခရီးတွေမအောင်မြင်ပေမယ့်လည်း သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ့် နဲ့ အာဖဂန်နိုင်ငံ
သားတွေဟာ မကြာခဏဆိုသလိုအန္တရာယ်များလှတဲ့ခရီးကိုလှေတွေနဲ့သွားတတ်ကြပါ
တယ် ။

(Xinhua)