မြန်မာအမျိုးသားများ တစ်စုံတစ်ခုကို အားသွန်ခွန်စိုက်အင်အားသုံး ပြုလုပ်ရန်လိုအပ်
သည့်အခါတွင် ခါးတောင်ကျိုက်လေ့ရှိပါသည်။ခါးတောင်ကျိုက်လိုက်သည့် အခါတွင်
သန်မာထွားကျိုင်းသော မြန်မာအမျိုးသား ယောက်ျားတို့၏ အလှတရားသည်ထင်ရှား
လာပါသည်။
ခါးတောင်ကျိုက်ခြင်းဖြင့်အလုပ်လုပ်ရာတွင်သပ်သပ်ရပ်ရပ်ဖြင့်တည်ငြိမ်စွာ၊သွက်လက်
ဖြတ်လတ်စွာလုပ်နိုင်သကဲ့သို့ မြင်ရသူကို ပသာဒ ဖြစ်စေယုံမျှမကအလုပ်ကိုလည်း မြန်
ဆန်သွက်လက်စွာ ပြီးမြောက်စေပါသည်။
ခါးတောင်ကျိုက်သည်ဆိုရာတွင် ဦးစွာပုဆိုးအား ခါးတွင် မြဲစွာစည်းနှောင်ဝတ်ဆင်ရပါ
သည်။ထို့နောက် ပုဆိုး အောက်စများအား ဆုပ်ကိုင်ကာ အပေါ်သို့ မယူပြီး အနောက်
ဘက်ပေါင်ရင်းခန့်တွင် တင်းတင်းဆွဲ၍ အရှေ့ဘက် ပေါင်နှလုံးကြားမှပုဆိုးစအားလျှိုသွင်း
ကာအနောက်မှတင်းတင်းဆွဲ၍အနောက်ဘက်ခါးနေရာတွင်ထိုးသွင်းဝတ်ဆင်ရပါသည်။
ထိုသို့ဝတ်ဆင်ပြီးသော် အောက်နားစများအားတစ်ဖန်ပြန်၍တင်းတင်းဖြစ်စေပြီးလျှင်
အရှေ့ဘက် ပေါင်အရင်းတွင်အစသပ်လိပ်ထည့်ရပါသည်။
ဤသို့ ပြုလုပ်ပြီးသော်ချပ်ချပ်ရပ်ရပ်ဖြင့်သပ်ရပ်သောခါးတောင်ကျိုက်ခြင်းသည် ပြီးဆုံး ပြီဖြစ်သည့်အပြင် ယောက်ျားတို့၏ အညှာဖြစ်သော (ငယ်ပါ)သည်လည်းလုံခြုံသွားပြီ ဖြစ်
ပါသည်။