၁၉၉၈ခုနှစ်ကကျနော် ခေတ်ဟောင်းရခိုင်သမိုင်းကို လေ့လာနေတဲ့အချိန်မှာဗမာ့သမိုင်း ပညာရှင်ကြီး ဒေါက်တာသန်းထွန်းက နှစ်ပေါင်း၃၀၀ ကျော်တည်တံ့ခဲ့တဲ့ မြောက်ဦးခေတ် ဘာကြောင့်ရုတ်တရက်ပျက်သုဉ်းသွားသလဲလို့ မေးပါတယ်..........
အပြည့်အစုံဖတ်ရန်
Wednesday, October 12, 2011
စာပေစိစစ်ရေးအပေါ် စာနယ်ဇင်းသမားတို့ အမြင်
မြန်မာနိုင်ငံ စာပေစိစစ်နှင့် မှတ်ပုံတင်ဌာန ဒု ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက ခေတ်နဲ့လျော်ညီအောင် စာပေစိစစ်ရေးဌာနကို မထားသင့်ကြောင်း မကြာသေးခင်က လွတ်လပ်သော အာရှအသံ(RFA) အသံလွှင့်ဌာနကို ပြောကြားခဲ့ပါတယ်။ အဲဒီ ပြောကြား ချက် အပေါ် ပြည်တွင်း စာနယ်ဇင်း သမားတွေရဲ့ သဘောထားအမြင်တွေကို ဖော်ပြလိုက်ပါတယ်...........
အပြည့်အစုံဖတ်ရန်
အပြည့်အစုံဖတ်ရန်
ဆင်ဆာရှိနေသမျှ မောင်သာရစာတွေ မထုတ်ရ
စာပေစိစစ်ရေး ရှိနေသမျှ ၎င်း၏စာများအား ပြန်လည်ပုံနှိပ်ထုတ်ဝေခွင့်မပြုနိုင်ကြောင်းအမေရိကန် နိုင်ငံတွင် အခြေချနေထိုင်နေသူ စာရေးဆရာကြီး မောင်သာရ က မြန်မာစာပေလောကသို့ စာရေးသားပေးပို့ လိုက် သည်။ တချိန်က မြန်မာဝတ္ထုတို/ရှည် လောကတွင် ထင်ရှားကြော်ကြားခဲ့သောဘဝသရုပ်ဖော် စာရေး ဆရာကြီးမောင် သာရ ၏ အဆိုပါစာကို အောက်တိုဘာ ၁ဝ ရက်နေ့ထုတ် အလင်းတန်း ဂျာနယ် တွင် ဖော်ပြပါရှိသည်။
အပြည့်အစုံဖတ်ရန်
နိုင်ငံရေးအကျဉ်းသား လွတ်မြောက်မှုစာရင်း - စုစည်း၍ရသမျှ
ဦးသိန်းလွင်ဦး၊ ကိုမြင့်နိုင်၊ ကိုမျိုးကြီး၊ ဦးအေးချို၊ ဘွဲ့ခမ်း (ခ) အောင်အောင် နှင့် ကိုမင်းအောင် တို့ ကလေး အကျဉ်းထောင်မှ လွတ်မြောက်လာကြောင်း
အပြည့်အစုံဖတ်ရန်
သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်အပေါ် ကုလအထူးကိုယ်စားလှယ် ကြိုဆို
သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာချက်နဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ တွေကို လွတ်ငြိမ်းချမ်းသာခွင့်မှာ ထည့်သွင်းသင့်ကြောင်း မြန်မာ့လူ့အခွင့်ရေး ကော်မရှင်က မေတ္တာ ရပ်ခံ လိုက်တာ ကို မြန်မာနိုင်ငံ လူ့အခွင့်ရေးဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အထူး ကိုယ်စားလှယ်က Mr. Tomas Quintana က ကြိုဆိုလိုက်ပါတယ်။
အပြည့်အစုံဖတ်ရန်
စစ်မှန်တဲ့ အပြောင်းအလဲကို နိုင်ငံရေးအကျဉ်းသားလွတ်မြောက်မှုနှင့် HRW အကဲဖြတ်
မြန်မာနိုင်ငံမှာ တကယ်စစ်မှန်တဲ့ အပြောင်းအလဲတွေ ပြုလုပ်ခြင်းရှိမရှိကို ဒီကနေ့ ကစလွှတ်မယ်လို့ သမ္မတ ဦးသိန်းစိန် ကြေညာခဲ့တဲ့ လွတ်ငြိမ်းချမ်းသာခွင့်ထဲမှာ နိုင်ငံရေး အကျဉ်းသား ဘယ်လောက် လွှတ်ပေးမလဲဆိုတာကို ကြည့်ပြီးတော့ အကဲဖြတ်နိုင်မှာ ဖြစ်တယ်လို့ ...........
အပြည့်အစုံဖတ်ရန်
စိစစ်ရေးအဖြတ်အတောက်ဆက်ကြမ်းနေ
ဒီမိုကရေစီစနစ်တွင် စာပေစိစစ်ရေး မရှိသင့်ဟု စိစစ်ရေး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက ထုတ်ဖော် ပြောဆိုလိုက် သော်လည်း သတင်းအများစုကို စိစစ်ဖြတ်တောက်နေဆဲ ဖြစ်သည်........
အပြည့်အစုံဖတ်ရန်
ထိုင်းနိုင်ငံ အတွင်း မြန်မာတိုင်းရင်းသားလက်နက်ကိုင်များ၏ မူးယစ်ဆေးဝါးများဖမ်းဆီးခံရခြင်း
အောက်တိုဘာလ ၇ ရက်နေ့နဲ့ ၈ ရက်နေ့က ထိုင်းနိုင်ငံ Chiang Rai ပြည်နယ် Chiang
Sean ခရိုင်အတွင်းရှိ မဲခေါင်မြစ်ထဲမှာ လူသေအလောင်း ၁၂ လောင်းမျောပါလာ တာ ကိုတွေ့ရပါတယ်။ အလောင်းအများစုကတော့ လက်နောက်ပြန် လက်ထိပ်ခတ်ထား ရပြီး ထိုင်းရဲတပ်ဖွဲ့က Pol.Col.Popkorn Khuncharoensuk က သေဆုံးသူများမှာ ၅ ရက်နေ့ က Pha Muang တပ်ဖွဲ့ဝင်တွေနဲ့ ပစ်ခတ်မှုဖြစ်တဲ့တရုတ်သင်္ဘောမှ သင်္ဘောသားတွေဖြစ် တယ်လို့ပြောပါတယ်။ ထိုင်းအာဏာပိုင်များက တရုတ်သံရုံးကို အကြောင်းကြားပြီး တရုတ် သံရုံးကလူးတွေ လာရောက်စစ်ဆေးပြီးတော့ ဒီတရုတ်သင်္ဘောတွေက ကုန်တင်သင်္ဘောတွေ ဖြစ်ပြီးတော့ ၅ ရက်နေ့ မတိုင်ခင်က မူးယစ်ဆေးဝါးရောင်းဝယ်သူတွေရဲ့ အပိုင်စီးတာကို ခံရတာဖြစ်နိုင်တယ်လို့ ပြောပါတယ်။ မူးယစ်ဆေးဝါးရောင်းသူတွေအနေနဲ့ မြန်မာနိုင်ငံ အတွင်း က မူးယစ်ဆေးဝါးတွေကို သယ်ဆောင်ရာမှာ သင်္ဘောတွေကို သုံးလိုတာကြောင့် သတ်လိုက်တယ် လို့ ထိုင်းအာဏာပိုင်တွေက ယူဆကြပါတယ်။ ထိုင်း Pha Muang အဖွဲ့က အောက်တိုဘာလ ၅ရက်နေ့ က မဲခေါင်မြစ်ထဲမှ ကုန်တင်သင်္ဘော နှစ်စင်းကိုစစ်ဆေးရန်အတွက် ရပ်တန့်စေခဲ့ရာမရပ်ပဲ မောင်းပြေး သွားပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့ပါတယ်။ ဒါကြောင့် Pha Muang အဖွဲ့က ပြန်လည်ပစ်ခတ်ရာ တစ်ယောက်သေ ဆုံးပြီး ကျန်လူများ ရေထဲ ခုန်ချပြီး ထွက်ပြေးသွားပါတယ်။ ၄င်းသင်္ဘောနှစ်စီးကို စစ်ဆေးရာ စိတ်ကြွဆေးပြား ၅၆၀၀၀၀ ခန့် ကာလတန်ဘိုး ထိုင်းဘတ် သန်း ၁၀၀ ကျေုာ် သိမ်းဆည်း ရမိခဲ့တယ်လို့ ပြောကြားပါတယ်။ *စိတ်ကြွ မူးယစ်ဆေးဝါးများ*
အမှတ် ၃ စစ်တိုင်းမှူး Lt.Gen.Wantipy က ဖမ်းမိသော မူးယစ်ဆေးဝါးတွေဟာ မြန်မာတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဖြစ်တဲ့ UWSA နဲ့ SSA (တောင်ပိုင်း)အဖွဲ့တို့မှ ပေးပို့တဲ့ဆေးပြား များ ဖြစ်တယ်လို့ ပြောပါတယ်။ ဆေးပြားများကိုတော့ ထိုင်း - မြန်မာနယ်စပ်ရှိ တရုတ်တစ်ဦးပိုင်သော လောင်းကစားရုံတွင် အရောင်းအ၀ယ်လုပ်နေတာ ဖြစ်တယ်လို့ သိရပါတယ်။ ဆေးပြားများကိုတော့တရုတ် သင်္ဘောတွေက သယ်လာတာ ဟုတ် / မဟုတ်ကိုတော့ တိတိကျကျမသိသေးဘူးလို့ ပြောပါတယ်။ ထိုင်း အစိုးရအနေနဲ့ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအတွက် ဗိုလ်ချုပ်ပန်ဖဦးစီးသော SSA(တောင်ပိုင်း)အဖွဲ့အား
စောင့်ကြည့်နေခြင်း အကျိုးကျေးဇူးအဖြစ် မူးယစ် ဆေးဝါးများအား ဖမ်းဆီးရမိခြင်းဖြစ်သည်။ တရုတ်အစိုးရ ဘက်မှလည်း နယ်စပ်ရှိ UWSA *“၀”*အဖွဲ့ ၏ လှုပ်ရှားမှုများအား မျက်ခြေမပြတ် စောင့်ကြည့်နေကြောင်း ထိုင်းနိုင်ငံ အခြေစိုက် နယ်စပ်ရေး အကဲခတ် ဦးအောင်မြင့်မှ ပြောကြားခဲ့ပါတယ်။
Subscribe to:
Posts (Atom)