Wednesday, October 5, 2011

ထိုင်းဝန်ကြီးချုပ် နေပြည်တော်သွား


ထိုင်းဝန်ကြီးချုပ် မစ္စယင့်လပ်ရှင်နာဝပ်သည် မြန်မာနိုင်ငံသို့ ယနေ့ သွားရောက်ပြီး ဆယ်စုနှစ်ငါးခုအတွင်း ပထမဆုံး ပေါ်ပေါက်လာသည့် အရပ်သားအစိုးရခေါင်းဆောင်ကို တွေ့ဆုံမည်ဖြစ်သည်။

ထိုင်းဝန်ကြီးချုပ်၏ ခရီးစဉ်သည် ယနေ့ နေ့လယ် ၁း၃၀ နာရီတွင် စတင်ခဲ့သည်။ ဘန်ကောက်သို့ ည  ၁၁း၃၀ နာရီတွင် ပြန်လည်ရောက်ရှိမည်ဟု ထိုင်းအစိုးရသတင်းဌာန အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။

“ဒီခရီးစဉ်ရဲ့ ပထမရည်ရွယ်ချက်ကတော့ ထိုင်းနိုင်ငံရဲ့ ၀န်ကြီးချုပ်အဖြစ် မိတ်ဆက်ဖို့ပါပဲ” ဟု ပြောခွင့်ရ အရာရှိ မစ္စတီတီမာချိုင်စိန်က ပြောသည်။

ထိုင်းနိုင်ငံ၏ ပထမဆုံး အမျိုးသမီး ၀န်ကြီးချုပ်က နေပြည်တော် ခရီးစဉ်အတွင်း ဆွေးနွေးမည့် အဓိက အကြောင်းအရာများထဲတွင် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုတို့ ပါဝင်မည်ဖြစ်ကြောင်း ပြောခွင့်ရအရာရှိက ဆိုသည်။

သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေသည်ဟု ဝေဖန်ပြစ်တင်ခံနေရသည့် တနင်္သာရီဒေသရှိ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်း၊ အဝေးပြေးလမ်းမ ဖောက်လုပ်ရေး စီမံကိန်းများအကြောင်းလည်း ပြောဆိုကြမည်ဟု သိရသည်။

အမျိုးသား စီမံကိန်း နှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၏ ပြီးခဲ့သည့်နှစ်ဆန်းပိုင်း ထုတ်ပြန်ချက်အရ ထိုင်းသည် တရုတ်နိုင်ငံပြီးလျှင် မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုအများဆုံး ပြုလုပ်ထားသည့်နိုင်ငံ ဖြစ်သည်။

ဦးသိန်းစိန်နှင့် တွေ့ဆုံစဉ် မြန်မာပြည်နိုင်ငံရေး အခြေအနေကို ဆွေးနွေးဖွယ် ရှိမရှိ  မစ္စတီတီမာချိုင်စိန်က ပြောဆိုခြင်း မရှိသော်လည်း “မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်ကို ထိုင်းက လေးစားပါတယ်” ဟု ဆိုသည်။

ထိုင်းအစိုးရအဖွဲ့သည် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော တိုင်းရင်းသားဒေသ လူ့အခွင့်အရေးချိုးဖောက်မှုများအကြောင်းကို ဂရုမစိုက်ရုံသာမက ရှိမှန်းပင် သိမည်မဟုတ်ကြောင်း ယခင် မြန်မာစစ်အစိုးရကို ပြင်းပြင်းထန်ထန် ဝေဖန်တတ်သူ ထိုင်းနိုင်ငံရေးသမား မစ္စတာ ကရိုင်းဆတ် ချွန်ဟာဗန်းက ဧရာဝတီကို ပြောသည်။

“(ထိုင်းဝန်ကြီးချုပ်ဟောင်း) မစ္စတာသက်ဆင်လက်ထက် မြန်မာစစ်အစိုးရနဲ့ ပုဂ္ဂလိက အကျိုးစီးပွားတွေ အခြေခံတဲ့ ဆက်ဆံမှုလိုမျိုးကို ဒီခရီးစဉ်မှာ ပြန်ထူထောင်မှာတော့ စိုးရိမ်မိတယ်” ဟု သူက ပြောသည်။

မစ္စတာသက်ဆင်အာဏာရှိစဉ်က မြန်မာစစ်အစိုးရနှင့် အငြင်းပွားဖွယ် စီးပွားရေးဆိုင်ရာ ဆက်နွယ်မှုများ ရှိခဲ့ပုံကို မစ္စတာ ကရိုင်းဆတ်က ရည်ညွှန်းခြင်း ဖြစ်သည်။

ဝန်ကြီးချုပ်ရုံး၏အဆိုအရ ထိုင်း-မြန်မာနယ်စပ် မူးယစ်ဆေးကုန်သွယ်မှု ကြီးထွားလာနေခြင်းကို နှိမ်နင်းမည်ဟု ထိုင်းအစိုးရက ကြေညာထားသည့် စစ်ဆင်ရေး အကြောင်းကိုလည်း ဆွေးနွေးမည်ဟု သိရသည်။

မြန်မာနိုင်ငံအတွက် ဘတ် သန်း ၄၀ တန် မိုးလေ၀သဆိုင်ရာ အထောက်အကူပစ္စည်းများကို ခရီးစဉ်အတွင်း ပေးအပ်သွားမည်ဟု ပြောခွင့်ရ အရာရှိ မစ္စတီတီမာချိုင်စိန်က ဆိုသည်။

ထိုင်းဝန်ကြီးချုပ်သည် မကြာသေးမီက  ဘရူနိုင်း၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ လာအို စသည့် အာဆီယံနိုင်ငံများကို သွားရောက်ခဲ့ပြီးဖြစ်သည်။

ဧရာဝတီ Wednesday, 05 October 2011 14:56

ပုဂ္ဂလိကဘဏ်တချို့တွင် ဝန်ထမ်းတချို့ မရိုးမသားပြုလုပ်နေ


မန္တလေးမြို့ရှိ ပုဂ္ဂလိကဘဏ် တစ်ခုမှ ငွေကျပ် ၁၂၅ သိန်းကို ဩဂုတ်လ တတိယပတ်အတွင်းက ထုတ်ယူခဲ့ရာ ကျပ်တစ်ထောင်တန် တစ်သိန်းအုပ် ၂ အုပ်တွင် အပေါ်နဲ့ အောက် တစ်ရွက်စီမှအပ ကျပ် ၂၀ဝ တန်များ ညှပ်ထားတာကိုရော နှော ထုတ်ယူမိပါတယ်။ ထုတ်ယူခဲ့ သူက ကျွန်တော် အိမ်ရောင်းထား တဲ့ငွေကို ပုဂ္ဂလိကဘဏ်မှာ ခဏ အပ်ထားတာပါ။ ပြန်ဝယ်မယ့်အိမ် ကို စိတ်တိုင်းကျရှာလို့ရမှ ဘဏ်က နေ ငွေထုတ်တော့ အခုလို ကြုံရတာ ပါ။
၂၀ဝ တန်တွေ ညှပ်ထားတာကို လည်း ချက်ချင်းမသိပါဘူး။ အိမ်ဖိုး ငွေ အကျေချေတော့မယ်ဆိုမှ စစ် ရင်းအခုမှသိတာပါ။ သိသိချင်းငွေ ထုတ်ခဲ့တဲ့ ပုဂ္ဂလိကဘဏ်ရဲ့ မန်နေ ဂျာနဲ့တွေ့ပြီး ကျွန်တော် ကြုံရတာကို ပြောပြပါတယ်။ ကျွန်တော်လာတာ က ကွာဟတဲ့ငွေ ၁၆၀ဝ၀ဝ ကျပ် နီးပါးကို အလျော်ပေးဖို့ လာပြော တာ မဟုတ်ပါဘူး။ လူကြီးမင်းတို့ ဘဏ်မှာ မရိုးသားတဲ့ဝန်ထမ်းတချို့ ရှိနေ တယ်ဆိုတာကို သတိထားနိုင် ဖို့ အသိပေးတာပါ။ ကျွန်တော့်ဘက် က ဘယ်လောက်ပဲ ရိုးသားသည် ဖြစ်စေ၊ မှန်ကန်မှုရှိသည်ဖြစ်စေ ဘဏ်အတွင်းမှာ ရေတွက်စစ်ဆေးမှု မပြုခဲ့တာကိုက အဓိကအမှားဆိုတာ ဝန်ခံပါတယ်။...... ဘဏ်အပေါ် မှာ ယုံကြည်ခဲ့တာလည်းပါတယ်။ ဘဏ်နဲ့ ဆက်ဆံနေကြသူအားလုံးကို သင်ခန်းစာရစေချင်လို့ပါ။
မန်နေဂျာ က ကျွန်တော့်ဆီက တစ်သိန်းအုပ် ၂ အုပ်ကို ယူကြည့်ပြီး ငွေရေတွက် သူရဲ့ လက်မှတ်မပါဘူးလို့ ပြော တယ်။ မရိုးမသားလုပ်မယ့်သူက သူပါလို့ ဘယ်မှာ လက်မှတ်ထိုးပါ့ မလဲ စသည်ဖြင့် ပြောပြခဲ့ပါတယ်။ ယခုဖြစ်စဉ်တွင်....ဘဏ်တွင် ကျင့်သုံးသော စနစ်အရ ကျပ်တစ် သိန်း ၁၀ အုပ်လျှင် တစ်စည်းပလပ် စတစ် ကြိုးဖြင့်စည်းထားခြင်း၊ ကျပ် တစ်ထောင်တန်နဲ့ နှစ်ရာတန် အသေးတို့မှာ အရွယ်အစားထပ်တူ ဖြစ်ခြင်း၊ (မတူရင်လည်း တူအောင် လို့ မသမာသူကညှိတယ်) ပုဂ္ဂလိက ဘဏ်သို့အသွားအလာနည်းပြီး မျက် နှာစိမ်းဖြစ်ခြင်း၊ ရေတွက်စစ်ဆေးမှု မပြုဘဲ ပေါ့ဆခြင်း၊ ပုဂ္ဂလိက ဘဏ်ဝန်ထမ်းတစ်ဦးတလေရဲ့ မရိုး သားမှုကို တာဝန်ရှိသူ မန်နေဂျာမှ မသိရှိခြင်းတို့ကိုလည်း တွေ့ရတယ်။
ပွဲရုံလုပ်ငန်းရှင်တစ်ဦးက ပုဂ္ဂလိက ဘဏ်မှမဟုတ်ဘူး၊ ငွေနည်းလို့ များ လို့လည်းမဟုတ်ဘူး၊ ကျွန်တော်တို့ ငွေလက်ခံရင်လည်း ကိုယ်လက်ခံ မယ့် ငွေထက်တန်ဖိုးနည်းတဲ့ငွေတွေ ညှပ်ထားတာကို ပုဂ္ဂလိကဘဏ်မှာ ရော၊ ပွဲရုံမှာပါ ကြုံဖူးပါတယ်။ သတိဆိုတာပိုတယ်လို့မရှိပါဘူး။ ကိုယ့်ဘဏ်ကသာ ငွေလက်ခံတဲ့ အခါ အစိမ်းအကျက်မရွေးဘဲ စိတ် ရှည်ရှည်ထားပြီး အလုပ်သဘော အရ ရေတွက်စစ်ဆေးဖို့လိုပါ တယ် လို့ ပြောပြခဲ့ပါတယ်။
credit - မန္တလေး အလင်း

ပြည်တွင်းမှ Gmail account လုပ်နည်း

ပြည်တွင်းက သူငယ်ချင်းများအတွက် အသုံးဝင်မယ့် နည်းလမ်းလေးမို့ ဝေမျှပေးလိုက်ပါတယ်။ စမ်းကြည့်စေချင်ပါတယ်။ အဆင်ပြေရင်လည်း အချင်းချင်း လက်တို့လိုက်စေချင်ပါတယ်။ 
အပြည့်အစုံဖတ်ရန်