Saturday, December 28, 2013

မှားပြီးရင်း မှားနေတော့မှာလား


ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးညီလာခံကနေ NLD ပါတီကိုယ်စားလှယ်တွေနှုတ်ထွက်ခဲ့
တာ ကျနော့်အမြင်ပြောရရင် ပထမ ခြေလှမ်းစမှားခဲ့တာပါဘဲ။တကယ်လို့သာ နှုတ်မထွက်ခဲ့
ဘူးဆိုရင် NLD လိုလားသောအချက်အလက်တွေတင်သွင်းခွင့်၊NLDမလိုလားသောအချက် အလက်တွေထောက်ပြကန့်ကွက်ခွင့်ရခဲ့မှာသေချာတယ်။ နှုတ်ထွက်ခဲ့တဲ့အတွက်ဒီအခွင့်အရေး ဆုံးရှုံးခဲ့ရတယ်။ နှုတ်ထွက်တဲ့အတွက်ဘာအကျိုးအမြတ်မှမရခဲ့ဘူး။

အငြင်းပွားဖွယ်ရာ မြစ်ဆုံစီမံကိန်း လူမှုတာဝန်ဆောင်ရွက်မှု CSR အစီရင်ခံစာ CPI ထုတ်ပြန်

မြန်မာပြည်သူများအကြား အကြီးအကျယ်အငြင်းပွားဖွယ်ဖြစ်ခဲ့ရသည့် မြစ်ဆုံရေကာတာ တည်ဆောက်ရေးကို သမ္မတဦးသိန်းစိန်က၎င်း၏အစိုးရသက်တမ်းအတွင်းရပ်ဆိုင်းထား
ခဲ့သော်လည်း ၂နှစ်အကြာတွင် တရုတ်အစိုးရပိုင် CPI ကုမ္ပဏီက စီမံကိန်းပြန်လည်စတင်
ရန်ဒီဇင်ဘာ ၂၆ရက်နေ့၌သတိပေးလိုက်သည်။

တရုတ်အစိုးရပိုင် CPI က ၈ဝ%၊ မြန်မာအစိုးရက ၁၅%နှင့် အေးရှဝေါလ်ကုမ္ပဏီက ၅% ရှယ်ယာအသီးသီး ပိုင်ဆိုင်ပြီးလုပ်ကိုင်နေသော ရေကာတာ ၈ခုအနက်အကြီးဆုံးဖြစ် သည့် မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်ပြီး ၂ဝ၁ဝ-၂ဝ၁၂ လူမှုရေးဆိုင်ရာ တာဝန်ယူဆောင်
ရွက်မှု အစီရင်ခံစာ (Corporate Social Responsibility CSR) ကို ထုတ်ပြန်လိုက်ခဲ့သည်။

Eleven CEO ဦးသန်းထွဋ်အောင် ၂၀၁၅ သမ္မတ ဖြစ်ချင်ဟု ဆို

မြန်မာ ရူးပတ်မားဒေါ့ ဟု ကိုယ့်ကိုယ်ကို ကြွေးကြော်ပြီးသကာလ အတွင်းလူ များ၏
အရက်ဝိုင်းတစ်ဝိုင်းမှ ထွက်ပေါ်လာသော သတင်းအရ Eleven Media Group ၏
CEO ဖြစ်သူ ဦးသန်းထွဋ်အောင်သည် ၂၀၁၅ တွင် သမ္မတလုပ်လိုသူ ဖြစ်ကြောင်း
သိရှိရသည်။

ဦးသန်းထွဋ်အောင်သည် ၈၈ မျိုးဆက် ခေါင်းဆောင်တစ်ဦးဟုခံယူထားပြီး၎င်းပိုင်
သတင်းစာ ဂျာနယ်များတွင် ၈၈ အရေးတော်ပုံ၌အဓိကနေရာ၌ပါဝင်ခဲ့သည့် ကျောင်း
သားခေါင်းဆောင် တစ်ဦးဖြစ်ကြောင်း ၈၈ ကာလဓါတ်ပုံများကိုရှာဖွေထည့်သွင်း၍
စည်းရုံးမှုများ စတင်လုပ်ဆောင်ခဲ့ကြောင်း၊ ၈၈ မျီုးဆက်များနယ်ပယ်အသီးသီးသို့
ပြန့်နှံ့ရောက်ရှိသွားပြီး ယနေ့အချိန်တွင် နိုင်ငံရေး၊ စီးပွားရေး၊ မီဒီယာစသည်အားဖြင့်
ဘက်စုံ အင်အား ထူထောင်ထားနိုင်ပြီဟု မကြာခဏ ပြောကြားလေ့ ရှိကြောင်း ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးက ပြောဆိုသည်။

ကရင်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ (K.P.D.F)(၃)နှစ်မြောက်အခမ်းအနားပြုလုပ်



မော်လမြိုင်မြို့ မြိုင်သာယာရပ်ကွက်၊ (၁၁)လမ်း၊ အိမ်အမှတ်(၁၀၆၈)ကရင်ငြိမ်းချမ်း ကာကွယ်ရေးတပ်ဖွဲ့ရုံးရှေ့၌ (K.P.D.F)ကရင်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့(၃)နှစ်မြောက်နေ့ အခမ်းအနားပြုလုပ်ခဲ့ကြောင်းသိရသည်။
    ကရင်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့
(K.P.D.F)မှ ဥက္ကဌဗိုလ်မှူးချုပ်စောကျော်ကျော်ထက် မှ ပြောကြားရာတွင်ကျွန်တော်တို့လက်နက်နဲ့ငြိမ်းချမ်းရေးယူလာခဲ့တာ(၃)နှစ်ရှိပါပြီ၊ ကျွန်တော်တို့
ဟာ နိုင်ငံတော်ရဲ့မူဝါဒကိုယုံကြည်လို့လက်နက်နဲ့ငြိမ်းချမ်းရေးလုပ်လာတာပါ။ကျွန်တော်တို့ တပ်ဖွဲ့ဝင်အနေနဲ့(၂၅၀)ဦးရှိပါတယ်။ဌာနခွဲကတော့လမိုင်းမြို့နယ်၊ မော်လမြိုင် မြို့နယ်၊ဌာန
ချုပ်ကတော့ ကျိုက်မရောမြို့နယ်၊ သရက်ကုန်းကျေးရွာမှာ ဌာနချုပ်ရှိပါတယ်။ ဆက်ဆံရေး ရုံးခန်းများ မှာတော့ မြ၀တီမြို့၊ မော်လမြိုင်မြို့၊ဘားအံမြို့တို့မှာရှိပါတယ်။ နိုင်ငံတော်ရဲ့ထောက်ပံ့ပေး
မှုကတော့ (၁)နှစ်ကို(၁)ခါလောက်တော့ ထောက်ပံ့မှုရရှိပြီးကျန်တဲ့အချိန်တွေကတော့ကိုယ့်တပ် ဖွဲ့ဝင်မိသားစုစားဝတ်နေရေးကို ကုန်စည်ပို့ဆောင်ရေးဘဲရှိပါတယ်။ နိုင်ငံတော်ကချပေးတဲ့ဥပဒေ
ကိုတော့ လိုက်နာကျင့်သုံးပြီး မိသားစုစားဝတ်နေရေးကို ဖြေရှင်းနေရပါတယ်။ ကျွန်တော်တို့ တပ်ဖွဲ့ကတေ့ ရေရှည်မှာ ပြည်သူ့စစ်နဲ့ရပ်တည်မှာဖြစ်ကြောင်း၊ ကျွန်တော်တို့တပ်ဖွဲ့ကလည်း လက်နက်နဲ့ငြိမ်းချမ်းရေးရခဲ့ တာလည်း (၃)နှစ်ကြာမြင့်ခဲ့ပေမဲ့လည်း လုပ်ပိုင်ခွင့်လည်းဘာမှ မပေးထားပါဘူး။ဒါကြောင့်မိသားစုစားဝတ်နေရေးကိုတော့နိုင်ငံတော်အစိုးရအနေနဲ့
ပြန်ကြည့်သင့်ကြောင်း၊ယခင်အစိုးရလက်ထက်မှာလက်နက်နဲ့ငြိမ်းချမ်းရေးလုပ်ခဲ့တာဖြစ်
လို့ကြန့်ကြာနေ တာလားတော့မသိဘူး။ ယခုလက်ရှိကတော့(၁၃-၅-၂၀၁၃)ရက်နေ့ က ခြံနဲ့အိမ်ယာတွေဆောက်ပေးမယ်ဆိုပြီး နေရာပါချပေးခဲ့တယ်။ နေရာကတော့
ကျိုက်မရောမြို့နယ် ရဲမွန်ကျေးရွာမှာ သတ်မှတ်ပေး ထားတာပါ။ဒါပေမဲ့ယခုအချိန် ထိ နေထိုင်ဖို့အိမ်ယာမရှိသေးတာဖြစ်တဲ့အတွက်သက်မှတ်ထားတဲ့နေရာမှာအိမ်ဆောက်
ဘို့အတွက်အစိုးရမှစီစဉ်ပေးနိုင်ဖို့တောင်းဆိုပါတယ်လို့ကရင်ငြိမ်းချမ်းကာကွယ်ရေး တပ်ဖွဲ့မှဗိုလ်မှူးကြီးစောမြင့်ဦးမှလည်းပြောကြားခဲ့သည်။
    ကျွန်တော်တို့တပ်ဖွဲ့ဝင်ရဲ့ မူဝါဒကတော့ ကရင်အမျိုးဘာသာအရေးရယ်၊ကရင်တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနဲ့နိုင်ငံတော်အရေးတွေဖြစ်လာရင်တော့ မားမားမတ်မတ်ရပ်တည်
မယ်ဖြစ်ကြောင်း ကရင်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့
(K.P.D.F) (၃)နှစ်ပြည့်အခမ်းအနားတွင် ဥက္ကဌဗိုလ်မှူးချုပ်စောကျော်ကျော်ထက်မှ ပြောကြားခဲ့သည်။
 

ပစ်တိုင်းထောင်