စနေလင်း| March 18, 2013 -------------------------- ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ ၈၈ မျိုးဆက်ကျောင်းသားများသည် ယခုနှစ်အတွင်းတွင် အရပ်ဘက် လူ့အဖွဲ့အစည်းများ အားကောင်းစေရေးအတွက်သာ ရည်ရွယ် လုပ်ဆောင်နေပြီး လာမည့်နှစ် အနည်းငယ်အတွင်းတွင် နိုင်ငံရေး ပါတီတခု အဖြစ် ဖွဲ့စည်းရန်ရှိသကဲ့သို့ အခြားတဘက်တွင်လည်း အရပ်ဘက် အဖွဲ့အစည်းကို ဆက်လက် ထားရှိပြီး ဆက်လက် ရပ်တည်သွားမည်ဖြစ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသား ခေါင်ဆောင် တစ်ဦးဖြစ်သည့် ကိုမင်းဇေယျက ပြောသည်။ “သေချာတာကတော့ ၂ လမ်းသွား မယ့် အခြေခံမူ ရှိတယ်။ လောလောဆယ်မှာက လျာထားချက်ပဲ ရှိသေးတယ်။ နိုင်ငံရေး ပါတီပုံစံ နဲ့ တစ်ဖက်၊ အရပ်ဘက်အဖွဲ့အစည်း NGO ပုံစံနဲ့ တဖက်လုပ်သွားမှာပါ။ အားလုံးက သဘောတူထား ပြီးသားပါ” ဟု ၎င်းက ဆိုသည်။ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့တွင် နိုင်ငံရေးပါတီ ထူထောင်ပြီး နိုင်ငံရေး လုပ်ဆောင်လိုသူများ ရှိနေပြီး ၂၀၁၃ ခုနှစ် ကျော်လွန်မှသာ ပါတီထူထောင်ရေးအတွက် အစည်းအဝေးများ ပြုလုပ်ပြီး အနာဂတ် လုပ်ငန်းစဉ်များ ဆုံးဖြတ်မည် ဖြစ်ကြောင်း ကိုမင်းဇေယျ က ဆက်ပြောသည်။ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ကို မြန်မာနိုင်ငံရေးတွင် ရွေးကောက်ပွဲ၊ လွှတ်တော်ရှိရုံမျှဖြင့် ဒီမိုကရေစီရရှိပြီဟု မပြောနိုင်ကြောင်း၊ နှစ်ပေါင်းများစွာအခြေတည်လာ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့က နိုင်ငံရေးပါတီ ထူထောင်ရန် ဆန္ဒရှိနေသည့်အပေါ် နိုင်ငံရေး အင်အားစုများက ကြိုဆိုလိုက် ကြပြီး ကျောင်းသားခေါင်းဆောင်များ နိုင်ငံရေးသမားများအဖြစ် ဒီမိုကရေစီပြုပြင်ပြောင်းလဲ “ကျနော် ၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်းလောက် ကတည်းက ပြောဖူးပါတယ်။ သူတို့ကို နိုင်ငံရေးလောကထဲဝင်လာဖို့။ ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့အနေဖြင့် အရပ်ဘက်အဖွဲ့အစည်းအနေဖြင့် မဟုတ်ဘဲ နိုင်ငံရေးပါတီအဖြစ် ရှင်းရှင်း လင်းလင်း ရပ်တည်မည်ဆိုပါက ပိုမို ကောင်းမွန်မည်ဖြစ်ကြောင်း ပြည်တွင်းတွင် လူ့ဘောင်သစ်ပါတီ ထူထောင်ရန် ကြိုးစားနေသူ ကိုဇေယျက ဆိုသည်။ “ကျနော် ထောင်က ထွက်လာတုန်း သူတို့နဲ့ အစည်းအဝေးတွေ လုပ်ခဲ့ဖူးတယ်။ ဒီနိုင်ငံရေးပါတီထူထောင်မယ် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့တွင် ပါတီနိုင်ငံရေးဘက်သို့ ကူးပြောင်းမည့် သူများရှိသကဲ့သို့ နိုင်ငံရေးမလုပ်ဘဲ အနုပညာ၊စာပေနှင့် လူမှုရေးလုပ်ငန်းများတွင် ဆက်လက် လုပ်ကိုင်ဆောင်ရွက်လိုသူမျာ “တဦးချင်း သဘောထားကိုတော့ မပြောချင်ပါဘူး။ ကျနော် အနေနဲ့တော့ နိုင်ငံရေးဘက်ကို လုံးဝ မကူးချင်သေးဘူး။ ခေတ်က တောင်းဆိုလာရင်တော့ တမျိုးပေါ့။ ကျနော်တို့က ကျောင်းသားဘက်ကနေ တက်လာတဲ့သူတွေဆိုတော့ သင်ယူစရာ၊ လေ့လာစရာတွေ ရှိနေသေးတယ် ” ဟု ကိုစိုးထွန်းက ဆိုသည်။ -------------------------- General Knowledge |
Wednesday, March 20, 2013
၈၈ မျိုးဆက် ကျောင်းသားများ နိုင်ငံရေးပါတီ ဖွဲ့မည်
ရိုးရိုးလေးပဲ တွေးခဲ့ခြင်းသာ ဖြစ်သည်
(အချိန်ပေး၍ ဖတ်ကြည့်ပါ။ အမြင် မတူတာ မှန်သမျှ ဆွေးနွေးပါ။)
၁၉၈၈ တွင် ၈ လေးလုံး ဆူပူမှုဖြစ်သည်။ ရန်ကုန်တစ်ကွက်တွင်ပင်
ခေါင်းဖြတ်သတ်ပွဲများ၊ ရဲစခန်းများကို ၀င်စီး ကာ လက်နက်များ
သိမ်းပိုက်ခြင်းများ၊ သမ၀ါယမဆိုင်များ မီးရှို့ခြင်းများ ရှိခဲ့သည်။
ကျန်သည့် နယ် စပ် များတွင်မူ တိုင်းရင်းသား လက်နက်ကိုင်များနှင့် ပြည်တွင်း
ဆူပူသူများ မငြိမ်မသက် ဖြစ်မှုကတော့ ကြီး ကြီး ကျယ်ကျယ် ဖြစ်သည်။
စစ်သားများ ရှိသည့် ပြင်ဦးလွင် (ခေါ်) မေမြို့တွင်ပင် ပြည်သူများ အပြင်မထွက်
ရဲ။ ကားကြီးများဖြင့် ဒို့အရေး ကြွေးကြော်သံများ၊ မင်းမဲ့စရိုက်များ
ရှိခဲ့သည်။ ထို အဖြစ်အပျက်များကို မျက် စိဖြင့် ကိုယ်တိုင် မြင်ခဲ့သူ
တစ်ဦးအနေဖြင့် ရန်ကုန်တစ်ကွက် လမ်းချိုးတစ်ခုမှ ပစ်ခတ်ထိန်းသိမ်းမှုကို
အပုပ် ချခြင်း အား လုံးဝ လက်မခံခဲ့။ ၈ လေးလုံးကို နှစ်ခြိုက်သူများ၊ ၈
လေးလုံးဖြင့် လုပ်စားသူ မှန်သမျှကို ဆန့် ကျင် သည်။ ဒါကို ကျွန်တော့်
တစ်ယောက်ထဲ အမြင်ဆိုပါက ၈ လေးလုံးလိုမျိုး ဖြစ်ချင်သလား ဟု မေး ကြည့်
လိုက်ပါ။
တစ်ချို့ကတော့ ထိုကာလနှင့် ထိုကာလ နောက်ပိုင်း တိုင်းပြည်ကို
အုပ်ချုပ်သူများကို လက်ညှိုးထိုးကြသည်။ ထိုသူများ ထိုးသည့်
လက်ညှိုးအားလုံးကတော့ ဗိုလ်ချုပ်ကြီး နေ၀င်း တစ်ယောက်သာ ဖြစ်သည်။ ထို ဗိုလ်
ချုပ် ကြီးသည်ကား ဦးနုလက်ထက်တွင် ကေအန်ယူ အဖွဲ့က တောင်းဆိုသည့်
တနင်္သာရီတိုင်း၊ ဧရာဝတီ တိုင်း၊ ဟံသာဝတီ ခရိုင်၊ အင်းစိန် ခရိုင်၊ ပဲခူး
ညောင်လေးပင် အပါ ဒေသတို့အား ကရင်ပြည်နယ် အဖြစ် ဖွဲ့စည်း ရန် တောင်းဆိုရာမှ
ပြည်ထောင်စု ပြိုကွဲမည့်အရေးကို မားမားမတ်မတ် ကာကွယ်ပေးခဲ့သူ ဖြစ် သည်။
ထိုအချိန်က ကျောင်းသားလဲမဟုတ်၊ အစိုးရအဖွဲ့ဝင်လည်း မဟုတ်၊
မြေအောက်အဖွဲ့အစည်းများသာ ဖြစ်ေ သာ မိုးသီးဇွန်၊ မင်းကိုနိုင် တို့၏
သွေးဆောင်ပြောဆိုမှုများကို နားမယောင်သည့် ကျွန်တော့်အတွက် ဗိုလ် ချုပ်ကြီး
နေ၀င်းကို အပြစ်ဆိုရန် မရှိ။ တိုင်းပြည်ကို ဆူပူစေခဲ့သူများနှင့်
တိုင်းပြည်ကို ကာကွယ်ခဲ့သူကို ကျွန်တော် ခွဲခြားမြင်သည်။ မမြင်ဘူးဆိုလျှင်
မြန်မာတစ်နိုင်ငံလုံး တည်ငြိမ်အေးချမ်း နေပါလျှက် ဗိုလ် ချုပ်ကြီး နေ၀င်းက
ဖျက်ဆီးခဲ့သည် ဆိုသော အကြောင်းပြချက်ကို ရှင်းပြပါ။
၈၈ နောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင်များနှင့် စေ့စပ်ညှိနှိုင်းမှုများ
ပြုလုပ်ခဲ့သည်။ တစ်နိုင်ငံလုံး ရွေး ကောက် ပွဲ ကျင်းပပေးခဲ့သည်။
ရွေးကောက်ပွဲ အနိုင်ရ ပုဂ္ဂိုလ်များ ထွက်ပေါ်လာသည်။ ထိုစဉ်က ပြည်သူ ရွေး
ချယ်ခဲ့သူများတွင် ယခု အွန်လိုင်းမှ အတိုက်အခံ လုပ်နေသူ တစ်ယောက်မှ မပါခဲ့။
မိုးသီးဇွန်၊ မင်း ကိုနိုင် မပါခဲ့။ ယခု ဗကသ ဆိုသူများ မပါခဲ့။ အနိုင်ရ
ပုဂ္ဂိုလ်များက ကာနယ်အထက်ကို စစ်ခုံရုံးတင်မည်။ ထောင်ချမည်။ ရန်ညှိုးများ
ဖော်ပြကာ တပ်မတော်အတွင်း ပြိုကွဲမည့် အန္တရာယ်ကို ရင်ဆိုင်ခဲ့ရသည်။ တပ်မတော်
ပြိုကွဲလျှင် ပြည်ထောင်စု ပြိုကွဲနိုင်မည့် အနေအထားမို့ ရွေးကောက်ပွဲ
ပျက်ပြယ်ခဲ့သည်။ အနိုင် ရ ပုဂ္ဂိုလ် အများစု မာနယ်ပလော ရောက်သူရောက်၊
တိုင်းရင်းသား လက်နက်ကိုင်များနှင့် ပေါင်းသူပေါင်း၊ အစိုးရ ကို လက်နက်
ကိုင်တိုက်ရန် ကြံစည်သည်။ ထိုသို့သော အချိန်အနေအထားတွင် တိုင်းပြည် အာဏာ
ကို ဆက်ထိန်းထားရန်မှ တစ်ပါး ရွေးချယ်စရာမရှိ။ ကိုယ့်သေတွင်း ကိုယ်တူး၊
ကိုယ့်လည်ပင်း ကြိုးကွင်း စွပ်သည်ကို သေချာကောင်းမွန် သည့် အနာဂတ် လမ်းစ
မရှိပဲ မစွန့်လွှတ်ခဲ့ကြ။ ကျွန်တော်သာ ဆိုလျှင်ေ တာ့ နယ်စပ်တွေမှာ ဘာတွေ
ဖြစ်ဖြစ်၊ ကိုယ့်ကို စစ်ခုံရုံးတင်လဲ ခံလိုက်မယ် ဆိုသူ ရှိလျှင် ပြောပါ။
ထို့နောက် ယခင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက်သို့ ရောက်လာသည်။
ထိုလက်ထက်မှ ပုဂ္ဂိုလ်များ တွင် ဦးသန်းရွှေနှင့် ဦးမောင်အေး နှစ်ယောက်မှ လွဲ၍
ကျန်သူများ ယနေ့ အစိုးရသစ်လက်ထက်တွင် နိုင်ငံ့ တာဝန်ကို
ထမ်းဆောင်နေကြသည်ကို အရင် သတိပြုပါ။ ကျွန်တော် ဦးသန်းရွှေနှင့်
ပတ်သက်တာကိုပဲ ပြော ချင် သည်။ သာမန် ရဲဘော် စာရေး ဘ၀မှ တပ်မတော်၏ ကာကွယ်ရေး
ဦးစီးချုပ် ဖြစ်လာသည် အထိ သူ့ ဘ၀ သည် အလွယ်တကူ ဖြစ်လာခြင်း မဟုတ်။
ရာထူးအဆင့်ဆင့်တွင် တာဝန်ကျေပွန်မှု၊ လုပ်ရည်ကိုင် ရည် ရှိမှု၊ အမိန့်
နာခံမှု၊ ကံတရား တို့ပေါင်းစပ်ပြီးမှ ထိုနေရာကို ရောက်လာခြင်း ဖြစ်သည်။
သူသည့် အခွင့် ထူးခံ ပုဂ္ဂိုလ် တစ်ဦးမှ မွေးဖွားလာခြင်း မဟုတ်ဘဲ
ကိုယ်ပိုင်အရည်အချင်းဖြင့် အကြီးအကဲဖြစ်လာ ခဲ့သူ ဖြစ် သည်။ သူ၏
တပ်ချုပ်ကြီး ဖြစ်လာခြင်းအတွက် ကြိုးစားမှုကို ကျွန်တော် သဘောကျသည်။
နိုင်ငံတကာမှ စစ်ဘုရင်များ၊ ဗိုလ်ချုပ်ကြီးများနှင့် နှိုင်းယှဉ်ကာ
အလေးထားသည်။ သူ၏ ရာထူးအတွက် ကြိုးစားခဲ့တာ၊ အပင်ပန်းခံခဲ့တာ၊
သေဆုံးခြင်းနှင့် ကိုယ်လက်အင်္ဂါ စွန့်လွှတ်ခဲ့ရခြင်း မရှိသည်မှာ ကံနှင့်
ဥာဏ်ပေါင်း စပ်ခဲ့ေ သ်ာကြောင့်ဟု လက်မ ခံပါက ပြောပါ။
သူ တပ်ချုပ်ဖြစ်လာချိန်တွင် ကျော်နေ၀င်း၊ဇွဲနေ၀င်း တို့၏ တပ်မတော်
အာဏာသိမ်းရန် ကြံစည်မှုကို ကြုံခဲ့ ရ သည်။ ထောက်လှမ်းရေး ကိစ္စ အပါအ၀င်
တပ်မတော် ပြိုကွဲနိုင်လောက်သည့် အန္တရာယ်ကို ဖြေရှင်းခဲ့ရ သည်။ ထို
ဖြစ်ရပ်များ မဖြစ်စေရန် အတွက် တပ်မတော်ကို စနစ်တကျ ထိန်းချုပ်ခဲ့သည်။ သူ၏
မိန့်ခွန်းများ ကို ပြန်ကြည့်ပါက တိုင်းပြည်အတွက် သူစေတနာ မထားခဲ့သည်ကို
ရှာ၍ မရ။ ရှာတွေ့ခဲ့လျှင် ပြောပါ။
သူသည် တိုင်းရင်းသား လက်နက်ကိုင်များနှင့် စေ့စပ်ဆွေးနွေးရန်
ကြိုးစားခဲ့သည်။ မူဝါဒ လမ်းစဉ် (၇) ရပ် ကို ချမှတ်ကာ အမျိုးသား ညီလာခံကြီး
ကျင်းပဖို့ ပြင်ဆင်ခဲ့သည်။ ထိုအချိန်တွင် မြန်မာနိုင်ငံ၏ အထင်ရှား ဆုံး
ပါတီ ကြီးမှ ယနေ့ကဲ့သို့ လက်မခံဘဲ သပိတ်မှောက်ခဲ့သည့်အတွက်
ကြန့်ကြာခဲ့ရသည်။ မြန်မာ့ခရီး သွားနှစ် ၁၉၉၆ ဆိုပြီး နိုင်ငံတကာနှင့်
ဆက်ဆံရန် ကြိုးပမ်းခဲ့သည်။ မြန်မာနိုင်ငံကို မလာကြနှင့် ဟုဆိုပြီး
နာမည်ကြီးများက ဖျက်ဆီးခဲ့ကြသည်။ ဦးတည်ချက်များ ချမှတ်ကာ အကောင်အထည်
ဖော်စေခဲ့သည်။ ရခိုင်တွင် ဘင်္ဂလီရန်ကို ကြိုမြင်သဖြင့် တပ်များ
နေရာအနှံ့ချထားပေး ခဲ့သည်။ နေ့မအား ညမနား နေ့စဉ် ရုံးတက် ကာ နိုင်ငံအတွက်
အလုပ်လုပ် ပေးခဲ့သည်။ သူ၏ မူဝါဒများ ၊ လမ်းညွှန်ချက်များ မကောင်းဟု ဆိုပါ က
ပြောပါ။
၈ လေးလုံးမှ အစပြု၍ ဆူပူခဲ့သူများကို အကြိမ်ကြိမ် ပြန်လွှတ်ပေးခဲ့သည်။
ထိုသူများသည် ယနေ့ ဆန္ဒပြ ဆူပူ မှု မျိုးထက် အဆများစွာ ပြင်းထန်သော
ပုံစံမျိုး ဖြစ်အောင် ဖန်တီးခဲ့ကြသည်။ သူက မူဝါဒ လမ်းစဉ်(၇) ရပ် အတိုင်း
အကောင်အထည် ဖော်ရန် ကြိုးပမ်းသည်။ သူ့ကို ကူညီထောက်ပံ့မယ့်သူ မရှိ။ ယနေ့
အစိုး ရသစ်ကဲ့ သို့ ဖြစ်လာစေရန် ဆောင်ရွက်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့်
ဆက်ဆံရန် ၀န်ကြီး ဦးအော င်ကြည် အား ဆက်ဆံရေး ၀န်ကြီး အဖြစ်ခန့်အပ်ခဲ့သည်။
ဒီပဲယင်း မဖြစ်ခင် မြန်မာနိုင်ငံအနှံ့ လှည့်လည်ခွင့် ပေးခဲ့ သည်။
ရောက်ရာနေရာတွင် တပ်က အရာရှိကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက
ကြိုဆိုနေ ရာပေးခဲ့ကြသည်။ လက်ပံတောင်းတွင် ဒေါ်စုကို ဆန္ဒပြကြသကဲ့သို့
ထိုအချိန်တွင်လည်း ရှိခဲ့သောကြောင့် ဒီပဲယင်း ဖြစ်သည်။ ဒေါ်စုကို
လုပ်ကြံလိုပါက လက်ညှိုးညွှန်ရာ ရေဖြစ်သော ခေတ်တွင် ဘာကြောင့် လွတ် မည်နည်း။
သူနှင့် အတူ နိုင်ငံတော် သစ်ကြီး တည်ဆောက်ရန် ကောင်းမွန်သောစိတ်ထားနှင့်
အကြံပေး ခဲ့သည့် အတိုက်အခံ ရှိသည်၊ ဒီပဲယင်းတွင် အသေလုပ်ကြံသည်ဟု ယူဆပါက
ဘာလို့လွတ်လဲ ဆိုတာကို ပြောကြည့်ပါ။
စစ်သား ဗိုလ်ချုပ် မှန်သမျှ ၂၄ နာရီ နီးပါး ရုံးတက်ရသည်။ ကင်းလွတ်သူ
တစ်ယောက်၊နှစ်ယောက်မှလွဲ၍ ရုံး တက်ပြီး အလုပ်မလုပ်ခဲ့သည့် ဗိုလ်ချုပ်
ရှိသည်ဆိုပါက ပြောပြပါ။ ထို ဗိုလ်ချုပ်ကြီးများကို အမှီပြု၍ သား သမီး များ
လုပ်စားကြသည်။ ဗြောင်လုပ်စားကြသလို မသိမသာ လုပ်စားသူများလည်း ရှိသည်။ အာဏာ
ရှိသူများက အာဏာရှိသည်ကို အကာအကွယ်ယူ၍ လုပ်စားကြသည်။ နာမည်ကြီး မင်းသား၊
မင်းသမီးများ ပင် မြေကွက် များ၊ စီးပွားရေး လုပ်ကွက်များနှင့် မကင်းကြ။
သိန်းပေါင်း ထောင်သောင်းကို လက်ဆောင် ပဏ္ဍာ အဖြစ် ပေးကြ သည်။ ထိုအချိန်က
ပေးခဲ့သော သူတို့ ချမ်းသာခဲ့သည့် ငွေများသည် တိုင်းပြည် ဘဏ္ဍာ များဖြစ်ပြီး
တရားစွဲ၍ ရလောက်သည့် အကြောင်းပြချက်များ ဖြစ်ပါက ပြောပြပါ။
စစ်သားများသည် စစ်သားများ အလုပ်ကို လုပ်နေခဲ့ကြသည်။ ကျောင်းသားများသည်လည်း
စာကြိုးစားခဲ့ကြ ကာ ဆရာဝန်၊ အင်ဂျင်နီယာ ပညာတတ်များ ဖြစ်ပြီး အခြေတကျ
ဖြစ်ကြသည်။ ယနေ့ ရန်ကုန်နှင့် အခြား မြို့ ကြီး များမှ ပညာတတ်များ၊
သူဌေးသူကြွယ်များ၊ အိုးပိုင် အိမ်ပိုင် စီးပွားရေး သမားတိုင်းသည် စစ်
တပ်နှင့် ပေါင်း ပြီး လုပ်စားခဲ့ကြသူများ မဟုတ်။ ကိုယ့်အလုပ် ကိုယ်လုပ်ရင်း
ဖြစ်လာကြသူများ ဖြစ်သည်။ ကိုယ်တိုင် စာကြိုး စားခဲ့သလား၊ စီးပွားရေး
လုပ်ခဲ့သလား၊ တိုင်းပြည်အတွက် ကောင်းသော အကြံကို မည် သူမှ မထိခိုက်စေသည့်
ဘောင်အတွင်းမှ ကြိုးစားခဲ့ဖူးသလား ပြောကြည့်ပါ။
အထက်ပါ ရေးခဲ့သော အချက်များကြောင့် ကျွန်တော်သည် တပ်မတော်ကို မမုန်းခဲ့ပါ။
စစ်သားကိုလဲ လူဟု ပဲ မြင်ခဲ့သည်။ ပြည်ပြေး မိသားစုများ၊ ဒုက္ခသည်
မိသားစုများမှ အပုပ်ချ ပြောသမျှကို ဆန့်ကျင်သည်။ အ မှန် လုပ်သည့်သူ
မှန်သမျှကို ကာကွယ်မည် ဖြစ်သည်။ အစိုးရနှင့် တပ်မတော် မကောင်းကြောင်း ရေးကြ
ပြော ကြ သည့်အထဲမှ မှန်သည့် အချက်များနှင့် ပတ်သက်၍ ဇွတ်မှိတ်ပြီး
ဟုတ်ကြောင်း ကျွန်တော် မငြင်း ခဲ့။ နောင် မည် သည့် အစိုးရပဲ တက်တက်၊
မည်သည့် တပ်မတော် ခေါင်းဆောင်ပဲ တက်တက် ထိုအတိုင်း သာ တည်ရှိ နေမည်
ဖြစ်သည်။
ကျွန်တော် ရိုးရိုးလေးပဲ တွေးခဲ့ခြင်းသာ ဖြစ်သည်။ အမြင်အားလုံးကို ကြိုဆိုပါသည်။
ညောင်ပင်ကြီး၊ ဖောင်းကား၊ ရွာရှည်၊ကျော်ရွာ၊တောင်ပလူ၊ မိုးကြိုးပြင်ကျေးရွာများမှ တောင်သူများ ပျော်နေကြပြီ ၀မ်းသာတယ်
၂၀၁၃-၃-၁၉
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် သိမ်းယူထားသောမြေယာများအတွက် မတ်
၁၆ ရက်နှင့် ၁၇ ရက် နှစ်ရက်အတွင်းတောင်သူ ၁၆၃ ဦးအား လျော်ကြေးငွေ ကျပ်သိန်း ၅၆၀၀ နီးပါးပေးအပ်ခဲ့သည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် သိမ်းယူထားသောမြေယာများအတွက် လျော်ကြေး
ငွေများကို မတ်လ ၁၆ ရက်နေ့မှ စတင်ပြီး ပေးအပ်လျက်ရှိရာ မတ်လ ၁၆ ရက်နှင့် ၁၇ ရက် နှစ်ရက် အတွင်း၌ လျော်ကြေးငွေ စုစုပေါင်း ကျပ်သိန်းပေါင်း ၅၅၉၈ သိန်းကျော်ကိုပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်များအရ သိရသည်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော လက်ပံတောင်းတောင် စီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာ ထွက်ပေါ်ပြီးနောက် ဖွဲ့စည်းခဲ့သည့် အစီရင်ခံစာ အကောင်အထည် ဖော်ရေး ကော်မတီသည် မတ်လ ၁၆ ရက်နေ့က ဆားလင်းကြီးမြို့နယ်သို့ ရောက်ရှိလာပြီး ယာမြေသိမ်းဆည်း ခံခဲ့ရသူများအတွက် လျော်ကြေးငွေများကိုပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မတ်လ ၁၆ ရက်နေ့က ကျေးရွာငါးရွာမှ မြေသိမ်းခံတောင်သူ ၅၂ ဦးကို ငွေကျပ် ၂၂၄၆၇၆၀၀၀ အား ပေးအပ်ခဲ့ကြောင်း သိရသည်။ သိမ်းဆည်း မြေယာများ စိစစ်ရေးအဖွဲ့ အနေဖြင့် မတ်လ
၁၇ ရက်နေ့တွင် တောင်သူ ၁၁၁ ဦးအား လျော်ကြေးငွေ ကျပ်သိန်းပေါင်း ၃၃၅၁ သိန်းကျော်ကို ထပ်မံပေးအပ်ခဲ့ရာ ၁၆ ရက်နှင့် ၁၇ ရက်နေ့နှစ်ရက်အတွင်း တောင်သူ ၁၆၃ ဦးအား လျော်ကြေးငွေ ကျပ်သိန်းပေါင်း ၅၅၉၈ သိန်းကျော်ကို ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း မတ်လ ၁၈ ရက်ည ၈ နာရီတွင် နိုင်ငံပိုင်ရုပ်သံမှ သတင်းထုတ်ပြန်ချက်များအရ သိရသည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင် ဥက္ကဋ္ဌနှင့်အဖွဲ့ ပြန်သွားပြီး
နောက် တွင် စီမံကိန်း ဆက်လက်အကောင် အထည် ဖော်ဆောင်ရွက်ရန် အတွက် သမ္မတ ရုံးဝန်ကြီး ဦးလှထွန်း ဦးဆောင်သော အဖွဲ့သည် မတ်လ ၁၅ ရက်နေ့တွင် မုံရွာမြို့မှတစ်ဆင့် စီမံကိန်း နယ်မြေအတွင်းသို့ သွားရောက်လေ့လာခဲ့ပြီး ၁၆ ရက်နေ့၌ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွ င်
ညောင်ပင်ကြီး၊ ဖောင်းကား၊ ရွာရှည်၊ကျော်ရွာ၊တောင်ပလူ၊
မိုးကြိုးပြင်ကျေးရွာများမှ တောင်သူများ ကိုလျော်ကြေးငွေများ
ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Eleven Media Group
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် သိမ်းယူထားသောမြေယာများအတွက် မတ်
၁၆ ရက်နှင့် ၁၇ ရက် နှစ်ရက်အတွင်းတောင်သူ ၁၆၃ ဦးအား လျော်ကြေးငွေ ကျပ်သိန်း ၅၆၀၀ နီးပါးပေးအပ်ခဲ့သည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် သိမ်းယူထားသောမြေယာများအတွက် လျော်ကြေး
ငွေများကို မတ်လ ၁၆ ရက်နေ့မှ စတင်ပြီး ပေးအပ်လျက်ရှိရာ မတ်လ ၁၆ ရက်နှင့် ၁၇ ရက် နှစ်ရက် အတွင်း၌ လျော်ကြေးငွေ စုစုပေါင်း ကျပ်သိန်းပေါင်း ၅၅၉၈ သိန်းကျော်ကိုပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်များအရ သိရသည်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော လက်ပံတောင်းတောင် စီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာ ထွက်ပေါ်ပြီးနောက် ဖွဲ့စည်းခဲ့သည့် အစီရင်ခံစာ အကောင်အထည် ဖော်ရေး ကော်မတီသည် မတ်လ ၁၆ ရက်နေ့က ဆားလင်းကြီးမြို့နယ်သို့ ရောက်ရှိလာပြီး ယာမြေသိမ်းဆည်း ခံခဲ့ရသူများအတွက် လျော်ကြေးငွေများကိုပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မတ်လ ၁၆ ရက်နေ့က ကျေးရွာငါးရွာမှ မြေသိမ်းခံတောင်သူ ၅၂ ဦးကို ငွေကျပ် ၂၂၄၆၇၆၀၀၀ အား ပေးအပ်ခဲ့ကြောင်း သိရသည်။ သိမ်းဆည်း မြေယာများ စိစစ်ရေးအဖွဲ့ အနေဖြင့် မတ်လ
၁၇ ရက်နေ့တွင် တောင်သူ ၁၁၁ ဦးအား လျော်ကြေးငွေ ကျပ်သိန်းပေါင်း ၃၃၅၁ သိန်းကျော်ကို ထပ်မံပေးအပ်ခဲ့ရာ ၁၆ ရက်နှင့် ၁၇ ရက်နေ့နှစ်ရက်အတွင်း တောင်သူ ၁၆၃ ဦးအား လျော်ကြေးငွေ ကျပ်သိန်းပေါင်း ၅၅၉၈ သိန်းကျော်ကို ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း မတ်လ ၁၈ ရက်ည ၈ နာရီတွင် နိုင်ငံပိုင်ရုပ်သံမှ သတင်းထုတ်ပြန်ချက်များအရ သိရသည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင် ဥက္ကဋ္ဌနှင့်အဖွဲ့ ပြန်သွားပြီး
နောက် တွင် စီမံကိန်း ဆက်လက်အကောင် အထည် ဖော်ဆောင်ရွက်ရန် အတွက် သမ္မတ ရုံးဝန်ကြီး ဦးလှထွန်း ဦးဆောင်သော အဖွဲ့သည် မတ်လ ၁၅ ရက်နေ့တွင် မုံရွာမြို့မှတစ်ဆင့် စီမံကိန်း နယ်မြေအတွင်းသို့ သွားရောက်လေ့လာခဲ့ပြီး ၁၆ ရက်နေ့၌ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွ
Eleven Media Group
Subscribe to:
Posts (Atom)