Saturday, March 22, 2014

စစ်တွေနှင့်မောင်တောတွင် ခရိုင်မီးယားကဲ့သို့ ဆန္ဒခံယူပွဲပြုလုပ်ပြီး ဘင်္ဂလားဒေ့ရှ့်နိုင်ငံ စစ်တကောင်း နှင့်ပူးပေါင်းသင့်ကြောင်း ဘင်္ဂလားဒေ့ရှ့်သတင်းစာတစ်စောင်၏တာဝန်မဲ့ရေးသားမှုအား မြန်မာအစိုးရ ပြင်းထန်စွာ ကန့်ကွက်


စစ်တွေနှင့်မောင်တောတို့တွင် ခရိုင်မီးယားကဲ့သို့ ပြည်သူ့
ဆန္ဒခံယူပြီး ရခိုင်ပြည်နယ်အစား ဘင်္ဂလားဒေ့ရှ့်နိုင်ငံ၊ စစ်
တကောင်းပြည်နယ်အောက်သို့ ထိုဒေသများပူးပေါင်းသင့်
ကြောင်း ဘင်္ဂလားဒေ့ရှ့်နိုင်ငံထုတ် ဒါကာထရိုင်ဗျူးသတင်းစာ
၏ ရေးသားချက်နှင့်ပတ်သက်ပြီး မြန်မာအစိုးရက ပြင်းထန်စွာ
ကန့်ကွက်လိုက်ကြောင်း သိရှိရသည်။

“ဒီလိုတာဝန်မဲ့ရေးသားချက်ဟာ နှစ်နိုင်ငံချစ်ကြည်ရေးကို ပျက်
ပြားစေတဲ့အတွက် မြန်မာအစိုးရအနေနဲ့ ဒီလိုရေးသားချက်ကို
လုံးဝလက်သင့်မခံနိုင်ပါဘူး။ ဒီလိုရေးသားလိုက်ခြင်းကြောင့်
မလိုလားအပ်တဲ့ဆိုးကျိုးတွေ ဖြစ်ပေါ်စေနိုင်တဲ့အတွက် လုံးဝ
ကန့်ကွက်ရှုတ်ချပါတယ်” ဟုနိုင်ငံတော်သမ္မတရုံးမှ အကြီးတန်း
အရာရှိတစ်ဦးက ဒီမိုကရေစီတူဒေးသတင်းစာ၏ မေးမြန်းချက်
ကိုဖြေကြားသည်။