Tuesday, August 7, 2012

မိန်းမအများကြီးယူထားသူများသတိထား


 မိန်းမ၆ယောက်ယူထားသည့်နိုင်ဂျီးရီးယားနိုင်ငံသားတစ်ဦးကိုဇနီးများအားလုံးကလိင်ဆက်ဆံခိုင်းရာမှ သေဆုံးသွားခဲ့ကြောင်း Daily Post သတင်းတွင်ဖော်ပြခဲ့သည်။ Uroko Onojaအမည်ရှိ နိုင်ဂျီးရီးယားနိုင်ငံသားသည်ချမ်းသာလာခဲ့ပြီးနောက်မိန်းမ၆ဦးကိုလက်ထပ်ခဲ့သည်ဟု
ဆိုသည်။
သူ၏အငယ်ဆုံးဇနီးဖြစ်သူ၏အခန်းတွင်းသို့ဝင်ရောက်သွားခဲ့သည့်အချိန်တွင်အခြားဇနီး ၅ဦးက၄င်းထံသို့ဓားများကိုင်ဆောင်ကာရောက်လာပြီးသ၀န်တိုစွာဖြင့်ရိုက်နှက်ကာ၎င်းတို့အားလိင်ဆက်ဆံခိုင်းသည် ဟုသတင်း၌ဖော်ပြခဲ့သည်။
ဇနီး ၄ဦးနှင့်လိင်ဆက်ဆံပြီးနောက်ပဉ္စမမြောက်ဇနီးနှင့်လိင်ဆက်ဆံနေစဉ် Onoja သည်အသက်ရှုရပ် သွားခဲ့သည်။သူသေဆုံးသွားခဲ့သည်ကိုမြင်ခဲ့ပြီးအခြားဇနီး ၅ဦးတို့သည်ထွက်ပြေးသွားခဲ့သည်ဟု အငယ်ဆုံးဇနီးဖြစ်သူကပြောခဲ့သည်။
သူမ၏ခင်ပွန်းဖြစ်သူသည်အသက်ရှုရပ်သွားခဲ့သည့်အချိန်တွင်သူမတို့အားလုံးကရယ်မော
နေကြောင်း၊သူမကအသက်ပြန်ရှုလာအောင်မလုပ်နိုင်သည့်အချိန်တွင်သူတို့အားလုံးတောတွင်းသို့ထွက်ပြေးသွားကြသည်ဟုအငယ်ဆုံးဇနီးဖြစ်သူကပြောခဲ့သည်။
ဇနီး၂ယောက်ကိုရဲကဖမ်းထားခဲ့ပြီးအခြားဇနီးများကိုရှာနေဆဲဟုသတင်းများတွင်ဖော်ပြခဲ့
သည်။

Source : hurriyetdailynews