အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၏ သဘာဝပတ်ဝန်းကျင်
ထိန်းသိမ်းရေးကော်မတီ
မှ ဦးဆောင်ပြု လုပ်ခဲ့သော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆွေးနွေးပွဲမှ ရရှိလာသည့်
ဆွေးနွေးချက်များကို စာအုပ်ထုတ် ဝေပြီး အခမဲ့ဖြန့်ဝေသွားမည်ဟု ယင်းကော်မတီမှ
ဒု-ဥက္ကဋ္ဌဦးစိုးညွန့်က ဒီဇင်ဘာ ၄ ရက်တွင် မဇ္ဈိမကို ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၆ ရက်က ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမတွင် ဆွေးနွေးပွဲ
ကျင်းပခဲ့ခြင်းဖြစ် ပြီး အဆိုပါဆွေးနွေးပွဲတွင် သဘာဝပတ်ဝန်းကျင်ပျက်စီးလာခြင်း၊ စိုက်ပျိုးသီးနှံများပျက်စီးလာခြင်း၊ သစ်တောနှင့်ပတ်သက်သည့် အကြောင်းအရာများ၊ မိုးလေ၀သနှင့်ပတ်သက်သည့် အကြောင်းအရာများ စသည်တို့ကို ဆွေးနွေးခဲ့ခြင်းဖြစ်
သည်။