ရှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ်ရှိ ယင်းနက်တိုင်းရင်းသားကျေးရွာ ၂၀ ရွာမှ
လူငယ်များ ပညာသင်ကြားနိုင်ရန် နမ့်စန်မြို့နယ်ရှိ ကုန်းလမ်းကျေးရွာ၌ ခွပ်ဒေါင်း
အားမာန်အမည်ဖြင့် မူလတန်းကျောင်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD
ပညာရေးကွန်ရက်က ဒီဇင်ဘာ ၃ ရက်တွင် ဖွင့်လှစ်ပေးလိုက်သည်။
ယင်းနက် တိုင်းရင်းသားကျေးရွာမှ ကျောင်းသားလူငယ်များသည်
လမ်းပန်းဆက်
သွယ်ရေးခက်ခဲခြင်း၊ မူလတန်းကျောင်းမရှိခြင်း၊ စာသင်ကျောင်းရှိရာနှင့် နေထိုင်
ရာဝေးလွန်းခြင်းတို့ကြောင့် ပညာရေးတွင် နှောင့်နှေးနေမှုများရှိနေသည်ဟု NLD
ပညာရေးကွန်ရက် နမ့်စန်တာဝန်ခံ ဒေါ်ဝင်းမြင့်မြတ်က မဇ္ဈိမကို ပြောသည်။
“စာသင်ဖို့ထက် အလုပ်လုပ်ဖို့ပဲ စိတ်ဝင်စားနေကြတယ်။ လမ်းပန်း ဆက်သွယ်ရေးတွေ
ကလည်း ခက်ခဲ တော့ ဒေသကဘာမှ မဖွံ့ဖြိုးဘူး။ စားဝတ်နေရေး အတွက်ပဲ မိသားစု
လိုက်ရုန်းကန်နေကြရတယ်။ စာသင်ဖို့ဆိုတာ သူတို့နဲ့ မဆိုင်သလို ဖြစ်နေတယ်။ အစိုးရ မူလတန်း ကျောင်းမရှိတာလဲ ပါတာပေါ့” ဟု ပြောကြားသည်။
ခွပ်ဒေါင်းအားမာန် မူလတန်းကျောင်းတွင် တက်ရောက် ပညာသင်ကြားနေသူ ကျောင်း
သူကျောင်းသား ၈၀ ဦးအား စတင်ပညာသင်ပေးလျက်ရှိပြီး ၅ နှစ်မှ ၁၅နှစ် အရွယ်
များဖြစ်သည်။ လက်ရှိတွင် သူငယ်တန်း တစ်တန်းသာ သင်ကြားနိုင်သေးပြီး ၂၀၁၄ -
၂၀၁၅ ပညာသင်နှစ်တွင်ပထမတန်းအားဆက်လက်ဖွင့်နိုင်ရန် ဆောင်ရွက်သွားမည်ဟု လည်း ဒေါ်ဝင်းမြင့်မြတ်က ဆိုသည်။
ထိုကျောင်းတွင် ဆရာမနှစ်ဦးဖြင့်သာ သင်ကြားပေးနိုင်သေးပြီး ဒီဇင်ဘာ လကုန်တွင်
NLD ပညာရေးကွန် ရက် နမ့်စန်မှ အလှည့်ကျစနစ်ဖြင့် လုပ်အား ပေးသင်ကြားရန်
ဆရာမနှစ်ဦး ထပ်မံပို့ ဆောင်ပေးသွားမည်ဟု သိရသည်။ လက်ရှိ ခွပ်ဒေါင်းအားမာန်
မူလတန်းကျောင်း တွင် တာဝန်ထမ်းဆောင်နေသော ဆရာမ နှစ်ဦးကို ရွာမှစုပေါင်း၍ လစာငွေပေးသွားမည် ဖြစ်သည်။
လက်ရှိတွင်ရွာဦးဘုန်းကြီးကျောင်းရှိဓမ္မာရုံတွင်စတင်သင်ကြားပေးနေပြီး
စာသင်ကျောင်းဆောင်ဆောက်လုပ်နိုင်ရန် NLD ပညာရေးကွန်ရက်မှစီစဉ်နေ ကြောင်းသိရ သည်။ ကျေးလက်ဆေးပေးခန်းတည်ဆောက်သွားရန်အများသုံး သောက်သုံးရေကန်များ
လည်းတူးဖော် ပေးသွားရန်ကျေးရွာအကျိုး ပြုအဖွဲ့ကလုပ်ဆောင်လျက် ရှိသည်။
Written by အောင်ကိုဦး
Mizzima

No comments:
Post a Comment
မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။