ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဌ
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးခင်ရီသည် နိုဝင်ဘာ ၂၆ရက် နံနက် ၇း၃၀
က ရှမ်းပြည်နယ်(မြောက်ပိုင်း)
အထူးဒေသ(၂) ပန်ဆန်းမြို့ရှိ ‘ဝ’တိုင်းရင်းသား
အဖွဲ့ ဥက္ကဌ ဦးပေါက်ယူချန်းအား
၎င်း၏ နေအိမ်ဧည့်ခန်းမ၌ တွေ့ဆုံ၍ ရင်းရင်း
နှီးနှီး နှုတ်ဆက်သည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက
ပြည်လုံးကျွတ်သန်းခေါင်
စာရင်းကောက်ယူရေး လုပ်ငန်းစဉ်များနှင့် ‘ဝ’
ဒေသအတွင်း သန်းခေါင်စာရင်းကောက်
ယူနိုင်ရေးအတွက်
ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်ရေး အခြေအနေများကို ရှင်းလင်းပြော
ကြားရာ ‘ဝ’
တိုင်းရင်းသားအဖွဲ့ဥက္ကဌ ဦးပေါက်ယူချန်းက လုပ်ငန်းလိုအပ်ချက်များအပေါ်
ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးမည့် အခြေအနေများကို
ပြန်လည်ရှင်းလင်းပြောကြား
သည်။
ယင်းနောက် ရှမ်းပြည်နယ်(မြောက်ပိုင်း)
အထူးဒေသ(၂) ‘ဝ’ ဒေသအတွင်းရှိ ပန်ဆန်း၊
မိုင်းပေါက်၊ မိုင်းမော်၊ နမ့်တစ်၊
ဝိန်းကောင်ခရိုင်နှင့်မြို့နယ်များမှ အုပ်ချုပ်ရေးမှူးများနှင့်
ကော်မတီဝင်များ၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊
အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများအားတွေ့ဆုံ၍ ၂၀၁၄ခုနှစ်
ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်
ယူရေး လုပ်ငန်းဆိုင်ရာ ရှင်းလင်းပွဲကို
နံနက် ၈ နာရီတွင် ပန်ဆန်းမြို့ ပြည်သူ့ခန်းမ၌ ကျင်းပရာ
ပြည်ထောင်စုဝန်ကြီးဦးခင်ရီက ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူခြင်း
လုပ်ငန်းသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းများရေးဆွဲရာတွင်
အသုံးပြုမည့်
လူဦးရေ ကိန်းဂဏန်း အချက်အလက်များ တိကျမှန်ကန်စွာ
ရရှိရေးအတွက်ဖြစ်ကြောင်း၊ သတ်မှတ်ထားသည့်အချိန်တစ်ချိန်တွင်
မြန်မာနိုင်ငံအတွင်းမှီတင်းနေထိုင်ကြသူ၊ နေသူ အားလုံးကို
ကောက်ယူမည်ဖြစ်ကြောင်း၊ ယင်းသို့ကောက်ယူရရှိသည့် ကိန်းဂဏန်းအ
ချက်အလက်များ
အပေါ်မူတည်၍ နိုင်ငံတော်အစိုးရက ဒေသတစ်ခုချင်းစီအလိုက်
ပညာရေး၊ ကျန်းမာရေး၊
လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်လိုအပ်ချက်များ ကို
ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ ယင်းအချက်အလက်များသိရှိနိုင် ရန်
မေးခွန်းပေါင်း(၄၁)ချက် မေးမြန်းကောက်ယူသွားမည်ဖြစ်ကြောင်း၊
ဒေသ
တွင်းကောက်ကွက်များ တိကျစွာ ခွဲနိုင်ရေးအတွက် အိမ်ထောင်စုစာရင်းများ
ပြုစုပေး
ရန် လိုအပ်ကြောင်း၊ ယင်းကောက်ကွက်များ ပေါ်မူတည်၍ စာရင်းစစ်၊
စာရင်းကောက်
လိုအပ်မှုများခန့်ထားညှိနှိုင်းဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊
‘ဝ’ဒေသအတွင်း ကောက်
ယူ နိုင်ရေးအတွက် ဒေသခံဘာသာစကား တတ်ကျွမ်းသူများအား
လိုအပ်သည့် သန်းခေါင်စာရင်းဆိုင်ရာသင်တန်းများ
ဖွင့်လှစ်ပို့ချဆောင်ရွက်သွားမည် ဖြစ်ကြောင်း အဓိကအရေးကြီးဆုံးမှာသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းစဉ်သည် ဒေသဖွံ့ဖြိုး
တိုးတက်ရေးအတွက်
ဆောင်ရွက်ခြင်းဖြစ်သည်ကို ပြည်သူအားလုံးသိရှိနားလည်ပြီး
မေးမြန်းသည့်မေးခွန်းများအပေါ် မှန်မှန်ကန်ကန်ဖြေကြားနိုင်ရန် ရှင်းလင်းချပြ
စည်းရုံးဆောင် ရွက်ပေးကြစေလိုကြောင်း၊ မရှင်းလင်းသည့်အချက်များ၊
သိရှိလိုသည်များကို မေးမြန်း ကြရန်နှင့်လိုအပ်ချက်များကို ထိထိရောက်ရောက်
ပံ့ပိုးကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ယင်းနောက် ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့(UNFPA) ဌာနေကိုယ်စားလှယ်
Ms.Janet
E.Jackson က မြန်မာနိုင်ငံ၏ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းစဉ်
အတွက်
UNFPA မှ ပံ့ပိုးကူညီဆောင်ရွက်ပေးမှုများကို ရှင်းလင်းပြောကြားပြီး ‘ဝ’ ဒေသ
တိုင်းရင်းသားအဖွဲ့ဒုတိယဥက္ကဌ ဦးရှောက်မီလျန်က မိမိတို့ဒေသသို့ လာရောက်၍
သန်းခေါင်စာရင်းဆိုင်ရာသိကောင်းစရာများကိုရှင်းလင်းပြောကြားမှုအတွက် ဒေသခံပြည်သူ များကိုယ်စားကျေးဇူးတင်ရှိပါကြောင်းနှင့် လိုအပ်သည်များ
ပံ့ပိုးကူညီဆောင်ရွက် ပေးသွား မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ကြောင်း
သတင်းရရှိသည်။
မြန်မာ့အလင်း၊ ဒီဇင်ဘာ (၄) ရက်
No comments:
Post a Comment
မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။