မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်ကို
သမ္မတမဖြစ်အောင် ဖွဲ့စည်းပုံ
ဥပဒေအရ ဆက်လက်ပိတ်ဆို့ထားမယ်ဆိုရင်
NLD ပါတီအနေနဲ့
နောက်ထပ် သမ္မတလောင်းကို
ရွေးချယ်မှာမဟုတ်ဘဲ လက်ရှိ
ပြည်သူ့လွှတ်တော်ဥက္ကဌ
ဗိုလ်ချုပ်ကြီးဟောင်း
သူရဦးရွှေမန်းကို သမ္မတအဖြစ်
ထောက်ခံ သွားမယ်လို့ NLD
ခေါင်းဆောင်တွေရဲ့
ပြောဆိုချက်ကို ကိုးကားပြီး
ရိုက်တာသတင်းဌာနက ဖော်ပြ လိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်
အစား အခြားသော သမ္မတလောင်းအဖြစ်
ပါတီတွင်းမှာ ရွေးချယ်သွားမှာ
မဟုတ်ဘဲ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီရဲ့
လက်ရှိဥက္ကဌ သူရဦးရွှေမန်း
သမ္မတဖြစ်စေဖို့ အားပေးသွားမယ်လို့
ပါတီခေါင်းဆောင်တစ်ယောက်ရဲ့
ပြောဆိုချက်ကို ဖော်ပြထားပါတယ်။