Monday, June 4, 2012

ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းခရီးစဉ် “အပေးအယူ၊ အတိုးအလျှော့” လုပ်ခဲ့ရ

ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းနိုင်ငံခရီးစဉ်အတွင်း ပြင်ဆင်ထားသော အစီအစဉ်တချို့ကို ပြောင်းပေးခဲ့ရသည်ဟု သူ၏ လုံခြုံရေးအရာရှိ ကိုခွန်သာမြင့်က BBC သတင်းဌာနကို တနင်္ဂနွေနေ့က ပြောလိုက်သည်။
မည်သည့် ဖိအား၊ မည်သည့်အခက်အခဲတို့ကြောင့် ပြောင်းလဲရခြင်းဖြစ်ကြောင်း သူက တိတိကျကျ ပြောဆိုသွားခြင်း မရှိပေ။

တောင်ကုတ်တွင် အသတ်ခံရသူ ၁၀ ဦးကို ယနေ့နေ့လည် သဂြိုဟ်မည်

ယမန်နေ့မွန်းလွဲပိုင်းတောင်ကုတ်သံတွဲလမ်းဆုံတွင်လူအုပ်စုမှဝိုင်းဝန်းသတ်ဖြတ်ခြင်းခံရသူအစ္စလာမ်ဘာသာဝင်၁၀ဦးအားယနေ့နေ့လည်၂နာရီတွင်သံတွဲမြို့အစ္စလာမ်သုဿန်တွင် သဂြိုဟ်မည်ဟုသံတွဲမြို့ခံတဦးကပြောသည်။

ချေးငွေနှင့်နိုင်ငံတော်ပိုင် ဘိလပ်မြေများ ပျက်စီးဆုံးရှုံးအောင်ပြု

ကော့မှုးမြို့နယ်သခွပ်ပင်ကျေးရွာနှင့်စက်စုကျေး၇ွာအပိုင်းတွင်လယ်ယာလုပ်ကိုင်နေကြ သောလယ်သမားများသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ (၂၀၁၁) ခုနှစ် မိုးရာသီတွင်ချေးငှားသောငွေများအား၂၀၁၂ခုနှစ်နွေရာသီတွင်ပြန်လည်ပြီးအတိုးနှင့်အရင်းပါကျေးရွာစည်းရုံးရေးမှုးဦးထွန်းစိုးမှပြန်လည်ကောက်ခံပြီးပေးဆပ်ရပါသည်။

ကော့မှုးမြို့နယ်(၆၄)ရွာတွင်စုံစမ်းရာပြန်သိမ်းခြင်းမရှိဘဲ။သခွပ်ပင်ရွာတရွာတည်းတွင်တည်းသာကောက်ခံနေခြင်းဖြစ်ပါသည်။တိုင်းဒေသကြီးတာဝန်ခံဦးအောင်သိန်းလင်းမှလည်း(၅.၃.၁၂)ထုတ် messemger journal page no.28 တွင်လယ်သမားများအကြိမ်ကြိမ်စိုက်ရသည့် အတွက်နှစ်ဆိုင်းထားမည်ဖြစ်ကြောင်းပြည်သူပြည်သားများ သိအောင်ကြေငြာခဲ့ပါသည်။

ပိတ်သိမ်းခဲ့သည့် ၂၃၂ ယာဉ်လိုင်း နေရာတွင် ၃၉ ကားဖြင့် အစားထိုး

NNDP မှလွှတ်တော်ကိုယ်စားလှယ်ဦးသိန်းညွန့်နှင့်ဦးဝင်းရွှေ

ပြီးခဲ့သည့်အပါတ်အတွင်းမှာ ပါရမီယာဉ်လိုင်း ၂၃၂ ယာဉ်လိုင်း မှ ကြားကားပြေဆွဲသည့် ယဉ်မောင်းအား ဓါးဖြင့်ခုတ်သတ် ခဲ့သည့် ကိစ္စနှင့်ပါတ်သက်ပြီး ၂၃၂ ယာဉ်လိုင်း အားပိတ်သိမ်း လိုက်ခြင်း အပေါ် ဒဂုံဆိပ်ကမ်းမြို့ နေ ဒေသခံများမှ NNDP သို့တင်ပြလာရာ NNDP မှ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်နှင့် ကြားဖြတ် ရွေးကောက်ပွဲတွင် ရှုံးသွားခဲ့သည့် ဒဂုံဆိပ်ကမ်းမြို့နယ် ကိုယ်စားလှယ်လောင်း ဦးဝင်းရွှေတို့သည် ဒဂုံဆိပ်ကမ်း မြို့နယ်သို့ ဒေသခံများ၏ ဖိတ်ကြားချက်အရ သွားရောက်ခဲ့သည်။

ဦးပြုံးချို ပါတီဘဏ္ဍာ၊ကိုယ့်ဟာမှတ်ပါလို့ 

မြောင်းမြမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးပြုံးချိုသည် ဧရာဝတီ တိုင်း ဒေသကြီး ဥပဒေပြုရေးရာ ကော်မတီ ဥက္ကဌတစ်ဦး ဖြစ်သည့်အပြင် လက်ရှိလည်း တရားလွှတ်တော် ရှေ့နေကြီးအဖြစ် ကကြိုးပေါင်းစုံနှင့် သရုပ်ဆောင် ဒါရိုက်တာတစ်ဦြး ဖစ်ပါသည်။

မြောင်းမြမြို့နယ်အတွင်းရှိ၊ရပ်/ကျေးစည်းရုံးမှူးများအားပါတီစည်းရုံးရေးအတွက်တစ်ရွာ လျှင်ငါးသောင်းကျပ်ထုတ်ပေးရန်ပြည်ခိုင်ဖြိုးပါတီဗဟိုမှကျပ်သိန်းသုံးရာတိတိထုတ်ပေးခဲ့ရာဦးပြုံးချိုလက်ခံရယူခဲ့ပါသည်။ယင်းငွေကြေးကိုသုံးစွဲရန်ကော်မတီတစ်ရပ်ကိုဖွဲ့စည်းခဲ့ခြင်းမရှိဘဲစုစုပေါင်း(၅၀)သိန်းခန့်သာထုတ်ပေးခဲ့ပြီးကျန်ငွေ(၂၅၀)သိန်းကိုကိုယ်ကျိုးသုံးစွဲခဲ့သ ဖြင့်ပြည်ခိုင်ဖြိုးတိုင်းတာဝန်ခံကိုယ်တိုင်မြောင်းမြမြို့သို့ရောက်လာပြီးဆူပူခဲ့ရသည့်အဖြစ်နှင့်ကြုံတွေခဲ့ရပါသည်။

ငွေထုတ်ပေးရာတွင်လည်း၎င်းနှင့်ပြေလည်သောကျေးရွာအုပ်ချုပ်ရေးမှူးများကိုသာထုတ် ပေးပါသည်။ဦးပြုံးချိုသည်အလွဲသုံးစားပြုထားသောငွေကြေးဖြင့်ကျေးရွာအုပ်ချုပ်ရေးမှူးများအား၎င်း၏ရာထူးအာဏာအရှိန်အ၀ါဖြင့်စပါးတင်းတစ်ရာလျှင်တစ်သိန်းခွဲနှုန်းပေးကာစပါး ပေါ်လျှင်သုံးသိန်းနှုန်းပြန် ပေးရပါသည်။

မြို့ရွာနဲ့အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနရှေ့ ဆန္ဒထုတ်ဖော်ပွဲနှင့်ပက်သက်၍

ဒီကနေ့မြန်မာနိုင်ငံမှာ ဒီမိုကရေစီလို့ ပြောလိုက်တာနဲ့ လူထုအုံကြွမှုဖြစ်မည့်ဘက်ကို ဖြစ်စေချင်နေကြတဲ့ ပြည်ပရောက် မြှောက်ပေးတွေကို တော်တော်စိတ်ကုန်ပါတယ်..။ ဘာဖြစ်လို့လည်းဆိုတော့ ဒီမိုကရေစီနိုင်ငံမှာ နိုင်ငံသားတွေရဲ့ဆန္ဒကို ထုတ်ဖော်တာဟာ အလေ့အထကောင်းခုပါပဲ။
ဒီလိုဆန္ဒထုတ်ဖော်တာကိုပဲ ဆူဆူပူပူလုပ်ချင်တယ်လို့ နာမည်တပ်သူကတပ်၊ စစ်တပ်ကအာဏာပြန်သိမ်းမှာကို မကြောက်ဘူးလားလို့ ပြောနေတဲ့ သူတွေကပြောနဲ့၊ အဲလိုပြောနေတဲ့သူတွေကိုယ်တိုင် ဆန္ဒထုတ်ဖော်ဘူးသလားလို့ မေးကြည့်ရင်လည်း မေးတဲ့သူက လွန်ဦးမယ်။ ၀န်ကြီးဌာနတွေရဲ့ တရားဥပဒေစိုးမိုးမှုမရှိတာကို ဒီအတိုင်းပဲ လက်ပိုက်ကြည့်နေမယ်ဆိုရင် ဒုက္ခခံနေရတဲ့ ပြည်သူတွေအတွက် ကျွန်တော်တို့တစ်တွေ တရားပါ့မလား။ ကျွန်တော်တို့တစ်တွေ တာဝန်ကျေပါ့မလား…။ ဆန္ဒပြတယ်ဆိုတဲ့ စကားနဲ့ ဆန္ဒထုတ်ဖော်တယ်ဆိုတဲ့ စကားလုံးအသုံးအနှုန်းလေးက တူတယ်ထင်ရပေမယ့် နဲနဲတော့ လွဲပါတယ်။

၎-၆-၂၀၁၂ ပြည်တွင်းသတင်းများ

- စစ်တွေ အဓိကရုဏ်း ထိခိုက်မှုရှိ ..... Read More
- ဒေါ်အောင်ဆန်းစုကြည် တော်ပေမယ့် NLD လူထုဆက်ဆံရေး ညံ့ ..... Read More
- NLD နဲ့ Media ဆက်ဆံရေးအခြေအနေ ..... Read More
- မြန်မာ-ဘင်္ဂလာနှစ်နိုင်ငံစီးပွားရေးမှာ မူးယစ်ကြောင့် ထပ်မံအခက်တွေ့နိုင် ..... Read More
- စစ်တွေလူထုနှင့်ရဲတပ်ဖွဲ့ဝင်များ အဓိကရုဏ်းဖြစ်ပွား ..... Read More
- နစက-BGB coordination conference  ကျင်းပပြီးစီး ..... Read More
- မူစယ်အထူးစီးပွားရေးဇုန်အတွက် လယ်မြေလျော်ကြေးငွေများညှိနှိုင်းနေဆဲ ..... Read More
-မီဒီယာများနှင့်ပူးပေါင်း၍မြန်မာပြည်ပြောင်းလဲမှု့များအားယုံကြည်လာစေရန်သတင်းများဖေါ်ပြ၊မိမိတိုင်းပြည်   
တွင်အဓိက ပြည်သူများအားကာကွယ်စောက်ရှောက်သည့်တရားမျှတသည့်ဥပဒေ၊ မပြောင်းလည်း သရွေ့.....
Read More 
- သမ္မတသိန်းစိန် တနှစ်ပြည့်မိန့်ခွန်းပြောဆိုခဲ့စဉ်က''မိဘပြည်သူ''ဟုပြောဆိုခဲ့သော်လည်းယခု ပြည်ထောင်စု ဝန်ကြီးအောင်မင်းပြည်သူများကို သူ့သားသမီးဟုသဘောထားပြောဆိုခဲ့ "နိုင်ငံသားများ၏ စားဝတ်နေရေး မရှင်းနိုင်ဘဲ မအုပ်ချုပ်ဟု ဦးအောင်မင်းဆို..... Read More