Monday, June 4, 2012

တောင်ကုတ်တွင် အသတ်ခံရသူ ၁၀ ဦးကို ယနေ့နေ့လည် သဂြိုဟ်မည်

ယမန်နေ့မွန်းလွဲပိုင်းတောင်ကုတ်သံတွဲလမ်းဆုံတွင်လူအုပ်စုမှဝိုင်းဝန်းသတ်ဖြတ်ခြင်းခံရသူအစ္စလာမ်ဘာသာဝင်၁၀ဦးအားယနေ့နေ့လည်၂နာရီတွင်သံတွဲမြို့အစ္စလာမ်သုဿန်တွင် သဂြိုဟ်မည်ဟုသံတွဲမြို့ခံတဦးကပြောသည်။
ယမန်နေ့မွန်းလွဲပိုင်းသံတွဲရန်ကုန်သွားရိုးမသစ္စာခရီးသည်တင်ယာဉ်ပေါ်ပါအစ္စလာမ်ဘာသာဝင်၁၀ဦးကိုတောင်ကုတ်မြို့ခံလူအုပ်ကသံတွဲတောင်ကုတ်လမ်းဆုံတွင်ရိုက်နှက်ခဲ့ကြသဖြင့်ယင်း၁၀ဦးသေဆုံးခဲ့ရခြင်းဖြစ်သည်။သေဆုံးသူများထဲတွင်တခြမ်းပဲ့ဗလီတရားထိုင်အဖွဲ့ဝင်၈ဦးအပြင်ရိုးမသစ္စာမော်တော်ယာဉ်လိုင်းကိုယ်စားလှယ်တဦးနှင့်သံတွဲမြို့ခံတဦးတို့ဖြစ်သည်ဟုသိရှိရသည်။

၎င်းတို့၏ရုပ်အလောင်းများကိုယနေ့နံနက်၁နာရီခွဲကျော်တွင်သံတွဲမြို့သို့ပြန်လည်သယ် ဆောင်လာပြီးယနေ့မွန်းလွဲ၂နာရီတွင်သဂြိုဟ်ရန်စီစဉ်ခဲ့ခြင်းဖြစ်သည်။
ရုပ်အလောင်းများထားရှိရာသုဿာန်သို့အသိမိတ်ဆွေများနှင့်ဆွေမျိုးသားချင်းများလာ ရောက်ကြည့်ရှုလျှက်ရှိရာလူပရိသတ်၂၀၀ကျော်၃၀၀နီးပါးရှိလာသည့်နောက်ရဲလုံခြုံရေးများပိုမိုတိုးမြှင့်ချထားခဲ့ရသည်ဟုလည်းသံတွဲ မြို့ခံကပြောသည်။
ယခုကဲ့သို့သံတွဲရန်ကုန်ကားပေါ်ပါအစ္စလာမ်ဘာသာဝင်ခရီးသည်အချို့အားရန်ပြုသတ်ဖြတ်သည့်ညတွင်ရခိုင်ပြည်နယ်စစ်တွေမြို့၌ရခိုင်အမျိုးသားတဦးအသတ်ခံရသည်ဆိုသည့်သ တင်းများထွက်ပေါ်ကာအမှတ်(၁)ရဲစခန်းသို့လူအုပ်ကြီးက၀ိုင်းဝန်းတောင်းဆိုသည့်အဖြစ်အပျက်ဖြစ်ပျက်ခဲ့သည်။
ယခုလောလောဆယ်တွင်သံတွဲမြို့လုံခြုံရေးအခြေအနေမှာပုံမှန်အတိုင်းသာရှိသည်ဟုလည်းယင်းမြို့ခံကဆိုသည်။
မူရင်းလင့်၊ www.facebook.com/ygnpress

No comments:

Post a Comment

မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။