Monday, June 4, 2012

ချေးငွေနှင့်နိုင်ငံတော်ပိုင် ဘိလပ်မြေများ ပျက်စီးဆုံးရှုံးအောင်ပြု

ကော့မှုးမြို့နယ်သခွပ်ပင်ကျေးရွာနှင့်စက်စုကျေး၇ွာအပိုင်းတွင်လယ်ယာလုပ်ကိုင်နေကြ သောလယ်သမားများသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ (၂၀၁၁) ခုနှစ် မိုးရာသီတွင်ချေးငှားသောငွေများအား၂၀၁၂ခုနှစ်နွေရာသီတွင်ပြန်လည်ပြီးအတိုးနှင့်အရင်းပါကျေးရွာစည်းရုံးရေးမှုးဦးထွန်းစိုးမှပြန်လည်ကောက်ခံပြီးပေးဆပ်ရပါသည်။

ကော့မှုးမြို့နယ်(၆၄)ရွာတွင်စုံစမ်းရာပြန်သိမ်းခြင်းမရှိဘဲ။သခွပ်ပင်ရွာတရွာတည်းတွင်တည်းသာကောက်ခံနေခြင်းဖြစ်ပါသည်။တိုင်းဒေသကြီးတာဝန်ခံဦးအောင်သိန်းလင်းမှလည်း(၅.၃.၁၂)ထုတ် messemger journal page no.28 တွင်လယ်သမားများအကြိမ်ကြိမ်စိုက်ရသည့် အတွက်နှစ်ဆိုင်းထားမည်ဖြစ်ကြောင်းပြည်သူပြည်သားများ သိအောင်ကြေငြာခဲ့ပါသည်။


ထိုငွေများကိုသိမ်းဆီးထားပြီး(၁၈.၅.၁၂)နေ့တွင်ကြံ့ခိုင်ရေးအသင်းဝင်လယ်သမားတစ်ဦးလျှင်(၁၀၀၀၀၀)နှုန်းလက်လုပ်လက်စားတစ်ဦးလျှင်(၃၀၀၀၀)ထုတ်ပေးပါသည်။NLDပါတီဝင်လယ်သမားများနှင့်လက်လုပ်လက်စားသမားများအားမချေးပေးဘဲတိုင်ချင်ရာတိုင်ဟုပြောခဲ့ကြောင်းသိရှိရသည်။

သခွပ်ပင်ကျေးရွာအားနိုင်ငံတော်မှ(၂၀၁၂၊၁လပိုင်းတွင်လမ်းပြင်ရန် ဘိလပ်မြေအိတ်(၄၀၀) ချပေးထားသည့်အိတ်များကိုပစ်ထားသဖြင့်အိတ်(၁၀၀)ရေစိုသွားခဲ့ပါသည်။ရေထိပြီးခဲသည်များခဲနေပါသည်။

(၁၈.၁.၁၂)နေ့မှထိုခဲများကိုသဲနှင့်ဖျော်ပြီးကျေးရွာလူထုအားတိုင်ပင်ခြင်းမရှိဘဲနောက်ဖေးလမ်းအားဖျော်လောင်းခဲ့ရာခိုင်ခံ့မှု့မရှိပဲနိုင်ငံတော်ငွေအားဖြုံးတီးပစ်ရာကျသွားကြောင်းကျေးရွာသားတစ်ဦးကပြောခဲ့သည်။

အထက်အဖွဲ့အစည်းများမှချပေးသောငွေအားကိုယ့်သဘောနှင့်ပြုလုပ်ပြီးအလွဲသုံးစားလုပ် နေပြီးနိုင်ငံတော်မှလမ်းခင်းပေးရန်ချပေးထားသောဘိလပ်မြေအားပျက်စီးဆုံးရှုံးအောင်လုပ်နေသူကျေးရွာစည်းရုံးရေးမှူးဦးထွန်းစိုးအားလိုအပ်သလိုအရေးယူပေးနိုင်ရန်သခွပ်ပင်ရွာသူရွာသားများမှဆန္ဒရှိနေကြောင်းသိရှိရသည်။

No comments:

Post a Comment

မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။