Thursday, June 21, 2012

နိုင်ငံမဲ့ အကြောင်း

နိုင်ငံမဲ့(Stateless) ဆိုတာကို အနည်းငယ် ပြောပြလိုပါတယ်။ မြန်မာတွေပြည်ပကို ထွက်နေတာ အများကြီး ရှိလို့သိသူတွေလည်းအတော်များများရှိကြမှာပါ။

လက်ရှိနိုင်ငံတကာရဲ့အနေအထားမှာဘယ်သူမဆိုအခြားနိုင်ငံတခုကိုတရားဝင်ဝင်ရောက်လာပြီး ရက်ကျော်(Overstay) နေထိုင်ရင်(သို့)ခိုးဝင်(Illegalentry)လာရင်သက်ဆိုင်ရာနိုင်ငံ ရဲ့(သူကြိုက်သလို ရေးဆွဲထားတဲ့)လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ရင်ဆိုင်ရပါတယ်။အဲဒီဥပဒေရဲ့စီရင်ဆုံးဖြတ်ချက်မတိုင်မီ လ-ဝ-ကဥပဒေဘောင် အတွင်းကပဲနေထိုင်ရပါတယ်။

အဲဒါကြောင့် အလုပ်လုပ်ခွင့် မရှိတာတို့၊ လက်ထပ်ရင် အသိပေး /ခွင့်တောင်းရတာတို့၊ အခြားနယ်မြေကို ကူးသန်း သွားလာခွင့် မရှိတာတို့၊ကျောင်းတက်ခွင့် မရတာ၊ ကျန်းမာရေး ခံစားခွင့် မရှိတာ စတဲ့ နိုင်ငံသားတွေ ရတဲ့အခွင့်အရေးမျိုးတွေ မရနိုင်တာကို လ-ဝ-က ဥပဒေ ချိုးဖောက်သူတွေဘက်က အရင်နားလည်ထားရမှာ ဖြစ်ပါတယ်။