Tuesday, April 16, 2013

လှလို့လှတယ်ပြောတော့ စိတ်မဆိုးနဲ့ကွယ်

သမ္မတကြီးတယောက်လုံးက သူပြောခဲ့တဲ့စကားတခွန်းအတွက် ပြည်နယ်ရှေ့နေချုပ် 
အမျိုးသမီး တယောက်ကို တောင်းပန်ရသတဲ့။ ဒါတောင် အဲသည်အမျိုးသမီးက သမ္မတရဲ့တောင်းပန်ချက်ကို လက်ခံလားလက်မခံလား  သေချာမသိကြရသေးပါတဲ့ 
(ခုဒီစာရေးနေတုံး ကြားရတာကတော့ လက္ခံလိုက်ပါပြီတဲ့)။ တကယ်တော့ သမ္မတနဲ့ အဲသည် ရှေ့နေချုပ်အမျိုးသမီးတို့ဟာ ရင်းနှီးတဲ့ နိုင်ငံရေးမိတ်ဆွေတွေ ဖြစ်ကြပြီး  
 နှစ်ယောက်စလုံး တက်ရောက်ကြတဲ့ အခန်းအနားတခုမှာ “ရှေ့နေချုပ်တွေထဲမှာ 
ဒီရှေ့နေချုပ် အချောဆုံး” လို့ ပြော(ချီးမွမ်း) ခဲ့မိတဲ့အတွက် တောင်းပန်ရ တာပါတဲ့။
ပြောသူ(ချီးမွမ်းသူ)က (ကျွနုပ်တို့ရဲ့ဇာတ်လိုက်ကျော်ကြီး) သမ္မတ အိုဘားမား
 (သိတယ်မို့လား အမေရိကန် သမ္မတလေ)။ အဲသည်ဇာတ်လိုက်ကျော်ရဲ့ ချီးမွမ်းခြင်း
ကိုခံရသူ၊ ချီးမွမ်းပြီးမှ ဘွာခတ် ကာ ပြန်တောင်းပန်ခံရသူကတော့ ကယ်လီဖိုးနီးယား
 ပြည်နယ် ဥပဒေအကျိုးဆောင်ချုပ် မီးစ် ကမလာ ဟားရစ္စ (Ms. Kamala Harris)။ သူမကလည်း ခေသူတော့မဟုတ်။ ကယ်လီဖိုးနီယား ပြည်နယ်ရဲ့ ပထမဆုံး အာဖရိက-
အမေရိက နွယ်ဖွား အမျိုးသမီး ရှေ့နေချုပ်။ အမေရိကန်ရဲ့ ပထမဆုံး အန္ဒိယ-အမေရိက နွယ်ဖွား ရှေ့နေချုပ်လဲ ဖြစ်ပါသတဲ့။ အကယ်၍များ သမ္မတ အိုဘားမားရဲ့ ဒုတိယသက်တမ်းအတွင်း ပြည်ထောင်စု တရားလွှတ်တော်ချုပ် ရာထူးတနေရာရာ
လစ်လပ်ခဲ့ရင် ခန့်ထားခံရဘို့ အလားအလာ အကောင်းဆုံးလဲဖြစ်ပါတယ်။ ပညာတတ် 
ရုပ်ချော ထက်မြက်တက်ကြွ အောင်မြင်နေတဲ့ အမျိုးသမီးတစ်ဦးဆိုပါတော့။

ဒီမိုကရက်တစ်ပါတီဝင်တွေဖြစ်တာနဲ့အညီ ပါတီရံပါတီရံပုံငွေ ရှာဖွေရေး လှုပ်ရှားမှု ဖွင့်ပွဲ 
အခန်းအနား တခုကို နှစ်ယောက်စလုံး တက်ရောက်လာကြပါတယ်။ ဒီပွဲမှာ ကမလာ
ရဲ့နောက် စကားပြောရတဲ့ သမ္မတက သူမဟာ ထက်မြက်တယ်၊ အလုပ်မှာ စူးစိုက်
တယ်၊ ပြတ်သားတယ်၊ လူတဦးချင်းစီအတွက် ဥပဒေကို မျှမျှတတ ခန့်ခွဲနိုင်စေဘို့ 
တရားရေးဝန်ထမ်း တယောက်ဆီမှာ မျှော်လင့်အပ်တဲ့ အရည်အချင်းတွေ သူ့မှာရှိတယ်
 လို့ ချီးမွမ်းခန်း  ဖွင့်ခဲ့ပါတယ်။ တဆက်တည်း သမ္မတက “တိုက်တိုက်ဆိုင်ဆိုင် သူမ
ဟာ ခုချိန်ထိ ဒီတိုင်းပြည်ရဲ့ ရှေ့နေချုပ်တွေထဲမှာ အချောဆုံးလဲ ဖြစ်နေပါတယ်..
တကယ်ပါ” လို့ ပြောလိုက် ပါသေးတယ်။ အဲသည်စကားကြောင့်ပဲ သူ ဂျောက်ကျရ
တာပါ။ ဝေဖန်သူတွေက သမ္မတရဲ့ စကားဟာ အမျိုးသမီးတွေအတွက် လုပ်ငန်းခွင် 
အဟန့်အတားတွေ (ဖိုမခွဲခြားခံရမှုတွေ) ဒီနေ့အထိ ရှိနေဆဲလို့ ပြသရာရောက်နေ  
 ပါပေါ့ လို့ ထောက်ပြကြရာကစပြီး ဒီကိစ္စ အွန်လိုင်းမှာ “ဟော့” သွား ပါတော့တယ်။

ကြားရသမျှစုံလို့ပါဘဲ။ သမ္မတကြီး ဒီလိုတော့မပြောသင့်ပါဘူးလို့ ခနိုးခနဲ့ ပြောသူက
အစ၊ ဒါဟာ မဟာပုရိသ ဝါဒကျင့်သုံးခြင်း တရပ်ဘဲလို့ စွတ်စွဲသူအလယ်။ မဟာပုရိသ
 မဟုတ်ဘူးဗျ မဟာမုဆိုး လို့ နှိပ်ကွပ်သူ အဆုံး ဆိုပါတော့။ သူ့စကား “ချော်” သွားမှန်း
 သိလိုက်တဲ့ သမ္မတအိုဘားမား ခမျာ အချိန်မဆိုင်း(အဲသည်ပွဲက ပြန်ရောက်ရောက်ခြင်း)
 မီးစ် ဟားရစ္စ ကို တယ်လီဖုံးဆက်ပြီး သူ့အနေ နဲ့ သူမရဲ့အဆင်းကို မှတ်ချက်ပြု
လိုက်ခြင်းဖြင့်သူမရဲ့အချင်း(အရည်အချင်းတွေ)အပေါ်အာရုံဆုတ်ယုတ်ပျက်ပြား စေမိတဲ့
အတွက် တောင်းပန်ခဲ့ပါတယ်။ အိမ်ဖြူတော်ကလည်း သမ္မတဟာ အမျိုးသမီးတွေ လုပ်ငန်းခွင်မှာတွေ့ကြုံနေရတဲ့ စိန်ခေါ်မှုတွေကို ကောင်းစွာ အသိအမှတ်ပြုသူ ဖြစ်
ပါကြောင်း၊ သူတို့တွေကို ပုံပန်းသဏ္ဍန်လောက်နဲ့ အကဲဖြတ်တာမျိုး မပြုသင့်ဘူး 
ဆိုတာလဲ သဘောပေါက်ပါကြောင်း၊ သူ့စကားတခွန်းကြောင့် ကာယကံရှင် ရှေ့နေ
ချုပ်ရဲ့ လုပ်ရည်ကိုင်ရည် နဲ့ စွမ်းဆောင်ချက်တွေ သေးသိမ်စေမှာကို သမ္မတအနေနဲ့ 
 မလိုလားပါကြောင်း သတင်းထုတ်ပြန်ခဲ့ ပါတယ်။ ဒါပေမယ့် ဒီဂယက်က တော်တော်နဲ
့တော့ မရပ်ခဲ့ပါဘူး။

ဒီနေရာမှာ သမ္မတအပေါ်နားလည်ပေးကြသူတွေ၊ သမ္မတဘက်က ရှေ့နေလိုက်ပေးကြ
သူတွေလဲ ရှိပါတယ်။ သိပ်လဲဟန်ဆောင် မနေကြပါနဲ့ဗျာ လှလို့လှတယ်ပြောတာဘာဖြစ်
တုံး လို့ ခပ်ရှင်းရှင်း ပြောတဲ့သူ ရှိသလို၊ ကွန်ပြူတာတွင် အသဲနှလုံးမရှိ၍ မခံစားနိုင်၊ 
ဒီစကားကြောင့် အိုဘားမား လူသား စင်စစ် ဖြစ်နိုင်ခဲ့ပေပြီလို့ ပညာရှိဆန်ဆန် မှတ်ချက်ပြု
သူ လဲရှိပါတယ်။ မဂ္ဂဇင်းတစောင် ကတော့ အိုဘားမားဟာ အရင်ကလည်း သူ့ နဲ့ရင်းနှီးတဲ့ 
အမျိုးသား ဝန်ထမ်းတွေကို လူချော လူလှတွေ လို့ အမြဲပြောခဲ့ဘူးတာဘဲ၊ သူက မြှောက်
ရင်တောင် တန်းတူရည်တူ မြှောက်တာ။ ယောင်္ကျား၊ မိန်းမ ပင်ဂွင်းငှက်တောင်မချန် လှ
တယ် လို့ သူပြောနေကျ။ အထူးအဆန်းလုပ်ပြီး ခုမှ ပြောခြင်းမဟုတ် မဟာပုရသဝါဒ နဲ့
 လည်းဘာမှမဆိုင် လို့ ပြောခဲ့ပါတယ်။ သမ္မတပြောစကားထက် အဲသည်စကားကို အမှီပြု ပေါ်ပေါက်လာတဲ့ မီဒီယာဖြန့်ကျက်မှုက ပိုကြီးကျယ်ပြီး ပိုအငြင်းပွားစရာ ဖြစ်နေ
တာပါ လို့ သတင်းဌာနတခုက သုံးသပ်ခဲ့ ပါတယ်။ ပြောရလောက်အောင် မီဒီယာကလဲ လက်စောင်းထက်လှပါဘိ။

သတင်းဌာနတခုက ပြည်နယ်တခုရဲ့ (နောက်) အမျိုးသမီးရှေ့နေချုပ်တဦး ကို သမ္မတ
မှတ်ချက် အပေါ် ဘယ်လိုမြင်ပါသလဲလို့ မေးတဲ့အခါ သူမကဖြေဘို့ငြင်းဆန်ခဲ့ပေမဲ့ 
ခင်ပွန်းဖြစ်သူကတော့သမ္မတကြီးရဲ့စကားကိုကျွန်တော်သဘောမတူကြောင်း လေးစား
စွာပြောကြားလိုပါတယ် လို့ ဖြေကြားခဲ့တယ် ဆိုပါတယ်။ နောက်သတင်းဌာန တခုက
 သမ္မတကတော် (First Lady) ကို အဲသည် အချိန်နဲ့ တိုက်ဆိုင်စွာ အင်တာဗျူးတဲ့ အခါ “ကိုယ့်ယောက်ကျား သမ္မတ ဖြစ်နေတော့ ကျမမှာ တခါတလေ တကိုယ်တည်း (Single) လို ဖြစ်ရတတ်ပါတယ်” လို့ ပြန်ဖြေခဲ့ပါတယ်တဲ့။ ဂယက်တွေ ဂယက်တွေ။ ဘာဘဲဖြစ်ဖြစ် ဇာတ်လိုက်ကျော်ကြီး အိုဘားမားတော့ ခုလောက်ဆို ဒေါ်မိရှဲလ် (Michelle Obama) ရဲ့
ဗိုက်ခေါက်အလိမ် ကို ကောင်းကောင်းခံနေရလောက်ပြီ ထင်ပါရဲ့။ သမ္မတဖြစ်ရတာ မစား
သာပါလား နော် လို့ တောင် ညည်း ကောင်း ညည်းနေမလားဘဲ။ ထားပါတော့။

ပြောချင်တာက လူဆိုတာ မှားတတ်ကြပါတယ်။ စကားမှားတာလောက်ကတော့
 (သာမန်လူတွေ အနေနဲ့) စာမဖွဲ့သာလောက်ပါဘူး။ ဒါပေမယ့် ရာထူးကြီးသူ 
တာဝန်ကြီးသူတွေ စကားမှားရင် တော့ စာဖွဲ့လောက်ရုံမက မလှပတဲ့ အကျိုး
ဆက်တွေပါ ပါလာတတ်ပါတယ်။ ဒီကိစ္စဟာ စကားမှား တယ်လို့တောင် ပြောရ
ခက်တဲ့ စကားချော် (Toungue-slip) မှုတရပ်လောက်သာပါ။ ဒါပေမယ့် ချော်တဲ့
သူက သမ္မတဖြစ်နေ၊ ပြည်သူတွေကလည်း အကဲဆတ်၊ မီဒီယာတွေကလည်း 
သိုက်သိုက် ဝန်းဝန်းဆိုတော့ ခုလိုမျိုး ဖြေကြ ရှင်းကြ ငြင်းခုံကြ တောင်းပန်ကြတွေ
 ဖြစ်ကုန်ကြ ပါတော့တယ်။ ဒီနေရာမှာ သတိချပ်သင့်တာက သမ္မတကစ အရပ်ထဲ
က ဝေဖန်သူအဆုံးမိမိတို့ရဲ့လွပ်လပ်ပိုင်ခွင့် တွေ သုံးပြီး ပြောကြဆိုကြချီးမွမ်းထောက် ခံ ဝေဖန်ပစ်တင်ကြတဲ့ နေရာမှာ ငယ်ကျိုးငယ်နာ ဖရုဿ ဝါစာတွေ တလုံးတပါဒမှ
 မပါကြဘူး ဆိုတာပါဘဲ။ ဒိထက်ပိုပြီး သတိချပ်သင့်တာက သမ္မတအိုဘားမားရဲ့
 ဖြောင့်မတ်မှုခေါ်ရမလား ပါးနပ်မှုခေါ်ရမလား ဘာမဟုတ်တဲ့ (မိမိနုတ်ထွက်) 
စကားလေးတခွန်း ကို (အမြော်အမြင် ရှိရှိ) တာဝန်သိသိ ဖြေရှင်း (တောင်းပန်) 
လိုက်ပုံလေးပါ။

www.google.com.mm မှာ မြန်မာစာကို မှန်ကန်စွာ မြင်ရရန်



မသိသေးသူများအတွက် www.google.com.mm မှာ မြန်မာစာကို မှန်ကန်စွာ
 မြင်ရရန်နှင့် Myanmar Unicode Kayboard ပုံကိုဖေါ်၍ ကြည့်ပြီးရိုက်ကြရအောင်....

အရင်ဆုံး Mozilla Firefox ကို ဖွင့်လိုက်ပါ
အပေါ်ထောင့်က Menu ဖြစ်တဲ့ Firefox ကို နှိပ်ပြီးဝင်လိုက်ပါ

Add-ons ဆိုတဲ့အထဲကို ဝင်ပါ

အပေါ်ထောင့်က Search ထဲမှာ tagu plugin လို့ ရေးပြီးရှာလိုက်ပါ
( တန်ခူး ) ဆိုပြီးဆော့ဝဲထွက်လာပါမယ် install လုပ်ပေးလိုက်ပါ သင့်Browser တွင်

 Unicode ဖောင့်ကို မှန်စွာမြင်ရသွားပါပြီ
( မမြင်ရပါက ပိတ်ပြီးပြန်ဖွင့်လိုက်ပါ ok သွားပါမယ် )

Myanmar Unicode Kayboard ကိုဖေါ်၍ ကြည့်ပြီးအရိုက်လေ့ကျင့်ရအောင်

www.google.com.mm သို့ဝင်ရောက်ပြီးတဲ့အခါမှာ ( Google.com.mm offered in:

 မြန်မာဘာသာ ) ဆိုတဲ့ စာလေးကိုနှိပ်လိုက်ပါ

Search အကွက်၏ ညာဘက်ထောင့်မှာ ကီးဘုတ်ပုံလေးတွေ့ပါမယ် နှိပ်ပေးလိုက်ပါ
သင့်ရဲ့ကွန်ပြူတာ မှန်သားပြင်စခရင်ပေါ်မှာ ပုံထဲကအတိုင်း Unicode Kayboard ရိုက်နည်းပုံလေးထွက်လာပါပြီ Myanmar Unicode လက်ကွက်ကြည့်၍ သင် 

အရိုက်လေ့ကျင့်လို့ရပါပြီ

မလုပ်တတ်ဘူးဆိုပါက လုပ်နည်းဗွီဒီယိုကို ဒီမှာနှိပ်၍ ကြည့်ပြီးလုပ်နိုင်ပါတယ်
https://www.youtube.com/watch?v=qXUXwmbdnP8

အားလုံးပဲ အဆင်ပြေကြပါစေ.....။

ကျေးဇူးတင်ပါတယ်ဗျာ..........
ကိုကိုနန်းညွန့်ဦး

သူရမချစ်ပို

ကျွန်တော် ဒီစာကို ကူးယူတဲ့ဆိုက်ကို Credit ပေးမလို့ကြံပါတယ်.။ ဒီစာရဲ့မူရင်းက မူရင်းမြန်မာ့အလင်းသတင်းစာပါ.။ ကျွန်တော်ကိုယ်တိုင် ခပ်ငယ်ငယ်က  မြန်မာ့အလင်းက ဖတ်ခဲ့ဖူးပါတယ်.။ ဒါပေမယ့် ကျွန်တော်ကူးလာတဲ့ဆိုက်က မြန်မာ့အလင်းကို Credit ပေးမထားပဲ သူကိုယ်တိုင် ရေးထားသလိုလို ဘာလိုလို လုပ်ထားလို့ ငမိုးကလည်း မြင်ပြင်းကတ်စွာနဲ့ ကူးပါတယ်.။ တစ်ခြားဆိုက်တွေအကုန်လုံးကလည်း ဒီစာကိုပဲ ပြန်တင်ထားပြီး သတင်းစာကို Credit မပေးပါ.။ ငမိုးကတော့ မူရင်းရေးသားတဲ့ဆောင်းပါးရှင် ကိုလေးစားတဲ့အနေနဲ့ သတင်းစာကို Credit ပေးပါတယ်.။

Credit: မြန်မာ့အလင်း နေ့စဉ်သတင်းစာပါ.။
(ဤကား ကူးယူဖော်ပြ လုံ့လမစိုက်သူ အာဘော်တည်း၊ ကဲကဲ နိဒါန်းလည်း ရှည်ပြီ အောက်မှာ သူရမချစ်ပို အကြောင်းပါ.။)



 
            “သူရ” ဟူသောဝေါဟာရက သူရဲကောင်းစစ်သည်တို့ကို ချီးမြှင့်လေ့ရှိသော ဘွဲ့ထူးဂုဏ်ထူးတစ်ခု။ “မချစ်ပို” ဆိုသော် စကားစုလေးက နုနယ်သောနှလုံးသား ပိုင်ရှင်မိန်းကလေးတစ်ဦး၏ အမည်နာမလှလှလေးတစ်ခု။
သို့ရာတွင် မိန်းမလှလေးတစ်ဦး၏ နှလုံးသွေးက သူရဲကောင်းအာဇာနည် ယောက်ျားတို့ကဲ့သို့ပင် ရဲရဲနီစွေးလျက် သမိုင်းဝင်တေးတစ်ပုဒ်ကို ရေးထုတ်လိုက်နိုင်သောအခါ -
“သူရမချစ်ပို” ဟူ၍ မော်ကွန်းတင်ခံရလေတော့သည်။

Hack ခံလိုက်ရသည့် သင့်၏ Facebook Account အား ဘယ်လိုပြန်ယူမလဲ


အားလုံးသိကြတဲ့အတိုင်း Facebook ဆိုတဲ့လူမှုရေးကွန်ယက်ကြီးကို ၁ဘီလီ
ယံကျော် သော လူအများက စွဲလန်းခုံမင်စွာ သုံးစွဲနေကြပါတယ်။ အသုံးလိုလို့ 
သုံးစွဲတာထက်စွဲလန်းမှုဖြင့် သုံးစွဲတာက ပိုများလာနေပါတယ်။ ဖုန်း ၊ တက်ဘ
လက် ၊ ကွန်ပြူတာ ၊ လက်တော့ပ် စတဲ့ အီလက်ထရောနစ် ပစ္စည်းတွေအား
လုံးနဲ့ နေရာတကာမှာ မျက်စိနောက်လောက်အောင် Facebook မှ Facebook
 ပါပဲ။
ကဲဒီလောက်တောင် စွဲလန်းနေရတဲ့ သင့်ရဲ့ Facebook ဟာ ဘယ်လောက်တောင်

မှလုံခြုံပါသလဲ။သင့်အနေနဲ့ကံအကြောင်းမလှလို့ hack ခံလိုက်ရပြီဆိုရင်ဘယ်လို
များလုပ်ကြမလဲ။ရုပ်ပိုင်းဆိုင်ရာမထိခိုက်ပေမယ့်စိတ်ပိုင်းဆိုင်ရာတော့အတော်လေး ထိခိုက်ရမှာ သေချာပါတယ်။ အထူးသဖြင့် Facebook ဆိုတဲ့“ဆေး” စွဲနေသူများက
 ပိုခံရပါလိမ့်မယ်။
Facebook ကို hack အလုပ်ခံရတဲ့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။ ဒါပေမယ့်

 အဓိက အကြောင်းရင်းကတော့ ပေါ့ဆမှုကြောင့်ပဲ ဖြစ်ပါတယ်။
ဘယ်နည်းနဲ့ဖြစ်ဖြစ် အကယ်၍သာ သင့်ရဲ့ Facebook ကို hack လုပ်ခံလိုက်ရပြီ ဆိုရင်တော့ အောက်ပါနည်းလမ်းများကို အသုံးပြုပြီး ပြန်လည်ရယူဖို့ ကြိုးစားဆောင်

ရွက် ကြည့်နိုင်ပါတယ်။

Saturday, April 6, 2013

သူတောင်းစားတဦးက ဘုရားကို နောက်ထပ် ဘတ် ၁ သန်း လှူဒါန်း


တောင်းရမ်းစားသောက်ရသူ သူတောင်းစား တဦးအနေနဲ့ ထိုင်းဘတ်ငွေ သန်းချီပြီး လှူဒါန်းနိုင်တယ်ဆိုတာ မယုံနိုင် စရာ ဖြစ်ပေမယ့် ဒါက တကယ့်လက်တွေ့မှာ ရှိနေပါတယ်။ ထိုင်းနိုင်ငံ နခွန်ပထုန်ရှိ ကျော်ကြားတဲ့ ဘုရားတဆူဖြစ်တဲ့ ၀ပ်ရိုင်းခင်း ကို နာမည်ကြီး ထိုင်း သူတောင်စား ကြီး တဦးက ထိုင်းဘတ်ငွေ နောက်ထပ် ၁ သန်း (ကျပ် သိန်း ၃၀၀ ခန့်) ကို ယမန်နေ့က ထပ်မံ လှူဒါန်း လိုက်ပါတယ်။

 ဘန်ကောက်က ၅၆ ကီလိုမီတာ ဝေးတဲ့ ဆမ်ဖရမ်ခရိုင်က ၀ပ်ရိုင်းခင်း ဗုဒ္ဓ ဘာသာ ဘုရားကျောင်းရှေ့ မှာ နေ့စဉ်ဘဲ မိုးလင်းက မိုးချုပ်ထိ ထိုင်နေတတ်တဲ့ အသက် ၆၃ နှစ်ရှိ မစ္စတာ အိုင်ယမ် ကမ်ဘီရာနွန်အဲဒီ အလှူကြီးကို ပေးခဲ့တာ လို့ ဒီကနေ့ ဘန်ကောက်ပို့စ် သတင်း စာမှာ ဖော်ပြထားပါတယ်။ မစ္စတာ အိုင်ယမ်ဟာ ဒီ ဘုရားကျောင်းရှေ့မှာ တောင်းရမ်း နေခဲ့တာ ၃၄ နှစ်တောင်ရှိပါပြီ။

သူ့ကို ဘယ် ဆွေမျိုးကမှလည်း မစောင့်ရှောက်ကြပါဘူး။ ခင်လိုဖွယ် ယဉ်ကျေးတဲ့ သူတောင်းစားကြီး မစ္စတာ အိုင်ယမ်ဟာ ဘေးနားက ဖြတ်သွားသူတွေကို ဘယ်တော့မှ လှူဖို့ တန်းဖို့ ပြောလေ့မရှိပါဘူး။ သူ့ဟာသူ ထိုင်နေလေ့ရှိပြိး သူ ထိုင်နေတဲ့ ဘေးနားမှာ သံမဏိ သေတ္တာလေးချထားမယ်၊ သူတောင်း ရမ်းလို့ရတဲ့ ပိုက်ဆံတွေကို အဲဒီ သေတ္တာလေးထဲ ထည့်သိမ်းမယ်။

အဲဒီမှာတော့ သူ့ကို လှူဒါန်းစွန့်ကြဲကြတဲ့ ဓာတ်ပုံလေးတွေ၊ အဲဒီဘုရား ကျောင်း ကို သူလှူခဲ့တဲ့ အလှူငွေ ဖြတ်ပိုင်းတွေ နဲ့ မှတ်တမ်းစာရွက်တွေ၊ သူ့ပိုက်ဆံတွေထည့်တဲ့ ပလပ်စတစ်အိပ်ကြီးတလုံးရယ်၊ ဒါတွေကို ခင်းကျင်းပြ သထားမယ်။ အသက် ၄၂ နှစ်ရှိ ဘုရားလူကြီး မစ္စတာ ပွန်တက်ပ် ပတ်ထ၀ီက ပြောတာမှာတော့ မစ္စတာ အိုင်ယမ်ဟာ သူ့မှာ မသန် စွမ်းပေမယ့် ရိုကျိုးမှုတွေက သူနဲ့တွေ့ဖူးတဲ့ လူတွေကို သနားဂရုဏာသက် စေတာ အမှန်ပါ ဘဲတဲ့။

လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ် ဧပြီလတုန်းက အဲဒီဘုရားမှာ ဘုရားဖူးတွေအတွက် ကြာပန်းကြီး ၀ယ်ဖို့ ထိုင်း ဘတ်ငွေ ၄ သိန်း ဘုရားကို လှူခဲ့တဲ့ သတင်းဟာ အတော် ပျံ့နှံ့သွားပြီး အမည်မသိ သူတောင်းစား ဘ၀ကနေ လူသိရှင်ကြား ဖြစ်ခဲ့ရပါတယ်။ အဲဒီနောက် သူက ဘတ်ငွေ နောက်ထပ် ၉၉၉၉၉၉ ( ဘတ် ၁ သန်းခန့်) ကို အဲဒီဘုရားကို ထပ် လှူ လိုက်ချိန်မှာတော့ သတင်းခေါင်းကြီးပိုင်း နေရာတွေပါ သူက နေရာယူနိုင်ခဲ့ပါတယ်။

အခု သူလှူတဲ့ နောက်ထပ် ဘတ် ၁ သန်းဟာလည်း ကြာပန်းဝယ်ဖို့အတွက်နဲ့ ဘုန်းကြီးကျောင်း မှာ ပြန် လည် ထူထောင်ရေးအလုပ်တွေ လုပ်ဖို့အတွက်ပါတဲ့။ ပြောရရင် သူ လှူဒါန်းခဲ့တာ စုစုပေါင်း ဘတ်ငွေ ၂ သန်းကျော်နေပါပြီ။ ၀ပ်ရိုင်ခင်း ဘုရားကျောင်းဟာ နခွန်ပထုန်မှာ အကျော်ကြားဆုံး တွေထဲက တခုဖြစ်ပါတယ်။ တနင်္လာ က သောကြာထိ ကြားရက်တွေမှာ လူပေါင်း ၃ ထောင်လောက်လာကြပြီး စနေ၊ တနင်္ဂနွေတွေမှာတော့ လူ ၅ ထောင်ကနေ ၁ သောင်း ထိ လူတွေက အလည်သွားကြတဲ့ နာမည်ကြီး ဘုန်းကြီးကျောင်း တခုလည်း ဖြစ်ပါတယ်။ ဘုရားလူကြီး မစ္စ ပွန်ထက်ပ်က ပြောတာမှာတော့ မစ္စတာ အိုင်ယမ်ရဲ့ ကြီးကျယ်တဲ့ လှူဒါန်းမှု သတင်း ပျံ့နှံ့သွားပြီး သူလည်း လူသိရှင်ကြားဖြစ်ခဲ့ပေမယ့် သူက နေမြဲတိုင်း ရိုရိုကျိုးကျိုးပဲ နေဆဲပါဘဲတဲ့။

ဒါပေမယ့် ဘုန်းကြီးကျောင်းက ကျောင်းတိုင်ဆရာတော်က ကျောင်းဝန်းနားက သူငှားနေတဲ့ အိမ်ကို ရွှေ့ပြီး နေဖို့ တိုက်တွန်းခဲ့တာကိုတော့ သူက လက်ခံခဲ့ပါတယ်။ ဒါကလည်း မသမာသူတွေက သူ့ကို ပစ်မှတ်ထားပြီး ဒုက္ခပေးမှာစိုး လို့ပါ။ ဒါကြောင့်ဘဲ သူဟာ ဘုန်းကြီး ကျောင်းဝန်းထဲက မြေကြီးပေါ် တဲလေး ထိုးပြီး နေပါတယ်။ အရပ်ထဲက လုံခြုံရေးလုပ်ပေးကြတဲ့ စေတနာရှင်တွေကလည်း ဘုန်းကြီးကျောင်းထဲ ညတိုင်းလာပြီး သူ့ကို စောင့် ရှောက်တာတွေ လုပ်ပါတယ်လို့ ဘုရားလူကြီး ပွန်ထက်ပ်က ဆိုပါတယ်။

မစ္စတာ အိုင်ယမ်က ပြောတာကတော့ နှစ်စဉ် ဘုရားကိုသူလှူတဲ့ငွေတွေဟာ သူတောင်းရမ်းလို့ ရ တဲ့ ငွေအားလုံးနီးပါးပါ ဘဲတဲ့။ သူက တနင်္လာက သောကြာနေ့တွေထိ တရက်ကို ၀င်ငွေက ဘတ်ငွေ ၃ ထောင်က ၄ ထောင်လောက်ရှိပြီး စနေ၊ တနင်္ဂနွေဆိုရင် ဘတ်ငွေ ၂ သောင်းက ၄ သောင်းထိ ၀င်ငွေ ရတယ်လို့ ဆိုပါတယ်။ နောက်ပြီး အဲဒီ ခရိုင်ထဲမှာ ရှိတဲ့ တခြား ဘုရားကျောင်းကန်တွေကိုလည်း သူက ဘတ်ငွေ ၁ သိန်းက နေ ၂ သိန်း လောက်ကိုလည်း လှူဒါန်း ပါသေးတယ်လို့ သူက ပြောပါတယ်။

ဧရာဝတီ