Tuesday, November 20, 2012

အမေရိကန်သမ္မတ အိုဘားမား ရန်ကုန်တက္ကသိုလ်တွင် ပြောကြားခဲ့သော မိန့်ခွန်းကောက်နှုတ်ချက်

မြန်မာနိုင်ငံ၏ အံ့အားသင့်ဖွယ်ရာ အသွင်ကူးပြောင်းမှုနှင့် ထူးခြားလှသည့် ခရီးစဉ်တို့က ပိုမိုပွင့်လင်းလွတ်လပ်သော ဒီမိုကရက်တစ် အဖွဲ့အစည်းဆီသို့ ဦးတည်နေကြောင်း
အမေရိကန်သမ္မတ အိုဘားမားပြောကြား

မြန်မာနိုင်ငံ မင်္ဂလာပါ....

လူသားရဲ့ဂုဏ်သိက္ခာပေါ်မှာအမေရိကန်ရဲ့ယုံကြည်မှုကြောင့်ကျွန်တော် မြန်မာနိုင်ငံကို ရောက်လာ
ခဲ့တာပါ။ ကျွန်တော်တို့နှစ်နိုင်ငံဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်များစွာမှာ သူစိမ်းတွေလို ဖြစ်နေခဲ့ကြပါတယ်။ ‘ဒါပေမဲ့ ဒီနေ့မှာတော့ ဒီနိုင်ငံရဲ့ ပြည်သူတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ဟာ အမြဲတမ်းမျော်လင့်နေ ခဲ့တယ်ဆိုတာ
ကိုကျွန်တော် ပြောနိုင်ပါပြီ။ မြန်မာပြည်သူတွေကကျွန်တော်တို့ကိုမျော်လင့်ချက်တွေ
ပေးခဲ့ပါတယ်။ ခင်ဗျားတို့ရဲ့ ရဲရင့်မှုကို ကျွန်တော်တို့ မြင်တွေ့ခဲ့ရပါပြီ။

Sunday, November 18, 2012

အိုဘားမား နဲ့မြန်မာပြည်

အမေရိကန်သမ္မတ သမ္မတ ဘားရက်အိုဘာမား ။ နိုဝင်ဘာ(၁၉) ရက်နေ့ နံနက်ပိုင်းတွင် မစ္စတာ အိုဘားမားသည် မြန်မာနိုင်ငံ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိမည်ဖြစ်သည်။(AFP7Day News Journal
အမေရိကန်သမ္မတ ဘားရက်အိုဘားမား၏ သမိုင်းဝင် မြန်မာနိုင်ငံခရီးစဉ်အတွင်း ပြည်သူ့ရင်ပြင် ရှိ မြေကွက်လပ်တစ်နေရာတွင် အထိမ်းအမှတ် ကံ့ကော်ပင် စိုက်ပျိုးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

နိုဝင်ဘာ ၁၉ ရက်(မနက်ဖြန်)တွင် မြန်မာနိုင်ငံသို့ ရောက်
ရှိမည့် အိုဘား မား သည် အမေရိကန် သမ္မတများထဲတွင် မြန်မာနိုင်ငံသို့ ပထမဆုံးလာရောက်သော သမ္မတဖြစ် သည်။) အမေရိကန်သမ္မတ အိုဘားမားရဲ့  မြန်မာနိုင်ငံခရီးစဉ်နဲ့  ပတ်သက်ပြီးတော့ ဝေဖန်တာတွေ.. အကြံပြုတာတွေ.. ကြိုဆိုတာတွေ.. ကန့် ကွက်တာတွေ.. ထင်မြင်ယူဆချက်တွေ.. ဒီရက်ပိုင်း ပလူပျံအောင် ထွက်နေတော့ ကုန်စင်အောင်တောင် လိုက်မဖတ်နိုင်တော့ဘူးဗျာ…ဒီကြားထဲ သူတို့ လွှတ်လိုက်လို့  လာရသ လိုတောင် ပြောသူကရှိသေး။

ဘားရက်အိုဘားမား စကားတခွန်းကြောင့် မီးဟုန်းဟုန်း မတောက်ပါစေနဲ့ 


မြန်မာနိုင်ငံသို့  အမေရိကပြည်ထောင်စု သမ္မတ မစ္စတာ ဘားရက်အိုဘားမားက ဘာမဲ့ - ၁၉-
ရက်နေ့ မှာ လာမည်ဖြစ်သည် ။ သူ၏ ခရီးစဉ်နှင့် ပါတ်သက်၍ လူ့ အခွင့်အရေးအဖွဲ့ အစည်း များ
ဆိုသူ က စောလွန်းသေးသည်ဆိုကာ တချို့ က ကန့် ကွက်နေကြသေးသည် ။ တချို့ ကမူ ယခုလို လာရောက်ခြင်းအပေါ် ထောက်ခံကြသည် ။ ရေဒီယိုများကမူ ထုံးစံအတိုင်း သွေးထိုးလှုံ့ ဆော်မှုများဖြင့် ပြောဆိုရေးသား အသံ လွှင့်နေဖြစ်ကြသည် ။ အမေရိကန် အိမ်ဖြူတော်မှ အမျိုးသား လုံခြုံရေးအကြံပေးအရာရှိ မစ္စတာ ( Donilon ) က ယနေ့ တ့ နေ့ စွဲဖြင့် ဘီဘီစီက ထုတ်လွှင့်ရေးသား ခဲ့ရာ၌ မစ္စတာဘားရက်အိုဘားမား၏ ခရီးစဉ်မှာ မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးခရီးစဉ်နှင့် ကချင်ပြည်နယ်- ရခိုင်ပြည်နယ် ဖြစ်စဉ်များကို တိုက်တွန်းပြောကြားမည်ဖြစ်ကြောင်း အင်တာဗျူး ပြုလုပ်သွားသည်ကို တွေ့ ရသည် ။ သူ၏ ပြောကြားချက်မှာ ရခိုင်ပြည်နယ်မှာ မရှိသော ၄င်း(မွတ်ဆလင် အဖွဲ့ အစည်း ) တို့  ပြောဆိုနေသည့် နာမည်မျိုးဖြင့် ပြောဆိုသွားခြင်းဖြစ် သည်။ ဤသည်မှာ လွန်စွာ စိုးရိမ်ရသော စကားဖြစ်သည် ။

ရခိုင်ပြည်နယ် ပဋိပက္ခမှာ ဘယ်သူတွေ အဓိက တာဝန်ရှိသလဲ

ငယ်စဉ်တောင်ကျေး ကလေးဘ၀ က “ ပျားရည်တစ်စက်ကြောင့် ပြည်ပျက်တယ်” ဆိုတဲ့ ပုံဝထ္ထု ကလေးတစ်ပုဒ် ကိုဖတ်ခဲ့ရ ဖူးပါတယ် ။ လူတစ်ယောက် ပျားရည်ဆမ်းတဲ့ မုန့်ကို စားရာက ပျားရည်စက် တစ်စက် ကြမ်းပေါ်ကျသွားတယ် ။ သူကအမှုမဲ့အမှတ်မဲ့ပေါ့ပေါ့တန်တန်နဲ့သူစား ပြီး ကျ ကျန်နေခဲ့တဲ့ ပျားရည်စက်ကို မသုတ်ခဲ့မိဘူး ၊ အဲဒီကျနေတဲ့ ပျားရည် စက်ကို ပုရွက် က လာစားတယ် ။ ပုရွက်ကို အိမ်မြှောင်က ဆင်းပြီးစားတယ် ၊ ထိုအိမ်မြှောင်ကို ကြောင်တစ်ကောင်က ခုတ် တယ် ။ အဲဒီကြောင်ကို ခွေးတစ်ကောင်က ကိုက် တယ် ။ ကြောင်ပိုင်ရှင်က ကိုက်တဲ့ခွေးကို တုတ်နဲ့ရိုက်တယ် ။ အရိုက်ခံရ တဲ့ခွေး ပိုင်ရှင်က ကြောင်ပိုင်ရှင်ကို ဓါးနဲ့ခုတ်တယ် ။ အဲဒီကနေ ညီအကို မောင်နှမ ဆွေမျိုးသားချင်းတွေ မိတ်ဆွေတွေ ကျေးကျွန် တွေပါ ပါဝင်လာကြပြီး ခုတ်ကြထစ်ကြ သတ်ဖြတ်ကြတာ ရွာကနေမြို့ ၊ မြို့ကနေတိုင်းပြည်ပျက်ပါရောဆိုတဲ့ ပုံဝထ္ထုကလေး ပါ ။ ငယ်စဉ်ကတော့ ဘာမှန်းမသိပဲ ဖတ်ခဲ့ဘူးတဲ့အကြောင်းအရာ ကလေးတစ်ခုအဖြစ်သာ မှတ်ထင်ခဲ့ ရာက အခုတော့မှ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပြဿနာများဟာ အဲဒီပုံပြင်ကလေးများ အသက် ၀င်လာလေသလား လို့ တောင် ထင်မှတ်ရ ပါတယ် ။

ဇာတ်လမ်းမဟုတ်ပါ

ဒီနေ့ TV ထိုင်ကြည့်နေရင်းက သဘောကျစရာ သတင်းဆောင်းပါးလေးတပိုဒ်
ကြည့်မိလို့ပါ။ ရဲတွေက ရာဇ၀တ်မူ့ကျူးလွန်တယ်လို့ယူဆရတဲ့ အိမ်ကိုဖျက်ဝင်
နေချိန် မလှမ်းမကမ်းမှာ ကလေး ငါးယောက်လောက်က ခြံဝန်း တခုထဲမှာကစား
နေကြတယ်။ ရဲတွေက အိမ်တံခါးကို ဖျက်နေတာလဲတွေ့ရော ကလေးတွေက
" ဘာလို့ အိမ်ကို ဖျက်တာလဲ..." ဆိုဝိုင်းအော်ကြတာ....( ကလေးတွေက ရှိလှမှ
၅နှစ် ၆နှစ် အရွယ်တွေ )...ဒီလိုနဲ့ ရဲတွေက သူတို့ဖမ်းစရာရှိတဲ့ တရားခံကိုဖမ်း
အပြီးမှာ..ရဲအရာရှိလုပ်သူက..ကလေးတွေရှိရာကိုလာ..မိဘတွေနဲ့တွေ့ ပြီး အဲဒီ
ကလေး ငါးယောက်ကို ရဲစခမ်းခေါ်သွားတယ်...။ ရဲစခမ်းရဲ့ ခန်းမတခုထဲမှာ စား
စရာမုံ့တွေ..ကစားစရာလက်ဆောင်တွေက အသင့်ပြင်ထားပြီးသား...ကလေး
တွေကို ရဲအရာရှိလုပ်သူက လူကြီးလူကောင်းတွေကြိုဆိုသလို လေးလေးစားစား
ကြိုဆိုတယ်...ပြီးတော့မှ...သူတို့ဘာ့ကြောင့် ဒီအိမ်ကို ဖျက်ပြီး ရာဇ၀တ်ကျူးလွန်
သူကို ဖမ်းဆီးရတာလဲဆိုတာ ရှင်းပြတယ်...။ကလေးတွေ သိချင်တဲ့ မေးချင်တဲ့
မေးခွန်းတွေကို မေးခိုင်းတယ်...မေးလာသမျှ မေးခွန်းများကို စိတ်ရှည်လက်ရှည်
ပျော်ပျော်ရွင်ရွင်ဖြေပေးတယ်...။( မေးခွန်းမေးတဲ့ကလေးတွေ ရဲ့မျက်နှာသွင်
ပြင်တွေက..ကြောက်ရွံ့တဲ့ လက္ခဏာ တခုမှ မရှိတဲ့ အပြင်...ကျနော် သိပ်သဘော
ကျတဲ့အချက်ထဲမှာ ကောင်မလေးတစ်ယောက်က မုံ့တွေကိုစားရင်း ပါးစပ်မှာ
ပေနေတယ်.......( ရဲအရာရှိကမေးတယ်...သမီး ဦးတို့ကို ကြောက်လားတဲ့..
ကောင်မလေးက မျက်စောင်းလေးထိုးရင်းပြန်ဖြေလိုက်တာက...ကြောက်ပါဘူးတဲ့ )
..............( ဇာတ်လမ်းမဟုတ်ပါ...တကယ်ဖြစ်ပျက်နေတာကို ပြန်လည်ရိုက်
ကူးတင်ပြထားချက်ပါ....)............။
 
credited to : maung maung wann

စီပွားရေးမှာ အမေရိကန်ကို တရုတ်ပြည်ရဲ့ ငယ်ချစ်ဦးလို တင်းတင်းကျပ်ကျပ် ဖက်ထားတယ် . .

ဥရောပ ဘာကြောင့်ချမ်းသာလာသလဲ . . .

ဂျပန် ဘာကြောင့်ချမ်းသာလာသလဲ . . .

ကိုရီးယား ဟောင်ကောင် စင်္ကာပူ ဘာကြောင့်ချမ်းသာလာသလဲ . . .

တရုတ် ယိုးဒယား မလေးရှား ဘာကြောင့်ချမ်းသာလာသလဲ . . .

စဉ်းစားကြစမ်းပါ . . .

အမေရိကန်ကို ဈေးရောင်း နိုင်ခဲ့လို့ ချမ်းသာလာကြတာပါ . . .

ရောင်းကုန်တစ်ခုကို ဈေးအမြင့်ဆုံးပေးနိုင်တာ အမေရိကန်ပါ . . .

ရောင်းကုန်အရေအသွေးအပေါ်မှာ ဇီဇာမကြောင်တတ်တာ အမေရိကန်ပါ . . .

ပီကင်း တရုတ်တွေ နိုင်ငံရေးအရ အမေရိကန်ကို ဆန့်ကျင်ဖက်လိုလို လုပ်နေပေမယ့် . . .

စီပွားရေးမှာ အမေရိကန်ကို တရုတ်ပြည်ရဲ့ ငယ်ချစ်ဦးလို တင်းတင်းကျပ်ကျပ် ဖက်ထားတယ် . . .

အမေရိကန်ကို ဈေးမရောင်းရရင် ချက်ချင်းရူးသွားနိုင်တာ တရုတ်ပြေကြီးပါ . . .

ဗမာပြေကို ပီကင်းတရုတ်တွေနဲ့ ဒီ့ပြင် နိုင်ငံကလူတွေ နေရာဦး ခြေလာချတယ်ဆိုတာ အမေရိကန်ကို ဗမာနိုင်ငံခေါင်းစဉ်အောက်က ဈေးရောင်းချင်လို့ပါ . . .

ဒါကို ရှင်းရှင်းလင်းလင်းမြင်ကြပါ . . .

ဗမာပြေကို အမေရိကန်ကပေးမယ့် အခွင့်အလမ်းကို ကတုံးပေါ်ထိပ်ကွက် လူလည်ပတ်ကား တိုင်းတပါသား ခရိုနီများ လက်ထဲ ရောက်မသွားပါစေနဲ့ . . .
credited to : hawdeka Khalaylay