Thursday, January 17, 2013

မြန်မာနိုင်ငံပြည်တွင်းရေးကို တရုတ်ဝင်ပါတော့မှာလား?

တစ်နေ့တစ်ခြားပြင်းထန်လာနေတဲ့ မြန်မာပြည်တွင်းကတိုက်ပွဲတွေဟာတရုတ်နယ်စပ်နဲ့နီးနေတော့တရုတ်နိုင်ငံဟာစိုးရိမ်စိတ်တွေဖြစ်လာနေပါတယ်။နယ်စပ်မှာရှိတဲ့လိုင်ဇာမြို့ဟာ
မြန်မာနိုင်ငံအတွင်းမှာဆိုပေမယ့်လည်းတရုတ်ပြည်ဖက်ကတရုတ်နိုင်ငံသားတွေလဲ
စီးပွားရေးလာရောက်လုပ်ကိုင်နေတဲ့မြို့ဖြစ်ပါတယ်။အလားတူပဲတရုတ်ပြည်ဖက်ကနာဘန်ဆိုတဲ့မြို့မှာလဲ မြန်မာနိုင်ငံဖက်ကကချင်လူမျိုးတွေစီးပွားရေးလုပ်ငန်း တွေသွားရောက်လုပ်ကိုင်နေကြပါတယ်။
ဒါကြောင့်လဲ နှစ်နိုင်ငံနယ်စပ်မြို့တွေမှာ နေထိုင်ကြတဲ့ကချင်လူမျိုးတွေဟာလွန်ခဲ့တဲ့အပတ်ကနယ်စပ်စစ်ဆေးရေးဂိတ်နားမှာစုရုံးကြပြီးလက်ရှိဖြစ်ပေါ်နေတဲ့တိုက်ပွဲတွေရပ်ဆိုင်းပေးဖို့စုရုံးတောင်းဆိုခဲ့ကြပါတယ်။
ဒီလိုတောင်းဆိုကြတာကိုတရုတ်နိုင်ငံဖက်ကအာဏာပိုင်တွေရော မြန်မာနိုင်ငံဖက်ကအာဏာပိုင်တွေကပါဟန့်တားနှောင့်ယှက်တာမတွေ့ခဲ့ရပါဘူး ။

ဒေါက်တာဆိတ်ဖွား၏ မြန်မာ့အတိုက်အခံများပေါ်အမြင်

တစ်နေ့သ၌ကျွန်ုပ်ထံသို့Voice Of Myanmarဘလော့တွင်အက်ဒမင်တစ်ဦးအဖြစ်ကူညီဆောင်ရွက်ပေးနေ သူတူတော်မောင်တစ်ဦးရောက်ရှိလာလေသည်၊သူသည်ပြည်ပနိုင်ငံတစ်ခုတွင်နေထိုင်သော်လည်း မြန်မာပြည် သို့ပြန်လည်ရောက်ရှိလာသည့်အခါတိုင်းတွင်မူ ကျွန်ုပ်ထံသို့ဦးစွာ လာရောက်လေ့ရှိလေသည် ။

သူရောက်လာသည့်အခါတိုင်းတွင် အွန်လိုင်းပေါ်တွင် ပြော၍ မ၀နိုင်သော မြန်မာ့နိုင်ငံရေးအကြောင်းများကို အားပါးတရဆိုသလိုအမြင်ချင်းဖလှယ် ဆွေးနွေးလေ့ရှိလေသည် ။ယခုတစ်ခေါက်တွင်လည်း မြန်မာ့နိုင်ငံရေး အကြောင်း အစိုးရအဖွဲ့အသစ်အကြောင်း ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ အကြောင်းနှင့် ၄င်းတို့၏ သမိုင်းကြောင်းများကို အပြန်အလှန်ဆွေးနွေးကာ အမြင်ချင်း ဖလှယ် နေရာမှ မြန်မာ့နိုင်ငံရေး အတိုက်အခံ များအကြောင်းသို့ ရောက်ရှိသွားသောအခါတွင်မူ ကျွန်ုပ်၏ တူတော်မောင်၏ မျက်နှာသည် တစ်မျိုး တမည်ပြောင်း ၍ သွားလေသည် ။ တက်ကြွနေသော အရိပ်အရောင်များမှ စိတ်ပျက်သော အမူအရာသို့ တမဟုတ်ခြင်းပြောင်းလည်း သွားကာ အောက်ပါ တိုင်းပြောလေတော့သည်...

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ၊



ဆွေးနွေးမှုများတွင် အယ်ဂျားဇီးရားသတင်းဌာန၏ မဟုတ်မမှန် လုပ်ကြံထုတ်လွှင့်မှုများကို ထည့်သွင်းဆွေးနွေး
================================

တွေ့ဆုံရာတွင် ပဋိပက္ခဒေသအတွင်း ရေရှည် လိုအပ်ချက်ဖြစ်သည့် ပညာရေးနှင့် ကျန်းမာရေးတို့တွင် အကူအညီပေးရေး၊ ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများ ပိုမိုထောက်ပံ့ပေးနိုင်ရေး၊ အယ်ဂျားဇီးရား သတင်းဌာန၏ မဟုတ်မမှန် လုပ်ကြံထုတ်လွှင့်မှုများနှင့် ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှု ရရှိလာနေသည့် အခြေအနေများ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအတွက် ယုံကြည်မှု တည်ဆောက်ရေးနှင့် ဆက်လက် ဆောင်ရွက်သွားမည့် အစီအစဉ်များ၊ နိုင်ငံတော်အနေဖြင့် ဥပဒေနှင့်အညီ နိုင်ငံသားဖြစ်မှုများကို စိစစ် ဆောင်ရွက်နေမှုများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

Read More : http://www.president-office.gov.mm/zg/briefing-room/news/2013/01/15/id-2367

ဥပဒေကိုပြောင်ပြောင်တင်းတင်းချိုးဖေါက်နေသော Eleven Media Group အားအရေးယူပေးပါရန်။



စာရေးသူ သီရိမင်းကျော် ဆိုသူမှာ ဘာသာ စကား(၃)မျိုး တတ်ကျွမ်းပြီး Higher Grade Pleader တွင် အလုပ် လုပ်ပါသည်ဟု သူမ၏ စာမျက်နှာတွင် ဖော်ပြထားသူ ဖြစ်ပါသည်။ Eleven အင်တာနက် စာမျ က်နှာ မှ Share လုပ်သူများပါ အရေးယူမည့် စာသားများကြောင့် ကျွန်မကို တရားစွဲပါဟု ကြွေးကြော် ခဲ့ သူဖြစ် သည်။ ကေအိုင်အေနှင့် အွန်လိုင်း ဆွေးနွေးမှုလုပ်ခြင်းသည် တရားဝင် နည်းလမ်းဆိုပါက သူမ၏ အွန် လိုင်း မှ အရေးယူပေးပါရန် တိုင်ကြားချက်အားလည်း အစိုးရအဖွဲ့မှ တစ်ခုခု လုပ်ဆောင်လိမ့်မည်ဟု မျှော် လင့်ရင်း ထပ်ဆင့်ဖော်ပြလိုက်ပါသည်။
========================

တရားဥပဒေစိုးမိုးရေးကော်မတီဥက္ကဌ အမေဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီးနှင့်တကွ တာဝန်ရှိ လူကြီး မင်းများရှင့် အီလက်ထရွန်းနစ်ဆက်သွယ်ရေးဥပဒေနှင့် နိုင်ငံသားအခွင့်အရေးများအား ပြောင်ပြောင် တင်း တင်း ချိုးဖေါက်နေသော Eleven Media Group မှ တာဝန်ရှိသူများကို အရေးယူပေးပါရန် တိုင်ကြား အပ်ပါတယ်။
(၁)။ Eleven Media Group ဟာပြီးခဲ့တက်ရက်များအတွင်းက ၄င်းတို့ရဲ့ အင်တာနက်စာမျက်နှာများနဲ့ Facebook လူမှုကွန်ရက်စာမျက်နှာများမှာ ၄င်းတို့ အင်တာနက်စာမျက်နှာကို DDos ဖြင့် တိုက်ခိုက်မည်ဟု ခြိမ်းခြောက်နေကြောင်း၊ ထိုသို့ခြိမ်းခြောက်သော သူမှာ အစိုးရနှင့် စစ်တပ်ဘက် မှဖြစ်ရန်သေ ချာ သလောက် ရှိကြောင်းနှင့် တဖန် ၄င်းတို့ အင်တာနက်စာမျက်နှာများ နှစ်ရက်ဆက်တိုက် အတိုက်ခံ ရခဲ့ကြောင်းနှင့် ထိုသို့ တိုက်ခိုက်သူများမှာ အစိုးရ ဘက်မှဖြစ်နိုင်ကြောင်း စွတ် စွဲရေးသားခဲ့ပါတယ်။ 
စာအရေးအသားများမှာ တိတိကျကျ စွတ်စွဲထားခြင်းမရှိသော်လည်း သာမာန်အားဖြင့် စာဖတ်သူတို့၏ စိတ်ထဲ တွင် Eleven Media Group ၏အကျိုးစီးပွားကို နိုင်ငံတော်အစိုးရနှင့် စစ်တပ်မှ ဖျက်လို ဖျက်စီး လုပ်နေသ ည်ဟု မှတ်ယူသွားနိုင်စေရန်ရည်ရွယ်ရေးသားထားကြောင်းနှင့် - တကယ်တွင်လည်း ထိုသို့ မှတ်ယူ သွားနိုင်စေကြောင်း ထင်ရှားပေါ်ပေါက်ပါတယ်။ ထိုသို့အများပြည်သူက မှတ်ယူပါကလည်း အစိုးရ အနေဖြင့် သိက္ခာ ကျနိုင်စရာရှိတယ် ဆိုတာ အထင်အရှားဖြစ်ပါတယ်။
(၂)။ ၂၀၀၄ ခုနှစ်၊ အီလက်ထရွန်းနစ်ဆက်သွယ်ရေးဥပဒေပုဒ်မ ၃၄ (ဃ) မှာ မည်သူမဆို အီလက် ထရွန်းနစ် ဆက်သွယ်ရေး နည်းပညာသုံးပြီး သူတပါး သိက္ခာကျအောင် မဟုတ် မတရားစွတ်စဲလျှင် ထောင် ဒဏ် (၅) နှစ်အထိ အပြစ်ပေးနိုင်ကြောင်း အတိ အလင်း ပြဌာန်းထားပါတယ်။
(၃)။ အဲဒါကြောင့် ယခုရက်များအတွင်း Eleven Media Group ရဲ့ရေးသားချက်များဟာ အီလက် ထရွန်းနစ် ဥပဒေပုဒ်မ ၃၄(ဃ) နဲ့ညိစွန်းနေတယ်ဆိုတာ ထင်ရှားပေါ်ပေါက်တဲ့အတွက် အရေးယူပေးပါ ရန်တောင်းဆို အပ်ပါတယ်။
(၄)။ ထပ်မံ၍တင်ပြရလျှင် EMG မှ သတိပေးချက်တစ်ခုတွင် ၄င်းအားတိုက်ခိုက်သူများမှာ အစိုးရနှင့် ဆက်နွယ်နေ သူများဖြစ်ကြောင်း အများပြည်သူထင်ယောင်ထင်မှားဖြစ်စေရန် ရေးသားထားခဲ့ပါသည်။ အင်တာန က်ဆိုင်ရာ တိုက်ခိုက်ချင်းများတွင် တိုက်ခိုက်သူအနေဖြင့် ၄င်းမည်သူ မည်ဝါဖြစ်ကြောင်း အတိ အလင်း ဖေါ်ပြ တိုက်ခိုက်လေ့မရှိပဲ။ ၄င်းအားခြေရာ ခံမမိစေရန် ရတတ်သမျှ နည်းလမ်းများ အသုံးပြု တိုက် ခိုက်ကြောင်း လူတိုင်း အသိပင်ဖြစ်ပါတယ်။ 
သို့ဖြစ်ပေရာ ...... Eleven Media Group ၏ အင်တာနက်စာမျက်နှာအား ပထမအကြိမ်တိုက်ခိုက်ခံရပြီး ၂၄ နာရီ မပြည့်မီပင် ဒုတိယအကြိမ် တိုက်ခိုက်မှုအား ကာကွယ် မပေးနိုင်ခဲ့သည့် Eleven Media Group ၏နည်း ပညာ ကျွမ်းကျသူဆိုသူများက အဆိုပါတိုက်ခိုက်သူများအား ခြေရာခံဖေါ် ထုတ်နိုင်သည် ဆိုသည့် ကိစ္စမှာ စဉ်းစားစရာပင်ဖြစ်ပါသည်။
သီရိမင်းကျော်