Wednesday, January 16, 2013

မြန်မာပြည်တွင်အရောင်းရဆုံးဆေးလိပ်Red Ruby ကုမ္ပဏီ၏အကြီးအကျယ်အခွန်လှည့်စားမှု

Red Ruby စီးကရက်ဗူးများ၏လည်ပင်းပိုင်းတွင် အခွန်စည်းများကပ်ထားသည်ကိုလူတိုင်းမြင် ဘူးပါလိမ့် မည်။ ဒါပေမယ့် အရေးတယူမည်သူမျှမဖတ်ကြည့်ကြပါ။ အခုပုံပါဘူးတွင် Export Only CC ဟုကပ်ထားပါ သည် ကျွန်တော်သိသလောက် Export Only CC သည်ပြည်တွင်းတွင်လုံးဝ ရောင်းခွင့် မရှိ ပါ။ အခွန် ရုံးနှင့် Red Ruby ကုမ္ပဏီ တို့ပူးပေါင်းဆောင်ရွက်ခြင်းလား (သို့) ကုမ္ပဏီ ၏အခွန်တိမ်းရှောင်နည်းလား မည်သူမျှ မသိနိုင်ပါ။ အစိုးရအနေနဲ့ စုံစမ်းစစ်ဆေးလျှင်တရားခံပေါ်ပါသည်။ Red Ruby ကုမ္ပဏီ သည်အခွန်စည်း ကို သးသေးမွှားမွှားမည်သူမျှမသိနိုင်လောက်ပါ ဘူးဆိုသည့်စိတ်မျိုးဖြင့်ဝါးချထားပါသည်။မှန်ပါ သည် ဆေးလိပ်သောက်သူများ မည်သူမျှသတိ မထားမိပါ။ သတိထားရမည်မှာ ကုမ္ပဏီ အနေဖြင့် ဤဆေး လိပ် ဘူး များသည်အတုပါငြင်းဆိုနိုင်ပါသည် သို့သော် ယခု ဓာတ်ပုံပါဆေးလိပ်ဘူးသည် ကုမ္ပဏီမှ လာရောင်းသောကားမှကာတွန်လိုက်ဝယ်ထားခြင်းဖြစ်ပါသည်။သက်ဆိုင်ရာအစိုးရလူကြီးမင်းများ  အနေဖြင့် နိုင်ငံအကျိုးအတွက် မည်သို့ဖြေရှင်းသင့်ပါသနည်း ယခုလိုအခွန်လှည့်စားနေသော ကုမ္ပဏီကြီး များ အများ အပြားရှိ မည်ဟုထင်ပါသည်။မြန်မာပြည်တွင်အရောင်းရဆုံးဆေးလိပ် Red Ruby ကုမ္ပဏီ၏ အကြီးအကျယ် အခွန်လှည့်စားမှုသည် တိုင်းပြည်အတွက် အခွန်မည်မျှဆုံးရှုံးသည်ကို သက်ဆိုင်ရာအစိုးရ လူကြီးမင်းများအသိပင်ဖြစ်ပါသည်။ ယခုလိုဘူးများ မြို့ကြီးများတွင်တွေ့ရန်ခက်ခဲနိုင်ပါသည် နယ်ကပြည်သူ များ ကို လူအများ သူတို့ဘာမှမသိလောက်ပါဘူး ဆိုသည့်အတွေးဖြင့် လာရောက် ရောင်းချနေသော ကုမ္ပဏီ ကိုမည်သို့အရေးယူနိုင်ပါမည်နည်း???

အမေစုသို့ ချစ်ခင်စွာဖြင့် အကြံကောင်းပေးခြင်း

၁။မိသားစုတစ်ခုတွင်သားသမီးအကျိုးပေးသည်။အကျိုးမပေးစသည်ဖြင့်မှတ်ယူသည့်အယူအဆများ ရှေး ယခင်ကပင်ယနေ့ကလတိုင် မြန်မာလူမျိုးများတွင်ရှိသည်။လက်ခံကြသည်။အမေစု မွေးပြီး ကတည်း က ဖခင်ဗိုလ်ချုပ် တစ်ရက်ကလေးမှ မနားရ ၊ ယခင်ကထက်ပင် အဆ ၁၀၀ ကျော် အလုပ် လုပ်ရသည်။ နောက်ဆုံး အမေစု ၂ နှစ်သမီးရောက်တော့ ဖခင်ဗိုလ်ချုပ် လုပ်ကြံခြင်းခံရသည်။
ထို့ကြောင့် တရားသဘောဖြင့်ကြည့်လျင် ဖခင်လုပ်ကြံခြင်းခံရသည့် ကိစ္စ သားသမီးတွင်ပါလားသော အကုသိုလ်ကံနှင့်လည်းဆက်နွယ်မှုရှိပေသည်။
၂။ လူမမယ် ခလေးအရွယ်တွင် မိဆုံဖဆုံဖြင့် မနေခဲ့ရသည့် ကလေးများ သနားစဖွယ်ကောင်းသည်။ သူများတွေ ဖေဖေ ဖေဖေ ခေါ်ကြသည်။ ထိုခလေးများခေါ်စရာအဖေမရှိ၊ အဖေဖြစ်သူ ကျောင်းလိုက်ပို့ သည်။ ပွဲဈေးလိုက်ပြီး အရုပ်ခလေးတွေ ၀ယ်ပေးသည်။ မိမိလည်းလိုချင်သည်။သို့ပေမဲ့ မိမိမှာဝယ်ပေး မဲ့ ဖေဖေမရှိ၊ ထိုခလေးများ ဘ၀ အလွန်သနားစရာဖြစ်သည်။ ဘာသာတရားအမြင်ဖြင့်ကြည့်လျင် ယခင် ဘ၀ကထိုကလေးပြုခဲ့သောအကုသိုလ်ကံကြောင့် ယခုဘ၀တွင်လူမမယ်ကတည်းကမိစုံဖစုံဖြင့် မနေ  ရခြင်းဖြစ် သည်။

တပ်မတော်မှလုံးဝမပစ်ခဲ့ဘူးဟု သေချာခဲ့ပါလျှင်

 ၁၀၅၊ ၁၂၀ အပစ်ခံရသည်ဆိုလျှင် အနည်းဆုံး တွင်းချိုင့်တစ်ခု၊(သို့မဟုတ်) စုတ်ပြတ်သတ်သွား ယုံမက ဖွာလန်ကြဲလွင့်ထွက်သွားမည့် နေရာတစ်ခု ကို ပြရပေမည်။ ယခုတော့ အိမ်စုတ် တစ်လုံးနှင့် မီးဖိုတောင် ပုံမပျက်လဲနေသော ကေအိုင်အေများ။ ထိုနေရာတွင် ရှိသည်မှာ ငွေပေးလျှင် အကုန်ရ သည့် ပြည်ပ သတင်းဌာနများ၊ အစိုးရ မကောင်းကြောင်း ပြောရမှ ပိုက်ဆံ ရသည့် ဌာန များသာရှိသည်။

ပြန်ကြားရေး ဒုဝန်ကြီး၏ စာမျက်နှာတွင် ဖော်ပြချက်အရ ပစ်ခတ်ခြင်း မရှိဟု ဆိုသည်။ သို့ပါဆိုလျှင် အောက်ပါ မေးခွန်းများနှင့် ကောက်ချက်များ ဖြစ်ပေါ်လာသည်။

၁။ ထိုသို့ ပစ်ခတ်ခြင်းကို မြင်သည့်သူ ဘယ်သူရှိလဲ။ မိုင်ဂျာယန်က ပစ်သည်ဆိုလျှင် ပစ်သည့်နေရာနှင့် ထိသည့်နေရာကို ဖော်ပြရမည်။
၂။ ကေအိုင်အေ ဖော်ပြသည့် အိမ်ပျက်သည် လက်ပစ်ဗုံး တစ်လုံးသာသာ ကွဲသည့် အနေအထားသာ ရှိသည်။
၃။ မီးဖို နဘေးရှိ လူများအား အနေအထား အမျိုးမျိုးသို့ ပြောင်းရွေ့သည့် ပုံများ တွေ့ရသည်။
၎။ သေနေသည့် လူအား တစ်ယောက်မှ ထိကိုင်ခြင်း၊ စမ်းသပ်ခြင်း သယ်ဆောင်ခြင်းမရှိ။
၅။ ကျောင်းစိမ်းဝတ် ကောင်မလေးသည် လိုင်ဇာဆောင်းတွင် အနွေးထည် ၀တ်ခြင်း မရှိ။
၆။ ထိုသေဆုံးသူများ ပတ်လည်တွင် ကေအိုင်အေ စစ်သားများ ရှိနေသည်။
၇။ သေဆုံး ဒဏ်ရာရသူများကို တွဲကူရမည့် အစား အေးဆေး အနေအထား အမျိုးမျိုးမှ ဓာတ်ပုံရိုက်ယူကြသည်။
၈။ ထိုနေရာတွင် ပစ်ခတ်ခြင်း ခံရသည့် ပုံစံဆို၍ ကျိုးကြေနေသော ပလတ်စတစ် ခုံပုလေးသာ ရှိသည်။
၉။ သေဆုံးသူ ၂ ယောက်၏ ပုံသာ တက်လာသည်။ သေဆုံးသည့် အနေအထားနှင့် အပျက်အစီးများသည် သက်ဆိုင်ခြင်း၊ ဆက်စပ်ခြင်း မရှိ။
၁၀။ ကလေးများ၊ အမျိုးသမီးများ မည်သည့်နေရာတွင် ဒဏ်ရာရသည်ကို ဖော်ပြနိုင်ခြင်း မရှိ။
ထို အချက်များကြောင့် ယနေ့လိုင်ဇာ ရပ်ကွက်အတွင်း ဖြစ်သည့် ဖြစ်စဉ်သည် ကေအိုင်အေနှင့် ပြည်ပ မီဒီယာ များ ပူးပေါင်း လုပ်ကြံသည်ဆိုပါက ထို အကြမ်းဖက် သောင်းကျန်းသူ ကေအိုင်အေအား လုံးဝ ခွင့်မလွှတ်သင့် တော့ပေ။


credit :oppositeeyes

ကြံခိုင်ရေးပါတီနဲ့NLDပါတီတို့ရဲ့၂၀၁၅ရွေးကောက်ပွဲအတွက်မဟာဗျူဟာများ


အခု၂၀၁၃ခုနှစ်ထဲကိုဝင်ရောက်လာပါပြီ၊လူတွေစောင့်မျှော်နေတဲ့၂၀၁၅အထွေထွေရွေးကောက်ပွဲကနောက်နှစ်နှစ် ဆိုရောက်လာတော့မှာဖြစ်ပါတယ်။၂၀၁၅ရွေးကောက်ပွဲမှာအဓိကပြိုင်ဘက်ပါတီကြီးနှစ်ခုဖြစ်တဲ့NLDပါတီနဲ့ ကြံ့ခိုင်ရေးပါတီတို့ရဲ့ပြီးခဲ့တဲ့နှစ်အတွင်း၂၀၁၅ရွေးကောက်ပွဲအတွက်ဘယ်လိုမဟာဗျူဟာတွေချမှတ်နေသလဲဆိုတာ ကျွန်တော်လေ့လာမိသလောက်တင်ပြလိုပါတယ်။
အားလုံးသိခဲ့တဲ့အတိုင်းပြီးခဲ့တဲ့နှစ်ဧပြီလမှာလုပ်တဲ့ကြားဖြတ်ရွေးကောက်ပွဲမှာNLDက၄၅နေရာမှာ၄၃နေရာအထိအနိုင် ရခဲ့ပါတယ်။တစ်နေရာကရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ)ကိုရှုံးတာဖြစ်ပြီး နောက်တစ်နေရာ ကနိုင်ငံခြားသားသွေးနဲ့မကင်းတဲ့လူကိုကိုယ်စားလှယ်လောင်းအဖြစ်အမည်စာရင်းတင်သွင်းတယ်ဆိုပြီးရွေးကောက် ပွဲကော်မရှင်ကပယ်ဖျက်ခဲ့တာဖြစ်ပါတယ်။

အမေရိကန်ရောက်ကချင်တွေKIAကိုဆန္ဒပြကြပြီ

အမေရိကန်က ကချင်လူမျိုးfighterအောင်လခေါင်းဆောင်ပြီး ဒီနေ့ ဇန်နဝါရီ လ၁၄ရက် မနက် ၈နာရီအချိန်ကအမေရိကန်နိုင်ငံ၊အိမ်ဖြူတော် ရှေ့တွင်အမေရိကန်ရှိ(ကချင်၊ကရင်၊ချင်း၊ရခိုင်၊ဗမာ) နှင့်အခြားသော
မြန်မာ တိုင်းရင်းသား များအင်အား၁၅၀ခန့် ဖြင့် စုဝေး ကာ ကချင်ပြည်နယ်တွင်သောင်း ကျန်းနေသောKIAသောင်းကျန်းသူများအား ဆန့်ကျင်ကန့်ကွက်ဆန္ဒပြ ကြောင်းသိရှိရ သည်။ဆန္ဒပြအဖွဲ့ခေါင်းဆောင် ကိုအောင်လက”
လက်ရှိKIAခေါင်းဆောင် ဂမ်ရှောင်မှာ ကချင်လူမျိုး ကောင်းစားရေး အတွက်စစ်တိုက် တာမဟုတ်ကြောင်း၊သူ့ ဆွေမျိုးကောင်းစား ဖို့ အတွက်ကချင် လူမျိုးများ သာမက ရှမ်းလူမျိုးများ ကိုပါခုတုံး လုပ် နေခြင်းသာ ဖြစ်ကြောင်း၊ KIAအဖွဲ့ အနေဖြင့်အမြန်ဆုံးလက်နက်ချအလင်းဝင်ရန်နှင့်အလင်းမဝင်ပါကသူကိုယ်တိုင်ဦးစီးပြီးအမေရိကန်ရှိကချင် လူမျိုးများ နှင့်ရှမ်းလူမျိုးများကိုထပ်မံစုစည်းကာ KIAသောင်း ကျန်း သူများအားဆန္ဒပြပွဲများနေ့ စဉ် ပြုလုပ် သွားမည်ဖြစ်ကြောင်း သိရှိရသည်။


Credit: Singapore Feel

ဖိုးတွမ်တီးလေးKIAနဲ့ ဖိုးတွမ်တီးကြီးဘီဘီစီ

မြန်မာ့မျိုးချစ်တပ်မတော်က ရဟတ်ယာဉ်တစင်း ပြီးခဲ့တဲ့ သောကြာနေ့က ကချင်ပြည်နယ်မှာ ပျက်ကျခဲ့တာ နဲ့ ပတ်သက်လို့ စက်ချို့ယွင်းတာပါလို့ ပြောပေမယ့် လည်းKIA (420)သောင်းကျန်းသူတွေကတော့ ရဟတ် ယာဉ်က လာပစ်လို့ သူတို့က ပစ်ချခဲ့တာပါလို့ ဘီဘီစီကိုအရှက်မရှိလိမ် ညာ ပြောဆိုခဲ့ပါ တယ်။ KIA(420) ခေါင်းဆောင်ဂမ်ရှောင်က KIA(420)သောင်းကျန်းသူ ဂျိမ်းစ် လွမ်း ဒေါင်ဆိုသူကို ဘီဘီစီ နဲ့ ပေါင်းပြီး လုပ်ဇတ်ခင်းခိုင်းကာ ၄၂၀အမေးအဖြေလုပ်ဖို စေခိုင်းခဲ့ခြင်းဖြစ်တယ်လို့ဘီဘီစီ မြန်မာပိုင်း အစီအစဉ်တွင် တာဝန်ထမ်းဆောင် နေသူအမည်မဖော်လိုသူတစ်ဦးကပြော ဆိုသည် ……အဆိုပါ အမေး အဖြေ အတွက်KIA(၄၂၀)ခေါင်းဆောင်ဂမ်ရှောင်ကဘီဘီကို DURATION  ၁မိနစ်ကိုဒေါ်လာ ၇၀၀နှုန်းဖြင့် စင်္ကာပူ ဘဏ်မှတဆင့်ဘီဘီစီသို့ ဒီနေ့ နေ့ လည် ပိုင်းမှာ ငွေလွှဲခဲ့ ကြောင်းစကာင်္ပူ ဘဏ်မှဝန်ထမ်းတစ်ဦး ကဆိုသည်။ဘီဘီစီအသံလွှင့်အစီအစဉ်မှKIA(420)သောင်းကျန်းသူလွမ်း ဒေါင်ရဲ့ ပြောကြားချက်များကိုအ ကျဉ်းဖော်ပြလိုက်ပါတယ်…(FROM-SINGAPOREFEEL)

ကျနော်တို့ဘက်ကလည်းနဂိုရ်ထဲက နေရာယူထားတဲ့ လေယာဉ်ပစ်အဖွဲ့တွေရှိပါတယ်။ အဲဒီအဖွဲ့ ကနေပြီးတော့ကျည်၂၇ တောင့်ပစ်လိုက်တယ်။ အဲဒီမှာကျည်အချို့ကရဟတ်ယာဉ်ကိုသွားပြီးထိ တယ်။ ရှေ့တန်း မှာ ရောက်နေတဲ့ ကျနော်တို့ တပ်ဖွဲ့ဝင်တွေရဲ့ မျက်မြင်ကိုယ်တွေ့ရယ်၊ နောက် သူတို့ရဲ့ လုပ်ဆောင်မှုအပေါ်မှာ ကျနော်တို့ သတင်းပြန်သုံးသပ်ပြီးမှပဲ ကျနော်တို့ဘက်က အတည်ပြု ပါတယ်ခင်ဗျ။ အဲဒါ ရဟတ်ယာဉ် ၂ စင်းဟာ မွန်းလွဲပိုင်း ၃ နာရီလောက်မှာ အောင်ဂျာကျေးရွာ ပတ်ဝန်းကျင်မှာရှိတဲ့ ကျနော်တို့ရဲ့ KIA စခန်းကို လာပြီး ပစ်ခတ်တာမျိုး လုပ် တယ်။ အဲဒီလို လုပ်တဲ့အခါမှာ ကျနော်တို့ဘက်က လည်း လေယာဉ်ပစ်လက်နက်တွေနဲ့ ပြန်ပြီးတော့ ခုခံပစ်ခတ်တဲ့အခါမှာ ရဟတ်ယာဉ်တစင်းဟာ ကျည်ထိ မှန်ပြီးမှပဲစက်ပျက်သွားတာပေါ့။ စက်ပျက်သွားပြီးသူတို့ရဲ့ လာရာလမ်းကြောင်းကို ပြန် သွား တယ်။ နောက် ပိုင်း အဲဒီရဟတ်ယာဉ်ဟာ ခါယာဘွမ်ဆိုတာ- တာလောကြီးတဝိုက်နားမှာပါ၊ အဲဒီမှာ ပျက်ကျသွားတယ်။ အဲဒါ ကျနော်တို့ရဲ့ရှေ့တန်း ရဲဘော်တွေရဲ့ ပြောဆိုချက်ပါ။ ဒါကြောင့်မို့ ကျနော်တို့ ဘက် ကလည်း ကျနော် တို့ဘက်ကပစ်ခတ်တဲ့ကျည်ထိမှန်သွားတယ်ဆိုတဲ့ကျနော်တို့ဘက်ကအတည်ပြု ပါတယ်ခင်ဗျ။”(FROM-BBC)

Credit : singapore Feel

KIA အတွင်း မုဒိမ်းမှု ၄ မှု ဆက်တိုက်ဖြစ်ပွား

ကချင်ပြည်နယ်အတွင်းတိုက်ပွဲများကြာရှည်စွာ ဖြစ်ပွားလာမှု ကြောင့် KIA အတွင်းအင်အားများ လျော့နည်း လာရာ ၄င်းအင်အားများ အတွက် ထပ်မံစုဆောင်း ရရှိထားသော အရွယ်မရောက်သေးသူ ကလေးငယ် (ကျား၊ မ)များဖြင့် အစိုးရတပ်များကို ရင်ဆိုင်နေရသည်။ အထူးသဖြင့် အသစ်ထပ်မံဖွဲ့စည်းခဲ့သော KIA တပ်မဟာ(၅)အတွင်း အရွယ် မရောက်သေးသူ ကလေးငယ် များမှာ အများဆုံး ပါဝင်လျက်ရှိသည်။ အရွယ် မရောက်သေးသူ ကလေးငယ် ၇၀% သည် မိန်းကလေးငယ်များ ဖြစ်ကြသည်။ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၇ ရက်၊၉ရက်၊၁၀ရက်၊ ၁၂ရက်များအတွင်းဆက်တိုက်ဆိုသလို မုဒိမ်းကျင့်ခံရမှု ၄ခုဆက်တိုက် ဖြစ်ပွားခဲ့ ရာ ပြင်းထန်းသော အရေးယူ ဆောင်ရွက်မှုများ လုပ်ဆောင်ခဲ့ရ ကြောင်းသိရသည်။ အဓမ္မ မုဒိမ်းကျင့် ခံရသူအများစုမှာအသက် ၁၂ နှစ်မှ ၁၄ နှစ်ကြားရှိအရွယ်မရောက်သေးသူအမျိုးသမီးငယ် များ ဖြစ်ကြောင်း သိရသည်။ အဆိုပါ မုဒိမ်းမှုများကြောင့် KIA အတွင်း အရာရှိ ၂ ဦး စစ်သည် ၇ ဦး အရေးယူ ခံခဲ့ရကြောင်း KIA တပ်မဟာ(၅) မှ ထွက်ပြေး လာသူ မအေးခွမ် (၁၂ နှစ်၊ ကုန်းနှောရွာသူ) ၏ ပြောပြချက် အရ သိရှိရ သည်။



Credit : Singapore Feel 

KIA TERRORIST ဓါးပြအဖွဲ့၏ ခေါင်းဆောင် ဂမ်းရှောင်ကို မိုးကြိုးပစ်ပြီ

KIA TERRORIST ဓါးပြအဖွဲ့၏ တပ်မဟာ(၂)၊တပ်ရင်း(၁)က တပ်ရင်းမှူးလဂွမ်းဇံဦးစီးအင်အား ၄၆ယောက် ဖြင့် မြန်မာ့ မျိုးချစ်တပ်မ တော်သို့ အလင်းဝင်ရောက်ရန်အတွက်လိုင်ဇာဌာနချုပ်အပြင်
ဘက်၇မိုင်အကွာရှိနန့် လုပ်စီး ကျေးရွာအနီးတွင်တပ်ဖွဲ့ဝင်အချင်းချင်း ဆွေးနွေးနေသည်ကို
သိရှိသောကြောင့်တပ်မဟာ(၂)တပ်မဟာမှူးအင်လချီးဦးစီးအင်အား၁၅၀ဖြင့် သောင်းကျန်းသူအချင်း
ချင်းနန့် လုပ်စီးကျေးရွာအနီးတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကျေးရွာပြည်သူ့ စစ်ခေါင်းဆောင်ဦးလဂျွန်စိုင်း ကပြောသည်။


အဆိုပါ တိုက်ပွဲတွင် အလင်းဝင် မည့်သောင်းကျန်းသူများက လိုင်ဇာမြို့တွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် အမျိုးသား ၁၃ဦး သေဆုံးသွားပြီး၊ ကလေး ၇ ဦး၊ အမျိုးသမီး ၈ ဦး၊ အမျိုးသား ၃၀ ဦး ဒဏ်ရာရရှိသွားခဲ့သည်။