အမေရိကန်က ကချင်လူမျိုးfighterအောင်လခေါင်းဆောင်ပြီး ဒီနေ့ ဇန်နဝါရီ လ၁၄ရက် မနက် ၈နာရီအချိန်ကအမေရိကန်နိုင်ငံ၊အိမ်ဖြူတော် ရှေ့တွင်အမေရိကန်ရှိ(ကချင်၊ကရင်၊ချင်း၊ရခိုင်၊ဗမာ) နှင့်အခြားသော
မြန်မာ တိုင်းရင်းသား များအင်အား၁၅၀ခန့် ဖြင့် စုဝေး ကာ ကချင်ပြည်နယ်တွင်သောင်း ကျန်းနေသောKIAသောင်းကျန်းသူများအား ဆန့်ကျင်ကန့်ကွက်ဆန္ဒပြ ကြောင်းသိရှိရ သည်။ဆန္ဒပြအဖွဲ့ခေါင်းဆောင် ကိုအောင်လက” လက်ရှိKIAခေါင်းဆောင် ဂမ်ရှောင်မှာ ကချင်လူမျိုး ကောင်းစားရေး အတွက်စစ်တိုက် တာမဟုတ်ကြောင်း၊သူ့ ဆွေမျိုးကောင်းစား ဖို့ အတွက်ကချင် လူမျိုးများ သာမက ရှမ်းလူမျိုးများ ကိုပါခုတုံး လုပ် နေခြင်းသာ ဖြစ်ကြောင်း၊ KIAအဖွဲ့ အနေဖြင့်အမြန်ဆုံးလက်နက်ချအလင်းဝင်ရန်နှင့်အလင်းမဝင်ပါကသူကိုယ်တိုင်ဦးစီးပြီးအမေရိကန်ရှိကချင် လူမျိုးများ နှင့်ရှမ်းလူမျိုးများကိုထပ်မံစုစည်းကာ KIAသောင်း ကျန်း သူများအားဆန္ဒပြပွဲများနေ့ စဉ် ပြုလုပ် သွားမည်ဖြစ်ကြောင်း သိရှိရသည်။

Credit: Singapore Feel
No comments:
Post a Comment
မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။