ကချင်ပြည်နယ်အတွင်းတိုက်ပွဲများကြာရှည်စွာ ဖြစ်ပွားလာမှု ကြောင့် KIA အတွင်းအင်အားများ လျော့နည်း
လာရာ ၄င်းအင်အားများ အတွက် ထပ်မံစုဆောင်း ရရှိထားသော အရွယ်မရောက်သေးသူ ကလေးငယ်
(ကျား၊ မ)များဖြင့် အစိုးရတပ်များကို ရင်ဆိုင်နေရသည်။ အထူးသဖြင့် အသစ်ထပ်မံဖွဲ့စည်းခဲ့သော KIA တပ်မဟာ(၅)အတွင်း အရွယ် မရောက်သေးသူ ကလေးငယ် များမှာ အများဆုံး
ပါဝင်လျက်ရှိသည်။ အရွယ် မရောက်သေးသူ ကလေးငယ် ၇၀% သည် မိန်းကလေးငယ်များ ဖြစ်ကြသည်။
၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၇ ရက်၊၉ရက်၊၁၀ရက်၊ ၁၂ရက်များအတွင်းဆက်တိုက်ဆိုသလို
မုဒိမ်းကျင့်ခံရမှု ၄ခုဆက်တိုက် ဖြစ်ပွားခဲ့ ရာ ပြင်းထန်းသော အရေးယူ
ဆောင်ရွက်မှုများ လုပ်ဆောင်ခဲ့ရ ကြောင်းသိရသည်။ အဓမ္မ မုဒိမ်းကျင့် ခံရသူအများစုမှာအသက် ၁၂ နှစ်မှ ၁၄ နှစ်ကြားရှိအရွယ်မရောက်သေးသူအမျိုးသမီးငယ် များ
ဖြစ်ကြောင်း သိရသည်။ အဆိုပါ မုဒိမ်းမှုများကြောင့် KIA အတွင်း အရာရှိ ၂ ဦး စစ်သည်
၇ ဦး အရေးယူ ခံခဲ့ရကြောင်း KIA တပ်မဟာ(၅) မှ ထွက်ပြေး လာသူ မအေးခွမ် (၁၂ နှစ်၊
ကုန်းနှောရွာသူ) ၏ ပြောပြချက် အရ သိရှိရ သည်။
Credit : Singapore Feel
No comments:
Post a Comment
မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။