KIA TERRORIST ဓါးပြအဖွဲ့၏
တပ်မဟာ(၂)၊တပ်ရင်း(၁)က တပ်ရင်းမှူးလဂွမ်းဇံဦးစီးအင်အား ၄၆ယောက် ဖြင့် မြန်မာ့ မျိုးချစ်တပ်မ တော်သို့ အလင်းဝင်ရောက်ရန်အတွက်လိုင်ဇာဌာနချုပ်အပြင်
ဘက်၇မိုင်အကွာရှိနန့် လုပ်စီး ကျေးရွာအနီးတွင်တပ်ဖွဲ့ဝင်အချင်းချင်း ဆွေးနွေးနေသည်ကို
သိရှိသောကြောင့်တပ်မဟာ(၂)တပ်မဟာမှူးအင်လချီးဦးစီးအင်အား၁၅၀ဖြင့် သောင်းကျန်းသူအချင်း
ချင်းနန့် လုပ်စီးကျေးရွာအနီးတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကျေးရွာပြည်သူ့ စစ်ခေါင်းဆောင်ဦးလဂျွန်စိုင်း ကပြောသည်။
အဆိုပါ တိုက်ပွဲတွင် အလင်းဝင် မည့်သောင်းကျန်းသူများက လိုင်ဇာမြို့တွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် အမျိုးသား ၁၃ဦး သေဆုံးသွားပြီး၊ ကလေး ၇ ဦး၊ အမျိုးသမီး ၈ ဦး၊ အမျိုးသား ၃၀ ဦး ဒဏ်ရာရရှိသွားခဲ့သည်။
ပစ်ခတ်မှုတွင်လိုင်ဇာမြို့၊ လူနေ ခကျန်ရပ်ကွက်က ဟိုတယ်တစ်လုံးအနီးလက်နက်ကြီး ၂လုံး ကျရောက် ပေါက်ကွဲပြီး အပြစ်မဲ့ အရပ်သား ၂ ဦးပွဲချင်းပြီး သေဆုံးသွားကာ ၄ ဦးထက်မနည်းဒဏ်ရာ ရရှိသွား ကြောင်းသိရသည်။
ဒဏ်ရာ ပြင်းထန်သူများ ယခုအချိန် လိုင်ဇာဆေးရုံ သို့ ပို့ ဆောင်ထားပြီး လိုင်ဇာဒေသခံ များ စိုးရိမ်ထိတ်လန့် နေကြကြောင်း သိရသည်။
လက်နက်ကြီး ကျရောက် ပေါက်ကွဲ မှုကြောင့် သေဆုံးသူ ၂ ဦးတွင် အသက်ကြီး အဖိုးအိုတစ်ဦးနေရာ
တွင်ပွဲချင်းပြီး သေဆုံးသွားပြီး ကိုးတန်းကျောင်းသူတစ်ဦး မှာ လိုင်ဇာဆေးရုံအရောက်တွင် ထပ်မံသေ ဆုံးသွားကြောင်းသိရသည်။
ဒဏ်ရာရရှိသူများတွင် လူမမယ် ကလေးငယ်များပါဝင်ပြီး အသက်ကြီး အဘွားတစ်ဦးမှာ ခြေထောက် ထိမှန်ပြီး ဒဏ်ရာပြင်းထန်စွာ ရရှိသွားကြောင်း ထပ်မံသိရှိရပါသည်။
မွန်းလွဲပိုင်း အချိန်တွင်တိုက်ပွဲ ပြီးဆုံးကာ အလင်းဝင်သောင်းကျန်းသူများဘက်မှ ၂၈ယောက်ကျဆုံး ပြီး ပျေက်ဆုံးနေသူများအား KIA TERRORIST ဓါးပြအဖွဲ့၏တပ်မဟာ(၂)က ရှာဖွေလျှက်ရှိကြောင်း သိရှိရသည်။
အဆိုပါတိုက်ပွဲဖြစ်စဉ်အား မြန်မာ့မျိုးချစ်တပ်မတော်က လိုင်ဇာဌာနချုပ်သို့  လက်နက်ကြီးဖြင့် ပစ် ခတ်ခဲ့ခြင်းဖြစ် သည်ဟု KIA TERRORIST ဓါးပြအဖွဲ့က မီဒီယာ များ အား လိမ်လည်ပြောဆိုလျှက် ရှိကြောင်းသိရှိရသည်။ ။
Credit : Singapore Feel

No comments:
Post a Comment
မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။