ယနေ့ ဗုဒ္ဓဘာသာဝင် ကလေးငယ်တို့သည် ဥပုသ်နေ့တိုင်း ကျောင်းကန်ဘုရား
မသွားကြတော့ပါ။ ကျောင်းကန်ဘုရားနှင့်စိမ်းလာကြသဖြင့်ဘာသာတရားတော်နှင့်
လည်း တိမ်းလာကြပါတော့ သည်။ ယင်းသို့ ဥပုသ်နေ့မှန်း မသိခြင်း၊ ကျောင်းကန်
ဘုရားတို့နှင့် စိမ်းလာခြင်းတို့သည် မည်သူတို့၏ တာဝန်ပါနည်းဟု မေးခဲ့သော်
ယနေ့ လူကြီးမိဘတို့၏ တာဝန်ဖြစ်ပါသည်ဟု အမှန်အတိုင်း ဖြေရမည် ဖြစ်ပါသည်။
ယနေ့ ဗုဒ္ဓဘာသာဝင် လူကြီးမိဘအများစုတို့သည် ကျောင်းကန်ဘုရားသွားဖို့ကို
ကျူရှင် သွားဖို့လောက် အရေးမကြီးဟု ထင်မြင်ယူဆ လက်ခံလာကြပါသည်။ ဤ
သို့ဖြင့် ဘုရားဝေး တရားဝေး ရသော လူငယ်လူမိုက် ကလေးတို့ ပေါများလာရပါ
သည်။ သားသမီးများ မနိုင်လောက်အောင် ဆိုးသွမ်းလာမှ အရပ်ကယ်ပါ၊ လူဝိုင်း
ပါဟု အသံပြာလာကြပါသည်။