Saturday, January 11, 2014

လူနာစောင့်မပါ၍ဆေးရုံတက်ခွင့်မရသူတစ်ဦးလမ်းဘေးတွင် တစ်ညနှင့်တစ်ရက်နေပြီိးဆေးရုံတက်ကုသစဉ်သေဆုံးခြင်း သတင်း မှာမမှန်ကြောင်းစစ်တွေဆေးရုံ မှ ပြောကြား

ယခုလ ၄ ရက်က စစ်တွေ ဆေးရုံတွင် လူနာစောင့်မပါသဖြင့်ဆေးရုံတက်ခွင့်မရသူ
တစ်ဦး လမ်း ဘေးတွင် တစ်ညနှင့်တစ်ရက်နေ ပြီး လူမှုရေးအဖွဲ့အစည်းများ၏ အကူအညီဖြင့် ဆေးရုံတက်ခွင့်ရရှိ ကာ ဆေးရုံတက်ရောက်ကုသခံခဲ့ ရသော်လည်း
ကုသနေစဉ်သေဆုံး သွားသည်ဆိုခြင်းမှာ မဟုတ်မှန် ကြောင်း စစ်တွေပြည်သူ့ဆေးရုံ အုပ်ကြီးကပြောကြားကြောင်း သိရ သည်။

စစ်တွေဆေးရုံ ပြင်ပလူနာ ဆောင်မှ သူနာပြုဆရာမတစ်ဦး ကလည်း ''ဒီလ ၃ ရက်
ကရော ၄ ရက်ကပါ ဒီအဆောင်မှာ တာဝန်ကျနေတာပါ။ သူဆေးရုံ လာတယ်ဆိုတာ
ကျွန်မတို့မတွေ့ ပါဘူး။ ဆေးရုံအနေနဲ့ ဘယ်လူနာ မဆို ဆေးရုံတက်သင့်တဲ့လူနာဆို ရင် ဆေးရုံတက်ခွင့်ပေးတယ်။ဆေးရုံတက်ခွင့် မပေးတာမရှိဘူး။

လူနာစောင့်မပါလဲဆေးရုံလူမှုဆက် ဆံရေးအဖွဲ့တွေရှိတယ်။ အဲဒီအဖွဲ့ က လူမှုအဖွဲ့
အစည်းတွေနဲ့ဆက် သွယ်ပြီးဖြေရှင်းပေးလေ့ရှိပါတယ်'' ဟု ပြောကြားသည်။

သေဆုံးသွားသူမှာ ဘဲပေါက် (ခ)ခင်မောင်မြင့်အသက်(၃၅)နှစ် ဖြစ်ပြီး ပုဏ္ဏားကျွန်းမြို့ မှဖြစ်ကာ နိုဝင်ဘာ၁၉ရက်တွင်သံတွဲအကျဉ်း ထောင်မှလွတ်မြောက်လာသူဖြစ် ကြောင်း
သိရသည်။၎င်းသည်ဆေးရုံ အတွင်းသို့ဝင်ရောက်အကြောင်း ကြားခြင်းမရှိဘဲ တစ်ညနှင့်
တစ်နေ့ ကြာအောင်နေခဲ့ပြီး စစ်တွေ လူမှု အဖွဲ့အစည်းများကတွေ့ရှိကာဆေးရုံ သို့
ပို့ဆောင်ပေးခဲ့ကြောင်း၊ လူနာ စောင့်မပါသော်လည်း လူမှုအဖွဲ့ အစည်းများက တာဝန် ယူပေးခဲ့ ကြောင်းအဆိုပါသူနာပြုကဆိုသည်။

''ခက်တာက လူနာတွေ အနေနဲ့လဲ ဆေးရုံ၊ ဆေးပေးခန်း ဆိုရင်ကိုအရှိန်နဲ့ကိုလန့်နေကြ
တာ ဗျ။ တော်ရုံနဲ့မသွားချင်ကြဘူး။ဆေးရုံ၊ဆေးပေးခန်းဆိုတာလူနာ တွေအတွက် အား
ကိုးစရာပါ။

ဆေးရုံဆေးပေးခန်းကို မလန့်ဖို့၊ မကြောက်ဖို့လဲ အသိပညာတွေပေးရဦးမှာ။ အခုဖြစ်စဉ်
မှာလဲ လူနာက ဆေးရုံ၊ ဆေးပေးခန်းကိုလန့်လို့ မပြောဝံ့မဆိုဝံ့တာလဲပါမယ်ထင် တယ်'
'ဟုဒေသခံတစ်ဦးကသုံးသပ် ပြောကြားသွားခဲ့သည်။


နုနုနွေ(ဓညဝတီ)
စစ်တွေ ဇန်နဝါရီ ၉

အနာဂါတ်အတွက် ပုဒ်မ ၁၈

ယခုတလော အခြေခံဥပဒေ အသစ်ပြင်ဆင်ရေးဆွဲရေး၊ ပုဒ်မ ၁၈ ဖျက်သိမ်းရေးဆိုတဲ့
အသံတွေ၊ ဆန္ဒဖော်ထုတ်တာတွေ ကျယ်ကျယ်လောင်လောင်ကြားလာရတယ်။
ဤနေရာတွင် တစ်ခုမေးချင်သည်။ အခြေခံဥပဒေ အသစ်ရေးဆွဲဖို့၊ ပုဒ်မ ၁၈ ဖျက်သိမ်းဖို့ တောင်းဆိုနေကြသူများအနေဖြင့် ၄င်းတို့ပြင်ဆင်လိုသည့် ဥပဒေ၊ ပုဒ်မများအား သေချာစွာသိပါ၏လော...၊ သေချာစွာ ဖတ်ရှုပြီးပြီလော....။အဖြေမှာ
No ဖြစ်ပါသည်။ သူများယောင်လို့လိုက်ယောင် အမောင်တောင်မှန်းမသိ မြောက်မှန်း
မသိသောလူများသာ အများစုဖြစ်သည်။

ပုဒ်မ(၁၈)နဲ့ပတ်သက်လို့ ဖြေလျှော့ပေးဖို့ လိုတယ် ဆိုတာ လက်ခံပါတယ်။ ဒါပေမယ့်လက်ရှိ မြန်မာပြည်သူလူထုရဲ့ အနေအထားကို မှန်မှန်ကန်ကန် သုံးသပ်ဖို့ လိုပါတယ်။တစ်ကယ်လို့ ခွင့်ပြူချက် တောင်းခံစရာ မလိုတော့ဘူး ဆိုတဲ့အချိန်မှာ တစ်နိုင်ငံလုံးအုံကြွမှုတွေကို အလွယ်တကူနဲ့အချိန်မရွေး လုပ်ဆောင်နိုင်တော့မှာ
ဖြစ်ပါတယ်။