Saturday, January 11, 2014

အနာဂါတ်အတွက် ပုဒ်မ ၁၈

ယခုတလော အခြေခံဥပဒေ အသစ်ပြင်ဆင်ရေးဆွဲရေး၊ ပုဒ်မ ၁၈ ဖျက်သိမ်းရေးဆိုတဲ့
အသံတွေ၊ ဆန္ဒဖော်ထုတ်တာတွေ ကျယ်ကျယ်လောင်လောင်ကြားလာရတယ်။
ဤနေရာတွင် တစ်ခုမေးချင်သည်။ အခြေခံဥပဒေ အသစ်ရေးဆွဲဖို့၊ ပုဒ်မ ၁၈ ဖျက်သိမ်းဖို့ တောင်းဆိုနေကြသူများအနေဖြင့် ၄င်းတို့ပြင်ဆင်လိုသည့် ဥပဒေ၊ ပုဒ်မများအား သေချာစွာသိပါ၏လော...၊ သေချာစွာ ဖတ်ရှုပြီးပြီလော....။အဖြေမှာ
No ဖြစ်ပါသည်။ သူများယောင်လို့လိုက်ယောင် အမောင်တောင်မှန်းမသိ မြောက်မှန်း
မသိသောလူများသာ အများစုဖြစ်သည်။

ပုဒ်မ(၁၈)နဲ့ပတ်သက်လို့ ဖြေလျှော့ပေးဖို့ လိုတယ် ဆိုတာ လက်ခံပါတယ်။ ဒါပေမယ့်လက်ရှိ မြန်မာပြည်သူလူထုရဲ့ အနေအထားကို မှန်မှန်ကန်ကန် သုံးသပ်ဖို့ လိုပါတယ်။တစ်ကယ်လို့ ခွင့်ပြူချက် တောင်းခံစရာ မလိုတော့ဘူး ဆိုတဲ့အချိန်မှာ တစ်နိုင်ငံလုံးအုံကြွမှုတွေကို အလွယ်တကူနဲ့အချိန်မရွေး လုပ်ဆောင်နိုင်တော့မှာ
ဖြစ်ပါတယ်။

နိုင်ငံတိုင်းမှာ ရှိနေတဲ့ အဖျက်သမားအုပ်စုတွေရဲ့ အကွက်ချမှုတွေနဲ့လူအုပ်စုကြီး
လာတဲ့အခါဖြစ်ပေါ်လာတတ်တဲ့ သွေးဆူမှုသဘောတရားကို သတိထားသင့်ပါတယ်။
လူတွေဟာ တစ်ဦးတည်းဖြစ်ဖြစ်၊ လူနည်းစုပဲ ဖြစ်ဖြစ်စည်းရုံးလှုပ်ရှားမှုတွေ လုပ်တဲ့
အခါမှာ လူနည်းစုဖြစ် တဲ့အတွက် သတိအမြဲကပ်နေတတ်ပါတယ်။ လူအုပ်ကြီးများ
လာပြီ ဆိုရင် စိတ်ပညာသဘောအရ ပိုပြီး ရဲတင်းလာတယ်၊အချုပ်ပြောရ ရင် ဥပဒေမဲ့
လုပ်ရပ်တွေကို အလွယ်တကူ လုပ်ဆောင်လာနိုင်တာတွေ့ရှိနိုင်ပါတယ်။ဒါက
မြန်မာပြည်မှာ သာမဟုတ်ဘူး၊ ကမ္ဘာအရပ်ရပ်မှာလည်း ဒီအတိုင်းပါပဲ။ လူအုပ်ကြီး
များလာပြီ ဆိုရင် မကျေနပ်ချက်တွေ ရောနှော ဖောက်ခွဲပြီးအဖျက်လုပ်ငန်းတွေ၊
အကြမ်းဖက်တာတွေ လုပ်လာကြတာ တွေ့နိုင်ပါတယ်။

ပုဒ်မ(၁၈) ပယ်ဖျက်လိုက်ပြီးတဲ့နောက်မှာ အနှစ်နှစ်အလလ မကျေနပ်ချက်တွေကို အလွယ်တကူ ဖော်ထုတ်ဆန္ဒပြဖို့ လွယ်ကူလာတဲ့အချိန်မှာ ဘာတွေ ဖြစ်လာမလဲ
စဉ်းစားကြည့်နိုင်ပါတယ်။ အခုလို ပုဒ်မ (၁၈) ကန့်သတ်ချက် ရှိနေတဲ့အချိန်မှာတောင်
တမင်သက်သက် ချိုးဖောက်တာတွေ ရှိနေပါတယ်။ ဒီချိုး ဖောက်မှုမှာ ပါဝင်လိုပေမယ့်
ဥပဒေ ရှိနေတယ် ဆိုတဲ့အတွေးကြောင့် ပါဝင်ခြင်း မပြုဘဲ နေရသူတွေ ရှိပါ တယ်။ ပုဒ်မ(၁၈)ကန့်သတ်ချက် မရှိတော့ဘူး ဆိုတဲ့အချိန်မှာ လူစုလူဝေးနဲ့ ဆန္ဒပြအုံကြွ
မှုတွေကြီးထွား လာပြီ ဆိုရင်တော့ တည်ငြိမ်အေးချမ်းရေး၊ ပြည်သူလူထုအသက်အိုး
အိမ်စည်းစိမ်ကို ကာကွယ်ပေးရမယ့် လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ထိပ်တိုက်တွေ့လာတော့ မှာ ဖြစ်ပါတယ်။ နောက်တစ်ခါ ရခိုင်ပြည်နယ်က စတင် ခဲ့ပြီး နိုင်ငံအနှံ့ ကြိုကြားကြို
ကြား ဖြစ်ပေါ်နေတဲ့ ဘာသာရေးကိုအခြေခံတဲ့ တင်းမာမှုတွေ ပေါက်ကွဲလာပြီ
ဆိုရင် သိမြင်ကြပြီး ဖြစ်တဲ့အတိုင်း ဒီနိုင်ငံနဲ့ ဒီလူထု ဘာတွေ ဖြစ်လာမလဲတွေးကြည့်နိုင်
ပါတယ်။ အခုမှ စွမ်းရည်ပြန်လည်တည်ဆောက်နေရတယ် လို့ တရားဝင်ဝန်ခံထားတဲ့
ရဲတပ်ဖွဲ့ဝင်တွေရဲ့ ထိန်းသိမ်းနိုင် စွမ်းနဲ့ ပုဒ်မ(၁၈)ပယ်ဖျက်လိုက်မှုဟာတိုင်းပြည်
အတွက် ဘယ်လောက်အထိ အန္တရာယ်ကြီးတယ်ဆိုတာ အလေးအနက်ထားပြီး
သတိပေးချင်ပါတယ်။

ဘုရားနဲ့ တစ်ဂိုဏ်းတည်း ထားခဲ့တဲ့ ကျောင်းဆရာ၊ ဆရာမတွေကိုတောင်ကျောင်း
သားတွေက ပြန်ပြီး ဆန္ဒပြနေတဲ့ တစ်ခါမှ မရှိဘူးတဲ့ ယဉ်ကျေးမှုတွေဖြစ်ပေါ်လာနေ
တဲ့ ဒီကနေ့ မြန်မာနိုင်ငံမှာ ဒီလို အုံကြွမှုများ ဖြစ်ပေါ်လာနိုင်တဲ့အားနည်းချက်တွေမှာ
မြေယာကိစ္စ၊ အလုပ်သမားကိစ္စ၊ လယ်သမားကိစ္စ၊ စက်ရုံအလုပ်ရုံကိစ္စ၊ စီမံကိန်းကိစ္စ
အများကြီး အများကြီး ရှိနေပါတယ်။ ဒီလိုမှိုလိုပေါက်နေတဲ့ ပြဿနာ တွေကနေ အုံကြွ
မှုတွေ ဖြစ်လာခဲ့ရင် အခု တက်တက်ကြွကြွ ထောက်ခံခဲ့ကြတဲ့ လွှတ်တော်အမတ်တွေ
ဘာလုပ်ပေးမှာလဲ၊ ဘာလုပ်ပေးနိုင်မလဲစဉ်းစားစရာပါ။ အလွန်ဆုံး အစိုးရကို တိုက်
တွန်းကြောင်း ပြော မှာလား၊ အစိုးရကိုင်တွယ်ဖြေရှင်းတာ ညံ့ဖျင်းတယ် လို့ ပြောမှာ
လား၊ ထုံးစံအတိုင်း တရားဥပဒေစိုးမိုးရေး ဓါတ်ပြားဟောင်းကြီး ဖွင့်မှာလား၊ ဘယ်လို
ပဲ ဖြစ်ဖြစ် အဲဒီအချိန်မှာ အသက်ပေါင်းများစွာ၊ အိုးအိမ်ပေါင်း များစွာ ဆုံးရှုံးခဲ့ရပြီ ဆို
ရင်တော့ အဓိက လက်သည် တရားခံဟာ ဒီလိုဖြစ်စေမယ့် အခြေအနေတွေ ဖန်တီး
ပေးလိုက်တဲ့ လွှတ်တော် ကိုယ်စားလှယ်တွေပဲ ဖြစ်လာပါလိမ့်မယ်။ Lawmaker ဆို
တာ လက်ရှိအနေအထားကိုပဲမကြည့်ဘဲ နောင်နှစ်ပေါင်းများစွာအထိ ကြိုတင်မျှော်တွေးပြီးဥပဒေပြုကြရသူတွေ ဖြစ် ပါတယ်။ အရှည်ကိုမျှော်တွေးတာမျိုး အားနည်းပြီး ပြည်သူလူထု လက်ခုပ်သံ လွယ်လွယ်ရရှိစေမယ့် ပေါ်ပြူလာလမ်းစဉ်ကို
လိုက်နေမယ် ဆိုရင် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ဘယ်အဆင့်ကိုမှ ရောက်နိုင်မှာ မဟုတ်
ပါဘူး။ လူထုအကြိုက်ကိုပဲ လိုက်မနေဘဲ လူထုကို အတိုက်အခံလုပ်ပြီး လမ်းမှန်ကို
လျှောက်ရဲကြဖို့ လိုပါတယ်။ လူမုန်းများမယ့် ကိစ္စဆိုရင် ဘယ်နိုင်ငံရေးသမားမှ
ထုတ်ဖော်ပြောကြားတာမျိုး မရှိကြပါဘူး။

ဥပဒေဆိုတာ လူကရေးဆွဲတာဖြစ်ပါသည်။ ဖွဲ့ စည်းပုံအခြေခံဥပဒေအပါအ၀င် မည်သည့်
ဥပဒေ၊ နည်းဥပဒေမဆို ပြီးပြည့်စုံသည့် ထာဝရအမှန်တရား Absolute Truth မဖြစ်နိုင်ပါ။ ခေတ်စနစ်အခြေအနေတစ်ခုစီတွင် အများကလက်ခံသည့်အမှန် Universal
Truth သာဖြစ်ပါသည်။ အချိန်ကာလနဲ့ အမျှ ပိုမိုကောင်းမွန်မှန်ကန်ပြည့်စုံသော ဥပဒေများပေါ်ထွက်လာရစမြဲဖြစ်သည်။

မည်သည့်ဒီမိုကရေစီလူ့ အဖွဲ့ အစည်းမဟူ၊ အများဆန္ဒကိုလေးစားလိုက်နာကြရပါသည်။ အများဆန္ဒကိုဆန့် ကျင်သူ၊ Rule of Law ကိုချိုးဖောက်သူတို့ က ဒီမိုကရေစီ လူ့ အဖွဲ့ 
အစည်း ကိုထူထောင်နိုင်မည်ဟု အိပ်မက်ပင်မက်၍ မရနိုင်ဟု အကြံပြုရေးသားလိုက်ရ
ပါသည်။

 (ပရိုမီးသီးယပ်) 


Credit > Opposite Eye

No comments:

Post a Comment

မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။