Thursday, January 2, 2014

အဆင့်မြင့်ပညာရေးကဏ္ဍ၊ တက္ကသိုလ်၏ အဓိက ပလေယာများဖြစ်သည့် ဆရာနှင့်ကျောင်းသားဆက်ဆံရေး၊ အနာဂတ်ခြေလှမ်း

တက္ကသိုလ်ပညာရေး
ကိုရီးယားနိုင်ငံ၏ တက္ကသိုလ်ပညာရေးသည်လည်း တခြားသောကဏ္ဍများနည်းတူ
အရှိန်အဟုန်ဖြင့်တိုးတက်နေလေသည်။ ဆရာ၊ ဆရာမများမှလည်းဘွဲ့လွန်ကျောင်သား များကိုနိုင်ငံတကာစာတမ်းများထုတ်ဝေရေးကိုအမြဲအသားပေးပြောကြားလေ့ရှိလေ
သည်။ထိုသို့ နိုင်ငံတကာအဆင့်မီစာတမ်းများထုတ်ဝေနိုင်ရေးအတွက်လည်းလိုအပ်သော သုတေသနလုပ်ငန်းများလုပ်ဆောင်ရန်အတွက်အဘက်ဘက်မှလိုလေသေးမရှိအောင် ပံ့ပိုးပေးကြလေသည်။ထိုသို့ ကြိုးစားလုပ်ဆောင်မှုများကြောင့်ယခုဆိုလျင်ကမ္ဘာ့တက္ကသိုလ်

များအဆင့်သတ်မှတ်ချက်တွင်ကိုရီယားမှတက္ကသိုလ်တို့သည်ပထမငါးဆယ်အတွင်းသို့ပင် တက်လှမ်းလာပြီဖြစ်သည်။

သုတေသနရန်ပုံငွေ
ကိုရီးယားနိုင်ငံတွင်သုတေသနရန်ပုံငွေများအလွန်အင်မတန် ပေါများလှသည်။ ကျောင်း သား၊ကျောင်းသူများပညာရေးမြင့်မားမှတိုင်းပြည်မြင့်မားမည်ကိုအပြည့်အ၀ယုံကြည်ပြီး၊ ထိုယုံကြည်သည့်အတိုင်းလည်း ကျောင်းသား၊ကျောင်းသူများအပေါ်တွ
င်ပုံအောကာပံ့
ပိုးကြလေသည်။ဘွဲ့ကြိုကျောင်းသားများအတွက်လိုအပ်သောပရောဂျက်များလုပ်ဆောင်
ရန် ဆရာများလက်ထဲတွင်အဆင်သင့်ပံ့ပိုးပေးနိုင်သော ငွေကြေးရံပုံငွေများရှိလေသည်။ ဘွဲ့လွန်ကျောင်းသားများအတွက်ကတော့ ကျောင်းတွင်ကိုယ်ပိုင်နေရာတစ်နေရာပေးကာ
သုတေသနကိုစိတ်အေးလက်အေးလုပ်ဆောင်နိုင်ရန်အတွက်လိုလေသေးမရှိပံ့ပိုးပေး
ထားလေသည်။ကိုရီးယားနိုင်ငံတက္ကသိုလ်များ
သည်အစိုးရဌာနများမှထောက်ပံ့ငွေသာ
မဟုတ်ကုမ္ပဏီအသီးသီးတို့၏သုတေသနလုပ်ငန်းများမှလည်းသုတေသနထောက်ပံ့ငွေ
များရရှိကြလေသည်။

ဘွဲ့လွန်ကျောင်းသားရှားပါး
ကိုရီးယားရှိနာမည်ကြီးတက္ကသိုလ်ကြီးများတွင်တက်ရောက်ကာဘွဲ့လွန်ဒီဂရီများရယူ လိုသောကျောင်းသားများ များပြားသော်လည်းတခြားသောတက္ကသိုလ်များတွင်တော့
Ph.D.ကဲ့သို့သောအဆင်မြင့်ဘွဲ့များကိုရယူလိုသောကျောင်းသားနည်းပါးလေသည်။ ကိုရီးယားနိုင်ငံသားတို့သည်ကိုရီးယားမှအခြေခံဘွဲ့လောက်ကိုသာယူကာဘွဲ့လွန်သင်တန်း
များကိုတော့အမေရိကန်၊ကနေဒါကဲ့သို့သော နိုင်ငံများမှသာယူချင်ကြလေသည်။ကိုရီးယား
တို့သည်ထိုနိုင်ငံမှရလာသောဘွဲ့ရများကိုလွန်စွာအထင်ကြီးလေးစားကာ နေရာပေးလေ့ရှိခြင်း
သည်အဓိကအကြောင်းအရင်းတစ်ရပ်ဖြစ်လေသည်။
ထို့ကြောင့်လည်းကိုရီးယားနိုင်ငံသားတို့သည်အရှိန်အ၀ါမရှိသော ပြည်တွင်းတက္ကသိုလ်များ
တွင်ဘွဲ့လွန်သင်တန်းများဆက်လက်မတက်ရောက်လိုကြဘဲလုပ်ငန်းခွင်သို့သာဝင်ရောက်ကြေ

သည်။Ph.D.ကဲ့သို့သောဘွဲ့မျိုးရရှိဖို့အတွက်ရင်းရသောအချိန်နှင့်တက္ကသိုလ်၏အရှိန်အ၀ါမှေး မှိန်မှုတို့ကြောင်
့ကိုရီးယားမှကျောင်းငယ်များသည်လိုအပ်သော Ph.D.တက်ရောက်လိုသော
ကျောင်းသားများကိုအရှေ့တောင်အာရှနိုင်ငံများသို့သွားရောက်ကာရှာဖွေခေါ်ဆောင်၍
နေစရိတ်၊စားစရိတ်၊ကျောင်းစရိတ်
များအစစထောက်ပံ့ကာမိမိတို့ကျောင်းတွင်ပညာသင်ကြား ခွင့်ပေးထားကြလေသည်။ထို့ကြောင့်ကိုရီးယားတက္ကသိုလ်များတွင်အင်ဒိုနီးရှား၊ ဗီယက်နမ်၊ အိန္ဒယနိုင်ငံသားများလွန်စွာပေါများလေသည်။ထိုကျောင်းသားများကိုပါမောက္ခများကမိမိရရှိ
ထားသောသုတေသနရန်ပုံငွေများထဲမှအလုံးစုံထောက်ပံ့ထားလေသည်။

နိုင်ငံတကာကျောင်းသား

တောင်ကိုရီးယားကျောင်းများမှာနိုင်ငံတကာကျောင်းသားများတက်ရောက်လာမှုဟာသိသိသာ သာမြင့်တက်လာနေပါတယ်။၂၀၀၄ ခုနှစ်မှာ နိုင်ငံတကာကျောင်းသား ၁၆၈၃၂ ယောက်ရှိရာမှ
၂၀၁၁ ခုနှစ်အရောက်မှာ ၈၉၅၃၇ ယောက်အထိတိုးတက်လာခဲ့ပါတယ်။မကြာသေးခင်နှစ်များ အတွင်းမှာတော
့ဘွဲ့ကြို ကျောင်းသားထက်ဘွဲ့လွန်ကျောင်းသားများဝင်ရောက်မှုပိုမိုများပြားလာ
ပါ
တယ်။
ပညာရေးဝန်ကြီးဌာနအောက်ရှိသိပ္ပံနှင့်နည်းပညာဌာန၏ဆိုအရကိုရီးယားနိုင်ငံအတွင်းသို့ပညာ သင်ကြားရန်လာရောက်ကြသောဘွဲ့ကြိကျောင်းသားဦးရေသည် နှစ်စဉ် ၆၀၀၀ နှင့် ၈၀၀၀ ကြား တိုးတက်နေရာမှ ၂၀၁၀ နှင့် ၂၀၁၁ ကြားတွင်တော့ ၉၃၂ ယောက်ထိသာ တိုးတက်ခဲ့ပြီး အရေ အတွက်အားဖြင့်တော့ ၄၄၆၄၁ ယောက်ရှိခဲ့တယ်လို့ဆိုပါတယ်။ ထိုနှစ်မှာပဲ ဘွဲ့လွန်ကျောင်းသား ၀င်ရောက်မှုဦးရေတိုးတက်မှုဟာ ၂၇၂၁ ယောက်အထိရှိခဲ့တယ်လို့ဆိုပါတယ်။ကျွမ်းကျင်သူတွေ အဆိုအရတော့ခုလိုဘွဲ့လွန်နိုင်ငံခြားကျောင်
းသားဦးရေ တိုးတက်လာတာကကိုရီးယား
တက္ကသိုလ်တွေရဲ့သုတေသနဂုဏ်ရှိန်မြင့်တက်လာမှုေ
ကြာင့်ဖြစ်တယ်လို့သုံးသပ်ကြပါတယ်။
ကိုရီးယားမှာ လာရောက်ပညာသင်ကြားနေတဲ့ဘွဲ့ကြိုနိုင်ငံတကာ ကျောင်းသားများထဲမှာ ၈၂ ရာခိုင်နှုန်းကတော့တရုတ်ကျောင်းသားများဖြစ်ပြီး၊ဘွဲ့လွန်ကျောင်းသားတစ်ဝက်ကျော်
ဟာလည်း တရုတ်ကျောင်းသားများပင်ဖြစ်ပြီးအရေအတွက်အားဖြင့် ၉၅၉၉ ယောက်ခန့်ရှိတယ်လို့သိရပါ
သည်။တခြားနိုင်ငံသားများအနေနဲ့ကတော့ဗီယက်နမ် ၁၄၀၉ ယောက်၊ မွန်ဂို ၁၅၁၂ ဦး၊
အမေရိကန် ၅၉၁ ယောက်၊အိန္ဒိယလူမျိုး ၅၃၆ ယောက် နှင့်ဘင်းဂလားဒေ့ရှ် ၃၈၄ ယောက်
ခန့်ရှိတယ်လို့ သိရပါသည်။ယခုဆိုလျင်ကိုရီးယားတက္ကသိုလ်များတွင်ဘွဲ့ကြိုဘွဲ့လွန်သင်တန်း
များတွ
င် တက်ရောက်နေသော မြန်မာကျောင်းသား ၁၀၀ ခန့်ရှိပြီဖြစ်ပါသည်။ မြန်မာကျောင်းသား
၂၀ ဦးခန့်သာပါမောက္ခများကတိုက်ရိုက်ထောက်ပံ့ပေးသောပညာသင်ဆုဖြင့် ပညာသင်ကြား
လျက်ရှိပြီး၊ကျန်အများစုမှာကိုရီးယားအဖွဲ့အစည်းများမှပေးအပ်သောစကော်လားရှစ်များဖြင့် တက်ရောက်နေကြပြီး၊တစ်ဦးနှစ်ဦးခန့်သာမိမိကိုယ်ပိုင်ငွေကြေးဖြင့်တက်ရောက်နေကြလေ
သည်။
ပညာရေးဝန်ကြီးဌာန၏အဆိုအရအိန္ဒိယကျောင်းသားများသည်ယခင်ကဆိုလျင် U.K. နှင့်
U.S. ကဲ့သို့သောနိုင်ငံများသို့သာသွားရောက်လေ့ရှိသော်လည်းယခုအခါ ကိုရီးယားသို့  လာရောက်ပညာသင်ကြား
ကြခြင်းမှာ LG,SAMSUNG နှင့် အိန္ဒိယရှိ HYUNDAI MOTOR
အစရှိသည့်ကုမ္ပဏီတို့၏ကမ္ဘာ့စီးပွားရေးမျက်နှာစာတွင်မျက်နှာပန်းပွင့်လာမှုကြောင့်ဖြစ်
တယ်လို့သိရပါတယ်။ကိုရီးယားနိုင်ငံတွင်ဒေါက်တာဘွဲ့အတွက်ကျမ်းပြုနေသော နိုင်ငံ တကာကျောင်းသားများ၏ ၆၅ ရာခိုင်နှုန်းဟာဆိုရင်သိပ္ပံနှင့်နည်းပညာကဏ္ဍမှာသုတေသနပြုနေ
ကြ သူများဖြစ်ပါတယ်။
နိုင်ငံတကာယှဉ်ပြိုင်နိုင်စွမ်း
တက္ကသိုလ်တစ်ခု၏နိုင်ငံတကာအဆင့်အတန်းသည်သက်ဆိုင်ရာနိုင်ငံတစ်ခု၏အရာရာ ယှဉ်ပြိုင်နိုင်စွမ်းပင် ဖြစ်လေသည်။ပညာတင့်မှလူမျိုးမြင့်မည်ဟူသောစကားကို နိုင်ငံတကာ တက္ကသိုလ်များ ကောင်းစွာသိရှိသဘောပေါက်ပြီး မိမိတို့နိုင်ငံသူနိုင်ငံသားတို
့ ပညာမြင့်မားဖို့
အတွက်အပြိုင်အဆိုင်ကြိုးစားကြလေသည်။ကိုရီးယားကုမ္ပဏီများကမ္ဘာတွင်အောင်မြင်လာ
ရခြင်း၏အဓိကသော့ချက်မှာအချိန်တိုတိုအတွင်းပညာရေးမြင့်မားအောင် ဆောင်ရွက်နိုင်ခြင်း
ပင်ဖြစ်ေ
လသည်။
၂၀၁၂ ခုနှစ် ကမ္ဘာ့အဆင့်အတန်းသတ်မှတ်ချက်များအရအာရှအကောင်းဆုံး တက္ကသိုလ်
၁၀ ခုစာရင်းတွင်ကိုရီးယားတက္ကသိုလ် ၃ ခုပင်ပါဝင်လေသည်။ထိုထဲတွင် Seoul National
University (SNU) က နံပါတ် ၄ နေရာရပြီး၊ Korea Advanced Institute of Science &
Technology (KAIST) နှင့် Pohang University of Science and Technology (POSTECH)
တို့က နံပါတ် ၇ နှင့် ၉ အသီးသီးလိုက်ကြလေသည်။ထိုတက္ကသိုလ်တို့သည် ယမန်နှစ် (၂၀၁၁)
ခုနှစ်က နံပါတ် ၆၊ ၁၁ နှင့် ၁၂ အသီးသီးရှိခဲ့ရာမှယခု ၂၀၁၂ ခုနှစ်တွင် ရှေ့တန်းသို့အသီးသီး တက်ရောက်လာကြခြင်းဖြစ်လေသည်။
ကိုရီးယားတက္ကသိုလ်များ၏အဆင့်အတန်းတက်ရိပ်ပြနေသော်လည်း၎င်းတို့အားမချင့်
မရဲဖြစ်စေသောအကြောင်းရင်းတစ်ရပ်ရှိလေသည်။ထိုအကြောင်းအရင်းတစ်ရပ်မှာ ၁၉၉၁
ခုနှစ်ကမှစတင်ထူထောင်ပြီး၊ထူထောင်ကာစတွင်တက္ကသိုလ်စီမံခန့်ခွဲမှုနည်းနာများကို
ကိုရီးယားနိုင်ငံ POSTECH တွင် လာရောက်လေ့လာ သွားခဲ့သော Hong Kong University
of Science and Technology သည်အာရှအကောင်းဆုံးတက္ကသိုလ်ကြီးအြ
ဖစ် ၂၀၁၁၊ ၂၀၁၂ နှစ်နှစ်ဆက်တိုက် သတ်မှတ်ခံရခြင်းပင် ဖြစ်လေသည်။
လူဦးရေ ၇ သန်းခန့်သာရှိပြီး၊ မနေ့တစ်နေ့ကမှထူထောင်ထားသောတက္ကသိုလ်၊ကိုရီးယားနိုင်ငံ
မှစီမံခန့်ခွဲမှုနည်းပညာတို့ကိုသင်ယူခဲ့ရသော ကျောင်းတော်တစ်ခုဟာနှစ်အနည်းငယ်အတွင်း အာရှထိပ်တန်းတက္ကသိုလ်အဖြစ်ရပ်တည်နိုင်လာခဲ့ခြင်းဟာကိုရီးယားတို့ကိုသာမဟုတ်တစ်ကမာ
္ဘလုံးကိုပါအံ့အားသင့်စေခဲ့ပါသည်။ပြည်တွင်းမှာဆိုလည်း ကြာရှည်လေးမြင့်ဖွဲ့စည်းတည်ထောင်ထားသော University of Hong Kong လိုအဆင့်အတန်းရှိတက္ကသိုလ်တစ်ခု
ကို နောက်ကျစေခဲ့တဲ့အဖြစ်ဟာ ကမ္ဘာမှာရှားပါးဖြစ်ရပ်တစ်ခုပဲဖြစ်ပါသည်။
နှစ်ပေါင်း ၂၀ ကျော်ခန့်အတွင်းမှာထိပ်တန်းတက္ကသိုလ်အဖြစ်ရပ်တည်နိုင်လာခဲ့တဲ့ HKUSTနှင့် ကိုရီးယားတက္ကသိုလ်များဘာ့ကြောင့်ဟောင်ကောင်တက္ကသိုလ်များ၏နောက်ကောက်ကျရ
သလဲဆိုရင်သုတေသနပြုနေကြတဲ့ဆရာများအဆင့်အတန်းကွာဟမှုကြောင့်လို့ဆိုပါတယ်။
ဟောင်ကောင်တက္ကသိုလ် (University of Hong Kong)ဆရာများ၏ ၅၆ ရာခိုင်နှုန်းနှင့်
ကျောင်းသား ၃၁ ရာခိုင်နှုန်းဟာ နိုင်ငံပေါင်း ၈၀ကနေလာရောက်နေတဲ့ နိုင်ငံခြားသားတွေဖြစ်ပြီး ကိုရီးယားအမျိုးသားတက္ကသိုလ် (Seoul National University)မှာဆိုရင် ဆရာ ၁၁ရာခိုင်နှုန်းနှင့်ကျောင်းသား ၁၀.၆ ရာခိုင်နှုန်းကသာ နိုင်ငံခြားသားတွေလို့ ဆိုပါတယ်။
ယုံကြည်လေးစားမှုပြည့်ဝတဲ့ ဆရာနှင့်ကျောင်းသားဆက်ဆံရေး
တက္ကသိုလ်ပရ၀ုဏ်မှာ အဓိကပလေယာများဖြစ်တဲ့ ဆရာနှင့်ကျောင်းသား၊ ကျောင်းသူများရဲ့ ဆက်ဆံရေးဟာလည်း တက္ကသိုလ်တစ်ခုရဲ့ အောင်မြင်မှုအတွက် အဓိကအားတစ်ခုဖြစ်သလို၊ ယင်းတက္ကသိုလ်ရဲ့ အောင်မြင်မှုပြယုဂ်တစ်ခု လည်းဖြစ်ပါတယ်။ တက္ကသိုလ်ဆရာတစ်ယောက်၏တာဝန်သည် စာအုပ်ထဲမှစာကို သင်ကြားပြသပေးရုံသာ
မဟုတ်ဘဲသက်ဆိုင်ရာသုတေသနလုပ်ငန်းများကိ
ုလည်း ဇောက်ချလုပ်ကိုင်ရလေသည်။
ထိုသို့ သုတေသနလုပ်ငန်းများလုပ်ကိုင်နိုင်ရန်အတွက် တောင်ကိုရီးယားတက္ကသိုလ်ရှိ ပါမောက္ခဆရာ၊ဆရာမများဟာ ကျောင်းသားကျောင်းသူများလိုအပ်တာကိုထောက်ပံ့ဖို့
အတွက်အဆင်သင့်စီမံခန့်ခွဲနိုင်သော နိုင်ငံတော်ဘက်ဂျက်၊ ပြင်ပစီးပွားရေးလုပ်ငန်းများမှ ပရောဂျက်ထောက်ပံ့ငွေတို့ရှိေ
လသည်။ထောက်ပံ့ငွေများကိုအထိုက်အလျောက် မိမိကိုယ်တိုင်
စီမံခန့်ခွဲခွင့်
ပေးထားခြင်းဖြင့် ဆုံးဖြတ်ချက်ချရာတွင်အဆင့်ဆင့်တင်ပြစရာမလိုသဖြင့်
နှောင့်နှေးကြန့်ကြာမှုမရှိသလို၊တစ်ဖက်တွင်လည်း ကျောင်းသား၊ကျောင်းသူများအနြေ
ဖင့် မိမိ၏ဆရာ၊ဆရာမအပေါ်တွင်လွန်စွာအထင်ကြီးအားကိုးကာ လေးစားကြောက်ရွံ့ကြလေ
သည်။ထိုကဲ့သို့ ဆရာ၊ဆရာမများ၏ ကျောင်းသားအပေါ်လွှမ်းမိုးနိုင်မှုအရှိန်အ၀ါ ဟာ ကျောင်းသား၊ကျောင်းသူများကိုမိမိတို့လိုချင်သောသုတေသနလမ်းကြောင်းပေါ်
သို့ရောက်ေ
အာင်ထိန်းကြောင်းရာတွင်အထောက်အပံ့ဖြစ်ကာကိုရီးယား၏သုတေ သနလုပ်ငန်းတို့ အောင်မြင်ရာတွင်အဓိကအကြောင်းအရင်းတစ်ရပ်ဖြစ်လေသည်။ အနာဂတ် ခြေလှမ်း
ကိုရီးယားနိုင်ငံမှာလေးနှစ်ပညာသင်ဘွဲ့ပေးနိုင်တဲ့ တက္ကသိုလ် ၂၀၀ ခန့်ရှိနေခြင်းဟာ
ပြဿနာတစ်ခုဖြစ်နေပါသည်။တက္ကသိုလ်များ များပြားလွန်းတဲ့အတွက်အစိုးရအထောက်
အပံ့တွေကထိထိရောက်ရောက်မရှိတာလို့လည်းသုံးသပ်ကြပါတယ်။ဒါ့ကြောင့် ပြန်လည်စဉ်းစား
သုံးသပ်ကာမလိုအပ်သောတက္ကသိုလ်များကိုလျှော့ချပြီး၊တက္ကသိုလ်များသုတေသနလုပ်ဆောင်နိုင်
စွမ်းကိုအဓိကထားပြီးရံပုံငွေများ ထောက်ပံ့ပေးခြင်းကိုလုပ်ဆောင်ကြဖို့တိုက်တွန်းချက်တွေလည်း
ရှိပါသည်။
အမှားမခံနိုင်တဲ့ကမ္ဘာ့ပညာရေး ပြိုင်ပွဲကြီးမှာကိုရီးယားတက္ကသိုလ်များထိပ်တန်းမှာရပ်တည်နိုင်
ဖို့အတွက်အပြန်ပြန်အလှန်လှန် သုံးသပ်ကာရှေ့ဆက်လျက်ရှိရာမှာဆိ
ုရင်အဓိကလုပ်ဆောင်လေ့ ရှိသော ပြင်ဆင်မှုတစ်ရပ်မှာ Decentralization ဟုခေါ်သောဗဟိုထိန်းချုပ်မှုစနစ်များကိုဖယ်ရှား ပစ်နိုင်ခြင်းပင်ဖြစ်လေသည်။အစိုးရတက္ကသိုလ်အဖြစ် အောင်အောင်မြင်မြင်ဖြင့်ရပ်တည်လာခဲ့သော ဆိုးလ်အမျိုးသားတက္ကသိုလ်ကိုပင်ယခုအခါ အများပိုင်တက္ကသိုလ်တစ်ခုအဖြစ်သို့ (Privatization) ပြောင်းလဲလိုက်ပြီဖြစ်လေသည်။
ယခုအခါ ပြုပြင်ပြောင်းလဲရေးများကိုအရှိန်အဟုန်နှင့်လုပ်ဆောင်နေသောမြန်မာနိုင်ငံအနေနှင့်လည်း ပညာရေးအဆင့်အတန်း မြင့်မားလိုပါကပထမဦးစားပေးစဉ်းစားသင့်သည်မှာတက္ကသိုလ်များကို လွတ်လွတ်လပ်လပ်စီမံခွင့်ပေးဖို့ပင်ဖြစ်လေသည်။ဗဟိုထိန်းချုပ်မှုစနစ်၏ လေးလံမှု၊ မထိရောက်မှု တို့ကို မြန်မာနိုင်ငံအနေနှင့်သင်ခန်းစာကောင်းကောင်းရရှိပြီးပင်ဖြစ်လေသည်။ ဆိုးလ်အမျိုးသားတက္ကသိုလ်ကဲ့သို
့သောကိုရီးယား၏ပထမတန်းစားတက္ကသိုလ်၊ကမ္ဘာ့အဆင့်
အတန်းမီတက္ကသိုလ်တစ်ခုပင်လျင်ဗဟိုထိန်းချုပ်မှုနည်းနိုင်သမျှနည်းအောင် လုပ်ဆောင်နေ ချိန်တွင် မြန်မာနိုင်ငံတက္ကသိုလ်များအနေနှ
င့် ရှေးရိုးအတိုင်းသာသွားနေပါကအလုပ်မဖြစ်သည် မှာ သေချာပေသည်။
ပြည်တွင်းပြည်ပအဖြစ်အပျက်တို့မှသင်ခန်းစာယူစရာရှိသည်များကိုယူ
ကာအကောင်းဆုံး
ပုံစံဖြစ်အောင် မြန်မြန်ဆန်ဆန်အကောင်အထည်ဖော်သင့်ပေသည်။ မြန်မာ့ပညာရေး တွင်ပြင်ပကုမ္ပဏီများ၊လုပ်ငန်းရှင်များ၏ ပါဝင်ပက်သက်မှုမှာလည်းမရှိသလောက်ပင် နည်းပါးလှပေသည်။အစိုးရနှင့် ပြည်သူလက်တွဲကူမှသာလျင်ယှဉ်ပြိုင်နိုင်သောပညာရေး
စနစ်ကိ
ု အလျင်အမြန်အကောင်အထည်ဖော်နိုင်မည်ဖြစ်လေသည်။ပညာရေးနှင့်စီးပွားရေး စပ်ယှက်တိုးတက်နေမှသာလျင်ရေရှည်တည်မြဲသော၊ခိုင်မာသောပညာရေးကိုတည်ဆောက်နိုင် မည်ဖြစ်လေသည်။
မောင်မျိုး(စက်မှု)
(ကိုရိးယား-ယိမ်းနွဲ့နေသော ရော
င်စုံကြာစာအုပ်မှ)

No comments:

Post a Comment

မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။