Thursday, January 2, 2014

ဖွင့်ပေးလိုက်တဲ့ သော့တစ်ချောင်း- ကိုရီးယားပညာရေးခရီး အတိတ်နှင့် အနာဂတ်

ယနေ့ကမ္ဘာတစ်လွှား ဘယ်နေရာသွားသွား  မမြင်ချင်အဆုံးမြင်နေရမှာကတော့ ကိုရီးယားကုမ္ပဏီတို့၏ကြော်ငြာများ၊ လူနေအိမ်ခန်းထဲသို့ ၀င်ကြည့်လိုက်ပြန်လျှင်
လည်း SAMSUNG Aircon, TV, Refrigerator  တို့ကို တွေ့မြင်ရမည်ဖြစ်ပြီး၊ လူတွေ
အာရုံခံစားကာ အပန်းဖြေကြည့်ရှုနေသည်မှာတော့ ကိုရီးယားကားပင် ဖြစ်လေသည်။
ယခင်က နာမည်ပင်ကြားခဲ့ဖူးခြင်းမရှိသော SAMSUNG mobile phone များက
ကမ္ဘာကျော်နေသည်။ ယခင် အိမ်တွင်ရှိနေသော SONY လျှပ်စစ်ပစ္စည်းများ နေရာ
မှာ SAMSUNG ပစ္စည်းတို့က နေရာဝင်ယူ ကုန်ကြလေသည်။

မကြာသေးသော ဆယ်စုနှစ်တစ်ခုနှစ်ခုအတွင်းမှာ ကမ္ဘာ့စီးပွားရေးမျက်နှာစာတိုင်း လိုလိုတွင် အောင်ပွဲဆင်လာသောကိုရီးယားလူမျိုးတို့၏ အောင်မြင်မှုသော့ချက်ကို
လူသားတိုင်းသိချင်လှသလို၊ မိမိတို့ဘ၀တိုးတက်ဖို့၊ထို့ထက်ပိုပြီးပြောရမယ်ဆိုရင်
နိုင်ငံတော် တိုးတက်ဖို့အတွက် ပြန်လည်အသုံးချလိုကြလေသည်။ ကိုယ့်နိုင်ငံနှင့်
မတိမ်းမယိမ်း လွတ်လပ်ရေးရသော နိုင်ငံလေးတစ်ခု၊ လွတ်လပ်ပြီးလျှင်ပြီးချင်း မိမိနိုင်ငံကဲ့သို့ပင် ပြည်တွင်းစစ်မီးတောက်လောင်ခဲ့တဲ
့နိုင်ငံ၊ ယင်းတို့စားစရာပင်
မရှိသဖြင့် ၁၉၆၀တ၀ိုက်မှာကိုယ့်နိုင်ငံကသူတို့စားဖို့အတွက်ဆန်တွေပင်တင်ပို့ လှူဒါန်းခဲ့ရတဲ့ နိုင်ငံလေးတစ်ခုဟာခုဆိုရင်ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံတစ်နိုင်ငံ အဖြစ်သို့ ရောက်ရှိလာခဲ့ပေပြီ။

ဒီလိုသမိုင်းအစဉ်အလာတူညီခဲ့တဲ့နိုင်ငံတစ်ခု အောင်မြင်မှုပန်းတိုင်သို့မည်ကဲ့
သို့လျှောက်လှမ်းခဲ့သနည်း
ဆိုသည်ကိုလတ်တလောတံခါးဖွင့်စီးပွားရေးစနစ်နှင့်
ဒီမိုကရေစီစနစ်ကို စတင်ကျင့်သုံးလိုက်ပြီဖြစ်သော မြန်မာနိုင်ငံအနေနှင့်အလေး ထားသင်ယူရမည်ဖြစ်လေသည်။ကိုရီးယားနိုင်ငံကိုကမ္ဘာ့ထိပ်တန်းနိုင်ငံတစ်နိုင်ငံ

အဖြစ်တွန်းပို့ပေးလိုက်သည်မှာလယ်ယာစိုက်ပျိုးရေးဏ္ဍမဟုတ်၊တွင်းထွက်ပစ္စည်း
များမဟုတ်၊တိုင်းပြည်၏ ကမ္ဘာ့အဆင့်မီ စက်မှုထုတ်ကုန်ပစ္စည်းများသာ ဖြစ်လေ
သည်။ထိုသို့သော ကမ္ဘာ့အဆင့်မီ စက်မှုထုတ်ကုန်ပစ္စည်းများထုတ်လုပ်နိုင်သည်
မှာ အဘယ်ကြောင့်နည်းဆိုသော်.. ပညာဖြစ်သည်ဟူသောအဖြေတစ်ခုသာရှိလေ
သည်။
စက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကိုလုပ်ဆောင်သောအချိန်နှင့် တပြိုင်နက်
တည်းပညာရေး မြှင့်တင်ရေးကိုလည်းကြိုးစားလုပ်ဆောင်ခဲ့ကြလေသည်။
ပညာရေးပြုပြင်ပြောင်းလဲမှုများတွ
င်အစိုးရကဦးဆောင်ခဲ့သော်လည်း ပြင်ပ
ပုဂ္ဂလိကပညာရေးကိုလည်းအားပေးခဲ့လေသည်။အနှစ်လေးငါးဆယ်ခန့်စဉ်ဆက်
မပြတ် ကြိုးစားလုပ်ဆောင်ခဲ့သောပညာရေးကယခုအခါ နိုင်ငံတော်အတွက်
တိုးတက်အောင်မြင်မှု အသီးအပွင့်များကို ရယူပေးနိုင်ပြီဖြစ်လေသည်။ အပြိုင်အဆိုင် ပညာရေး
ကိုရီးယားနိုင်ငံတွင် မူလတန်းပညာရေးမှစတင်ပြီး ပြိုင်ဆိုင်မှုလွန်စွာပြင်းထန်လှ
သည်။
မိမိတို့ သားသမီးများ နာမည်ကြီး ကျောင်းများသို့ ၀င်ရောက်ခွင့်ရရှိရေးအတွက် မိဘ
များအပြိုင်အဆိုင် ကြိုးစားကြလေသည်။ ထိုသို့ မိဘများ၏ ပြိုင်ဆိုင်လိုစိတ်များကြောင့်
သားသမီးများသည် ငယ်စဉ်ကပင် အပြိုင်အဆိုင်စိတ်တို့ ၀င်ရောက်ခဲ့ရလေသည်။
ကိုရီးယားနိုင်ငံတွင် မူလတန်း၊ အလယ်တန်းအရွယ်ကပင် စာကြည့်တိုက်သို့သွားသော
အလေ့ရှိသည်။ တချို့သော ကလေးငယ်များသည် နံနက်စောစောပင်ထကာ ကျောင်း
မတက်မီအချိန်တွင်စာကြည့်တိုက်သို့သွားရောက်ကာစာဖတ်ကြလေသည်။ကျောင်းက
ဆင်းသည်နှင့် အင်္ဂလိပ်စာ၊ အသုံးချသင်္ချာ၊ ရူပဗေဒ စသည်တို့ကဲ့သို့သော သင်တန်းများ
သို့ သွားရောက်ကြလေသည်။ ကိုရီးယားမှ ကလေးငယ်တစ်ယောက်၏ နေ့စဉ်အချိန် ဇယားသည် ကြောက်မက်ဖွယ်ဖြစ်သည်။ နိုင်ငံကို ဖွံ့ဖြိုးတိုးတက်မှု အရှိန်ရအောင် တွန်း
တင်သော ကာလတွင် မပြောသာသော်လည်း ယခုလိုအရှိန်တစ်ခုရလာသော အနေ
အထားတွင် ကလေးများကို ပေါ့ပေါ့ပါးပါးနှင့် တီထွင်မှု အသားပေးသော ပညာရေး
စနစ်မျိုးကို ကြိုးစားပုံဖော်သင့်ပေသည်။ ကာယနှင့်ဥာဏမျှဖို့
ကလေးများ၏ ကိုယ်ခန္ဒာကြံ့ခိုင်ရေးအတွက် ကာယလေ့ကျင့်ခန်းအချိန်များတွင် အမှန်
တကယ်ပင် နားလည်တတ်ကျွမ်းသောဆရာများ၏ လေ့ကျင့်သင်ကြားပေးမှုဖြင့် တက်
တက်ကြွကြွ လုပ်ဆောင်ကြလေသည်။ သက်ဆိုင်ရာကျောင်းအလိုက် အားကစားအသင်း
များ (ဥပမာ-ဘေ့စ်ဘောအသင်း၊ ဘောလုံးအသင်း)ရှိကြပြီးနည်းစနစ်တကျလေ့ကျင့်ပေးလေ့
ရှိလေသည်။ထိုသို့ ငယ်စဉ်ကပင် အားကစားလေ့ကျင့်ခန်းများ လုပ်ပေးသောကြောင့်လည်း ယခုမျိုးဆက်သစ်လူငယ်များသည်လူကြီးများထက်ပိုမိုသန်မာထွားကြိုင်းကြလေသည်။
ထိုကဲ့သို့အရွယ်နှင့်မလိုက်အောင်ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်လာ
ကြသလိုတစ်ဘက်တွင် လည်းနိုင်ငံ၏လိင်ကိစ္စပွင့်လင်းမှုများကြောင့် ကျောင်းသားကျောင်းသူများသည် ငယ်ရွယ်
စဉ်ကပင်အလှအပအလွန်အမင်းမက်မောခြင်း၊အရွယ်မရောက်ခင်လိင်ကိစ္စကျူး လွန်ကြခြင်း များ ပေါ်ပေါက်လာလေသည်။ Ministry of Gender Equality and Family မှ
ထုတ်ပြန်ထားသော တရားဝင်စစ်တမ်းများအရ အထက်တန်းကျောင်းသူကျောင်းသား
၈.၆ ရာခိုင်နှုန်းခန့်ဟာ လိင်ဆက်ဆံမှုပြုပြီးကြပြီလို့ဆို
ပါတယ်။ ထို့ပြင်ကျောင်းများတွင် အုပ်စုဖွဲ့အနိုင်ကျင့်ခြင်းများကလည်း သေသေချာချာ ကိုင်တွယ်သင့်သော ပြသနာ
ရပ်များဖြစ်လေသည်။ အင်္ဂလိပ်စာ
တချို့သောခေတ်အမြင်ရှိပြီးတတ်စွမ်းနိုင်သောမိဘတို့ကတော့၎င်းတို့၏သားသမီးများ ကို ကျောင်းပိတ်ရက်များတွင်စိတ်ဝင်စားပျော်ရွှင်အောင်သင်ကြားပြသပေးသောသင်္ချာ
သင်တန်းများ၊ ရိုဘော့ကလေးများကိုယ်တိုင်ပါဝင်တည်ဆောက်ရသောသင်တန်းလေး
များသို့ ပို့ဆောင်ကြလေသည်။ကိုရီးယားကလေးများ၏အားသာချက်တစ်ခုမှာယခင်
လူကြီးများတွင်မမြင်မတွေ့ရသောအင်္ဂလိပ်စာအရည်အသွေး ရှိခြင်းပင်ဖြစ်သည်။
ယခင်က အမေရိကတွင်နှစ်များစွာ ပညာသင်ကြားပြီး ပြန်လာသော လူကြီးများထက်
ယခုမူလတန်းမှ ကလေးများ၏ အင်္ဂလိပ်စကားပြောနိုင်စွမ်းသည် ပို၍မြင့်မား လေသည်။
ဂျပန်ကို အစစယှဉ်ပြိုင်တတ်သော ကိုရီးယားတို့သည် မိမိစာမှမိမိစာ ဖြစ်နေသော ဂျပန်များ
ထက် အင်္ဂလိပ်စာအရည်အသွေးတွင် နှာတဖျားသာတော့မည် ဖြစ်လေသည်။ ကိုရီးယား ကလေးငယ်များ၏ နွေရာသီကျောင်းပိတ်ရက်တွင် လုပ်ဆောင်ရသည့် အဓိကအရေးအကြီး ဆုံးအလုပ်တစ်ခုမှာ Native Speakerများကိုယ်တိုင်သင်ကြားပြသပေးသောအင်္ဂလိပ်
စကားပြောသင်တန်းတက်ရောက်ရေးပင်ဖြစ်သည်။
အထက်တန်းအောင်မြင်ပြီးပါက တက္ကသိုလ်ကျောင်းကောင်းများ ၀င်ရောက်ခွင့်ရရေးအတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုရန် အသည်းအသန်ကြိုးစားကြရပြန်သည်။ ထိုသို့လျင် အဆင့်ဆင့်ကျားကုတ်ကျားခဲ ကြိုးစားကြရသော ကိုရီးယားတို့အတွက် ‘ပါလိ ပါလိ’ မြန်မြန်
လုပ်ဟူသော စကားကို လက်ကိုင်ထားကာ ဘ၀ကိုဖြတ်သန်းကြလေသည်။ ကမ္ဘာ့မပျော်ရွှင်ဆုံးကလေးငယ်များ
တခြားနိုင်ငံသူနိုင်ငံသားများ အထူးသဖြင့် ဆင်းရဲသော အရှေ့တောင်အာရှလို၊ အာဖရိက
လိုနိုင်ငံငယ်များမှ ကလေးများအတွက်တော့ အစစရှေ့တန်းရောက်နေပြီး၊ ခေတ်ပေါ်ပစ္စည်း
အစုံအလင် ကိုင်စွဲ
ထားသော ကိုရီးယားကလေးငယ်များကို အားကျကြမည်မှာမလွဲပင်။
သို့သော်လည်း စစ်တမ်းများအရတော့ ကိုရီးယားကလေးငယ်များ၏ဘ၀ဟာ သနားစရာကောင်း လှပေသည်။ အဖွဲ့ဝင် ၃၄ နိုင်ငံပါဝင်သော OECD (Organization for Economic
Co-operation and Development) အဖွဲ့ဝင်နိုင်ငံများတွင်ကိုရီးယားကလေးငယ်များ၏ ရုပ်ဝတ္ထုပစ္စည်း ပြည့်စုံမှုအပေါ်ကျေနပ်မှုမှာနံပါတ် ၄ နေရာတွင်ရှိသော်လည်းစိတ်ပိုင်း
ဆိုင်ရာကျေနပ်ပျော်ရွှ
င်မှုတွင်မူ အောက်ဆုံးအဆင့်တွင်သာ ရပ်တည်နေကြောင်းကိုရီး
ယားနိုင်ငံ Yonsei တက္ကသိုလ်မှပြုလုပ်သောသုတေသနမှတ်တမ်းများက ဖော်ပြနေပေသည်။
၂၀၁၀ တွင်ပြုလုပ်ထားသောသုတေသနစစ်တမ်းတစ်ခုအရကိုရီးယားတွင်အသက် ၁၀ နှစ်မှ ၁၉ နှစ်အတွင်းလူငယ်တစ်ဦးနေ့စဉ်မိမိကိုယ်ကိုအဆုံးစီရင်ကြကြောင်းပြသထားပါတယ်

ဒီစာရင်းမှာကိုယ့်ကိုယ်ကို သေကြောင်းကြံရာမှာမအောင်မြင်တဲ့သူတွေကိုတောင်ထည့်တွက်
မထားဘူးလို့ဆိုပါတယ်။ဒီလိုသေကြောင်းကြံစည်ကြရတာဟာမိဘများ၏သားသမီးများ အပေါ် မျှော်လင့်ချက်မြင့်မားပြီးထိန်းချုပ်မှု၊ကျောင်းတွင်အနိုင်ကျင့်ခံရမှု
စသည့်လူမှုရေးပြသနာ များကြောင့်ဖြစ်သည်ဟုဆိုပါသည်။
ဆက်လက်ဖော်ပြပါမည်။ 

မောင်မျိုး(စက်မှု)
(ကိုရိးယား-ယိမ်းနွဲ့နေသော ရော
င်စုံကြာစာအုပ်မှ) 

No comments:

Post a Comment

မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။