Friday, August 3, 2012

ယူကြဦးမလား ငါးထောင်တန်

နေကား ပြင်းပြင်းပူ၏။ ယင်းအပူကား ရှင်မင်းယာ၏ ခြေလှမ်းများကို မဟန့်တားနိုင်ပါချေ။ ရွှင်မြူးလန်းဆန်းနေသော ရှင်မင်းယာ တစ်ယောက်ကား ငါးထောင်တန်တစ်ထပ်ကို လက်ထဲဝယ် ကျစ်ကျစ်ပါအောင် ဆုပ်လျက် ဖလန်းဖလန်းနှင့် ဟမ်းဖုန်းအဝယ်ထွက်လာချေ၏။ယနေ့ ကား ငါးထောင်တန်ဖုန်းများ ပထမဆုံး ရောင်းချသော နေ့ပေတည်း။
.
'အို .. ဘာတဲ့။ ငါးထောင်တန်ဖုန်းတဲ့။ တသက်နဲ့ တကိုယ် ဟမ်းဖုန်းလေးတော့ကိုင်ဖူးတယ် ရှိအောင် ဝယ်ကိုင်လိုက်ဦးမယ်။'
.
ဟမ်းဖုန်းအရောင်းဆိုင်ကြီးကားခမ်းနားလှချေသည်။ဆိုင်တွင်းဝယ် အရောင်စုံ၊ဒီဇိုင်းစုံ ဟမ်းဖုန်းများကား မက်လောက်စရာ ကောင်းလှ၏။ တလက်လက်ထနေသောဒန်ငွေရောင်ဖုန်းလေးကို ငေးကြည့်ရင်း ငါးထောင်တန်ဖုန်း ဆိုတာ ဒါမျိုးလားဟုတွေးလိုက်မိသေးသည်။
.
မကြာပါ။ ကောင်တာတွင် လူစဲ၍ ရှင်မင်းယာအလှည့် ရောက်ပါပြီ။ အရောင်းစာရေးမလေး၏ပေါက်ခါနီး နူဗုံးသဖွယ် မျက်နှာထားကို မဝံ့မရဲကြည့်ရင်း ရှင်မင်းယာခမျာသွားကလေးဖြီးလျက်
.
'အဟီး .. ညီမလေး။ အစ်မ ငါးထောင်တန်ဖုန်း ဝယ်ချင်လို့ ပါ။'

မကွေးတိုင်း ချောက်မြို့နယ်တွင် ဓာတ်ငွေ့ပေါက်ကွဲမှုဖြစ်ပွား

မြန်မာနိုင်ငံအလယ်ပိုင်း၊ မကွေးတိုင်းချောက်မြို့နဲ့၂ မိုင်အကွာမှာ ဇူလိုင် ၂ရက်နေ့မွန်းလွဲ ၁ နာရီလောက် က ဓာတ်ငွေ့ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့ပါတယ်။မီးခိုးလုံးနဲ့ပေါက်ကွဲသံကို ၃ မိုင်အကွာစလေမြို့ကနေကြားရမြင်ရတယ်လို့စလေမြို့ခံတဦးကပြောပါတယ်။“H2O2စက်ရုံကနေ၁နာရီလောက်ကထိန်းကနဲ အသံ ကြားတာနဲ့ထွက်ကြည့်တော့မီးခိုးလုံးကြီးက ကောင်းကင်မှာအတော်မြင့်တာ၊ပထမဆုံးအသံကတော့ နည်း နည်း ပြင်းတယ်၊ ၅ချက်ဆင့်ပြီးပေါက်ကွဲသံထွက်လာတာ။ ရဲ၊ ကြက်ခြေနီ၊ ကယ်ဆယ်ရေး မီးသတ် တွေ ရောသွားကြတယ်။” ပေါက်ကွဲရာအရပ်ကိုသွားကြည့်ဖို့လမ်းတ၀က်မှာလုံခြုံရေးရဲတွေကအန္တရာယ်ရှိတယ် ဆိုပြီးဆက်မသွားဖို့တားမြစ်ခဲ့တဲ့အတွက်လှည့်ပြန်ခဲ့တယ်လို့သူကပြောပါတယ်။ပေါက်ကွဲရတဲ့ အကြောင်း ရင်း ကို မသိရပေမယ့်ပေါက်ကွဲတဲ့အရာဟာဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ် (H2O2)ဓာတ်ငွေ့သိုမှီးထားတဲ့စက်ရုံကဖြစ်ကြောင်း၊အရောင်ချွတ်ဆေးထုတ်လုပ်ရာမှာအ
သုံးပြုတာဖြစ်ကြောင်း၊လူအသေအပျောက်မသိရပေမယ့်အနီးတ၀ိုက်ကလူတွေအသက်ရှူ ကြပ်တဲ့ဝေဒနာခံစားရတယ်လို့အဲဒီဒေသတ၀ိုက်ကပြန်လာတဲ့သူတွေပြောဆိုနေကြောင်းဒေသခံကဆက်ပြောပါတယ်။အသေးစိတ်သိရဖို့အတွက်ဌာနဆိုင် ရာ တာဝန် ရှိသူတွေကို ဆက်သွယ်မေးမြန်းလို့မရသေးပါဘူး။

ရိုဟင်ဂျာဆိုတာ သေချာသိချင်လား....

ရခိုင်သမိုင်းကို နှစ်ပေါင်း ၂၀ ကျော်ကြာ အသေးစိတ် သုတေသနပြု လေ့လာသူ ပြင်သစ်နိုင်ငံသား သမိုင်း ပညာရှင် Dr Jacques Leider က ရိုဟင်ဂျာမှာ တိုင်းရင်းသား မဟုတ်ဟု ပြောဆိုခဲ့ပါတယ်။

ရိုဟင်ဂျာဆိုတာတိုင်းရင်းသားလူမျိုးဖြစ်ပါတယ်ဆိုတဲ့conceptမရှိပါဘူး။သူတို့အနေနဲ့မတ်တပ်ရပ်ပြီး တော့ သူတို့ဟာမြန်မာတိုင်းရင်းသားပါလို့ကြွေးကြော်လို့တော့ရတာပေါ့လေ။ ဒါပေမဲ့ဒီလိုအော်နေတာကအ ကောင်း ဆုံးနည်းလမ်းမဟုတ်ဘူးလို့ကျွန်တော်ထင်ပါတယ်။သူတို့အနေနဲ့ရခိုင်ပြည်မှာမျိုးဆက်တစ်ခုမ က နေထိုင်လာကြတဲ့မူစလင်တွေပါလို့ ပြောရင်တော့ ငြင်းဖို့ခက်ပါမယ်။ ရိုဟင်ဂျာဆိုတာ ဝေါဟာရ တစ်ခု ပါ။ ရှေးဟောင်းစကားလုံးတစ်ခုဖြစ်ပြီးတော့မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး နောက်ပိုင်းရောက်မှသာ ဒါကို အသုံး ပြုပြီးတော့ နိုင်ငံရေး ခေါင်းစဉ်တပ်နိုင်ဖို့ အတွက် တောင်းဆိုနေကြတာ ဖြစ်ပါတယ်။