Tuesday, October 18, 2011

ဇာဂနာနိုင်ငံရေးစကားပြောပြီ

နိုင်ငံကျော်ဟာသလူရွှင်တော်၊ သရုပ်ဆောင်၊ ဒါရိုက်တာနဲ့ စာရေးဆရာ မောင်သူရ ခေါ် ဇာဂနာက The Voice Weekly ဂျာနယ်နဲ့တွေ့ဆုံမေးမြန်းရာမှာ နိုင်ငံရေးနဲ့ ပတ်သက်လို့သူ့ရဲ့အမြင်ကို ပြောပြသွားပါတယ်၊ ဒီတွေ့ဆုံမေးမြန်းတာတွေထဲ က သူ့ရဲ့ပြောဆိုချက်တစ်ချို့ကို ကောက်နှုတ်ဖော်ပြလိုက်ပါတယ်။

 

နိုင်ငံရေးကို စစ်တုရင်ကစားကွက်တစ်ခုလို့မြင်

နိုင်ငံရေးမှာ အနည်းနဲ့အများဆိုသလို ကစားကြမှာဖြစ်တဲ့အတွက်   ဒါကိုကစားကွက်တစ်ခုလို့ယူဆကြည့်မယ်ဆိုရင် အခြားသောကစားကွက်တစ်ခုလိုအပ်လိမ့်အုန်းမယ်လို့ထင်တယ် …..ဒါဟာပရိယာယ်ပါတဲ့ ကစားကွက်တစ်ခု.. ဒါကစစ်တုရင် ကစားကွက်တစ်ခုဖြစ်သွားပြီ…

ကျွန်တော်တို့ဥာဏ်ကစားရတော့မယ်လို့ထင်တယ်.. တစ်ခုခုတော့ အပြန်အလှန်ရွေ့ရတော့မယ်..သူတို့ဘက်ကတော့ စရွေ့ပြီ.. စစ်တုရင်ကစားသလိုပဲ… သူ့ဘက်ကဖွင့်လိုက်တဲ့အပေါ်မူတည်ပြီးတော့ ကိုယ့်ဘက်ကလည်း လိုက်ကစားရမယ်.. သူ့ဘက်က opening တစ်ခုတော့ဖွင့်လိုက်ပြီ၊ ကိုယ့်ဘက်က ပိတ်မမိဘို့လိုတယ်…

 

လမ်းမပေါ်ထွက်တာတဲ့လုပ်ရပ်ကို ထောက်ခံမှာမဟုတ်

လမ်းမပေါ်ထွက်ပြီး အကျဉ်းသားအားလုံး လွှတ်ပေးဆိုတဲ့ စာတမ်းကြီးတွေထောင်ပြီး လုပ်တဲ့လုပ်ရပ်ကိုတော့ လုံးလုံးလျားလျား ထောက်ခံမှာမဟုတ်ဘူး၊ ကျွန်တော့်ကို အဲဒါလုပ်ပါဆိုရင်လည်း လုပ်မှာမဟုတ်ဘူး.. ဒီအချိန်မှာ ဥာဏ်ကစား ရမယ့်အချိန်..စစ်တုရင်ပွဲတစ်ခုလို့ပဲမြင်တယ်.. ဒါဟာဘောလုံးပွဲမဟုတ်ဘူး… စားပွဲပေါ်မှာကစားရမယ့်ကိစ္စ.. အဲဒါကတော့နည်းနည်းတော့သိမ်မွေ့တယ်….

 

NLD မှတ်ပုံတင်မှာလား.. မှတ်ပုံတင်ရင်ဘာဆက်ဖြစ်မလဲ

ဒေါ်စုကြည်ကို မှတ်ပုံတင်မလား.. မတင်ဘူးလားမေးပါမယ်.. ဖဲကတော့တစ်ချပ်ဝယ်ရတော့မယ်.. မ၀ယ်ချင်ရင် ဒေါ်စုကြည် ဦးဆောင်တဲံအခြားပါတီတစ်ခု အရေးတကြီးလိုလာမယ်.. နှစ်မျိုးပဲမြင်တယ်.. တစ်က NLD မှတ်ပုံတင်မှာလား.. ဒီအတွက်ဟထား တာ.. မှတ်ပုံတင်ဘာဆက်ဖြစ်မလဲ.. သို့မဟုတ် NLD ကိုဒီအတိုင်းဆက်ထားလိုက်.. variation (နိုင်ငံရေးကစားပွဲ)တစ်ခု၊ လက်ခံရင် variation တစ်ခု၊ လက်မခံရင်နောက်တစ်မျိုး ပြောပြအုန်းမယ်..။

 

စားဖိုမှူးကောင်းကောင်းလိုပြီ

ဟင်းပွဲကြီးတစ်ပွဲလိုပေါ့.. ချက်စရာအမယ်တွေတော့အစုံရောက်ပီ.. ချက်တတ်တဲ့သူတွေချက်မှ ဒီဟင်းပွဲကြီးစားကောင်းမှာ.. ချက်တတ်တဲ့သူကလည်းများများမလိုဘူး သုံးယောက်ပဲလိုတယ် ။ သေချာတာကတော့ သမ္မတကြီးဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်ကတော့ မပါလို့မဖြစ်ဘူး၊ တိုင်းပြည်ပြင်ပရောက်နေတဲ့သူတွေလည်း ဟင်းချက်တဲ့သူတွေထဲမှာ ပါဖို့လိုတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန်နှစ်ယောက်တည်းနဲ့တော့မလုံလောက်သေးဘူး…..

 

Friday, October 14, 2011

ကမ္ဘာ့လူရမ်းကားကြီးတရုတ်ရဲ့(၂၁)ရာစုကျူးကျော်နယ်ချဲ့ရေး မဟာဗျူဟာမှာပထမပစ်မှတ်ကမြန်မာပြည်

ပကတိဖြစ်ပျက်နေတာတွေအပေါ် အခြေခံထားတဲ့ အနာဂတ် ခန့်မှန်းချက်တခုကို လေ့လာ မှတ်သားမိသလောက် ဖော်ပြလိုက်ပါတယ်။ ဒီအကြောင်းကို အနောက်အုပ်စုနိုင်ငံတွေနဲ့ အာဆီယံနိုင်ငံတွေကလည်း ကြိုတင် တွက်ဆ ထားပြီးဖြစ်သလို မြန်မာ အတော်များများကလည်း သိထားပြီး ဖြစ်ပါလိမ့်မယ်။

၂ဝ၁၃ မှာ မြန်မာနိုင်ငံကို ဖြတ်ပြီး တရုတ်ဘက်ကို ပို့လွှတ်မယ့် ရေနံနဲ့ ဂက်စ်ပိုက်လိုင်း စီမံကိန်းက ပြီးပါမယ်။ ပိုက်လိုင်းတလျှောက် အမြန်မီးရထားလမ်း ဖောက်လုပ်ဖို့ကလည်း ပိုက်လိုင်းစီမံကိန်းထဲမှာ ကုန်သွယ်ရေးကိစ္စလို့ နာမည်ပေးထားတာ ရှိပါတယ်။ အာဖရိကတိုက် တတိုက်လုံးနဲ့ အရှေ့အလယ်ပိုင်းကလာတဲ့ ရေနံတွေအပြင် မြန်မာနိုင်ငံက ဂက်စ်တွေဟာ အဲဒီ ပိုက်လိုင်းတွေကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထဲကို သယ်ယူမှာ ဖြစ်ပါတယ်။ ဒီပမာဏဟာ တရုတ်နိုင်ငံရဲ့ စွမ်းအင်လိုအပ်ချက် အနည်းဆုံး ၈ဝ % ဖြစ်နေတော့ အင်မတန် တန်ဖိုးကြီးမားတာကြောင့် တရုတ်က ဒီကိစ္စမှာ နည်းနည်းလေးမှ အထိအခိုက်ခံမှာ မဟုတ်ပါဘူး။ လောင်စာ စွမ်းအင် စပြတ်တာနဲ့ တရုတ်စီးပွားရေး ပျက်စီးရာက အစပြုပြီး လူထုအုံကြွမှုတွေ ဆင့်ကဲဆင့်ကဲ ကြီးထွား ပေါက်ကွဲလာတဲ့အခါ တရုတ်တပြည်လုံး ပြိုကွဲသွားနိုင်လို့ ဖြစ်ပါတယ်။

Thursday, October 13, 2011

တရုတ်က မြန်မာကို သုံးနှစ်စိုးမယ်

အခုတလော တရုတ်နဲ့ပက်သက်ပြီး ပြောဆိုမူတွေ ညံလာတော့လွန်ခဲ့တဲ့ နှစ်သုံးဆယ်ခန့်ကကျွန်တော့်ရဲ့ အဖိုး ပြောဆိုခဲ့တဲ့ "တရုတ်က မြန်မာကို သုံးနှစ် စိုးမယ်" ဆိုတဲ့ စကားကို သွားသတိ ရမိပါတယ်။ အဖိုး ပြောတာက ၁၉၈၀ ပတ်ဝန်းကျင်က ဖြစ်ပါတယ်။ ကျွန်တော်အဖိုးကအဲဒီ အချိန်ကအသက် ၇၀ ကျော်  ၈၀ ပိုင်းကို ၀င်နေပါပြီ။ ကျွန်တော်က ရှစ်တန်းကျောင်းသားပါ။ တစ်နေ့မန္တလေးကို ပင့်ယူသွားတဲ့ မဟာမုနိ ရခိုင်ဘုရားကြီး အကြောင်း ပြောရင်းနဲ့ အဖိုးက "ဒီဘုရားကြီးကို တရုတ်က ရခိုင်ကို ပြန်ပို့ဖို့" ရှိတယ်  ဆိုပြီး ပြောပါတယ်။ ပီးရင် အဖိုးက ဘာပြောလဲ ဆိုရင် "တရုတ်က မြန်မာကို သုံးနှစ်စိုးပြီး ပြန်အထွက်မှာ ရခိုင်ကို လွတ်လပ်ရေး ပေးခဲ့မယ် လို့လည်း" ပြောပါတယ်။ အဖိုးပြောတော့ ကျွန်တော်တို့က "အဲဒါ ဘယ်တော့ ဖြစ်မလဲလို့" မေးတဲ့ အခါ အဖိုးက "မြေးတို့ ခေတ်မှာ ဖြစ်ချင် ဖြစ်နိုင်တယ်" ဆိုပြီး ပြောပါတယ်။ 

မြန်မာ့လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌရဲ့  ဖြေရှင်းချက်

ဒီတပတ် မြန်မာ့အရေး သတင်းသုံးသပ်ချက် ဆွေးနွေးခန်းမှာ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဦးဝင်းမြ ကို ဦးကျော်ဇံသာ မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ အခြေအနေ၊ လုပ်ကိုင်ဆောင်ရွက်မှုဆိုင်ရာများကို ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

ကျန်နေတဲ့ နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးဖို့ ဘန်ကီးမွန်း တိုက်တွန်း

နိုင်ငံတကာ အသိုင်းအ၀ိုင်းက တောင်းဆိုထားတဲ့ အတိုင်း သမ္မတဦးသိန်းစိန်ရဲ့ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်မှာ နိုင်ငံရေး အကျဉ်းသား အားလုံး ချွင်းချက်မရှိ လွှတ်ပေးဖို့ ကုလ အတွင်းရေးမှူးချုပ် ဘန်ကီးမွန်းက ပြောပါတယ်။ အပြည့်အစုံဖတ်ရန်

ကျန်နိုင်ငံရေးအကျဉ်းသား အားလုံး ဆက်လွှတ်ဖို့ နိုင်ငံတကာ တိုက်တွန်း

မြန်မာအစိုးရရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အရ လွတ်လာတဲ့အထဲ နိုင်ငံရေး အကျဉ်းသားအချို့ ပါဝင်တာတွေ့ရပေမယ့် ကျန်နေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကိုလည်း လွှတ်ပေးဖို့ လိုမယ်လို့ အမေရိကန်ပြည်ထောင်စုရော အီးယူ ဥရောပသမဂ္ဂကပါ မြန်မာအစိုးရကို တောင်းဆိုပါတယ်။  

အပြည့်အစုံဖတ်ရန် 

နိုင်ငံရေးအကျဉ်းသားအားလုံး မလွတ်သေးတဲ့အတွက် HRW စိတ်ပျက်

မြန်မာအစိုးရက မနေ့က နိုင်ငံရေးအကျဉ်းသားတချို့ကို ပြန်လွှတ်ပေးလိုက်တဲ့အပေါ် နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ့ အဖွဲ့အစည်းတွေက ကြိုဆိုခဲ့ကြပေမဲ့ တကယ်တမ်း လွှတ်သင့် တဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို ပြန်မလွှတ်သေးတဲ့အတွက် စိတ်ပျက်မိတယ်လို့ ဆိုကြပါတယ်။

အပြည့်အစုံဖတ်ရန်

နိုင်ငံရေးအကျဉ်းသား လွှတ်ပေးမှု စိတ်ပျက်စရာကောင်းဟု လူ့အခွင့်အရေးအဖွဲ့တွေ ဝေဖန်

မြန်မာနိုင်ငံက လွတ်ငြိမ်းချမ်းသာခွင့် အမိန့်နဲ့ အကျဉ်းထောင် အသီးသီးက ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ နိုင်ငံရေး အကျဉ်းသား တချို့ လွတ်မြောက် လာတာနဲ့ပတ်သက်ပြီး အမေရိ ကန်ပြည် ထောင်စု နယူးယောက်မြို့ အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ကြီး          HRW ကစိတ်ပျက်စရာ ဖြစ်ရကြောင်း ...........အပြည့်အစုံဖတ်ရန်

မိုးဗြဲရေကာတာအကြောင်း မီဒီယာများသို့မရောက်စေရန် ပိတ်ပင်မှုများပြုလုပ်နေ 

ကရင်နီပြည်နယ်လွိုင်ကော်မြို့၏အပေါ်ဘက်ရှမ်းပြည်နယ်အတွင်းတွင်တည်ရှိသော မိုးဗြဲရေကာတာ အကြောင်း သတင်းမီဒီယာများသို့ မရောက်စေရန် ဓါတ်ပုံနှင့်ဗီဒီယို မှတ်တမ်းသွားရောက်ကူးခွင့်မပြုဘဲ လုံခြုံရေးတင်းတင်းကျပ်ကျပ် ချထားသည်ဟု သိရသည်။  ....အပြည့်အစုံဖတ်ရန်

မြစ်ဆုံ အတွက် တရုတ်ကို နစ်နာကြေးပေးမည်

ဧရာဝတီမြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ဆိုင်းငံ့လိုက်ရခြင်းကြောင့် မြန်မာနိုင်ငံဘက်က တရုတ်နိုင်ငံသို့ နစ်နာကြေးအရတခြား သောစီမံကိန်းများလုပ်ဆောင်ပေးသွားဖွယ်ရှိကြောင်းသမ္မတအကြံပေး   ဒေါက်တာနေဇင်လတ် က ပြောဆိုသည် ......... အပြည့်အစုံဖတ်ရန်

 

 

Wednesday, October 12, 2011

ပဋိပက္ခကြားက မြန်မာနိုင်ငံ - အာရှရဲ့ ဘော့စနီးယား ဖြစ်နိုင်သလား

၁၉၉၈ခုနှစ်ကကျနော် ခေတ်ဟောင်းရခိုင်သမိုင်းကို လေ့လာနေတဲ့အချိန်မှာဗမာ့သမိုင်း                                       ပညာရှင်ကြီး ဒေါက်တာသန်းထွန်းက နှစ်ပေါင်း၃၀၀ ကျော်တည်တံ့ခဲ့တဲ့ မြောက်ဦးခေတ်                                           ဘာကြောင့်ရုတ်တရက်ပျက်သုဉ်းသွားသလဲလို့ မေးပါတယ်.......... 

အပြည့်အစုံဖတ်ရန် 

စာပေစိစစ်ရေးအပေါ် စာနယ်ဇင်းသမားတို့ အမြင်

မြန်မာနိုင်ငံ စာပေစိစစ်နှင့် မှတ်ပုံတင်ဌာန ဒု ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက ခေတ်နဲ့လျော်ညီအောင် စာပေစိစစ်ရေးဌာနကို မထားသင့်ကြောင်း မကြာသေးခင်က လွတ်လပ်သော အာရှအသံ(RFA) အသံလွှင့်ဌာနကို ပြောကြားခဲ့ပါတယ်။ အဲဒီ ပြောကြား ချက် အပေါ် ပြည်တွင်း စာနယ်ဇင်း သမားတွေရဲ့ သဘောထားအမြင်တွေကို ဖော်ပြလိုက်ပါတယ်........... 
အပြည့်အစုံဖတ်ရန်

ဆင်ဆာရှိနေသမျှ မောင်သာရစာတွေ မထုတ်ရ

စာပေစိစစ်ရေး ရှိနေသမျှ ၎င်း၏စာများအား ပြန်လည်ပုံနှိပ်ထုတ်ဝေခွင့်မပြုနိုင်ကြောင်းအမေရိကန် နိုင်ငံတွင် အခြေချနေထိုင်နေသူ စာရေးဆရာကြီး မောင်သာရ က မြန်မာစာပေလောကသို့ စာရေးသားပေးပို့ လိုက် သည်။                                                                                            တချိန်က မြန်မာဝတ္ထုတို/ရှည် လောကတွင် ထင်ရှားကြော်ကြားခဲ့သောဘဝသရုပ်ဖော် စာရေး ဆရာကြီးမောင် သာရ ၏ အဆိုပါစာကို အောက်တိုဘာ ၁ဝ ရက်နေ့ထုတ် အလင်းတန်း ဂျာနယ် တွင်  ဖော်ပြပါရှိသည်။

အပြည့်အစုံဖတ်ရန်

နိုင်ငံရေးအကျဉ်းသား လွတ်မြောက်မှုစာရင်း - စုစည်း၍ရသမျှ

ဦးသိန်းလွင်ဦး၊ ကိုမြင့်နိုင်၊ ကိုမျိုးကြီး၊ ဦးအေးချို၊ ဘွဲ့ခမ်း (ခ) အောင်အောင် နှင့် ကိုမင်းအောင် တို့ ကလေး အကျဉ်းထောင်မှ လွတ်မြောက်လာကြောင်း

အပြည့်အစုံဖတ်ရန် 

 

သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်အပေါ် ကုလအထူးကိုယ်စားလှယ် ကြိုဆို 

သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာချက်နဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ တွေကို လွတ်ငြိမ်းချမ်းသာခွင့်မှာ ထည့်သွင်းသင့်ကြောင်း မြန်မာ့လူ့အခွင့်ရေး ကော်မရှင်က မေတ္တာ ရပ်ခံ လိုက်တာ ကို မြန်မာနိုင်ငံ လူ့အခွင့်ရေးဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အထူး ကိုယ်စားလှယ်က Mr. Tomas Quintana က ကြိုဆိုလိုက်ပါတယ်။

အပြည့်အစုံဖတ်ရန်

စစ်မှန်တဲ့ အပြောင်းအလဲကို နိုင်ငံရေးအကျဉ်းသားလွတ်မြောက်မှုနှင့် HRW အကဲဖြတ်

မြန်မာနိုင်ငံမှာ တကယ်စစ်မှန်တဲ့ အပြောင်းအလဲတွေ ပြုလုပ်ခြင်းရှိမရှိကို ဒီကနေ့ ကစလွှတ်မယ်လို့ သမ္မတ ဦးသိန်းစိန် ကြေညာခဲ့တဲ့ လွတ်ငြိမ်းချမ်းသာခွင့်ထဲမှာ နိုင်ငံရေး အကျဉ်းသား ဘယ်လောက် လွှတ်ပေးမလဲဆိုတာကို ကြည့်ပြီးတော့ အကဲဖြတ်နိုင်မှာ ဖြစ်တယ်လို့  ...........

အပြည့်အစုံဖတ်ရန်

စိစစ်ရေးအဖြတ်အတောက်ဆက်ကြမ်းနေ

ဒီမိုကရေစီစနစ်တွင် စာပေစိစစ်ရေး မရှိသင့်ဟု စိစစ်ရေး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက ထုတ်ဖော် ပြောဆိုလိုက် သော်လည်း သတင်းအများစုကို စိစစ်ဖြတ်တောက်နေဆဲ ဖြစ်သည်........

အပြည့်အစုံဖတ်ရန်

 

 


ထိုင်းနိုင်ငံ အတွင်း မြန်မာတိုင်းရင်းသားလက်နက်ကိုင်များ၏ မူးယစ်ဆေးဝါးများဖမ်းဆီးခံရခြင်း

အောက်တိုဘာလ ၇ ရက်နေ့နဲ့ ၈ ရက်နေ့က ထိုင်းနိုင်ငံ Chiang Rai ပြည်နယ် Chiang
Sean ခရိုင်အတွင်းရှိ မဲခေါင်မြစ်ထဲမှာ  လူသေအလောင်း ၁၂ လောင်းမျောပါလာ တာ           ကိုတွေ့ရပါတယ်။ အလောင်းအများစုကတော့ လက်နောက်ပြန် လက်ထိပ်ခတ်ထား                                 ရပြီး ထိုင်းရဲတပ်ဖွဲ့က Pol.Col.Popkorn Khuncharoensuk က သေဆုံးသူများမှာ ၅ ရက်နေ့                           က Pha Muang တပ်ဖွဲ့ဝင်တွေနဲ့ ပစ်ခတ်မှုဖြစ်တဲ့တရုတ်သင်္ဘောမှ သင်္ဘောသားတွေဖြစ် တယ်လို့ပြောပါတယ်။ ထိုင်းအာဏာပိုင်များက တရုတ်သံရုံးကို အကြောင်းကြားပြီး တရုတ်      သံရုံးကလူးတွေ လာရောက်စစ်ဆေးပြီးတော့ ဒီတရုတ်သင်္ဘောတွေက ကုန်တင်သင်္ဘောတွေ       ဖြစ်ပြီးတော့ ၅ ရက်နေ့ မတိုင်ခင်က မူးယစ်ဆေးဝါးရောင်းဝယ်သူတွေရဲ့ အပိုင်စီးတာကို ခံရတာဖြစ်နိုင်တယ်လို့ ပြောပါတယ်။ မူးယစ်ဆေးဝါးရောင်းသူတွေအနေနဲ့ မြန်မာနိုင်ငံ အတွင်း                  က မူးယစ်ဆေးဝါးတွေကို သယ်ဆောင်ရာမှာ သင်္ဘောတွေကို သုံးလိုတာကြောင့် သတ်လိုက်တယ်             လို့ ထိုင်းအာဏာပိုင်တွေက ယူဆကြပါတယ်။ ထိုင်း Pha Muang အဖွဲ့က အောက်တိုဘာလ ၅ရက်နေ့          က မဲခေါင်မြစ်ထဲမှ ကုန်တင်သင်္ဘော နှစ်စင်းကိုစစ်ဆေးရန်အတွက် ရပ်တန့်စေခဲ့ရာမရပ်ပဲ မောင်းပြေး သွားပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့ပါတယ်။ ဒါကြောင့် Pha Muang အဖွဲ့က ပြန်လည်ပစ်ခတ်ရာ တစ်ယောက်သေ   ဆုံးပြီး ကျန်လူများ ရေထဲ ခုန်ချပြီး ထွက်ပြေးသွားပါတယ်။ ၄င်းသင်္ဘောနှစ်စီးကို စစ်ဆေးရာ  စိတ်ကြွဆေးပြား ၅၆၀၀၀၀ ခန့် ကာလတန်ဘိုး ထိုင်းဘတ် သန်း ၁၀၀ ကျေုာ် သိမ်းဆည်း ရမိခဲ့တယ်လို့ ပြောကြားပါတယ်။
*စိတ်ကြွ မူးယစ်ဆေးဝါးများ*
အမှတ် ၃ စစ်တိုင်းမှူး Lt.Gen.Wantipy က ဖမ်းမိသော မူးယစ်ဆေးဝါးတွေဟာ မြန်မာတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဖြစ်တဲ့ UWSA နဲ့  SSA (တောင်ပိုင်း)အဖွဲ့တို့မှ ပေးပို့တဲ့ဆေးပြား များ ဖြစ်တယ်လို့ ပြောပါတယ်။ ဆေးပြားများကိုတော့ ထိုင်း - မြန်မာနယ်စပ်ရှိ တရုတ်တစ်ဦးပိုင်သော
လောင်းကစားရုံတွင် အရောင်းအ၀ယ်လုပ်နေတာ ဖြစ်တယ်လို့ သိရပါတယ်။ ဆေးပြားများကိုတော့တရုတ်  သင်္ဘောတွေက သယ်လာတာ ဟုတ် / မဟုတ်ကိုတော့ တိတိကျကျမသိသေးဘူးလို့ ပြောပါတယ်။ ထိုင်း အစိုးရအနေနဲ့ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအတွက် ဗိုလ်ချုပ်ပန်ဖဦးစီးသော SSA(တောင်ပိုင်း)အဖွဲ့အား
စောင့်ကြည့်နေခြင်း အကျိုးကျေးဇူးအဖြစ် မူးယစ် ဆေးဝါးများအား ဖမ်းဆီးရမိခြင်းဖြစ်သည်။ တရုတ်အစိုးရ ဘက်မှလည်း နယ်စပ်ရှိ UWSA *“၀”*အဖွဲ့ ၏ လှုပ်ရှားမှုများအား မျက်ခြေမပြတ် စောင့်ကြည့်နေကြောင်း ထိုင်းနိုင်ငံ အခြေစိုက် နယ်စပ်ရေး အကဲခတ် ဦးအောင်မြင့်မှ ပြောကြားခဲ့ပါတယ်။  

Thursday, October 6, 2011

ရာဇသင်္ကြန်အမတ်ကြီးနှင့်ခေတ်သစ် တရုတ်-မြန်မာဆက်ဆံရေး
ဒီရက်ပိုင်းအတွင်းတက်လာတဲ့ မြန်မာနှင့်တရုတ် သတင်းတွေကိုကြည့်ပြီး ကျနော်တို့ငယ် ငယ်ကသင်ခဲ့ရတဲ့ ပုဂံ ရာဇ၀င်ထဲက ရာဇသင်္ကြန်အမတ်ကြီးရဲ့ သံတမန်ပရိယာယ် ကျွှမ်းကျင်ပုံ ကိုသတိရမိပါတယ်။ ကူဗလန်ခမ် ရဲ့တပ်တွေ ပုဂံကို ကျူးကျော်လာတော့ရာဇသင်္ကြန်အမတ် ကြီးဟာ ခမ်မင်းကြီးဆီကို သံတမန်တဦး အနေနှင့်(၁၂၈၆) သွားရောက် ခဲ့တယ် လို့သမိုင်း အထူး ပြုကျောက်စာမှာ သင်ခဲ့ရတယ်။ ကူဗလန်ခမ် နှင့်တွေ့တော့ “ အရှင်မင်းကြီး ရဲ့တိုင်း ပြည်က ကြီးမားလှပါတယ်၊ 

သံလွင် မြစ်ပေါ်ရှိရေကာတာများကိစ္စ စိတ်ဝင်စားကြရန်တိုက်တွန်းလျက်ရှိနေ
မြစ်ဆုံဆည်စီမံကိန်းနည်းတူ သံလွင်မြစ်ရိုးတလျှောက် တည်ဆောက်နေသော ရေကာတာများအရေးကိုလည်း စိတ်ဝင်စားကြ ရန် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာနှင့် မြစ်ချောင်းလေ့လာစောင့်ကြည့်အဖွဲ့များက ယနေ့ ပြောသည်။ 
အပြည့်အစုံဖတ်ရန် 

ဟောင်ကောင်သတင်းဌာနရဲ့ မြစ်ဆုံဆည်အကြောင်း ရုပ်/သံ - မြန်မာဘာသာပြန်
မှတ်ချက်...ယူနန်သတင်းဌာနက မဟုတ်ပါ.. ဟောင်ကောင် သတင်းဌာနကဖြစ်ပါတယ်.. ဒေါသတကြီးထုတ်ပြန်ကြေငြာနေတာ မဟုတ်ပါ.. သူတို့ဆီမှာ အဲဒီလို သတင်းတွေကို ဆွေးနွေးပိုင်းခြားတဲ့ အစီအစဉ်ရှိပါတယ်..
သူ့ရဲ့ပြောကြားချက်က ဒေါ်အောင်ဆန်းစုကြည်ကို လွတ်ပေးတဲ့အကြောင်း၊ ဦးသိန်းစိန်နဲ့ ဒေါ်အာင်ဆန်းစုကြည် တွေ့ဆုံချိန် ရုံးခန်းမှာ ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံကို ချိတ်ဆွဲထားတဲ့အကြောင်း၊ စစ်တပ် အုပ်ချုပ်ပြီးနောက် ဒီလိုဓာတ်ပုံမျိုးချိတ်ဆွဲထားတာကို အခုမှ ပထမဆုံးအကြိမ်တွေ့ရကြောင်း ပြောကြား ပါတယ်..
အပြည့်အစုံဖတ်ရန်

အမျိုးသားပြန်လည်သင့်မြတ်ရေးအချိန်မဆွဲတော့သင့်ပြီ
ယနေ့မြန်မာနိုင်ငံ၏ကံကြမ္မာသည် အမျိုးသားပြန်လည်သင့်မြတ်ရေး အား သမ္မတဦးသိန်းစိန် ခေါင်းဆောင် သော လက်ရှိအစိုးရအသစ်နှင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အတိုက်အခံလွှတ်တော် အတွင်း၊ အပြင်ပုဂ္ဂိုလ်များအချိန်မှီ မဆောင်ရွက်နိုင်လျှင် မကြာသောကာလတွင် တရုပ်နိုင်ငံ၏ ကိုလိုနီ ဖြစ်လာ လိမ့်မည့် အရေးကြိုတင်ဟောကိန်းထုတ်လိုပါသည်။ နေပြည်တော် အခြေအမြစ်မှလာသော သတင်းများအရရက်ပိုင်းအတွင်းကဒုတိယသမ္မတသီဟသူရဦးတင်အောင်မြင်ဦးတရုပ်နိုင်ငံသို့လျှို့ဝှက်ခရီး ထွက်ခွါသွားကြောင်း သိရပါသည်။  
အပြည့်အစုံဖတ်ရန် 



 

 

 

Wednesday, October 5, 2011

ထိုင်းဝန်ကြီးချုပ် နေပြည်တော်သွား


ထိုင်းဝန်ကြီးချုပ် မစ္စယင့်လပ်ရှင်နာဝပ်သည် မြန်မာနိုင်ငံသို့ ယနေ့ သွားရောက်ပြီး ဆယ်စုနှစ်ငါးခုအတွင်း ပထမဆုံး ပေါ်ပေါက်လာသည့် အရပ်သားအစိုးရခေါင်းဆောင်ကို တွေ့ဆုံမည်ဖြစ်သည်။

ထိုင်းဝန်ကြီးချုပ်၏ ခရီးစဉ်သည် ယနေ့ နေ့လယ် ၁း၃၀ နာရီတွင် စတင်ခဲ့သည်။ ဘန်ကောက်သို့ ည  ၁၁း၃၀ နာရီတွင် ပြန်လည်ရောက်ရှိမည်ဟု ထိုင်းအစိုးရသတင်းဌာန အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။

“ဒီခရီးစဉ်ရဲ့ ပထမရည်ရွယ်ချက်ကတော့ ထိုင်းနိုင်ငံရဲ့ ၀န်ကြီးချုပ်အဖြစ် မိတ်ဆက်ဖို့ပါပဲ” ဟု ပြောခွင့်ရ အရာရှိ မစ္စတီတီမာချိုင်စိန်က ပြောသည်။

ထိုင်းနိုင်ငံ၏ ပထမဆုံး အမျိုးသမီး ၀န်ကြီးချုပ်က နေပြည်တော် ခရီးစဉ်အတွင်း ဆွေးနွေးမည့် အဓိက အကြောင်းအရာများထဲတွင် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုတို့ ပါဝင်မည်ဖြစ်ကြောင်း ပြောခွင့်ရအရာရှိက ဆိုသည်။

သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေသည်ဟု ဝေဖန်ပြစ်တင်ခံနေရသည့် တနင်္သာရီဒေသရှိ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်း၊ အဝေးပြေးလမ်းမ ဖောက်လုပ်ရေး စီမံကိန်းများအကြောင်းလည်း ပြောဆိုကြမည်ဟု သိရသည်။

အမျိုးသား စီမံကိန်း နှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၏ ပြီးခဲ့သည့်နှစ်ဆန်းပိုင်း ထုတ်ပြန်ချက်အရ ထိုင်းသည် တရုတ်နိုင်ငံပြီးလျှင် မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုအများဆုံး ပြုလုပ်ထားသည့်နိုင်ငံ ဖြစ်သည်။

ဦးသိန်းစိန်နှင့် တွေ့ဆုံစဉ် မြန်မာပြည်နိုင်ငံရေး အခြေအနေကို ဆွေးနွေးဖွယ် ရှိမရှိ  မစ္စတီတီမာချိုင်စိန်က ပြောဆိုခြင်း မရှိသော်လည်း “မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်ကို ထိုင်းက လေးစားပါတယ်” ဟု ဆိုသည်။

ထိုင်းအစိုးရအဖွဲ့သည် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော တိုင်းရင်းသားဒေသ လူ့အခွင့်အရေးချိုးဖောက်မှုများအကြောင်းကို ဂရုမစိုက်ရုံသာမက ရှိမှန်းပင် သိမည်မဟုတ်ကြောင်း ယခင် မြန်မာစစ်အစိုးရကို ပြင်းပြင်းထန်ထန် ဝေဖန်တတ်သူ ထိုင်းနိုင်ငံရေးသမား မစ္စတာ ကရိုင်းဆတ် ချွန်ဟာဗန်းက ဧရာဝတီကို ပြောသည်။

“(ထိုင်းဝန်ကြီးချုပ်ဟောင်း) မစ္စတာသက်ဆင်လက်ထက် မြန်မာစစ်အစိုးရနဲ့ ပုဂ္ဂလိက အကျိုးစီးပွားတွေ အခြေခံတဲ့ ဆက်ဆံမှုလိုမျိုးကို ဒီခရီးစဉ်မှာ ပြန်ထူထောင်မှာတော့ စိုးရိမ်မိတယ်” ဟု သူက ပြောသည်။

မစ္စတာသက်ဆင်အာဏာရှိစဉ်က မြန်မာစစ်အစိုးရနှင့် အငြင်းပွားဖွယ် စီးပွားရေးဆိုင်ရာ ဆက်နွယ်မှုများ ရှိခဲ့ပုံကို မစ္စတာ ကရိုင်းဆတ်က ရည်ညွှန်းခြင်း ဖြစ်သည်။

ဝန်ကြီးချုပ်ရုံး၏အဆိုအရ ထိုင်း-မြန်မာနယ်စပ် မူးယစ်ဆေးကုန်သွယ်မှု ကြီးထွားလာနေခြင်းကို နှိမ်နင်းမည်ဟု ထိုင်းအစိုးရက ကြေညာထားသည့် စစ်ဆင်ရေး အကြောင်းကိုလည်း ဆွေးနွေးမည်ဟု သိရသည်။

မြန်မာနိုင်ငံအတွက် ဘတ် သန်း ၄၀ တန် မိုးလေ၀သဆိုင်ရာ အထောက်အကူပစ္စည်းများကို ခရီးစဉ်အတွင်း ပေးအပ်သွားမည်ဟု ပြောခွင့်ရ အရာရှိ မစ္စတီတီမာချိုင်စိန်က ဆိုသည်။

ထိုင်းဝန်ကြီးချုပ်သည် မကြာသေးမီက  ဘရူနိုင်း၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ လာအို စသည့် အာဆီယံနိုင်ငံများကို သွားရောက်ခဲ့ပြီးဖြစ်သည်။

ဧရာဝတီ Wednesday, 05 October 2011 14:56

ပုဂ္ဂလိကဘဏ်တချို့တွင် ဝန်ထမ်းတချို့ မရိုးမသားပြုလုပ်နေ


မန္တလေးမြို့ရှိ ပုဂ္ဂလိကဘဏ် တစ်ခုမှ ငွေကျပ် ၁၂၅ သိန်းကို ဩဂုတ်လ တတိယပတ်အတွင်းက ထုတ်ယူခဲ့ရာ ကျပ်တစ်ထောင်တန် တစ်သိန်းအုပ် ၂ အုပ်တွင် အပေါ်နဲ့ အောက် တစ်ရွက်စီမှအပ ကျပ် ၂၀ဝ တန်များ ညှပ်ထားတာကိုရော နှော ထုတ်ယူမိပါတယ်။ ထုတ်ယူခဲ့ သူက ကျွန်တော် အိမ်ရောင်းထား တဲ့ငွေကို ပုဂ္ဂလိကဘဏ်မှာ ခဏ အပ်ထားတာပါ။ ပြန်ဝယ်မယ့်အိမ် ကို စိတ်တိုင်းကျရှာလို့ရမှ ဘဏ်က နေ ငွေထုတ်တော့ အခုလို ကြုံရတာ ပါ။
၂၀ဝ တန်တွေ ညှပ်ထားတာကို လည်း ချက်ချင်းမသိပါဘူး။ အိမ်ဖိုး ငွေ အကျေချေတော့မယ်ဆိုမှ စစ် ရင်းအခုမှသိတာပါ။ သိသိချင်းငွေ ထုတ်ခဲ့တဲ့ ပုဂ္ဂလိကဘဏ်ရဲ့ မန်နေ ဂျာနဲ့တွေ့ပြီး ကျွန်တော် ကြုံရတာကို ပြောပြပါတယ်။ ကျွန်တော်လာတာ က ကွာဟတဲ့ငွေ ၁၆၀ဝ၀ဝ ကျပ် နီးပါးကို အလျော်ပေးဖို့ လာပြော တာ မဟုတ်ပါဘူး။ လူကြီးမင်းတို့ ဘဏ်မှာ မရိုးသားတဲ့ဝန်ထမ်းတချို့ ရှိနေ တယ်ဆိုတာကို သတိထားနိုင် ဖို့ အသိပေးတာပါ။ ကျွန်တော့်ဘက် က ဘယ်လောက်ပဲ ရိုးသားသည် ဖြစ်စေ၊ မှန်ကန်မှုရှိသည်ဖြစ်စေ ဘဏ်အတွင်းမှာ ရေတွက်စစ်ဆေးမှု မပြုခဲ့တာကိုက အဓိကအမှားဆိုတာ ဝန်ခံပါတယ်။...... ဘဏ်အပေါ် မှာ ယုံကြည်ခဲ့တာလည်းပါတယ်။ ဘဏ်နဲ့ ဆက်ဆံနေကြသူအားလုံးကို သင်ခန်းစာရစေချင်လို့ပါ။
မန်နေဂျာ က ကျွန်တော့်ဆီက တစ်သိန်းအုပ် ၂ အုပ်ကို ယူကြည့်ပြီး ငွေရေတွက် သူရဲ့ လက်မှတ်မပါဘူးလို့ ပြော တယ်။ မရိုးမသားလုပ်မယ့်သူက သူပါလို့ ဘယ်မှာ လက်မှတ်ထိုးပါ့ မလဲ စသည်ဖြင့် ပြောပြခဲ့ပါတယ်။ ယခုဖြစ်စဉ်တွင်....ဘဏ်တွင် ကျင့်သုံးသော စနစ်အရ ကျပ်တစ် သိန်း ၁၀ အုပ်လျှင် တစ်စည်းပလပ် စတစ် ကြိုးဖြင့်စည်းထားခြင်း၊ ကျပ် တစ်ထောင်တန်နဲ့ နှစ်ရာတန် အသေးတို့မှာ အရွယ်အစားထပ်တူ ဖြစ်ခြင်း၊ (မတူရင်လည်း တူအောင် လို့ မသမာသူကညှိတယ်) ပုဂ္ဂလိက ဘဏ်သို့အသွားအလာနည်းပြီး မျက် နှာစိမ်းဖြစ်ခြင်း၊ ရေတွက်စစ်ဆေးမှု မပြုဘဲ ပေါ့ဆခြင်း၊ ပုဂ္ဂလိက ဘဏ်ဝန်ထမ်းတစ်ဦးတလေရဲ့ မရိုး သားမှုကို တာဝန်ရှိသူ မန်နေဂျာမှ မသိရှိခြင်းတို့ကိုလည်း တွေ့ရတယ်။
ပွဲရုံလုပ်ငန်းရှင်တစ်ဦးက ပုဂ္ဂလိက ဘဏ်မှမဟုတ်ဘူး၊ ငွေနည်းလို့ များ လို့လည်းမဟုတ်ဘူး၊ ကျွန်တော်တို့ ငွေလက်ခံရင်လည်း ကိုယ်လက်ခံ မယ့် ငွေထက်တန်ဖိုးနည်းတဲ့ငွေတွေ ညှပ်ထားတာကို ပုဂ္ဂလိကဘဏ်မှာ ရော၊ ပွဲရုံမှာပါ ကြုံဖူးပါတယ်။ သတိဆိုတာပိုတယ်လို့မရှိပါဘူး။ ကိုယ့်ဘဏ်ကသာ ငွေလက်ခံတဲ့ အခါ အစိမ်းအကျက်မရွေးဘဲ စိတ် ရှည်ရှည်ထားပြီး အလုပ်သဘော အရ ရေတွက်စစ်ဆေးဖို့လိုပါ တယ် လို့ ပြောပြခဲ့ပါတယ်။
credit - မန္တလေး အလင်း

ပြည်တွင်းမှ Gmail account လုပ်နည်း

ပြည်တွင်းက သူငယ်ချင်းများအတွက် အသုံးဝင်မယ့် နည်းလမ်းလေးမို့ ဝေမျှပေးလိုက်ပါတယ်။ စမ်းကြည့်စေချင်ပါတယ်။ အဆင်ပြေရင်လည်း အချင်းချင်း လက်တို့လိုက်စေချင်ပါတယ်။ 
အပြည့်အစုံဖတ်ရန်