တောင်ငူ နိုဝင်ဘာ ၂၈
တောင်ငူ သူနာပြု တက္ကသိုလ် တက်နေတဲ့ ညီမဆီက Message ရပါတယ်။
သူတို့ ကျောင်းက ကျောင်းအုပ်ကြီး ဒေါ်မိုးနွဲ့နွဲ့အောင် ဟာ ...ကျောင်းသူတွေ
ဆီမှ မတရားသဖြင့် ခေါင်းပုံဖြတ် နေတယ်လို့ ဆိုပါတယ်။
ဒီနှစ် ကျောင်းမှာ ကျောင်းဆောင်သစ် အစိုးရက ဆောက်ပေးပါသတဲ့ ...
ဒါနဲ့ ... အဲဒီအဆောင်ကို သူတို့ကို ပြောင်းခိုင်းပါတယ် ...
အစိုးရ ဆောက်ပေးတဲ့ အဆောင်မှာ ကုတင်ကြေး ဟု ဆိုကာ ..ငွေ ၂၂၀၀၀ ကျပ်ကို
ကောက်ခံပါ သတဲ့ ... ကျောင်းပြီးရင် ပြန်ပေးမယ်လို့လည်း ဆိုပါသတဲ့ ... ဒါကိုတော့
ဘယ်သူကမှ အယုံအကြည် မရှိကြပါဘူး တဲ့ ခင်ဗျာ ... ကျောင်းအုပ်ကြီး သဘောနဲ့
ကောက်တာလားအစိုးရက ကောက်ခံခိုင်းတာလား ဆိုတာကိုလည်း သိချင်ပါသတဲ့
ခင်ဗျာနောက် ... အဆောင်က ကျွေးတဲ့ ထမင်း ဟင်းကလည်း အင်မတန်ကို
ညံ့ဖျင်းပါ သတဲ့ ... အဆောင်မှာ ဖုန်းကိုင်ခွင့်လည်း မပေးလို့ ...
ဆယ်သွယ်ရတာလည်း အတော် ခက်ခဲနေပါတယ် ...
သူတို့ အခုနှစ်သင်တန်းက ၄ လပိုင်းက စတက်ရပြီး ... လစာလည်း
ရမယ် လို့ ဆိုပါတယ် ... တလကို ၁၅၀၀၀ ကျပ် ရမှာပါ ....
အခု ၁၀ လပိုင်း ကျောင်းပိတ်တော့ လစာတွေပေးလိုက်ပါ့မယ် လို့ ကတိပေး
ထားပြီး ... ပေးတော့ ငွေ ၁၅၀၀၀ ကျပ်ကိုသာ ပေးပါသတဲ့ ...အမှန်တကယ်
ရမှာက ငွေ ၉၀၀၀၀ ကျပ် ...ဆိုတော့ ... ဆရာမကြီးက ကျန်ငွေကို ဖြတ်အုပ်
လိုက်တဲ့ သဘောဖြစ်နေပါတယ် ... ဒီကိစ္စကို အစိုးရ သိဖို့ နဲ့ အရေးယူ
ဖြေရှင်းပေးဖို့အားလုံးကို အကူအညီ တောင်းရတာရပါ ခင်ဗျာ ...
Kyaw Swar
( ဂုဏ်သိက္ခာ အရ ဓာတ်ပုံကိုတော့ ချန်လှပ်ထားခဲ့ပါတယ် )
Source : ပြစ်မှုများကိုဖော်ပြပေးမည် fb