နည်းပညာနှင့် ဆက်သွယ်ရေးဆိုင်ရာ အခြေခံအဆောက်အဦမပြည့်စုံမှုကြောင့်
အခက်အခဲများ ဖြစ်ပေါ်နေသော မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍ အားနည်း
ချက်များကို ပြောင်းလဲ ပစ်နိုင်ကြောင်း အော်ရီဒူးမြန်မာမှ စီးပွားရေးဆိုင်ရာ
အရာရှိချုပ် Mr.Scott Weenink က ပြောကြားသည်။
နိုင်ငံတကာ ကုမ္ပဏီများ မြန်မာနိုင်ငံတွင် အလုပ်လုပ်ကိုင်ရာ၌ ဆက်သွယ်ရေး
ဝန်ဆောင်မှုဆိုင်ရာ အဆင်မပြေမှုများ ကြုံတွေ့ရပြီး အခြေခံ အချက်များဖြစ်သော
အီးမေးလ်စစ်ဆေးခြင်းနှင့် ပြည်ပသို့ဖုန်း ခေါ်ဆိုခြင်းများ ပြုလုပ်ရာတွင်ပင်ခက်ခဲလေ့
ရှိကြောင်း ၎င်းကဆိုသည်။
“ပြည်ပကုမ္ပဏီ နှစ်ခုလုံးက နိုင်ငံတကာ စံနှုန်းတွေအတိုင်း လုပ်မှာဖြစ်တဲ့အတွက်
ဆက်သွယ်ရေးကဏ္ဍ တိုးတက်လာမယ်လို့ ယုံကြည်တယ်” ဟု မြန်မာ့ဆက်သွယ်ရေး
လုပ်ငန်းမှ အငြိမ်းစားအရာရှိ ဦးသန်းဦးက မှတ်ချက်ပြုသည်။
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံရှိလူဦးရေ
သန်းပေါင်း ၆၀ တွင် ခြောက်သန်းခန့်သာမိုဘိုင်းလ်ဖုန်း ပိုင်ဆိုင်ကြပြီး တယ်လီဖုန်း
သိပ်သည်းဆမှာ ၁၁ ဒသမ ၁ ရာခိုင်နှုန်းသာရှိကြောင်းသိရသည်။
အော်ရီဒူးသည် မြန်မာအစိုးရကတရားဝင်ချထားပေးမည့် ၁၅ နှစ်ကြာ လိုင်စင်သက်တမ်းအတွင်း မြန်မာနိုင်ငံတစ်ဝန်း 3G မိုဘိုင်းလ်ကွန်ရက် ဖြန့်ကြက်
မည့်အပြင် မိုဘိုင်းလ်ဘဏ်စနစ်၊ အချက်အလက်များရယူနိုင်သောဝန်ဆောင်မှုများ
(Data Services) များဆောင်ရွက်ရန်အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံ (စတာလင်ပေါင်
၉၄ ဘီလီယံ)အထိရင်းနှီးမြှုပ်နှံမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
The Voice Weekly

No comments:
Post a Comment
မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။