Monday, August 27, 2012

NLD ရဲ့ ၂၀၁၅ ခုနှစ် မျှော်လင့်ချက် စိတ်ကူးယဉ်အိပ်မက်

NLD ရဲ့ ၂၀၁၅ ခုနှစ် မျှော်လင့်ချက်စိတ်ကူးယဉ်အိပ်မက်တစ်ခုပဲ ဖြစ်လိမ့်မယ်
အခုတလောလွှတ်တော်ထဲမှာဒုတိယအကြီးဆုံးပါတီကြီးတစ်ခုဖြစ်တဲ့အမျိုးသား
ဒီမိုကရေစီအဖွဲ့ချ
ုပ်နဲ့ပတ်သက်တဲ့ပါတီတွင်းမကျေနပ်မှုသတင်းတွေဆက်တိုက်
ဆိုသလို ကြားနေရတယ်။ ကော့သောင်း၊ မြောင်းမြ၊ တွံတေးနဲ့ဂန့်ဂေါ်တို့မှာပါတီ
တွင်းမကျေနပ်မှုတွေ ဖြစ်လို့ဆန္ဒဖော်ထုတ်မှုတွေ ဖြစ်ပေါ်လာခဲ့တယ်။

“ မြို့နယ်က (၁၅)ဦး ခရိုင်က (၁၅)ဦး ပါဝင်တဲ့ ခရိုင်နဲ့ မြို့နယ်ညီလာခံကျင်းပရေး
ကော်မရှင်ကိုဇူလိုင် (၁၅) ရက်နေ့က ကော့သောင်းမြို့ဝေလရိပ်စားသောက်ဆိုင်
မှာဖွဲ့စည်းခဲ့တာဟာဒီမိုကရေစီနည်းလမ်းမကျလို့ ပြန်လည်ဖျက်သိမ်းဖို့ တောင်းဆို ဆန္ဒပြတာပါလို့” ကော့သောင်းမှာ ဖြစ်ခဲ့တဲ့ ပါတီတွင်းမကျေနပ်မှုအခြေအနေနဲ့
ဆန္ဒဖော်ထုတ်မှုအခြေအနေကို မြို့နယ်ဥက္ကဌဟောင်းလည်းဖြစ်
မြို့နယ်လူမှု
အထောက်အကူပြုအဖွဲ့ဝင်လည်းဖြစ်တဲ့ ဦးမြင့်မောင်ကပြောဆိုပါတယ်“။ဒီသတင်း
ကို သြဂုတ်လ(၁၉)ရက်နေ့မှာအာရ်အက်ဖ်အေသတင်းဌာနကလည်းထုတ်လွှင့်သွား
တာနားထောင်လိုက်ရပါတယ်။ Facebook တွေမှာလည်းဖတ်ရပါတယ်။