Saturday, July 7, 2012

ဦးသိန်းစိန်အစိုးရအပါအ၀င် နောင်အစိုးရအဆက်ဆက် ရင်ဆိုင်ရမည့် ဆိုးမွေများကို သုံးသပ်ခြင်း။

အခု ဖော်ပြသော အချက်များသည် ယခုဦးသိန်းစိန်အစိုးရသစ်လက်ထက်မှ စတင်ကာ နောင် တက်လာမည့်အစိုးရတိုင်းအတွက်အမြစ်တွယ်ဖြိုဖျက်ရခက်သည့်ကင်ဆာကဲ့သိုသော ပျက်စီးမှုဟု တင်စားနိုင်ပါသည်။အကျင့်ပျက်ချစားခြင်း၊ Rule Of Law မရှိခြင်း အစရှိသည်ကို အခြေခံထားသော ယိုယွင်းမှုများသည် ယခု ဦးသိန်းစိန် အစိုးရလက်ထက် မီဒီယာလွတ်လပ်ခွင့် အနည်းငယ်ပေးထားချိန်တွင်  မတိုင်ပင်ထားပါပဲ တစ်ပြိုင်တည်း ထွက်ပေါ်လာနေသည်မှာ မျက်မြင်ပင်ဖြစ်သည်။ နှစ်ပေါင်းများစွာ ခေါင်းငုံခံနေကြရသူများ ခေါင်းမော့လာကြသလို ဝေဖန်ထောက်ပြသူ ပညာရှင်များ မီဒီယာများ ပေါ်ထွက်လာသည်။ ထို့ကြောင့် ယခင် စစ်အစိုးရ၏ အဖက်ဖက်မှ စွန့်ပစ်ခဲ့သော ချေးထုပ်ကြီးအား ယခု အစိုးရသစ်မှ ခေါင်းပေါ်ရွက်ကာ လိုက်ဖြေရှင်းနေရသည့်ဘ၀ရောက်နေသည်ကိုလည်း စာနာမိပါသည်။ ထို့ကြောင့်ထိုကိစ္စများထဲမှမိမိလက်လှမ်းမီရာများကိုလေ့လာဖော်ပြလိုက်ပါသည်..။


(၁)ဦးသိန်းစိန်အစိုးရသစ်လက်ထက်၂၀၁၀အတွင်းမှ..၂၀၁၂အတွင်းဖြစ်ပေါ်ခဲ့သောလယ်သမားများနှင့် ပြည်သူများ အိုးအိမ်ရုံး အစရှိသည်တို့တွင် ဆန္ဒပြပွဲများ ဖြစ်ပွားခြင်း။
အဖြေ    =    ယခင်စစ် အစိုးရလက်ထက် ၁၉၈၉ မှစခဲ့သောဖြစ်စဉ်များဖြစ်ပြီး.. အစိုးရနှင့် ပလဲပနံသင့်သောကုမ္ပဏီများ၏ငွေမတန်တဆပေးချေကာ..လယ်မြေ/မြေယာသိမ်းယူမှုများ ပြုလုပ်ခဲ့ခြင်းကို မကျေနပ်ကြသဖြင့် ယခုအစိုးရသစ်လက်ထက် ကြမှ ဆန္ဒပြကြခြင်း။ ဆန္ဒပြရဲသောဖြစ်စဉ်များဆက်တိုက် ဖြစ် ပွားနေခြင်း။  (ယခုဆန္ဒပြမှုများမှာ ၁၉၈၉ မှ ၂၀၁၀) အတွင်း မြေယာသိမ်းယူမှုများကိုဆန္ဒပြခြင်းဖြစ် ပါသည်။