Saturday, August 11, 2012

ဦးကျော်ဆန်း ပြန်ကြားရေးဝန်ကြီးဌာနကို လက်လွှတ်ရဖွယ်ရှိ

တပ်မတော်အစိုးရလက်ထက်ကတည်း ပြန်ကြားရေးဝန်ကြီးဌာနကို တာဝန်ယူခဲ့သူ
သက်တော်ရှည် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းသည် ဝန်ကြီးဌာနများ လူအပြောင်း
အလဲလုပ်ရာတွင် ပြန်ကြားရေးဝန်ကြီးဌာနကို လက်လွှတ်ရဖွယ်ရှိကြာင်း နေပြည်တော် သမ္မတရုံးနှင့်နီးစပ်သည့် သတင်းရပ် ကွက်မှ စုံစမ်းသိရှိရသည်။ ပြန်ကြားရေဝန်ကြီး ဦးကျော်ဆန်း၏နေရာတွင် ဆက်ဆံရေးကောင်းမွန်ပြီး သံတမန်ဆန်သည့် အလုပ်သမား
ဝန်ကြီး ဦးအောင်ကြည်နှင့် အစား ထိုးဖွယ်ရှိကြောင်း ဦးကျော်ဆန်းသည် လူအများနှင့် ဆက်ဆံရေးမပြေပစ်သော်လည်း အလုပ်ကြိုးစားသူတစ်ဦးဖြစ်၍ ဝန်ကြီးအဖြစ်မှယုတ်လျှော့
ဖွယ်မရှိဟုထပ်ဆင့်စုံစမ်းသိရှိရသည်။ ဝန်ကြီးများ တာဝန်အပြောင်းအလဲဖြစ်မည့် သတင်းများ မကြာခဏထွက်ပေါ်ခဲ့ကြောင်း လက်ရှိဒုတိယသမ္မတရွေးချယ်မှု မပြတ်သေး၍သာ အပြီးသတ် မဆောင်ရွက်နိင်ခြင်းဖြစ်ကြောင်း ပြည်ထောင်စုအဆင့် ဝန်ကြီးတစ်ဦးက နိင်ငံရေးပါတီများနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။