Tuesday, November 20, 2012

အမေရိကန်သမ္မတ အိုဘားမား ရန်ကုန်တက္ကသိုလ်တွင် ပြောကြားခဲ့သော မိန့်ခွန်းကောက်နှုတ်ချက်

မြန်မာနိုင်ငံ၏ အံ့အားသင့်ဖွယ်ရာ အသွင်ကူးပြောင်းမှုနှင့် ထူးခြားလှသည့် ခရီးစဉ်တို့က ပိုမိုပွင့်လင်းလွတ်လပ်သော ဒီမိုကရက်တစ် အဖွဲ့အစည်းဆီသို့ ဦးတည်နေကြောင်း
အမေရိကန်သမ္မတ အိုဘားမားပြောကြား

မြန်မာနိုင်ငံ မင်္ဂလာပါ....

လူသားရဲ့ဂုဏ်သိက္ခာပေါ်မှာအမေရိကန်ရဲ့ယုံကြည်မှုကြောင့်ကျွန်တော် မြန်မာနိုင်ငံကို ရောက်လာ
ခဲ့တာပါ။ ကျွန်တော်တို့နှစ်နိုင်ငံဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်များစွာမှာ သူစိမ်းတွေလို ဖြစ်နေခဲ့ကြပါတယ်။ ‘ဒါပေမဲ့ ဒီနေ့မှာတော့ ဒီနိုင်ငံရဲ့ ပြည်သူတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ဟာ အမြဲတမ်းမျော်လင့်နေ ခဲ့တယ်ဆိုတာ
ကိုကျွန်တော် ပြောနိုင်ပါပြီ။ မြန်မာပြည်သူတွေကကျွန်တော်တို့ကိုမျော်လင့်ချက်တွေ
ပေးခဲ့ပါတယ်။ ခင်ဗျားတို့ရဲ့ ရဲရင့်မှုကို ကျွန်တော်တို့ မြင်တွေ့ခဲ့ရပါပြီ။

Sunday, November 18, 2012

အိုဘားမား နဲ့မြန်မာပြည်

အမေရိကန်သမ္မတ သမ္မတ ဘားရက်အိုဘာမား ။ နိုဝင်ဘာ(၁၉) ရက်နေ့ နံနက်ပိုင်းတွင် မစ္စတာ အိုဘားမားသည် မြန်မာနိုင်ငံ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိမည်ဖြစ်သည်။(AFP7Day News Journal
အမေရိကန်သမ္မတ ဘားရက်အိုဘားမား၏ သမိုင်းဝင် မြန်မာနိုင်ငံခရီးစဉ်အတွင်း ပြည်သူ့ရင်ပြင် ရှိ မြေကွက်လပ်တစ်နေရာတွင် အထိမ်းအမှတ် ကံ့ကော်ပင် စိုက်ပျိုးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

နိုဝင်ဘာ ၁၉ ရက်(မနက်ဖြန်)တွင် မြန်မာနိုင်ငံသို့ ရောက်
ရှိမည့် အိုဘား မား သည် အမေရိကန် သမ္မတများထဲတွင် မြန်မာနိုင်ငံသို့ ပထမဆုံးလာရောက်သော သမ္မတဖြစ် သည်။) အမေရိကန်သမ္မတ အိုဘားမားရဲ့  မြန်မာနိုင်ငံခရီးစဉ်နဲ့  ပတ်သက်ပြီးတော့ ဝေဖန်တာတွေ.. အကြံပြုတာတွေ.. ကြိုဆိုတာတွေ.. ကန့် ကွက်တာတွေ.. ထင်မြင်ယူဆချက်တွေ.. ဒီရက်ပိုင်း ပလူပျံအောင် ထွက်နေတော့ ကုန်စင်အောင်တောင် လိုက်မဖတ်နိုင်တော့ဘူးဗျာ…ဒီကြားထဲ သူတို့ လွှတ်လိုက်လို့  လာရသ လိုတောင် ပြောသူကရှိသေး။

ဘားရက်အိုဘားမား စကားတခွန်းကြောင့် မီးဟုန်းဟုန်း မတောက်ပါစေနဲ့ 


မြန်မာနိုင်ငံသို့  အမေရိကပြည်ထောင်စု သမ္မတ မစ္စတာ ဘားရက်အိုဘားမားက ဘာမဲ့ - ၁၉-
ရက်နေ့ မှာ လာမည်ဖြစ်သည် ။ သူ၏ ခရီးစဉ်နှင့် ပါတ်သက်၍ လူ့ အခွင့်အရေးအဖွဲ့ အစည်း များ
ဆိုသူ က စောလွန်းသေးသည်ဆိုကာ တချို့ က ကန့် ကွက်နေကြသေးသည် ။ တချို့ ကမူ ယခုလို လာရောက်ခြင်းအပေါ် ထောက်ခံကြသည် ။ ရေဒီယိုများကမူ ထုံးစံအတိုင်း သွေးထိုးလှုံ့ ဆော်မှုများဖြင့် ပြောဆိုရေးသား အသံ လွှင့်နေဖြစ်ကြသည် ။ အမေရိကန် အိမ်ဖြူတော်မှ အမျိုးသား လုံခြုံရေးအကြံပေးအရာရှိ မစ္စတာ ( Donilon ) က ယနေ့ တ့ နေ့ စွဲဖြင့် ဘီဘီစီက ထုတ်လွှင့်ရေးသား ခဲ့ရာ၌ မစ္စတာဘားရက်အိုဘားမား၏ ခရီးစဉ်မှာ မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးခရီးစဉ်နှင့် ကချင်ပြည်နယ်- ရခိုင်ပြည်နယ် ဖြစ်စဉ်များကို တိုက်တွန်းပြောကြားမည်ဖြစ်ကြောင်း အင်တာဗျူး ပြုလုပ်သွားသည်ကို တွေ့ ရသည် ။ သူ၏ ပြောကြားချက်မှာ ရခိုင်ပြည်နယ်မှာ မရှိသော ၄င်း(မွတ်ဆလင် အဖွဲ့ အစည်း ) တို့  ပြောဆိုနေသည့် နာမည်မျိုးဖြင့် ပြောဆိုသွားခြင်းဖြစ် သည်။ ဤသည်မှာ လွန်စွာ စိုးရိမ်ရသော စကားဖြစ်သည် ။

ရခိုင်ပြည်နယ် ပဋိပက္ခမှာ ဘယ်သူတွေ အဓိက တာဝန်ရှိသလဲ

ငယ်စဉ်တောင်ကျေး ကလေးဘ၀ က “ ပျားရည်တစ်စက်ကြောင့် ပြည်ပျက်တယ်” ဆိုတဲ့ ပုံဝထ္ထု ကလေးတစ်ပုဒ် ကိုဖတ်ခဲ့ရ ဖူးပါတယ် ။ လူတစ်ယောက် ပျားရည်ဆမ်းတဲ့ မုန့်ကို စားရာက ပျားရည်စက် တစ်စက် ကြမ်းပေါ်ကျသွားတယ် ။ သူကအမှုမဲ့အမှတ်မဲ့ပေါ့ပေါ့တန်တန်နဲ့သူစား ပြီး ကျ ကျန်နေခဲ့တဲ့ ပျားရည်စက်ကို မသုတ်ခဲ့မိဘူး ၊ အဲဒီကျနေတဲ့ ပျားရည် စက်ကို ပုရွက် က လာစားတယ် ။ ပုရွက်ကို အိမ်မြှောင်က ဆင်းပြီးစားတယ် ၊ ထိုအိမ်မြှောင်ကို ကြောင်တစ်ကောင်က ခုတ် တယ် ။ အဲဒီကြောင်ကို ခွေးတစ်ကောင်က ကိုက် တယ် ။ ကြောင်ပိုင်ရှင်က ကိုက်တဲ့ခွေးကို တုတ်နဲ့ရိုက်တယ် ။ အရိုက်ခံရ တဲ့ခွေး ပိုင်ရှင်က ကြောင်ပိုင်ရှင်ကို ဓါးနဲ့ခုတ်တယ် ။ အဲဒီကနေ ညီအကို မောင်နှမ ဆွေမျိုးသားချင်းတွေ မိတ်ဆွေတွေ ကျေးကျွန် တွေပါ ပါဝင်လာကြပြီး ခုတ်ကြထစ်ကြ သတ်ဖြတ်ကြတာ ရွာကနေမြို့ ၊ မြို့ကနေတိုင်းပြည်ပျက်ပါရောဆိုတဲ့ ပုံဝထ္ထုကလေး ပါ ။ ငယ်စဉ်ကတော့ ဘာမှန်းမသိပဲ ဖတ်ခဲ့ဘူးတဲ့အကြောင်းအရာ ကလေးတစ်ခုအဖြစ်သာ မှတ်ထင်ခဲ့ ရာက အခုတော့မှ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပြဿနာများဟာ အဲဒီပုံပြင်ကလေးများ အသက် ၀င်လာလေသလား လို့ တောင် ထင်မှတ်ရ ပါတယ် ။

ဇာတ်လမ်းမဟုတ်ပါ

ဒီနေ့ TV ထိုင်ကြည့်နေရင်းက သဘောကျစရာ သတင်းဆောင်းပါးလေးတပိုဒ်
ကြည့်မိလို့ပါ။ ရဲတွေက ရာဇ၀တ်မူ့ကျူးလွန်တယ်လို့ယူဆရတဲ့ အိမ်ကိုဖျက်ဝင်
နေချိန် မလှမ်းမကမ်းမှာ ကလေး ငါးယောက်လောက်က ခြံဝန်း တခုထဲမှာကစား
နေကြတယ်။ ရဲတွေက အိမ်တံခါးကို ဖျက်နေတာလဲတွေ့ရော ကလေးတွေက
" ဘာလို့ အိမ်ကို ဖျက်တာလဲ..." ဆိုဝိုင်းအော်ကြတာ....( ကလေးတွေက ရှိလှမှ
၅နှစ် ၆နှစ် အရွယ်တွေ )...ဒီလိုနဲ့ ရဲတွေက သူတို့ဖမ်းစရာရှိတဲ့ တရားခံကိုဖမ်း
အပြီးမှာ..ရဲအရာရှိလုပ်သူက..ကလေးတွေရှိရာကိုလာ..မိဘတွေနဲ့တွေ့ ပြီး အဲဒီ
ကလေး ငါးယောက်ကို ရဲစခမ်းခေါ်သွားတယ်...။ ရဲစခမ်းရဲ့ ခန်းမတခုထဲမှာ စား
စရာမုံ့တွေ..ကစားစရာလက်ဆောင်တွေက အသင့်ပြင်ထားပြီးသား...ကလေး
တွေကို ရဲအရာရှိလုပ်သူက လူကြီးလူကောင်းတွေကြိုဆိုသလို လေးလေးစားစား
ကြိုဆိုတယ်...ပြီးတော့မှ...သူတို့ဘာ့ကြောင့် ဒီအိမ်ကို ဖျက်ပြီး ရာဇ၀တ်ကျူးလွန်
သူကို ဖမ်းဆီးရတာလဲဆိုတာ ရှင်းပြတယ်...။ကလေးတွေ သိချင်တဲ့ မေးချင်တဲ့
မေးခွန်းတွေကို မေးခိုင်းတယ်...မေးလာသမျှ မေးခွန်းများကို စိတ်ရှည်လက်ရှည်
ပျော်ပျော်ရွင်ရွင်ဖြေပေးတယ်...။( မေးခွန်းမေးတဲ့ကလေးတွေ ရဲ့မျက်နှာသွင်
ပြင်တွေက..ကြောက်ရွံ့တဲ့ လက္ခဏာ တခုမှ မရှိတဲ့ အပြင်...ကျနော် သိပ်သဘော
ကျတဲ့အချက်ထဲမှာ ကောင်မလေးတစ်ယောက်က မုံ့တွေကိုစားရင်း ပါးစပ်မှာ
ပေနေတယ်.......( ရဲအရာရှိကမေးတယ်...သမီး ဦးတို့ကို ကြောက်လားတဲ့..
ကောင်မလေးက မျက်စောင်းလေးထိုးရင်းပြန်ဖြေလိုက်တာက...ကြောက်ပါဘူးတဲ့ )
..............( ဇာတ်လမ်းမဟုတ်ပါ...တကယ်ဖြစ်ပျက်နေတာကို ပြန်လည်ရိုက်
ကူးတင်ပြထားချက်ပါ....)............။
 
credited to : maung maung wann

စီပွားရေးမှာ အမေရိကန်ကို တရုတ်ပြည်ရဲ့ ငယ်ချစ်ဦးလို တင်းတင်းကျပ်ကျပ် ဖက်ထားတယ် . .

ဥရောပ ဘာကြောင့်ချမ်းသာလာသလဲ . . .

ဂျပန် ဘာကြောင့်ချမ်းသာလာသလဲ . . .

ကိုရီးယား ဟောင်ကောင် စင်္ကာပူ ဘာကြောင့်ချမ်းသာလာသလဲ . . .

တရုတ် ယိုးဒယား မလေးရှား ဘာကြောင့်ချမ်းသာလာသလဲ . . .

စဉ်းစားကြစမ်းပါ . . .

အမေရိကန်ကို ဈေးရောင်း နိုင်ခဲ့လို့ ချမ်းသာလာကြတာပါ . . .

ရောင်းကုန်တစ်ခုကို ဈေးအမြင့်ဆုံးပေးနိုင်တာ အမေရိကန်ပါ . . .

ရောင်းကုန်အရေအသွေးအပေါ်မှာ ဇီဇာမကြောင်တတ်တာ အမေရိကန်ပါ . . .

ပီကင်း တရုတ်တွေ နိုင်ငံရေးအရ အမေရိကန်ကို ဆန့်ကျင်ဖက်လိုလို လုပ်နေပေမယ့် . . .

စီပွားရေးမှာ အမေရိကန်ကို တရုတ်ပြည်ရဲ့ ငယ်ချစ်ဦးလို တင်းတင်းကျပ်ကျပ် ဖက်ထားတယ် . . .

အမေရိကန်ကို ဈေးမရောင်းရရင် ချက်ချင်းရူးသွားနိုင်တာ တရုတ်ပြေကြီးပါ . . .

ဗမာပြေကို ပီကင်းတရုတ်တွေနဲ့ ဒီ့ပြင် နိုင်ငံကလူတွေ နေရာဦး ခြေလာချတယ်ဆိုတာ အမေရိကန်ကို ဗမာနိုင်ငံခေါင်းစဉ်အောက်က ဈေးရောင်းချင်လို့ပါ . . .

ဒါကို ရှင်းရှင်းလင်းလင်းမြင်ကြပါ . . .

ဗမာပြေကို အမေရိကန်ကပေးမယ့် အခွင့်အလမ်းကို ကတုံးပေါ်ထိပ်ကွက် လူလည်ပတ်ကား တိုင်းတပါသား ခရိုနီများ လက်ထဲ ရောက်မသွားပါစေနဲ့ . . .
credited to : hawdeka Khalaylay

Thursday, August 30, 2012

မြန်မာ့သစ်လုပ်ငန်းမှ ဆင်နှစ်ကောင်နှင့် တရုတ်နိုင်ငံမှ ပင်လယ်ဖျံနှစ်စုံတို့အား နှစ်နိုင်ငံချစ်ကြည်ရေးအရလဲလှယ်မည်

{ရှန်စီးပြည်နယ် တိုင်းယွမ်မြို့ရှိ တိုင်းယွမ် တိရစ္ဆာန်ဥယျာဉ်တွင် အလှပြနေသော ပင်လယ်ဖျံကို တွေ့ရစဉ်}

မြန်မာ့သစ်လုပ်ငန်းမှဆင်နှစ်ကောင်နှင့်တရုတ်နိုင်ငံမှပင်လယ်ဖျံနှစ်စုံတို့ကို နှစ်နိုင်ငံ
ချစ်ကြည်ရေး အရလဲလှယ်သွားမည်ဖြစ်ကြောင်းထူး (Zoo & Gardens Business Unit) မှ
သိရသည်။

အဆိုပါပင်လယ်ဖျံ(Sea Lion) နှစ်စုံကို နေပြည်တော်တိရစ္ဆာန်ဥယျာဉ်တွင် ပြသသွားမည်ဖြစ်ပြီး ယင်းအားထားရှိရန်အတွက်အဆောက်အအုံများဆောက်လုပ်ပြီးဖြစ်ကြောင်းသိရသည်။

ပြည်သူတွေကလည်း မေးခွန်းတွေမေးကြပါဟု ဒေါ်အောင်ဆန်းစု ကြည်က ပြောကြား၊

အမျိုးသားဒီမိုကရေစီဥက္ကဌဒေါ်အောင်ဆန်းစုကြည်သည်ကျင်းပဆဲပြည်သူ့လွှတ်တော်
အစည်းအဝေးများကိုပုံမှန်တက်ရောက်ရင်းအားလပ်သောအချိန်၌ပြုလုပ်သောဥတ္တရ
သီရိမြို့နယ်ဒေသခံပြည်သူများတွေဆုံပွဲတွင်ပြည်သူများရဲ့ ကြုံတွေ့ရင်ဆိုင်နေ ရတဲ့ဒုက္ခ
များနှင့် ပက်ပြီးဤသို့ပြောကြားလိုက်သည်။ 'အားလုံးကိုဖြည့်ဆည်းပေးနိုင်မယ်လို့ ကျမတို့
မပြောပါဘူး၊ တတ်နိုင်သလောက်တော့မဖြည့်ဆည်းပေးနိုင်ရင်တောင်မှဘာကြောင့်မ
လုပ်ပေးနိုင်ဘူးဆိုတာကိုတော့ကျမတို့ပြည်သူတွေကိုရှင်းပြပါမယ်။အဲဒီတော့ဒါဟာ ပြည်သူ
ရဲ့ထောက်ခံမှုကို တောင်းခံတဲ့လူတိုင်းမှာရှိတဲ့တာဝန်ပါ။ ရှင်းပြရမယ်။

ကချင်ပြည်နယ်၊ ဟူးကောင်းဒေသက ယုဇနကုမ္ပဏီက သိမ်းထားသည့်လယ်မြေများ အကုန် ပြန်ပေးမည်

ယုဇနကုမ္ပဏီကသိမ်းထားသည့်ကချင်ပြည်နယ်ဟူးကောင်း ဒေသမှတရားစွဲဆိုထားသည့်
လယ်မြေများကိုအလုံးစုံပြန်လည် ပေးမည်ဟုကုမ္ပဏီဥက္ကဋ္ဌ ဦးဌေးမြင့်က ပြောကြောင်းသိ
ရသည်။

ဩဂုတ်၃ဝရက်နေ့တွင်ရန်ကုန်မြို့အဆိုပါ ကုမ္ပဏီရုံးချုပ်ရှေ့တွင်ဟူးကောင်းဒေသခံ
တောင်သူများဆန္ဒပြရန်စီစဉ်ထားစဉ်ဦးဌေးမြင့်ကယင်းတောင်သူများအားခေါ်ယူညှိုနှိုင်း
ခဲ့ခြင်းဖြစ်သည့်အတွက်ဆန္ဒပြပွဲမဖြစ် မြောက်ခဲ့ခြင်း ဖြစ်ကြောင်းဦးဆောင်သူ ဒေါ်ဘောက်
ဂျာကပြောသည်။

Monday, August 27, 2012

NLD ရဲ့ ၂၀၁၅ ခုနှစ် မျှော်လင့်ချက် စိတ်ကူးယဉ်အိပ်မက်

NLD ရဲ့ ၂၀၁၅ ခုနှစ် မျှော်လင့်ချက်စိတ်ကူးယဉ်အိပ်မက်တစ်ခုပဲ ဖြစ်လိမ့်မယ်
အခုတလောလွှတ်တော်ထဲမှာဒုတိယအကြီးဆုံးပါတီကြီးတစ်ခုဖြစ်တဲ့အမျိုးသား
ဒီမိုကရေစီအဖွဲ့ချ
ုပ်နဲ့ပတ်သက်တဲ့ပါတီတွင်းမကျေနပ်မှုသတင်းတွေဆက်တိုက်
ဆိုသလို ကြားနေရတယ်။ ကော့သောင်း၊ မြောင်းမြ၊ တွံတေးနဲ့ဂန့်ဂေါ်တို့မှာပါတီ
တွင်းမကျေနပ်မှုတွေ ဖြစ်လို့ဆန္ဒဖော်ထုတ်မှုတွေ ဖြစ်ပေါ်လာခဲ့တယ်။

“ မြို့နယ်က (၁၅)ဦး ခရိုင်က (၁၅)ဦး ပါဝင်တဲ့ ခရိုင်နဲ့ မြို့နယ်ညီလာခံကျင်းပရေး
ကော်မရှင်ကိုဇူလိုင် (၁၅) ရက်နေ့က ကော့သောင်းမြို့ဝေလရိပ်စားသောက်ဆိုင်
မှာဖွဲ့စည်းခဲ့တာဟာဒီမိုကရေစီနည်းလမ်းမကျလို့ ပြန်လည်ဖျက်သိမ်းဖို့ တောင်းဆို ဆန္ဒပြတာပါလို့” ကော့သောင်းမှာ ဖြစ်ခဲ့တဲ့ ပါတီတွင်းမကျေနပ်မှုအခြေအနေနဲ့
ဆန္ဒဖော်ထုတ်မှုအခြေအနေကို မြို့နယ်ဥက္ကဌဟောင်းလည်းဖြစ်
မြို့နယ်လူမှု
အထောက်အကူပြုအဖွဲ့ဝင်လည်းဖြစ်တဲ့ ဦးမြင့်မောင်ကပြောဆိုပါတယ်“။ဒီသတင်း
ကို သြဂုတ်လ(၁၉)ရက်နေ့မှာအာရ်အက်ဖ်အေသတင်းဌာနကလည်းထုတ်လွှင့်သွား
တာနားထောင်လိုက်ရပါတယ်။ Facebook တွေမှာလည်းဖတ်ရပါတယ်။

Monday, August 20, 2012

ခရီးသွားအမည်ခံနိုင်ငံခြားသားနှစ်ဦး ဥပဒေချိုးဖောက်နေ

ဥပဒေချိုးဖောက်ပြီးဓာတ်ပုံတွေရိုက်နေတဲ့နိုင်ငံခြားသားစုံတွဲ

စစ်တွေတွင်လွန်ခဲ့သည့်ရက်အနည်းငယ်ကကမ္ဘာလှည့်ခရီးသည်နိုင်ငံခြားသားနှစ်ဦးသည်
(မိန်းမကပါကစ္စတန်နိုင်ငံသူကုလားမ)ကန့်သတ်တားမြစ်နယ်မြေထဲသို့ဝင်ရောက်ရန်ကြိုး
ပမ်းမှုဖြင့်ဒေသခံလုံခြုံရေးတပ်ဖွဲ့များနှင့်အချင်းများခဲ့ကြသည်။

အဆိုပါကိစ္စအားအမှတ်(၁)ရဲစခန်းတွင်ခေါ်ယူပြီးသတိပေးတားမြစ်သော်လည်းဆက်လက်
ဝင်ရောက်ရန်ကြိုးပမ်းမှုကြောင့်လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်ဆက်လက်ပြီးအချင်းများခဲ့သည်။
အဆိုပါနှစ်ဦးမှာလုံခြုံရေးများကိုပင်အားမနာမထီလေးစားပြုလုပ်ခဲ့ကြောင်းသိရသည်။၎င်း
တို့နှစ်ဦးသည်သာမန်ကမ္ဘာလှည့်ခရီးသည်များတို့အမူအကျင့်နှင့်မတူပဲစစ်တွေမြို့ရှိအပြို
အပျက်ဟူသမျှကိုလိုက်လံရှာဖွေပြီးဓာတ်ပုံရိုက်ကူးမှုပြုလုပ်နေပြီးတားမြစ်ထားသည့်ကုလား
ရွာများထဲသို့ ၀င်ရောက်ရန်အကြိမ်ကြိမ်ကြိုးပမ်းခဲ့သည်ဟုသိရသည်။

Saturday, August 11, 2012

ဦးကျော်ဆန်း ပြန်ကြားရေးဝန်ကြီးဌာနကို လက်လွှတ်ရဖွယ်ရှိ

တပ်မတော်အစိုးရလက်ထက်ကတည်း ပြန်ကြားရေးဝန်ကြီးဌာနကို တာဝန်ယူခဲ့သူ
သက်တော်ရှည် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းသည် ဝန်ကြီးဌာနများ လူအပြောင်း
အလဲလုပ်ရာတွင် ပြန်ကြားရေးဝန်ကြီးဌာနကို လက်လွှတ်ရဖွယ်ရှိကြာင်း နေပြည်တော် သမ္မတရုံးနှင့်နီးစပ်သည့် သတင်းရပ် ကွက်မှ စုံစမ်းသိရှိရသည်။ ပြန်ကြားရေဝန်ကြီး ဦးကျော်ဆန်း၏နေရာတွင် ဆက်ဆံရေးကောင်းမွန်ပြီး သံတမန်ဆန်သည့် အလုပ်သမား
ဝန်ကြီး ဦးအောင်ကြည်နှင့် အစား ထိုးဖွယ်ရှိကြောင်း ဦးကျော်ဆန်းသည် လူအများနှင့် ဆက်ဆံရေးမပြေပစ်သော်လည်း အလုပ်ကြိုးစားသူတစ်ဦးဖြစ်၍ ဝန်ကြီးအဖြစ်မှယုတ်လျှော့
ဖွယ်မရှိဟုထပ်ဆင့်စုံစမ်းသိရှိရသည်။ ဝန်ကြီးများ တာဝန်အပြောင်းအလဲဖြစ်မည့် သတင်းများ မကြာခဏထွက်ပေါ်ခဲ့ကြောင်း လက်ရှိဒုတိယသမ္မတရွေးချယ်မှု မပြတ်သေး၍သာ အပြီးသတ် မဆောင်ရွက်နိင်ခြင်းဖြစ်ကြောင်း ပြည်ထောင်စုအဆင့် ဝန်ကြီးတစ်ဦးက နိင်ငံရေးပါတီများနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။

Friday, August 10, 2012

ဒီပဲယင်းမြို့နယ်၊ ဆင်ကျွန်ရွာမှ ကျောင်းအုပ်ဆရာကြီး၏ အဓမ္မမှု

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ ဆင်ကျွန်းရွာအခြေခံပညာမူလတန်းကျောင်း မှ ကျောင်းအုပ်ဖြစ်သူဦးအောင်ကျော်ဦးသည် ကျောင်းသူကလေးငယ်များအပေါ် မဖွယ် မရာကိစ္စများ ပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။  ဖြစ်စဉ်မှာ ကျောင်းအုပ်ဖြစ်သူ ဦးအောင်ကျော်ဦးသည်ကျောင်းသူကလေးများကိုသူ၏ရုံးခန်းအတွင်းသို့ ခေါ်ယူကာပထမ တွင်ဆံပင်ဖြူနှုတ်ခိုင်းသည်ဟုသိရပါသည်။ထို့သို့ဆံပင်ဖြူနှုတ်ပေးနေသော ကျောင်းသူ ကလေးများအား ဘောင်းဘီ၊ စကတ်များကိုဆွဲချွတ်ကာမဖွယ်မရာကိစ္စများကိုလက်ဖြင့်ကျူး
လွန်ကြောင်း သိရပါသည်။

ထို့သို့မဖွယ်မရာလုပ်သည့်ကိစ္စများကို ပြုလုပ်ကြောင်းလူကြီးမိဘများအားတိုင်ကြားပါက --

 စာမေးပွဲချမည်၊ အိမ်ကို မီးရှို့မည် --- ဟုခြိမ်းခြောက်ကြောင်းကျောင်းသူကလေးများ၏ 
 ပြန်လည်ပြောကြားချက်အရသိရပါသည်။ ကျောင်းသူကလေးများအားမဖွယ်မရာကိစ္စ
များကိုအကြိမ်ကြိမ်ပြုလုပ်ခဲ့ကြောင်း သိရပါသည်။

ထိုဖြစ်စဉ်ကိုဒီပဲယင်းမြို့နယ်၊ မြို့နယ်ပညာရေးမှူးထံသို့တိုင်တန်းခဲ့ရာ မြို့နယ်ပညာရေးမှူး

ကထိုကိစ္စကို29.7.2012 နေ့တွင်ဘုတ်(board)အဖွဲ့ဖွဲ့ကာစစ်ဆေးခဲ့သော်လည်းစစ်ဆေးချက်များ ကိုမူအတည်မပြုကြောင်းသိရပါသည်။မြို့နယ်ပညာရေးမှူးမှထိုကိစ္စကိုထိထိရောက်ရောက်
ဆောင်ရွက်ပေးခြင်းမရှိသဖြင့် ဒီပဲယင်းမြို့နယ်၊မူးကန်း၇ဲစခန်းသို့ တိုင်ကြားခဲ့ရာဆက်လက်
စုံစမ်းစစ်ဆေးနေကြောင်း သိရပါသည်။

ထို့သို့လူမဆန်၊သားသမီးချင်းကိုယ်ချင်းမစာနာ၊ဆရာကျင့်ဝတ်နှင့်မညီဘဲမိမိတပည့်ကလေး
များ အပေါ်အဓမ္မမှုကျူးလွန်ခဲ့သော ကျောင်းအုပ်ဆရာကြီးဦးအောင်ကျော်ဦးအားမည်သို့အရေး
ယူမည်ကိုမသိရသေးပါ။

သက်ဆိုင်ရာ ကျောင်းသားမိဘများကထိုကိစ္စကိုအမြန်ဆောင်ရွက်ပေးနိုင်ရန်တရားရုံးအဆင့်
ဆင့်သို့တိုင်ကြားသွားမည်ဖြစ်ကြောင်းသိရပါသည်။

မြန်မာသံအမတ်ကိုနှင်ထုတ်ရန်အင်ဒိုနီးရှားဆန္ဒပြသူများ ကတောင်းဆို

အင်ဒိုနီးရှားရှိမြန်မာသံရုံးရှေ့ဆန္ဒပြနေသူများ

မူစလင်ရိုဟင်ဂျာများအားမြန်မာနိုင်ငံတွင်ဆက်ဆံမှုနှင့်ပတ်သက်ပြီးမြန်မာသံအမတ်အားအင်ဒိုနီးရှားနိုင်ငံ မှနှင်ထုတ်ရန် အင်ဒိုနီးရှားမြို့တော်ရှိမြန်မာသံရုံးပြင်ပ၌ ဆန္ဒပြ ခဲ့သူလူ ၁ဝဝခန့်တောင်းဆိုခဲ့သည်။ ဆန္ဒပြသူ များ သည် အနီရောင်ဖြင့် Save the Rohingya ဟုရေးသားထားသည့်အဖြူရောင်ခေါင်းစည်း များဝတ်ဆင်ခဲ့ကာ Stop the violence ဟုရေးသားထားသည့်ဆိုင်းဘုတ်များကိုကိုင်ဆောင်ခဲ့ကြသည်။

အဆိုပါဆန္ဒပြပွဲကို Rohingya Solidarity Society  ဟုခေါ်သည့်အုပ်စုတစ်ခုကစီစဉ်ခဲ့ကာ မြန်မာအစိုးရကရိုဟင်ဂျာများကိုမြန်မာနိုင်ငံသားအဖြစ်အသိအမှတ်ပြုရန်သတင်းထုတ်ပြန်
ချက်၌တောင်းဆိုခဲ့သည်။ဆန္ဒပြသူများအနက်မှအချို့ကသံရုံးအတွင်းသို့ကြက်ဥများဖြင့်ပစ်
ပေါက်ခဲ့ကာ၂ဝ၁၄ခုနှစ်တွင်မြန်မာနိုင်ငံအားအာဆီယံဥက္ကဋ္ဌရာထူးအတွက်ထောက်ခံပေး
ခြင်းအားရုပ်သိမ်းပေးရန်နှင့်မြန်မာသံအမတ်အားနိုင်ငံမှနှင်ထုတ်ရန်အင်ဒိုနီးရှားသမ္မတ Susilo Bambang Yudhoyono သို့တောင်းဆို ခဲ့သည်။

Tuesday, August 7, 2012

မိန်းမအများကြီးယူထားသူများသတိထား


 မိန်းမ၆ယောက်ယူထားသည့်နိုင်ဂျီးရီးယားနိုင်ငံသားတစ်ဦးကိုဇနီးများအားလုံးကလိင်ဆက်ဆံခိုင်းရာမှ သေဆုံးသွားခဲ့ကြောင်း Daily Post သတင်းတွင်ဖော်ပြခဲ့သည်။ Uroko Onojaအမည်ရှိ နိုင်ဂျီးရီးယားနိုင်ငံသားသည်ချမ်းသာလာခဲ့ပြီးနောက်မိန်းမ၆ဦးကိုလက်ထပ်ခဲ့သည်ဟု
ဆိုသည်။
သူ၏အငယ်ဆုံးဇနီးဖြစ်သူ၏အခန်းတွင်းသို့ဝင်ရောက်သွားခဲ့သည့်အချိန်တွင်အခြားဇနီး ၅ဦးက၄င်းထံသို့ဓားများကိုင်ဆောင်ကာရောက်လာပြီးသ၀န်တိုစွာဖြင့်ရိုက်နှက်ကာ၎င်းတို့အားလိင်ဆက်ဆံခိုင်းသည် ဟုသတင်း၌ဖော်ပြခဲ့သည်။
ဇနီး ၄ဦးနှင့်လိင်ဆက်ဆံပြီးနောက်ပဉ္စမမြောက်ဇနီးနှင့်လိင်ဆက်ဆံနေစဉ် Onoja သည်အသက်ရှုရပ် သွားခဲ့သည်။သူသေဆုံးသွားခဲ့သည်ကိုမြင်ခဲ့ပြီးအခြားဇနီး ၅ဦးတို့သည်ထွက်ပြေးသွားခဲ့သည်ဟု အငယ်ဆုံးဇနီးဖြစ်သူကပြောခဲ့သည်။
သူမ၏ခင်ပွန်းဖြစ်သူသည်အသက်ရှုရပ်သွားခဲ့သည့်အချိန်တွင်သူမတို့အားလုံးကရယ်မော
နေကြောင်း၊သူမကအသက်ပြန်ရှုလာအောင်မလုပ်နိုင်သည့်အချိန်တွင်သူတို့အားလုံးတောတွင်းသို့ထွက်ပြေးသွားကြသည်ဟုအငယ်ဆုံးဇနီးဖြစ်သူကပြောခဲ့သည်။
ဇနီး၂ယောက်ကိုရဲကဖမ်းထားခဲ့ပြီးအခြားဇနီးများကိုရှာနေဆဲဟုသတင်းများတွင်ဖော်ပြခဲ့
သည်။

Source : hurriyetdailynews

Monday, August 6, 2012

ဟုမ္မလင်း မြို့နယ် က တောင်သူလယ်သမားများရဲ ဒုက္ခ

စစ်ကိုင်းတိုင်းဒေ သကြီး ဟုမ္မလင်းမြို့နယ် နန်းမီးလူး ချောင်းပေါ်မှာ ဦးမောင်ရွှေ
( မြင်သာရွာ)ဦးထွန်းလှိုင် (ခံကပ်ရွာ)ဦးစန်းမောင် (ပင်းမခေါ် ရွာ)အစရှိတဲ့ ရွာများမှ မျှောသမားဦးပေါင်း (၂၀)ခန့် ဟာ ချောင်းရေကို အသုံးပြု့ ပြီးရွှေမျာတိုက်နေတဲ့အတွက် ချောင်းရေကိုအမှီင်္ပြုပြီး စပါးစိုက်နေရတဲ့ တောင်သူတွေ ဒုက္ခ ရောက်နေကြပါတယ် ။

ကျောက်တော်မြို့နယ်တွင် မီးရှို့မူများ ပေါ်ပေါက်နေ

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင်ရခိုင်နှင့်မွတ်ဆလင်များအကြားးတဘက်နှင့်တစ်ဘက်အပြန် အလှန် မီးရှို့မူ များ ပေါ်ပေါက်နေကြောင်း  သတင်း ရရှိသည်။

ထိုကဲ့သို့ မီးရှို့မူများ ဖြစ်နေသော ကျေးရွာများးမှာ ဂုတ်ပီထောင့်၊ အပေါက်ဝ၊ ရွှေလိုင်နှင့် တောင်ပေါက်ရွာ တို့တွင် ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ အပြန်အလှန်မီးရှို့မူများ ဖြစ်ပွားလာခဲ့ခြင်းမှာဒေသအတွင်းတာဝန်ကျနေသော စစ်ဘက်ဆိုင်ရာ အရာရှိကြီများ၏ လာဒ်ပေး လာဒ်ယူမူများနှင့် ပြဿနာများ ဖြစ်ပေါ်တိုင်း  အရေးယူရန် ပျက်ကွက်ခြင်း များကြောင့် ဖြစ်ကြောင်း ကျောက်တော် ဒေသခံ တစ်ဦးက ပြောသည်။

Sunday, August 5, 2012

အစ္စလမ် virus (အပိုင်း-၁)

မြန်မာနိုင်ငံနဲ့ မြန်မာမျိုးနွယ်တိုင်းရင်းသား အားလုံးအတွက် အခုအချိန်ဟာ အင်မတန် အရေးကြီးနေပါပြီ။

တစ်ချက်မှားတာနဲ့ မြန်မာတိုင်းရင်းသားမျိုးနွယ်အားလုံးရဲ့အနာဂတ်ဟာ ရှေးရှေး ကဗုဒ္ဓဘာ သာနောင်တော် နိုင်ငံတွေဖြစ်တဲ့ မလေးရှား၊ အင်ဒိုနီးရှား၊ အာဖဂန်၊ ပါဂစ္စတန် တို့ ရဲ့ ပျက်စီးခြင်းလမ်းစဉ်ကို လိုက်သွားရ ပါ လိမ့်မယ်။

သန်း ၆၀လောက် ရှိတဲ့ မြန်မာတိုင်းရင်းသားတွေ မညီညွတ်တဲ့ အခါ သန်း၁၇၀ကျော် ဘင်္ဂလီမွတ်ဆလင် တို့ အတွက် မြန်မာနိုင်ငံကို islamize လုပ်ရတာ ပုရွက်ဆိတ်ကို အမှုန့် ချေသတ်ရသလောက် ကို လွယ်သွား ပါလိမ့်မယ်။

၂၀၁၂ အိုလံပစ်တွင်မွတ်ဆလင်ဆန့်ကျင်ရေးလှုပ်ရှားမှု

အင်္ဂလန်နိင်ငံ၌ကျင်းပနေသည့်အိုလံပစ်ပွဲတော်အတွင်းအစ္စလမ်အယူအဆနင့်မှုဆလင်ဆိုတဲ့လူတွေရဲ့ အယူသီးမှု အစွန်းရောက်မှု အကြမ်းဖက်မှု
သတ်ဖြတ်မှု မဟုတ်မမှန်သတင်းထုတ်လွင့်မှု ဘာသာခြားတို့၏
အဆောက်အအုံများအားဖျက်ဆီးမှု မိန်းမများအားလူမဆန်စွာနိင်ထက်စီးနင်း
ချုပ်ချယ်ထားမှုများအားနိင်ငံတကာမှအိုလံပစ်ပွဲလာပရိတ်သတ်အလယ်၌
မှုဆလင်ကုလားတွေရဲ့ဆိုးသွမ်းယုတ်မာမှုများအားဆန္ဒဖေါ်ထုတ်နေသည့်
အင်္ဂလန်နိင်ငံသားလူဖြူများအားတွေ့ရစဉ်...

ရန်ကုန်မြို့တွင်ပြေးဆွဲရန်ခရီးသည်တင်ကား ၃၀၀ကိုဂျပန်နိုင်ငံမှ တင်သွင်းမည်

လက်ရှိပြေးဆွဲလျက်ရှိသည့်ခရီးသည်တင်ယာဉ်အိုယာဉ်ဟောင်းများနေရာတွင်ပို့ဆောင်ရေးဝန်ကြီးဌာနနှင့် အရှေ့တိုင်းသယ်ယူပို့ဆောင်ရေးကုမ္ပဏီတို့ပူးပေါင်း၍ရန်ကုန်မြို့အတွင်းပြေးဆွဲရန်ဂျပန်နိုင်ငံမှ ခေတ်မီ ဘတ်စ်ကားပေါင်း ၃၀၀ခန့်တင်သွင်းသွားမည်ဟုသိရသည်။ အဆိုပါခေတ်မီဘတ်စ်ကားစီးရေ ၃၀၀သည် သုံးလအတွင်းပထမအသုတ်အဖြစ်စီးရေ၃၀၀တင်သွင်းမည်ဖြစ်ပြီးဆက်လက်၍အငှားယာဉ် ပြေးဆွဲရေးအ တွက် ဆလွန်း၊ ဗင်၊ ၀က်ဂွန်နှင့်ပရိုဘောက်ကားများနှင့် ၄တန်၊ ၁၀တန်ကားများ ကို လည်းတင်သွင်းသွား မည်ဖြစ်ကြောင်းသိရသည်။

Saturday, August 4, 2012

အလုပ်လက်မဲ့လူငယ်များ အလုပ်အကိုင်ရရှိရေးကူညီမည်

Generation Wave အဖွဲ့မှ လူမှုရေးလုပ်ငန်းများလုပ်မည့်လူငယ်များဖြင့်ဖွဲ့စည်းထားသည့် Golden Generation (GG) အဖွဲ့က အလုပ်လက်မဲ့လူငယ်များအလုပ်အကိုင်ရရှိရေးအတွက် ကူညီသွား မည်ဖြစ် သည်။

လူငယ်များဖြင့်ဖွဲ့စည်းထားသည့် ၄င်းအဖွဲ့သည်တစ်လလျှင် တစ်ထောင်ကျပ်စုဆောင်းပြီး လူမှုရေးလုပ် ငန်းများဆောင်ရွက်နေကာ အလှူငွေပုံမှန်ထည့်ဝင်သူ ၈၀ဦးခန့်ရှိပြီး အချိန်ပြည့်လှုပ်ရှားဆောင်ရွက်နေသူ ၅၀ဦးခန့်ရှိသည်။

Friday, August 3, 2012

ယူကြဦးမလား ငါးထောင်တန်

နေကား ပြင်းပြင်းပူ၏။ ယင်းအပူကား ရှင်မင်းယာ၏ ခြေလှမ်းများကို မဟန့်တားနိုင်ပါချေ။ ရွှင်မြူးလန်းဆန်းနေသော ရှင်မင်းယာ တစ်ယောက်ကား ငါးထောင်တန်တစ်ထပ်ကို လက်ထဲဝယ် ကျစ်ကျစ်ပါအောင် ဆုပ်လျက် ဖလန်းဖလန်းနှင့် ဟမ်းဖုန်းအဝယ်ထွက်လာချေ၏။ယနေ့ ကား ငါးထောင်တန်ဖုန်းများ ပထမဆုံး ရောင်းချသော နေ့ပေတည်း။
.
'အို .. ဘာတဲ့။ ငါးထောင်တန်ဖုန်းတဲ့။ တသက်နဲ့ တကိုယ် ဟမ်းဖုန်းလေးတော့ကိုင်ဖူးတယ် ရှိအောင် ဝယ်ကိုင်လိုက်ဦးမယ်။'
.
ဟမ်းဖုန်းအရောင်းဆိုင်ကြီးကားခမ်းနားလှချေသည်။ဆိုင်တွင်းဝယ် အရောင်စုံ၊ဒီဇိုင်းစုံ ဟမ်းဖုန်းများကား မက်လောက်စရာ ကောင်းလှ၏။ တလက်လက်ထနေသောဒန်ငွေရောင်ဖုန်းလေးကို ငေးကြည့်ရင်း ငါးထောင်တန်ဖုန်း ဆိုတာ ဒါမျိုးလားဟုတွေးလိုက်မိသေးသည်။
.
မကြာပါ။ ကောင်တာတွင် လူစဲ၍ ရှင်မင်းယာအလှည့် ရောက်ပါပြီ။ အရောင်းစာရေးမလေး၏ပေါက်ခါနီး နူဗုံးသဖွယ် မျက်နှာထားကို မဝံ့မရဲကြည့်ရင်း ရှင်မင်းယာခမျာသွားကလေးဖြီးလျက်
.
'အဟီး .. ညီမလေး။ အစ်မ ငါးထောင်တန်ဖုန်း ဝယ်ချင်လို့ ပါ။'

မကွေးတိုင်း ချောက်မြို့နယ်တွင် ဓာတ်ငွေ့ပေါက်ကွဲမှုဖြစ်ပွား

မြန်မာနိုင်ငံအလယ်ပိုင်း၊ မကွေးတိုင်းချောက်မြို့နဲ့၂ မိုင်အကွာမှာ ဇူလိုင် ၂ရက်နေ့မွန်းလွဲ ၁ နာရီလောက် က ဓာတ်ငွေ့ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့ပါတယ်။မီးခိုးလုံးနဲ့ပေါက်ကွဲသံကို ၃ မိုင်အကွာစလေမြို့ကနေကြားရမြင်ရတယ်လို့စလေမြို့ခံတဦးကပြောပါတယ်။“H2O2စက်ရုံကနေ၁နာရီလောက်ကထိန်းကနဲ အသံ ကြားတာနဲ့ထွက်ကြည့်တော့မီးခိုးလုံးကြီးက ကောင်းကင်မှာအတော်မြင့်တာ၊ပထမဆုံးအသံကတော့ နည်း နည်း ပြင်းတယ်၊ ၅ချက်ဆင့်ပြီးပေါက်ကွဲသံထွက်လာတာ။ ရဲ၊ ကြက်ခြေနီ၊ ကယ်ဆယ်ရေး မီးသတ် တွေ ရောသွားကြတယ်။” ပေါက်ကွဲရာအရပ်ကိုသွားကြည့်ဖို့လမ်းတ၀က်မှာလုံခြုံရေးရဲတွေကအန္တရာယ်ရှိတယ် ဆိုပြီးဆက်မသွားဖို့တားမြစ်ခဲ့တဲ့အတွက်လှည့်ပြန်ခဲ့တယ်လို့သူကပြောပါတယ်။ပေါက်ကွဲရတဲ့ အကြောင်း ရင်း ကို မသိရပေမယ့်ပေါက်ကွဲတဲ့အရာဟာဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ် (H2O2)ဓာတ်ငွေ့သိုမှီးထားတဲ့စက်ရုံကဖြစ်ကြောင်း၊အရောင်ချွတ်ဆေးထုတ်လုပ်ရာမှာအ
သုံးပြုတာဖြစ်ကြောင်း၊လူအသေအပျောက်မသိရပေမယ့်အနီးတ၀ိုက်ကလူတွေအသက်ရှူ ကြပ်တဲ့ဝေဒနာခံစားရတယ်လို့အဲဒီဒေသတ၀ိုက်ကပြန်လာတဲ့သူတွေပြောဆိုနေကြောင်းဒေသခံကဆက်ပြောပါတယ်။အသေးစိတ်သိရဖို့အတွက်ဌာနဆိုင် ရာ တာဝန် ရှိသူတွေကို ဆက်သွယ်မေးမြန်းလို့မရသေးပါဘူး။

ရိုဟင်ဂျာဆိုတာ သေချာသိချင်လား....

ရခိုင်သမိုင်းကို နှစ်ပေါင်း ၂၀ ကျော်ကြာ အသေးစိတ် သုတေသနပြု လေ့လာသူ ပြင်သစ်နိုင်ငံသား သမိုင်း ပညာရှင် Dr Jacques Leider က ရိုဟင်ဂျာမှာ တိုင်းရင်းသား မဟုတ်ဟု ပြောဆိုခဲ့ပါတယ်။

ရိုဟင်ဂျာဆိုတာတိုင်းရင်းသားလူမျိုးဖြစ်ပါတယ်ဆိုတဲ့conceptမရှိပါဘူး။သူတို့အနေနဲ့မတ်တပ်ရပ်ပြီး တော့ သူတို့ဟာမြန်မာတိုင်းရင်းသားပါလို့ကြွေးကြော်လို့တော့ရတာပေါ့လေ။ ဒါပေမဲ့ဒီလိုအော်နေတာကအ ကောင်း ဆုံးနည်းလမ်းမဟုတ်ဘူးလို့ကျွန်တော်ထင်ပါတယ်။သူတို့အနေနဲ့ရခိုင်ပြည်မှာမျိုးဆက်တစ်ခုမ က နေထိုင်လာကြတဲ့မူစလင်တွေပါလို့ ပြောရင်တော့ ငြင်းဖို့ခက်ပါမယ်။ ရိုဟင်ဂျာဆိုတာ ဝေါဟာရ တစ်ခု ပါ။ ရှေးဟောင်းစကားလုံးတစ်ခုဖြစ်ပြီးတော့မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး နောက်ပိုင်းရောက်မှသာ ဒါကို အသုံး ပြုပြီးတော့ နိုင်ငံရေး ခေါင်းစဉ်တပ်နိုင်ဖို့ အတွက် တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

Wednesday, August 1, 2012

ဒေါ်လာသန်း၅၀၀ကျော်တန်ဖိုးရှိသော ရွှေတြိဂံဒေသထွက် မူးယစ်ဆေးဝါးများဆစ်ဒနီတွင်ဖမ်းဆီးမိ

'ice'စိတ်ကြွဆေး၃၀၆ကီလိုဂရမ်နှင့်ဘိန်းဖြူ၂၅၂ကီလိုဂရမ်စုစုပေါင်းမူးယစ်ဆေးဝါးတန်ဖိုးအမေရိကန်ဒေါ်လာ၅၂၅သန်း(ထိုင်းဘတ်ငွေ၁၆.၅၅ဘီလျံ)ခန့်ကိုဆစ်ဒနီမြို့တွင်ဖမ်းဆီးမိခဲ့ကြောင်းရဲတပ်ဖွဲ့မှကြေညာခဲ့သည်။အဆိုပါမူးယစ်ဆေးဝါးဂိုဏ်းများလှုပ်ရှားမှုကိုသံသယ
ဖြစ်ဖွယ်ရာများကို၁၁လကျော်ကြာစုံစမ်းထောက်လှမ်းပြီးဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်။အဆိုပါမူးယစ်ဆေးဝါးများသည်နာမည်ကျော် မြန်မာအစိုးရမထိမ်းချုပ်နိုင်သောရွှေတြိဂံနယ်မြေမှတဆင့်ထိုင်း နိုင်ငံအတွင်းဖြတ်သန်းကာ ကြွေရည်သုတ်ကရားများအတွင်းထည့်သွင်း၍ကုန်ပို့ကွန်တိန်နာများဖြင့်ထိုင်းနိုင်ငံဆိပ်ကမ်းမှသြစကြေးလျနိုင်ငံဆစ်ဒနီမြို့သို့တင်ပို့ခဲ့ခြင်းဖြစ် သည်။မူးယစ်ဆေးဝါးသယ်ဆောင်လာသူများသည်ဂိုဏ်းအဖွဲ့ဖြင့်လုပ်ကိုင်ကြပြီး
ဟောင်ကောင်မှစီစဉ်မှုများရှိသည်ဟု စုံစမ်းမှုအရသိရကြောင်း ဖေါ်ပြထားသည်။


ယ္ခုလိုမူးယစ်ဆေးဝါးများဖမ်းဆီးရမိခြင်းသည်ယ္ခုနှစ်အတွက် အများဆုံးပမာဏဖြစ်ပြီး သြစတြေးလျနိုင်ငံသမိုင်းတွင်တတိယမြောက်အများဆုံးဖမ်းဆီးရမိခြင်းဖြစ်သည်။ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်မှုနှင့်ပါတ်သက်၍ဟောင်ကောင်နိုင်ငံသား၎ဦး၊ ဗြိ တိန်ဒေသမှပြောင်း ရွှေ့လာ သော သြစတြေးလျနိုင်ငံတွင် နေထိုင်ခွင့်ရှိသူ ၃ဦးတို့ကိုဖမ်းဆီးထိမ်းသိမ်းထားပြီဖြစ်သည်။

KIA ကြောင့်အရပ်သားများမီးလောင်ခံရမှုဖြစ်ပွားခဲ့

ကချင်ပြည်နယ်ဖားကန့်မြို့တွင်အရပ်သားများအရက်ဝိုင်းထိုင်သောက်နေစဉ် ကေအိုင်အေတပ်ဖွဲ့ဝင် အချို့က ဓာတ်ဆီထည့်ထားသည့်ရေသန့်ဘူးဖြင့်ပစ်ပေါက်ခဲ့သဖြင့် မီးဖိုမီးမှတဆင့်မီးလောင်မှုဖြစ်ပွား ခဲ့သဖြင့်အရပ်သား ၈ဦးမီးလောင်ဒဏ်ရာရခဲ့သည်။

ဇူလိုင်၂၆ရက်နေ့ည၁၁နာရီခန့်တွင်ဖားကန့်မြို့သာယာကုန်းကျေးရွာအ၀င် မြေစာပုံ အဟောင်းအနီးရှိလမ်းဘေးတဲအတွင်း၌ဦးမြတ်သူရ(အသက်၃၈နှစ်) နှင့်အခြားအဖော်၇ဦးတို့သည်မီးမွှေးပြီးအသင့်ပါလာသည့်အရက်စုသောက်နေကြသည်။ထိုအချိန်တွင်ပစ္စတိုများကိုင်ဆောင်ထားသည့်ကေအိုင်အေတပ်ဖွဲ့ဝင်၎ဦးရောက်ရှိလာပြီးအသင့်ပါလာသည့်ဓာတ်ဆီထည့်ထားသော ရေသန့်ဘူးဖြင့်ပစ်ပေါက်ခဲ့ရာမီးဖိုမီးမှတဆင့်ကူးစက်ပြီးမီးလောင်ကျွမ်း မှုဖြစ်ပွားခဲ့သည်။

မီးလောင်မှုကြောင့်ဦးမြတ်သူရအပါအ၀င်အရက်အတူသောက်နေသည့်ဦးတူးတူး၊ဦးမာလ၊ဦးသက်ပိုင်၊ဦးမျိုးထွန်း၊ဦးဧရာမောင်၊ဦးတင်ဆန်းအောင်၊ဦးမင်းမင်းတို့၏ခန္ဓာကိုယ်အနှံ့တို့ တွင်မီးလောင်ဒဏ်ရာ များရရှိခဲ့ကြသည်။

အဆိုပါ ဖြစ်စဉ်အတွက်ဖားကန့်ရဲစခန်းကဇူလိုင်၂၇ရက်နေ့တွင်(ပ(၁၆၀/၂၀၁၂) ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ(၃၂၆)အရအမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။

Sunday, July 29, 2012

မြန်မာ အစိုးရ ၀ါကာ အူဒင် ကို တရားစွဲဆို မည်

အမေရိကန် တွင် နေထိုင်သည့် ရိုဟင်ဂျာ ခေါင်းဆောင် ဒေါက်တာ ၀ါကာအူဒင် နှင့် အခြား နှစ်ဦး ကို မြန်မာ အစိုးရ က လိမ်ညာ ၀ါဒဖြန့် မှု ၊ သတင်းမှား ဖြန့်  ချိမှု၊ လူမျိုးရေး အဓိရုဏ်းဖြစ်စေသည့် ပြော ဆိုမှု  များ ဖြင့် ၀ါရှင်တန်ဒီစီ ရှိ ရှေ့ နေ အချို့  နှင့် တိုင်ပင် ကာ တရားရုံး တစ်ခု တွင် တရား စွဲ ဆို သွားမည် ဟု FNG မှ သံတမန် သတင်း ရပ်ကွက်ကို ကိုးကား ပြီး စုံ စမ်း သိရှိရသည်။

နေပြည်တော် မြို့  နိုင်ငံခြားရေး ၀န်ကြီးဌာန မှ အမည် မဖော် လို သည့် မြောက်အမေရိကရေးရာ ဌာန အကြီးတန်း အရာ ရှိ တစ်ဦး က ” ပြီးခဲ့ တဲ့ လတွေ က ရခိုင် ပြည်နယ် အရေးမှာ ဖြစ်ခဲ့ တာ တွေ ကို သူက မီဒီယာ တွေ ကို လိမ်ညာ ပြီး ပြောတယ် လေ ၊ သတင်းမှာ တွေ သာမက ဓာတ်ပုံ တွေ ကို လည်း မရိုးမသား ထုတ် ပြန်တယ် ” ဟု FNGကို ပြောသည်။

ပါမောက္ခ ဒေါက်တာ ၀ါကာ အူဒင်သည် မြောက် အမေရိက တိုက် ရိုဟင်ဂျာ အစည်းအရုံး ခေါင်းဆောင် တစ်ဦး ဖြစ် ပြီး မြန်မာ နိုင်ငံတွင် ခိုးဝင် နေ ထိုင်သည့် ဘင်္ဂလားဒေရှ် ရိုဟင်ဂျာများ အရေး တွင် တက် ကြွစွာ ပါဝင် လှုပ်ရှား သည်။

နေပြည်တော် ကာ ကွယ် ရေး ၀န်ကြီးဌာန အကြီးတန်း အရာ ရှိ တစ်ဦး မှ လာသည့် သတင်းတစ်ရပ် တွင် မူ ဒေါက်တာ ၀ါကာ အူဒင် ကို အကြမ်းဖက် သမား အဖြစ် သော် လည်း ကောင်းအကြမ်းဖက်မှု များ ကို ထောက်ခံ အားပေး သူ အဖြစ် သော် လည်း ကောင်းကြေငြာ သွား ရန်အစီအစဉ် ရှိ သည် ဟု FNG မှ သိရသည်။

စက်တင်ဘာလ တွင် စတင် မည့် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန် ခရီးစဉ် ဉ် ရိုဟင်ဂျာ အချို့  သည် ဆန္ဒပြ ရန် စီစဉ် ထား ကြောင်း  ၊ ထိုဆန္ဒပြ မှု များ ကို နောက် ကွယ် မှာ ဒေါက်တာ ၀ါကာ အူဒင် က အားပေး အား မြှောက် ပြုထားကြောင်း မေရီလန်း ပြည်နယ် မှ ဘင်္ဂါလီ ရိုဟင်ဂျာ လူမျိုး တစ်ဦး ဖြစ်သူ ဆူလေမန် ဖိုင်ဆယ်က FNG ကို ပြောသည်။

ကုလသမ္မဂမှ ကင်တာနားက စစ်ဆေးပြီးသည်နှင့် အဖြေထွက်ပြီး သမ္မတဦးသိန်းစိန်ကို တောင်းပန်စေရမည်

စစ်တွေမှာ ပဋိပက္ခကြောင့် မီးလောင်ပျက်စီးတဲ့ အိမ်ခြေ ၃,၆၃၆ လုံး၊ သေဆုံးသူ ၃၄ ဦး၊ ဒဏ်ရာရသူ ၅ဝ ဦး။ ကျောက်တော်မှာ မီးလောင်ပျက်စီး အိမ်ခြေပေါင်း ၁၇၁ လုံး၊ သေဆုံးသူ ၄ ဦး၊ ဒဏ်ရာရ ၃ ဦး။ ပေါက်တောမှာ မီးလောင်ပျက်စီး အိမ်ခြေပေါင်း ၁၂၁ လုံး၊ သေဆုံး ၃ ဦး၊ ဒဏ်ရာရ ၁၆ ဦး။ ရသေ့တောင်မှာ မီးလောင်ပျက်စီး အိမ်ခြေပေါင်း ၃၆၇ လုံး၊ သေဆုံးသူ ၁၄ ဦး ၊ဒဏ်ရာရသူ ၂၉ ဦး။ မောင်တောမှာ မီးလောင်ပျက်စီး အိမ်ခြေပေါင်း ၄၇၄ လုံး၊ စာသင်ကျောင်း ၃ ကျောင်း၊ သေဆုံးသူ ၂ဝ ဦး၊ ဒဏ်ရာရသူ ၆ ဦး။ ရမ်းဗြဲမှာတော့ မီးလောင်ပျက်စီး အိမ်ခြေပေါင်း ၃၅ လုံး၊ သေဆုံးသူ ၁ ဦး ဆိုတော့ ရခိုင်တပြည်နယ်လုံးမှာ မီးလောင်ပျက်စီးမှုပေါင်း ၄,၈၂၂ လုံး၊ သေဆုံးသူ ၇၇ ဦး၊ ဒဏ်ရာရ ၁၁၁ ဦး ရှိပါတယ်။ ဒီစာရင်းတွေဟာ ရခိုင် တိုင်းရင်းသားတွေနဲ့ ဘင်္ဂါလီ မူဆလင်တွေ နှစ်မျိုးစလုံး အကျူံးဝင်ပါတယ်။ မီးလောင်ပျက်စီး ဆိုရာမှာ မီးလောင်သွားတာရော၊ မီးမလောင်ဘဲ အဖျက်ခံရလို့ ပျက်စီးသွားတာရော တပေါင်းတည်း ဆိုလိုတာပါလို့  ရခိုင်ပြည်နယ် အစိုးရ တာဝန်အရှိဆုံး ဦးလှသိန်းက ပြောဆိုသွားခြင်းဖြစ်သည် ။

Friday, July 27, 2012

မောင်တောမြို့နယ်မှ စတင်ဖြစ်ပွားခဲ့သော ရခိုင်အရေးခင်းနှင့် ပတ်သက်၍ ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသ(ဦးပဉ္ဇင်း ၀ီရသူ)၏ သဘောထား။

“ဝီရသူ သဘောထား ၇/၇၄”
အရှင်ဝီရသူ၊ ဇူလိုင် ၂၁၊ ၂၀၁၂
            ၁၃၇၄-ခု ဒုတိယဝါဆိုလဆန်း(၇)
၂၀-၇-၂၀၁၂-သောကြာနေ့

မောင်တောမြို့နယ်မှ စတင်ဖြစ်ပွားခဲ့သော ရခိုင်အရေးခင်းနှင့် ပတ်သက်၍ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းနာယက ဘဒ္ဒန္တဝိစိတ္တာဘိဝံသ.အရှင်ဝီရသူ(မစိုးရိမ်)၏ သဘောထားအမှန်ကို ထုတ်ပြန်ကြေညာ အပ်ပါ သည်။
(က)    ၈-၆-၂၀၁၂-ရက်နေ့မှ စ၍ ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် တပြိုင်တည်း ဖြစ်ပွားခဲ့သော အရေးခင်းသည် ရခိုင်ကုလား အဓိကရုဏ်းလည်း မဟုတ်ပါ။
ဗုဒ္ဓဘာသာဝင်နှင့် အစ္စလာမ်ဘာသာဝင်တို့ အကြားဖြစ်ပွားသော ဘာသာရေးပဋိပက္ခ လည်း မဟုတ်ပါ။
အမှန်အားဖြင့် အစွန်းရောက် အစ္စလာမ်ဘာသာဝင် စစ်သွေးကြွများ ယုံကြည်လက်ခံထားသည့် ဂျီဟတ်စစ်ပွဲသာ ဖြစ်ပါသည်။
(ခ)      ၃-၆-၂၀၁၂-မှ ၈-၆-၂၀၁၂-အထိ ရက်ပိုင်းအတွင်းသာ ကြာလိုက်သော တောင်ကုတ်အရေး အခင်းကို အကြောင်းပြု၍ မောတော၊ စစ်တွေ၊ ရသေ့တောင်မြို့နယ်တို့တွင် ဖြစ်ပွားခဲ့သော အရေးခင်းကို လူမျိုးရေး အဓိကရုဏ်းဟု ဆိုဖွယ်ရှိသော်လည်းအကြမ်းဖက် ဘင်္ဂါလီကုလားများသည် ဟိန္ဒူလူမျိုးစုတို့၏ အသက်အိုးအိမ် စည်းစိမ်ကိုပါ ပြောင်ပြောင်တင်းတင်း ပစ်မှတ်ထား၍ ကျူးကျော်တိုက်ခိုက်ကြသည်ကို တွေ့ရသောကြောင့်ရခိုင်-ကုလား လူမျိုးရေးအဓိကရုဏ်းမဟုတ်ဟု ဆိုခြင်းဖြစ်ပါသည်။ မှန်ပါသည်။ ဘင်္ဂါလီကုလားများကို ကာယကံ ဝစီကံတို့ဖြင့် မည်သို့မျှ စော်ကားပြစ်မှားခြင်း မရှိခဲ့သော ဟိန္ဒူလူမျိုး များကိုပါ ပစ်မှတ်ထား၍ တိုက်ခိုက်ခြင်းကြောင့် ရခိုင်-ကုလား လူမျိုးရေးအဓိကရုဏ်း မဟုတ်မှန်းသိသာ ထင်ရှားပေသည်။
(ဂ)      အစွန်းရောက် စစ်သွေးကြွ အကြမ်းဖက် သောင်းကျန်းသူ ဘင်္ဂါလီကုလားများသည် ဗုဒ္ဓရုပ်ပွားတော်၏ မျက်နှာတော်ကို ကျဆုံးသူ ရခိုင်သွေးဖြင့် သုတ်လိမ်းသွားခြင်း၊ ကျောက် ဆင်းတု များ၏ ဦးခေါင်းတော်ကို ဖြတ်တောက်သွားခြင်း၊ ကြေးဆင်းတုတော်များကို မီးတိုက်ခြင်း၊ နားရွက်တော်ကို ဓားဖြင့်ခုတ်ဖြတ်ခြင်း၊ ဘုန်းတော်ကြီးများကို သတ်ဖြတ်ခြင်း၊ ဘုန်းတော်ကြီး ကျောင်းများကို မီးရှို့ခြင်းစသည့် အဓမ္မလုပ်ရပ်များကို ကြည့်လျှင် ဘာသာရေးပဋိပက္ခဟု ထင်ရဖွယ်ရှိသော်လည်း၊
အကြမ်းဖက်ဘင်္ဂါလီကုလားများသည် နစက ရုံးများ၊ စာသင်ကျောင်းများ၊ ဆေးရုံဆေးခန်းများကိုပါ ပစ်မှတ်ထားတိုက်ခိုက်ခြင်း၊ ရဲစခန်းဝင်စီး၍ လက်နက်လုခြင်း၊ ပြည်ပမှလက်နက်များ စုဆောင်း ထားခြင်း များ ပြုလုပ်လာကြသောကြောင့် ဘာသာရေးပဋိပက္ခ မဟုတ်ဟု ဆိုခြင်းဖြစ်ပါသည်။
(ဃ)    အမှန်အားဖြင့် ရခိုင်အရေးခင်းသည် မောင်တော၊ ဘူးသီးတောင်၊ စစ်တွေမြို့တို့ကို အပိုင်ကြံသော ရခိုင်ပြည်သိမ်းတိုက်ပွဲ (သို့မဟုတ်) အစ္စလာမ်မစ်စတိတ် ထူထောင်လိုသော ဂျီဟတ်ဝါဒီ ဘင်္ဂါလီ အကြမ်းဖက် စစ်သွေးကြွများ ဆင်နွှဲသည့် ဂျီဟတ်စစ်ပွဲသာ ဖြစ်ပါသည်။
အပြည့်အစုံဖတ်ရန် 

မြန်မာလူမျိုးများ အားလုံးသိစေရန်

လက်ရှိမြန်မာနိုင်ငံသည် နယ်ချဲ့ ကျူးကျော်လိုသူ ဘာသာရေး အကြောင်းပြ အကြမ်းဖက်လိုသူ ပြည်တွင်းပြည်ပရန်နှင့် ရင်ဆိုင်နေရချိန်ဖြစ်ပါသည်
အစိုးရ ရော အတိုက်အခံ အပါအဝင် ပြည်သူအားလုံးညီညွတ်ပြီး နိုင်ငံရန်ကို အဓိကချေမှုန်းကြပါစို့

... မြန်မာနိုင်ငံ သည် ပါတီအားလုံးထက်အရေးကြီးပါသည်နိုင်ငံ ပျောက်သွား လျင် အစိုးရရော အတိုက် အခံဆိုသည်မှာရှိတော့မည် မဟုတ်ပေ။

သင် သတိရှိ ရုံဖြင့် နိုင်ငံတော်ကိုကာ ကွယ်နိုင်ပါသည်

1) လုံခြုံရေးကို အထူးဂရုစိုက်ပါရန်
2) မိမိတို့ပတ်ဝန်းကျင်တွင် လူစိမ်းများတွေရှိပါက သက်ဆိုင်ရာကို အကြောင်းကြားရန် နှင့် Facebook တွင်ဖော်ပြလက်ဆင့်ကမ်းရန်
3) ပတ်ဝန်းကျင်ကို မျက်ချေမပြတ် သတိပြုနေကြပါရန်

(ကောင်းခန့်ကျော် fb မှသတိပေးချက်ကို ကူးယူဖော်ပြခြင်းဖြစ်ပါသည်)

Friday, July 13, 2012

ရိုဟင်ဂျာတွေအတွက် ဒေါ်အောင်ဆန်းစုကြည် ရဲ့အဖြေ

ILO က ဆွေးနွေးပွဲမှာ .. ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံသားတွေလို သတ်မှတ်ပါသလား ဆိုတဲ့ မေးခွန်းကို ဒုတိယ အကြိမ် သတင်းထောက် တစ်ယောက်က ထပ်မေးပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဖြေခဲ့တာ ကတော့ ...

ပထမဖြေခဲ့သလို တိုင်းပြည်မှာ တရားဥပဒေ စိုးမိုးရေးဟာ အရေးကြီးပါတယ်။ နိုင်ငံသား ဖြစ်ဖို့ဆိုတာ တိကျရှင်းလင်း ပြတ်သားတဲ့ နိုင်ငံသား ဖြစ်ပိုင်ခွင့် ဥပဒေ စပြီး လိုအပ်ပါယ်။ ဒီမှာ ပြောလိုတာက လက်တွေ့ ပြဿနာ အနေနဲ့ ရခိုင်ပြည်နယ် ပြဿနာကို ဖြေရှင်းရမှာ ဖြစ်ပါတယ်။ ကျွန်မထင်ပြောရမယ်ဆိုရင် ပြဿနာ ဖြစ်ပေါ်တာကတော့ နှစ်နိုင်ငံ နယ်စပ် ဖြတ်ကျော်မှုကနေ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ နှစ်နိုင်ငံလုံးမှာ နယ်စပ် ဖြတ်ကျော် ဝင်ရောက်မှုကို ထိမ်းချုပ်နိုင်မှု အားနည်းပါတယ်။ ရခိုင် နယ်စပ်မှာ တရားမဝင် ဝင်ရောက်နေထိုင်သူတွေ ဝင်ရောက်နေမယ်ဆိုတာ သေချာပါတယ်။ တာဝန်ယူမှု၊ တာဝန်ခံမှု၊ လာဘ်စားမှုကင်းတဲ့ နယ်စပ် လူဝင်မှုထိမ်းသိမ်းရေးလိုအပ်နေပါတယ်။ .. လို ဖြေသွားပါတယ်။

Sunday, July 8, 2012

၈၈ပြည်သူ့အင်အားစုပါတီဝင် ၂၀၀၀၀ကျော် NDF ပါတီသို့ပြောင်းမည်

မန္တလေးတိုင်းဒေသကြီးအတွင်းရှိမဟာအောင်မြေမြို့နယ်၊ အောင်မြေသာဇံမြို့နယ်၊ချမ်းမြသာစည်မြို့နယ်၊ ပြည်ကြီးတံခွန်မြို့ နယ်နှင့်ပုသိမ်ကြီးမြို့နယ်တို့မှ ၈၈ပြည်သူ့အင်အားစုပါတီ၏ပါတီဝင်၂၀၀၀၀ကျော်က NDF ပါတီသို့ပါတီဝင်များအဖြစ် ပြောင်းလဲ ၀င်ရောက်တော့မည်ဖြစ်ကြောင်း ၈၈ပြည်သူ့အင်အားစုပါတီ ဥက္ကဋ္ဌဦးမြင့်ဦးကပြောသည်။ အဆိုပါ ပါတီဝင်များကို အမျိုးသားဒီမို ကရေစီ အင်အားစုပါတီက မန္တလေးတိုင်းဒေသကြီးရှိရုံးခွဲတွင် ဇူလိုင် ၅ရက်၌အ ခမ်းအနားဖြင့် လက်ခံသွားမည်ဖြစ်ကြောင်း၊

Saturday, July 7, 2012

ဦးသိန်းစိန်အစိုးရအပါအ၀င် နောင်အစိုးရအဆက်ဆက် ရင်ဆိုင်ရမည့် ဆိုးမွေများကို သုံးသပ်ခြင်း။

အခု ဖော်ပြသော အချက်များသည် ယခုဦးသိန်းစိန်အစိုးရသစ်လက်ထက်မှ စတင်ကာ နောင် တက်လာမည့်အစိုးရတိုင်းအတွက်အမြစ်တွယ်ဖြိုဖျက်ရခက်သည့်ကင်ဆာကဲ့သိုသော ပျက်စီးမှုဟု တင်စားနိုင်ပါသည်။အကျင့်ပျက်ချစားခြင်း၊ Rule Of Law မရှိခြင်း အစရှိသည်ကို အခြေခံထားသော ယိုယွင်းမှုများသည် ယခု ဦးသိန်းစိန် အစိုးရလက်ထက် မီဒီယာလွတ်လပ်ခွင့် အနည်းငယ်ပေးထားချိန်တွင်  မတိုင်ပင်ထားပါပဲ တစ်ပြိုင်တည်း ထွက်ပေါ်လာနေသည်မှာ မျက်မြင်ပင်ဖြစ်သည်။ နှစ်ပေါင်းများစွာ ခေါင်းငုံခံနေကြရသူများ ခေါင်းမော့လာကြသလို ဝေဖန်ထောက်ပြသူ ပညာရှင်များ မီဒီယာများ ပေါ်ထွက်လာသည်။ ထို့ကြောင့် ယခင် စစ်အစိုးရ၏ အဖက်ဖက်မှ စွန့်ပစ်ခဲ့သော ချေးထုပ်ကြီးအား ယခု အစိုးရသစ်မှ ခေါင်းပေါ်ရွက်ကာ လိုက်ဖြေရှင်းနေရသည့်ဘ၀ရောက်နေသည်ကိုလည်း စာနာမိပါသည်။ ထို့ကြောင့်ထိုကိစ္စများထဲမှမိမိလက်လှမ်းမီရာများကိုလေ့လာဖော်ပြလိုက်ပါသည်..။


(၁)ဦးသိန်းစိန်အစိုးရသစ်လက်ထက်၂၀၁၀အတွင်းမှ..၂၀၁၂အတွင်းဖြစ်ပေါ်ခဲ့သောလယ်သမားများနှင့် ပြည်သူများ အိုးအိမ်ရုံး အစရှိသည်တို့တွင် ဆန္ဒပြပွဲများ ဖြစ်ပွားခြင်း။
အဖြေ    =    ယခင်စစ် အစိုးရလက်ထက် ၁၉၈၉ မှစခဲ့သောဖြစ်စဉ်များဖြစ်ပြီး.. အစိုးရနှင့် ပလဲပနံသင့်သောကုမ္ပဏီများ၏ငွေမတန်တဆပေးချေကာ..လယ်မြေ/မြေယာသိမ်းယူမှုများ ပြုလုပ်ခဲ့ခြင်းကို မကျေနပ်ကြသဖြင့် ယခုအစိုးရသစ်လက်ထက် ကြမှ ဆန္ဒပြကြခြင်း။ ဆန္ဒပြရဲသောဖြစ်စဉ်များဆက်တိုက် ဖြစ် ပွားနေခြင်း။  (ယခုဆန္ဒပြမှုများမှာ ၁၉၈၉ မှ ၂၀၁၀) အတွင်း မြေယာသိမ်းယူမှုများကိုဆန္ဒပြခြင်းဖြစ် ပါသည်။

Thursday, July 5, 2012

နိုင်ငံသား ဖြစ်သင့်ရဲ့လား

မြန်မာနိုင်ငံဒုဝန်ကြီးကနေဘင်္ဂါလီခေါ်တောတွေကိုနိုင်ငံသားအဖြစ်လက်ခံဖို.အတည်ပြု
လိုက်တယ်လို.သတင်းဖတ်မိပါတယ်။ဒါကြောင့်အရမ်းစိတ်ပျက်မိပါတယ်။ဒီ့အတွက်နိုင်ငံ
သားဖြစ်ခွင့်ဆိုတာနဲ.ပါတ်သတ်ပြီးစဉ်းစားကြရတော့မယ်။ဥပဒေထုတ်ရတော့မယ်။အ
တည်ပြုရတော့မယ်။ဒါဆိုကျမသိသလောက်နိုင်ငံတွေရဲ့နိုင်ငံသားဖြစ်ခွင့်တွေကိုပြောကြည့်
ချင်ပါတယ်။အဲ့တော့ကအင်္ဂလန်နိုင်ငံကပဲစကြပါစို.။အကြောင်းအမျိုးမျိုးကြောင့်အင်္ဂလန်
ရောက်လာကြသူတွေကိုအရင်တုန်းက ၇ နှစ်ပြည့်ရင်နိုင်ငံသားလျှောက်ခွင့် ရှိပါ တယ် ။

အခုတော့၁၀နှစ်တိုးမြှင့်လိုက်ပါတယ်။၁၀နှစ်ပြည့်ရင် PR (Permanent residence)ရမှာ
ဖြစ်ပြီး နောက် တစ်နှစ်ကြာမှcitizenship လျှောက်နိုင်မှာဖြစ်ပါတယ်။နေထိုင်စဉ်အတွင်း
လဝကဥပဒေနဲ.ငြိစွန်းမှု.မရှိသူ၊အကျင့်စရိုက်ကောင်းမွန်သူ၊အင်္ဂလိပ်စကား(သို.)စကော့
တလန်စကား(သို.)ဝေးလ်စကား ကောင်းမွန်စွာ ပြောတတ်သူဖြစ်ရပါမယ် ။ ဒါ့အပြင် တခြားလိုအပ်ချက်တွေ ရှိပါသေးတယ်။ တကယ့် တရားဝင်လာရောက် ပညာသင်သူ ၊ အလုပ်လုပ်ကိုင်သူများအတွက်ပါ ။ ဘာကြောင့် နှစ်တိုးမြှင့်လိုက်သလဲ ဆိုတာ ရှင်းပါ
တယ် ။ အရင် စီးပွားရေးပြေလည်တုန်းက မသိသာပေမယ့် စီးပွားရေးကျဆင်းချိန်မှာ
ကိုယ့်နိုင်ငံသားကိုသာဦးစားပေးရပါမယ်။သို.သော်ဒီမိုကရေစီနိုင်ငံကလည်းဖြစ်ပြန်တော့
နိုင်ငံသားမပေးတော့ဘူးလို. လုပ်လို.က လည်း မကောင်းတော့နှစ်တိုးမြှင့်လိုက်တာပါ၊အဲ့
ဒါနဲ.တဆက်တည်း နိုင်ငံသားလျှောက်နိုင်ချေရှိတဲ့ လမ်းတွေလည်း ဥပဒေတိုးမြှင့်လိုက်ပါ
တယ်။ ကျောင်းသားတယောက်ကို၅နှစ်ထက်ပိုပြီးစာသင်ခွင့်မပေးတော့တာမျိုး၊ ဘွဲ.ရ ပြီး
ပေးနေကြ ဘွဲ.လွန်အလုပ်လုပ်ခွင့်(PSW= Post Study Work) မပေးတော့တာမျိုး လုပ်ချ
လိုက်ပါတယ် ။

Wednesday, July 4, 2012

အပြောင်းအလဲတွေလုပ်လာမယ့် အင်န်အယ်ဒီ နဲ့ ယူအက်စ်ဒီပီ

ကြားဖြတ်ရွေးကောက်ပွဲနေရာများမှာအန်အယ်ဒီကအပြတ်အသတ်နိုင်သွားတဲ့အတွက်လွှတ်တော်မှာနေရာ၈ရာနှုန်းလောက်ရရှိသွားခဲ့ပြီးပါပြီ။အတိုက်ခံတိုင်းရင်းသားပါတီများကိုထည့်တွက်ရ၁၅ရာနှုန်းလောက်တော့လွှတ်တော်မှာရှိပါမယ်။တိုင်းရင်းသားပါတီဆိုတာအတိုက်အခံဖက်သားများလို့ပြောနိုင်ပါ တယ်။


 




ပုသိမ်မြို့က ကြံဖွံ့အမတ်တဦး
လွန်ခဲ့တဲ့အနှစ်၂၀လောက်က၁၀တန်းကိုထူးချွန်စွာအောင်မြင်ခဲ့တဲ့မိန်းကလေးတဦးရှိပါတယ်။မင်းကြီးလမ်းကချမ်းသာသူတဦးကဆေးကျောင်းတက်ဖို့ရိုးသားစွာထောက်ပံ့ပေးပြီးဆရာ ၀န်ဖြစ်လာပါတယ်။ဆရာဝန်ဖြစ်တော့သူတို့သားနဲ့အိမ်ထောင်ပြုလိုက်ပြီး၊ပုသိမ်မှာဆင်းရဲသူများကြားမှာဆေးခန်းကလေးထူထောင်ပြီး၊အသက်မွေးဝမ်းကြောင်းပါတယ်။ပုသိမ်မြို့ဆိုတာ မြန်မာပြည်နယ်တိုင်းမြို့တော်များမှာ“နာမည်ကြီးထမင်းငတ်”၊ဆန်၊ငါးပုဇွန်အလွန်ထွက်ပေ မယ့်အားလုံးနိုင်ငံခြားပို့ပြီးပြည်သူလူထုကတော့ဆင်းရဲနေတဲ့မြို့ကြီးဖြစ်ပါတယ်။မြန်မာပြည်တခြားမြို့ကြီးများမှာမော်တော်ဆိုင်ကယ်အိမ်တိုင်းရှိနေကြပေမဲ့၊ပုသိမ်မြိုကမော်တော်ဆိုင် ကယ်ပိုင်ရှင်ဆိုရင်သူဌေးလို့သတ်မှတ်ပါတယ်။အဲဒီလောက်ဆင်းရဲတဲ့လူတွေကြားမှာဆရာ ၀န်မလေးကကုသိုလ်လည်းရ၊၀မ်းလည်းဝကိုယ်ပိုင်ဆေးခန်းဖွင့်ပါတယ်။စေတနာကြောင့်ဝင်ငွေအသင့်တင့်ကောင်းပြီး၊အနှစ်၂၀လောက်မှာနာမည်ကျော်ဆရာဝန်မတဦးဖြစ်လာပါတယ်။၂၀၀၇နာဂစ်မုန်တိုင်းနဲ့သံယာအရေးအခင်းနောက်ပိုင်း၊ကြံ့ဖွဲ့ပါတီပြုပြင်ပြောင်းလည်းရေးလုပ်ချိန်၊အဲဒီဆရာဝန်အမျိုးသမီးကိုလွှတ်တော်အမတ်အဖြစ်ကြံ့ဖွံ့ပါတီမှရွေးချယ်ခဲ့ပါတယ်။ ၂၀၁၀ရွေးကောက်ပွဲမှ အမတ်ဖြစ်လာပါတယ်။

လူပွဲစားဖြင့် မလေးရှားနိုင်ငံ သွားသည့် လီဆူအမျိုးသမီး (၂)ဦး ပျောက်ဆုံးနေ


လူပွဲစားများ၏ ဆက်သွယ်ပေးမှုဖြင့် ကရင်ပြည်နယ်၊ မြ၀တီမြို့မှတဆင့် မလေးရှားနိုင်ငံသို့ တောလမ်းဖြင့်သွားသည့် အသက် ၂၈နှစ်အ ရွယ် အာချီနှင့် အသက် ၂၁အရွယ် အာချာဆိုသူ လီဆူတိုင်းရင်းသူ ညီအစ်မ နှစ်ဦး ပျောက်ဆုံးနေသည်ဟု သိရသည်။
ယခုနှစ်၊ ဧပြီလ ၁၉ရက်နေ့၌ မမွန်ဆိုသူ ပွဲစားနှင့်ချိတ်ဆက်၍ လူတစ်ဦးလျှင် ထိုင်းဘတ်ငွေ ၂၄,၅၀၀ (နှစ်သောင်းလေးထာင်ငါးရာ)ဖြင့် မလေးရှားနိုင်ငံသို့ အလုပ်သွားလုပ်မည့် လူ ၂၄ဦးကို ရန်ကုန်မှ မြ၀တီသို့ ပို့ဆောင်ခဲ့ပြီး ထိုမှတဆင့် ခရီးဆက်ခဲ့ရာ တောလမ်းတနေရာ တွင် အဆိုပါညီအစ်မနှစ်ဦး ပျောက်ဆုံးရာမှ ယနေ့အထိ ဆက်သွယ်မရခဲ့ခြင်းဖြစ်သည်ဟု အတူပါသွားခဲ့သူ ကိုအာဖူက ပြောသည်။
....... Read More

ငယ်ငယ်က ဖတ်ဖူးတဲ့ ဝတ္ထုတိုလေး တပုဒ်

စစ်အေးကာလအတွင်းက အမေရိကန် ဦးဆောင်တဲ့ အနောက်အုပ်စုနဲ့ ဆိုဗီယက်ရုရှား ဦးဆောင်တဲ့ အရှေ့အုပ်စုဆိုပြီး ကမ္ဘာပေါ်မှာ ဆန့်ကျင်ဘက်အုပ်စုကြီး နှစ်စုရှိတယ်။
သူတို့ဟာ အင်္ဂါဂြိုလ်ပေါ်မှာ သဘာဝသယံဇာတ တွေကို ပြိုင်တူ တွေရှိကြပြီး အဲ့ဒီသယံဇာတတွေကို အလိုလျှောက် အလုပ်လုပ်တဲ့ စက်ရုပ်တွေရဲ့အကူအညီနဲ့ ထုတ်ယူပြီး ကမ္ဘာမြေပေါ်ကို သယ်ယူကြတယ်။
ဒါပေမဲ့ သူတို့အုပ်စုနှစ်စုလုံးဟာ အဲ့ဒီသယံဇာတတွေကို အုပ်စုတခုထဲက ဘဲအပိုင်စီးထုတ်ယူဖို့ အမြဲပြိုင်ဆိုင်နေကြတယ်။
တနေ့မှာ အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုက သိပ်ပံပညာရှင်တွေက နည်းပညာတခုရရှိသွားပြီး အဲ့ဒီနည်းပညာရဲ့အကူအညီနဲ့ အင်္ဂါဂြိုလ်ပေါ်မှာ အလုပ်လုပ်နေတဲ့ သူတို့ရဲ့ စက်ရုပ်တွေအတွင်းကို" လောဘ" ဆိုတဲ့ ဆော့ဝဲတခုထည့်ပေးလိုက်တယ်။ အဲ့ဒီဆော့ဝဲထည့်ပြီး နောက်ပိုင်းမှာ သူတို့ စက်ရုပ်တွေရဲ့ အလုပ်လုပ်နိုင်စွမ်းဟာ (၁၀)ဆလောက်တက်သွားပြီး ကမ္ဘာမြေပေါ်ကို သယံဇာတ အမြောက်အများ ပေးပို့နိုင်ခဲ့ကြတယ်။

ဒုတိယ သမ္မတ သီဟသူရဦးတင်အောင်မြင့်ဦးနေရာကို အစားထိုးခန့်အပ်ရန်ရှိ

ပြည်ထောင်စုလွှတ်တော်မှ၂၀၁၁ခုနှစ်၊ဧပြီလ၄ရက်နေ့တွင်ရွေးချယ်ခန့်အပ်ခဲ့သည့်ဒုတိယသမ္မတတစ်ဦးဖြစ်သူသီဟသူရဦးတင်အောင်မြင့်ဦးသည်၎င်း၏ကျန်းမာရေးအခြေအနေ ကြောင့်ဇူလိုင်၁ရက်မှစ၍ပြည်ထောင်စုအစိုးရအဖွဲ့ထံသို့အကြောင်းကြားစာပေးပို့လာပြီးနှုတ်ထွက်စာတင်သွင်းခဲ့ကြောင်းသိရပါသည်။အဆိုပါအကြောင်းကြားစာကိုနိုင်ငံတော်သမ္မတမှ ခွင့်ပြုပြီးဖြစ်သဖြင့်နိုင်ငံတော်သမ္မတရုံးမှလည်း၎င်း၏နှုတ်ထွက်မှုကိုဇူလိုင်၂ရက်တွင်ပြည် ထောင်စုလွှတ်တော်နာယကထံအကြောင်းကြားခဲ့သဖြင့်ဖွဲ့စည်းပုံအခြေခံဥပဒေအရ(၇)ရက်အတွင်းအစားထိုးခန့်အပ်မည့်သူအမည်စာရင်းကိုမူလရွေးချယ်ပေးထားသည့်တပ်မတော် သားကိုယ်စားလှယ်အစုအဖွဲ့မှတင်သွင်းရမည်ဖြစ်သဖြင့်ဇူလိုင်၁၀ရက်နောက်ဆုံးထားတင်သွင်းရန်ယနေ့ကျင်းပသည့်ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင်ပြည်ထောင်စုလွှတ် တော်နာယကမှ ပြောကြားခဲ့ပါသည်။

ဒုတိယသမ္မတရာထူးနေရာလစ်လပ်ခြင်းနှင့်စပ်လျဉ်း၍နိုင်ငံတော်သမ္မတထံမှပေးပို့သည့်သ၀ဏ်လွှာ တွင်ဖော်ပြပါရှိမည်ဖြစ်ကြောင်းနှင့် တပ်မတော် သားကိုယ်စားလှယ်အဖွဲ့မှ ဒုတိယသမ္မတ တစ်ဦး ရွေးချယ် တင်မြှောက်ပေးရန် ရှိကြောင်း သိရသည်။

ယနေ့နေ့လည် ၁နာရီတွင် ကျင်းပမည့်ပထမအကြိမ်ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန် အစည်း အဝေး အစီအစဉ် နံပါတ် ၁၁တွင် ထည့်သွင်း ရေးဆွဲထားခြင်းဖြစ်သည်။

Tuesday, July 3, 2012

အမျိုးသားကဇာတ်ရုံ၌ ကျင်းပရန် စီစဉ်ထားသော Engelbert ဖျော်ဖြေပွဲကို့  မကျင်းပဖြစ်တော့

ဇူလိုင် ၁၁ ရက်နေ့တွင် အမျိုးသားကဇာတ်ရုံ၌ ကျင်းပရန် စီစဉ်ထားသော Engelbert ဖျော်ဖြေပွဲကို ၄င်း၏ မိသားစု ကျန်းမာရေးအခြေအနေကြောင့် မကျင်းပဖြစ်တော့ကြောင်း အဆိုပါ ဖျော်ဖြေပွဲကို စီစဉ်သည့် Forever Group မှ ဦးကျော်ဝင်းက ပြောသည်။

အဆိုတော်ကြီးဆီက အီးမေးလ်ပို့လာတယ်။ သူ့အီးမေလ်ထဲမှာတော့ ဒီဖျော်ဖြေပွဲ ပျက်ရတဲ့အကြောင်း အရင်း ကို 'Personal Family Health Issue လို့ ပြောထားတယ်။ မိသားစုကျန်းမာရေးအခြေအနေကြောင်
့လို့...ဖော်ပြထားတော့ဦးတို့ဘက်ကလည်း ဘာမှ ထပ်ပြောလို့တော့ဘူးပေါ့။ ကြည့်ဖို့အားခဲထားတဲ့ ပရိသတ် တွေကိုလည်း MRTV-4 ကိုယ်စားတောင်းပန်ပါတယ်။ အမြန်ဆုံးပြန်ပြီး ကျင်းပနိုင်အောင်လို့ ဆက်ကြိုးစား သွား ပါ့မယ်" ဟု ပြောကြားသည်။

ယခုဖျော်ဖြေပွဲအတွက် လက်မှတ်အစောင် ၃၀၀ ၀န်းကျင် ရောင်းချထားပြီးဖြစ်ပြီး အဆိုပါလက်မှတ်များကို ရတနာပုံ ကောစင်တာ ၁၈၇၆ သို့ခေါ်ဆိုပြီး ၆ ကိုနှိပ်၍ လက်မှတ်များကို စုံစမ်းမေးမြန်း ပြန်လဲနိုင်ကြောင်း MRTV-4 မှ ကြေညာသည်။

ထိုင်းနိုင်ငံတွင် ဇူလိုင် ၁၅ ရက်၌ ကျင်းပရန် စီစဉ်ထားသော ၄င်း၏ဖျော်ဖြေပွဲကို မြန်မာနိုင်ငံနည်းတူ ဖျက်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။
 
7 Days News Journal

Friday, June 29, 2012

ဘင်္ဂလီစစ်တမ်း (အပိုင်း ၁)

ဒီဆောင်းပါး မဖော်ပြခင်မှာ နော်ဝေနိုင်ငံ အော်စလိုမြို့ မှာ ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့တဲ့ ရိုဟင်ဂျာနဲ့ ပတ်သက်ပြီး ဖြေဆိုခဲ့ပုံကို ကိုမောင်မောင်ဝမ်း ဘာသာပြန်ထားတာ ဦးစွာ ဖော်ပြလိုပါတယ်..။

အဓိပ္ပါယ်ကောက်ယူမှု လွဲမှားနိုင်ပါသဖြင့် ရိုဟင်ဂျာ ကိစ္စအတွက် ဒေါ်အောင်ဆန်းစုကြည် သတင်းထောက်အား ပြန်လည်ဖြေကြားချက်ကို (ဆီလျှော်အောင်) ဘာသာပြန် ပေးလိုက်ပါတယ်။ (မောင်မောင်ဝမ်း)

What should it be with regarding their citizenship? Are they or they are not?

Daw Aung San Suu Kyi answered "I do not know because when you talk about the rohingya, we are not quite sure who you are talking about.


As I said there is a problem... about who we are referring to. There is someone who say that those people who claim to be rohingya are not the ones who are actually native to Burma. But who are just come over recently from Bangladesh.


But, on the other hand, Bangladesh says "no". They don’t want them as refugees because they are not native to Bangladesh and they come over from Burma. So how do we sort this out? Without rule of law, without proper Immigration processes, without proper policy, without appropriate implementation of the law. This is why I said the root of all this is the rule of law going back to many decades, not going back just to the crime that is just admitted a couple of months ago."

(သူတို့ (ရိုဟင်ဂျာ) တွေရဲ့နိုင်ငံသားကိစ္စနဲ့ပတ်သက်လို့ ဘာဖြစ်သင့်ပါသလည်း။ နိုင်ငံသားဟုတ်လား.. မဟုတ်ဘူးလား (ရှေ့က Citizenship ကို ရည်ညွန်းခြင်းဖြစ်ပါသည်)

ဖြေ
.ကျမ မသိဘူး ဘာလို့လည်းဆိုတော့.. အခု ရိုဟင်ဂျာဆိုပြီး ရှင်ပြောနေတာကို ကျမ မသိတာ။ ရှင် ဘယ်သူ အကြောင်း ပြောနေတာလည်းဆိုတာကိုက သေချာမှု မရှိလှဘူး. ကျမပြောခဲ့သလိုပဲ… ကျမတို့ ရည်ညွန်း ပြောဆိုနေတဲ့ သူတွေအတွက် ပြသနာတော့ရှိနေတယ်..။ ရိုဟင်ဂျာ ပါလို့ အခိုင်အမာပြောနေတဲ့ သူတွေကိုက မြန်မာနိုင်ငံဖွား ဇာတိချက်မြုတ်မှ မဟုတ်တာ။ သို့သော် ဘင်္ဂလားဒေ့ရှ်က ကျော်ဝင်လာသူတွေက ဘယ်သူတွေလည်း။ တဘက်ကလည်း (ဘင်္ဂလားဒေ့ရှ်ကို ဆိုလိုသည်) မဟုတ်ဘူးလို့ငြင်းတယ်။ ဘင်္ဂလားဒေ့ရှ်က သူတို့ကို ဒုက္ခသည်အဖြစ် လက်မခံချင်ဘူး။ ဘာလို့လည်းဆိုတော့ သူတို့ဟာ ဘင်္ဂလားနွယ်ဖွား ဇာတိချက်မြုတ်တွေ မဟုတ်ဘူး..။ မြန်မာပြည်က ကျော်ဝင်လာသူတွေတဲ့..။ ဥပဒေရဲ့လုပ်ထုံးလုပ်နည်းတွေမပါပဲ..။

သင့်တော်တဲ့ လူဝင်မှု့ကြီးကြပ်ရေး လုပ်ငန်းစဉ်တွေမပါပဲ၊ သင့်တော်တဲ့ မူဝါဒတွေမရှိပဲ..သင့်တော်မဲ့ ဥပဒေတွေကို အကောင်ထည်ဆောင်ရွက်မှု မရှိပဲ။ ဒီပြသနာတွေကို ကျမတို့ ဘယ်လိုဖြေရှင်းမလည်း။ ဒါတွေရဲ့အရင်းမြစ် အကြောင်းတရားဟာ.. ဥပဒေလုပ်ထုံးလုပ်နည်းတွေ ဆယ်စုနှစ်ပေါင်းများစွာ နောက်ပြန်သွားနေတဲ့ အတွက်ကြောင့်ဆိုတာ ကျမပြောခဲ့ပါတယ်။ လွန်ခဲ့တဲ့လ အနည်းငယ်လောက်က ၀န်ခံထားခဲ့တဲ့ ရာဇ၀တ်ကြောင်းတွေ တင်ပြန်သွားခိုင်းနေတာ မဟုတ်ဘူးနော်။


..........အပြည့်အစုံဖတ်ရန် 

Wednesday, June 27, 2012

ဂျပန် နှင့် Japanization

မြန်မာစစ်အစိုးရအဆက်ဆက်ဂျပန်နိုင်ငံထံကချေးယူထားခဲ့တဲ့ကြွေးမြီဂျပန်ယန်းငွေဘီလီယန်၃၀၃.၅ဘီလီယံ(အမေရိကန်ဒေါ်လာ၃ဒသမ၇ဘီလီယံ)လျှော်ပစ်ပေးခဲ့တဲ့ဂျပန်အစိုးရဟာသူတို့ကိုယ်တိုင်ဂျပန်နိုင်ငံ တင်ရှိနေတဲ့ကြွေးမြီပြဿနာကိုဖြေရှင်းဖို့ကျိုးစားရင်း  အစိုးရ အတွင်း သဘောထားကွဲလွှဲမှုတွေ ဖြစ်ပေါ်နေတာကြောင့် လက်ရှိအစိုးရ ၀န်ကြီးချုပ် နိုဒါ အစိုးရ ဆက်လက်ရပ်တည်မှု ဟာ  စိမ်ခေါ်မှုတွေ ရှိနေတယ်လို့ နိုင်ငံရေးလေ့လာ သုံးသပ်သူတွေက ပြောဆိုနေကြတယ်။

ပြည်ပရောက်မြန်မာတွေ ပြည်တော်ပြန်ချင်တိုင်း ပြန်လို့မရသေး

၂၀၁၁ နှစ်လည်ကတည်းက ကြံ့ဖွံ့အစိုးရသစ်၏သမ္မတကြီး ဦးသိန်းစိန်ကအကြိမ်ကြိမ်အခါခါ ပြည်ပရောက်မြန်မာများပြည်တော်ပြန်ကြဖို့အရေးဖိတ်ခေါ်နေခဲ့သည်။အစိုးရ၏ကိုယ်စား
လှယ်များ၊ အကျိုးဆောင်များနှင့် တွေ့ဆုံညှိနှိုင်းပြီး ပြည်တော်ပြန်ကြသူ မြန်မာများကိုလည်း ပြည်တွင်းပြည်ပမီဒီယာများတွင်သတင်းအဖြစ်တွေ့နေကြရသည်။သို့သော်လည်းပြည်တော် ပြန်လိုသူမြန်မာတိုင်း လွတ်လပ်စွာပြန်ခွင့်ရနေသည်မဟုတ်ဟုအမေရိကန်ပြည်ရောက် မြန်မာအချို့က မိုးမခသို့ပြောကြားသည်။

Tuesday, June 26, 2012

မိမိဓာတ်ပုံဖြင့် ပရိုဖိုင်းအတုဖွင့်ကာ ဆဲဆိုနေသူများအား ရီပို့ပြုလုပ်ပုံ

Myanmar Bangladesh Cyber Warတွင် ဘင်္ဂလားဒေ့ရှ်မှ ရှုံးနိမ့်နေသဖြင့် ဘင်္ဂလီကုလားများမှ အောက်တန်းကျသောနည်းလမ်းများကို အသုံးပြုရန်ရှိနေပါသည်။ မြန်မာမလေးများ၏ ပုံများကို ခိုးယူဒေါင်းလုပ် ပြုလုပ်ကာ ပရိုဖိုင်းအသစ်ဖွင့် မြန်မာများကို Addကာ ဆဲဆို၍ ပုံများခိုးယူဖို့ ကြံနေကြသည် ဟု သတင်းရရှိပါသည်။ ထို့ကြောင့် မိမိအား လာအက်သူမှာ Facebook စသုံးခါစ လူသစ်ဖြစ်နေပါက လက်မခံကြပါနှင့်။ လက်ခံမိ၍ မိမိပုံများကို ခိုးယူကာ အယောင်ဆောင် ပရိုဖိုင်းလုပ်သွားပါက ရီပို့ပြုလုပ်ပုံ အဆင့်ဆင့်ကို တင်ပြလိုက်ပါသည်။ ထိရောက်မှုရှိပါသည်။  .........အပြည့်အစုံဆက်ဖတ်ရန်

အနောက်တံခါးဘီလူး ကဲ ဒီပြဿနာ ဘယ်လိုရှင်းကြမလဲ ?


ရခိုင်ပြည်နယ်အတွင်းမှာဒီသီတင်းပတ်တွေအတွင်းတွေမြင်ကြားသိနေရတဲ့အရေးအခင်းကတော့တကယ်ပဲရင်နာစရာကောင်းလွန်းလှပါတယ်ကမ္ဘာပေါ်မှာဖြစ်ပွါးခဲ့ရတဲ့အရေးအခင်း
တိုင်းမှာဖြစ်ပေါ်ရခြင်းအကြောင်းရင်း
ှိပါတယ်။လတ်တလောအကြောင်းရင်းနဲ့ကာလကြာမြင့်စွာကပင် တစိမ့်စိမ့်ဖြစ်ပေါ်နေတဲ့အကြောင်းရင်းလို့ခွဲခြားသုံးသပ်ကြပါတယ်။အခုဖြစ်ပွါးလာခဲ့တဲ့ပြဿနာတွေရဲ့အကြောင်းရင်းကိုသတင်းမီဒီယာတွေကတော့ကျောက်နီမော်ပြဿနာကြောင့်လို့ဖော်ပြ၊ထုတ်လွှင့်ပြသနေခဲ့ကြပါတယ်။ကျွန်တော့်အမြင်ကတော့ဒါဟာတကယ့်ပြဿနာမဟုတ်ဘူးဆိုတာ ပါပဲ။

ကျွန်တော်ကတော့ ကျောက်နီမော်ပြဿနာဆိုတာ လတ်တလောအကြောင်းရင်းလို့ပဲ သုံးသပ်ပါတယ်။ ဆိုလိုချင်တာကတော့ ကျောက်နီမော်ပြဿနာ မဖြစ်ခဲ့ရင်လည်း ဒီအရေးအခင်းက ဖြစ်လာမှာပဲလို့ သုံးသပ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အကြောင်းရင်းခံတွေက ရှိနေပြီးသားဖြစ်နေလို့ပါ။ မီးစာ (လောင်စာ)လည်းရှိနေတယ်၊ လောင်စာဆီလည်း ရှိနေတယ်၊ မီးတောက်ဖို့အတွက် မီးစတစ်စပဲ လိုတော့တာပါ။ ကျောက်နီမော်ပြဿနာဆိုတာ မီးစလေးတစ်စပါပဲ။ တောင်ကုတ်ပြဿနာဆိုတာလည်း မီးထတောက်ဖို့ စတင်နေခဲ့တဲ့ အခြေအနေပါ။ အဲဒီမီးစကို လေပင့်ပေးလိုက်တာက (ကုလား - မူစလင်) ဆိုတဲ့ ဝေါဟာရ ပြဿနာပါ။ ......အပြည့်အစုံဆက်ဖတ်ရန်

ဘင်္ဂလီအရေး တွေးမိသမျှ - အပိုင်း(၃)

နောက်တစ်ခု သဘောပေါက်စေချင်တာက ဘူးသီးတောင်၊ မောင်တောနယ်စပ်က တဘက်ကနေ ဝင်လာတဲ့ ဘင်္ဂလီတွေနဲ့ မြန်မာပြည်တွင်းမှာ ဘိုးဘွားမိဘ လက်ထက်ကတည်းနေလို့ ပေါက်ဖွား ကြီးပြင်းလာတဲ့ မွတ်ဆလင်ဘာသာ ကိုးကွယ်သူတွေ ဟိန္ဒူဘာသာဝင်တွေ ဆစ်ခ်တွေ ပန်ချာဘီနဲ့ ဂေါ်ရခါးတွေဟာ မတူညီကြပါဘူး။ ပြည်တွင်းက ကုလားအမျိုးသားတွေဟာ မြန်မာပြည်ကို မြန်မာတွေအတိုင်းပဲ ချစ်ကြတယ်။ မြန်မာစိတ်ရှိတယ်။ မြန်မာလို တွေးခေါ်ကြတယ်။ ပြည်ပမှာဆိုရင် တစ်ခြားနိုင်ငံသားတွေနဲ့ မြန်မာတွေ တစ်ခုခုချိတ်စောင်းမိရင် မြန်မာဆိုတဲ့အသိနဲ့ မြန်မာဘက်ကနေ ပါတဲ့သူတွေပါ။ အစွန်းရောက် ဘာသာရေး အတွေးအခေါ်ရှိသူ တချို့ကတော့ ချွင်းချက်ပါပဲ။ မူဆလင်တွေကတော့ ဘာသာရေးသာ တူညီတယ် လူမျိုးမတူဘူး ဆိုတာလည်း သတိပြုမိစေချင်ပါတယ်။
.........အပြည့်အစုံဆက်ဖတ်ရန်

ဘင်္ဂလီအရေး တွေးမိသမျှ - အပိုင်း(၂)

ပြန်ပြီးဆက်ရရင်ဘင်္ဂလီတွေဟာစကတည်းကယဉ်သကိုဆိုသလိုမူဂျာဟစ်သောင်းကျန်းသူ၊ကုလားဆိုးသောင်းကျန်းသူတွေအဖြစ်နဲ့ဒေသခံရခိုင်ရွာများကိုမီးရှို့ဖျက်ဆီးခြင်း၊သတ် ဖြတ်ခြင်းများပြုကာနယ်မြေသိမ်းဖို့လုပ်လာခဲ့ကြတဲ့အတွက်တပ်မတော်ကစစ်ကြောင်းတွေကဝင်ရောက်ရှင်းလင်းခဲ့ကြရပါ တယ်။နောက်ပိုင်းမှာလည်းသူတို့ဟာဘင်္ဂလီမူဆလင်ဒေသတစ်ခုထူထောင်ဖို့ကိုရည်ရွယ်လှုပ်ရှားခဲ့ပါတယ်။နိုင်ငံရေးအရသော်၎င်း၊စစ်ရေးအရသော်၎င်းမူဂျာဟစ်များ၊ယခုအယ်လ်ကိုင်ဒါများနဲ့ချိတ်ဆက်စစ်သင်တန်းတွေတက်လို့ပြင်ဆင်ထားခဲ့ကြပါတယ်။အတိတ်ကဆိုရင် ၁၉၄၂သမိုင်းကြောင်း၊၁၉၈၈သမိုင်းကြောင်းတွေများစွာရှိခဲ့ပါတယ်။ဘင်္ဂလီတွေကရခိုင်တိုင်းရင်းသားတွေကို တိုက်ခိုက် သတ်ဖြတ်ခဲ့တာတွေပါ။ ...... အပြည့်အစုံဆက်ဖတ်ရန်

အာဏာအလွဲသုံးစားပြုခံနေရခြင်းနှင့်လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုအတွက် တိုင်ကြားခြင်း။

သို့
ပြည်ထဲရေးဝန်ကြီး၊
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်။နေ့စွဲ။ ။၂၃၊ ၆၊ ၂၀၁၂

အကြောင်းအရာ။ ။ အာဏာအလွဲသုံးစားပြုခံနေရခြင်းနှင့်လူ့အခွင့်အရေးချိုးဖောက်ခံနေရမှု အတွက် တိုင်ကြားခြင်း။
ကျွန်တော်ကိုမြင့်စိုး(၁၄/ဘကလ(နိုင်)၂၆၄၇၂၇)ဘိုကလေးမြို့နယ်ဟေမန်ဒိုင်နယ်အေးရွာ
ကျေးရွာဘိုကလေးမြို့နယ်နေထိုင်သူ)သည်တရားရုံး၏တရားမှုလုပ်ထုံးလုပ်နည်းဆိုင်ရာများနှင့်မဆီလျော်ဘဲပြုကျင့်ခံရခြင်းဒိုင်နယ်ရာအိမ်မှူးဦးမြလွင်နှင့်ဒိုင်နယ်စာရေးကိုမောင်တင့်တို့၏ဥပဒေမဲ့ကြိမ်မောင်းဆဲဆိုရိုက်ပုတ်ခြင်းကြောင့်သွားတစ်ချောင်းကျိုးထိခိုက်ဒဏ်ရာရခြင်းတို့အတွက်နိုင်ငံသားတစ်ဦးအနေနှင့်သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းအဆင့်ဆင့်သို့အဖြစ်မှန်တင်ပြတိုင်ကြားအပ်ပါသည်။

ဘင်္ဂလီအရေး တွေးမိသမျှ - အပိုင်း(၁)

ယနေ့မီဒီယာတွေမှာဘင်္ဂလီကိစ္စနဲ့ပတ်သက်ပြီးအချို့ဆောင်းပါးများ၊သတင်းများဟာမြန်မာ
ပြည်တိုင်းရင်းသားပြည်သူလူထုအတွက်အဆိပ်အတောက်တွေဖြစ်နေတာတွေ့ရတဲ့အတွက်တာဝန်သိရင်တာဝန်ရှိတယ်ဆိုသလိုရေးသားတင်ပြလိုက်ရပါတယ်။စာရေးသားသူအချို့ဟာကမြောက်ကခြောက်မဟုတ်ကြပါဘူး။နိုင်ငံခြားနေပညာတတ်ဆိုသူတွေပါဝင်ပါတယ်။စာဖတ်ပရိသတ်အချို့ရဲ့ကွန်မင့်တွေကိုကြည့်တော့အကျိုးရှိတဲ့စာပေမျိုး၊ဗဟုသုတများတဲ့စာမျိုးကိုများများဖတ်ပုံမျိုးမတွေ့ရသလိုကိုယ်ပိုင်ဥာဏ်နဲ့ဆင်ခြင်တိုင်းထွာပြီးယုံကြည်လက်ခံတာမျိုးကိုလည်းကောင်းစွာမတွေ့ရပဲပညာတတ်တွေရေးတာပဲဆိုတဲ့အသိသက်သက်နဲ့လုံးထွေးအီးယောင်ဝါးလုပ်ပြီးလက်ခံနေကြတာကိုတွေ့ရပါတယ်။ဒီဆောင်းပါး ခေါင်းစဉ်ကိုရေးတော့ ရင်းနှီးတဲ့ ကျွန်တော့်မိတ်ဆွေတွေက နိုင်ငံရေးနဲ့ သက်ဆိုင်တာပဲ ရေးပါလို့ ပြောကြပါ တယ်။အမှန်တော့နိုင်ငံရေးဆိုတဲ့ခေါင်းစဉ်ကြီးအောက်မှာနိုင်ငံရေး၊အုပ်ချုပ်ရေး၊စစ်ရေး၊စီးပွားရေး၊လူမူရေး၊ဘာသာရေး၊ပညာရေး၊ယဉ်ကျေးမူအစရှိသည်ဖြင့်အကုန်လုံးအကျုးံဝင်ဆက်စပ်နေတာပါ။တစ်ခုခုမှာပြဿနာဝင်နေပြီဆိုရင်နိုင်ငံရေးအုပ်ချုပ်ရေးကိုပဲဦးတည်သွားတတ်ပါတယ်။ဒါကြောင့်တနည်းတဖုံအကြောင်းအကျိုးဆက်စပ်နေတာကိုထောက်ပြီးအကြောင်းအရာရှုထောင့်အမျိုးမျိုးကနေရေးသားတင်ပြနေခြင်း ဖြစ်ပါ တယ်။ ............အပြည့်အစုံဆက်ဖတ်ရန်

Monday, June 25, 2012

Wikileaks မှ ပြောသည့် ရိုဟင်ဂျာ များနှင့် Al Qaeda ၊ မြန်မာ သောင်းကျန်းသူများ အဆက်အသွယ် ရှိခြင်း

အကျဉ်းရုံးအနေဖြင့် - ဘင်္ဂလားဒေ့ရှ်အစိုးရ၏ ဖိအားပေးမှုကြောင့် ARNO ဟာ သူတို့အဖွဲ့အစည်းနေရာအား ကရင်နီ အဖွဲ့အစည်းဖြစ်တဲ့ KNPP ထိမ်းချုပ်ထားသည့် ထိုင်း-မြန်မာ နယ်မြေအတွင်းသို့ပြောင်းရွှေ့ရန်အတွက် 2002 သြဂုတ်လနှောင်းပိုင်းမှာ ဆက်သွယ်ခဲ့ပါတယ်။ မြန်မာထောက်လှမ်းရေးဘက်က အစီရင်ခံစာအရ ARNO ဟာ ထိုင်း-မြန်မာနယ်စပ်မှာ လှုပ်ရှားနေသည့် Democratic Alliance of Burma နှင့် အဖွဲ့ဝင်ဖြစ်ရန်ကြိုးပန်း ခဲ့ပါတယ်။ KNPP ဟာ ARNO ရဲ့ ဆက်သွယ်ချက်ကို ငြင်းပယ်ခဲ့တာကို ကြေငြာခဲ့ပါတယ်။ DAB ဟာလည်းပဲ ARNO ၏ အဖွဲ့ဝင်အဖြစ် လျှောက်လွှာအား ငြင်းပယ်ခဲ့ပြီး စာရွက်စာတန်းများအရ စစ်ရေးမဟာမိတ်အဖြစ် ပြောင်းလဲခဲ့ပါတယ်။ ARNO ဥက္ကဌ Nurul Islam ဟာ အမေရိကန်ဗီဇာအား ဆော်ဒီအာရေးဗျ ဘက်မှ လှည့်ပါတ်လျှောက်ထားခြင်းဖြင့် ရယူခဲ့တယ်လို့ မြန်မာဘက်ကလည်း သတင်းပို့ပါတယ်။ အဆိုပါကိစ္စမှာမြန်မာပြည် ဘက်က အစီရင်ခံစာဟာ ဖြစ်နိုင်ချေရှိပါတယ်။ သူ့ရဲ့ရည်ရွယ်ချက်ဟာ ၎င်းတို့ ARNO နှင့် ထိုင်းနယ်စပ်တွင်ရှိသည့် မြန်မာသောင်းကျန်းသူများအား ပံ့ပိုးနေသည့် Al Qaeda နှင့် အဆက်အသွယ် ရယူရန်ရည်ရွယ်ရင်းဖြစ် နိုင်ပါတယ်။

Saturday, June 23, 2012

မြင့်တက်နေသောကုန်ဈေးနှုန်းများကြောင့် မြစ်ကြီးနားရှိစားသောက်ဆိုင်များအခက်တွေ့။

မြစ်ကြီးနားကန်ပိုင်တီလမ်းပျက်တောက်မှု၊လိုင်ဇာလမ်းပိတ်မှု၊မကြာသေးမီကရထားလမ်းမိုးအကြီးအကျယ်ရွာသွန်းပြီးတံတားကြိုးမှု၊တွဲချော်မှုတို့ကြောင့်မြစ်ကြီးနားမြို့ရှိအခြေခံစားသုံးကုန်များမှာ အဆမတန် ဈေးမြင့်တက်ခဲ့ပါသည်။ မြစ်ကြီးနားရှိAKစားသောက်ဆိုင်မှပြောပြချက်အရ"ဖွင့်လာတာတစ်နှစ်ရှိပြီ။ ပြီးခဲ့တဲ့လကမှအရှူံးနဲ့တွေ့ရတယ်။ ဆိုင်ကရောင်းရပါတယ်။ဒါပေမယ့်အသီးအရွက်တွေကဈေးတက်တော့ဝန်ထမ်းလစာတွေရှင်းပြီးတွက်ကြည်လိုက်တော့ပထမဆုံးတစ်ခါအရှုံးပေါ်တော့တယ်။ အဓိကထိတာကတော့ကုန်စိမ်းတွေပေါ့၊"လို့ပြောခဲ့ပါတယ်မြစ်ကြီးနားရှိကုန်ပစ္စည်းများ(ကုန်စိမ်းအပါအ၀င်) ကိုယခုအခါ လွယ်ကျယ် - ဗန်းမော်မှ အဓိက ၀င်ရောက်နေပြီး ကုန်တင်ခ မှာ ယခင်ကထက်၃-၄ဆခန့်မြင့်တက်နေခြင်း၊ ခရီးအချိန်ကြာမြင့်ခြင်း၊ မြစ်ကျဉ်းကိုဖြတ်ရချင်းကြောင့် အန္တာရာယ်များစွာဖြင့် ၀င်ရောက်ခြင်းတို့ကြောင်ါ ဈေးနှုန်းများအဆမတန်မြင့်တက်နေခြင်းဖြစ်သည်။ ဆောက်လုပ်ရေးသုံးပစ္စည်း များဖြစ်သောဘိလပ်မြေမှာလည်းယခင်၆၀၀၀ကျပ်ဝန်းကျင်မှ၁၀၀၀၀ကျပ်ဝန်းကျင်ထိမြင့်တက်ခဲ့ခြင်းကြောင့်ဆောက်လုပ်ရေးလုပ်ငန်းကိုထိခိုက်ခဲ့သည်။တည်ဆောက်ဆဲ မြစ်ကြီးနား ရေစဉ်ဈေးဆိုင်ခန်းများ မှာလည်း ကန်ထရိုက်က မကိုက်သဖြင့် တည်ဆောက်ရန်ကျန်ဆိုင်ခန်းများကို ယာယီရပ်တန့်ထားခဲ့သည်။ ထို့အပြင် လွန်ခဲ့သော ရက်ပိုင်းက ရထားလမ်းပျက်တောက်ခြင်းကြောင့် ကုန်စိမ်းများဖြစ်သော ခရမ်းချဉ်သီး မှ အစ ယခင်က ၁ပိသာ ၅၀၀ကျပ်ဝန်းကျင်မှ ၂၀၀၀-၃၀၀၀ကြားရောက်ရှိခဲ့ပြီး စားသောက်ဆိုင်များမှာ ကုန်စိမ်းလုဝယ်ရသည့်အဆင့်ထိ ပစ္စည်းပျက်ခဲ့ပါသည်။

စစ်တွေမြို့တွင်းရှိ နောက်ဆုံးကျန် မွတ်စလင်ရပ်ကွက် ပြောင်းရွှေ့

လူမျိုးရေး အဓိကရုဏ်းများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင်းရှိ နောက်ဆုံးကျန် မွတ်စလင်ရပ်ကွက်ဖြစ်သော အောင်မင်္ဂလာ(အောင်းဘားလာ)ရပ်ကွက်အား ဒေသခံအာဏာပိုင်များမှ အတင်းအကျပ် ပြောင်းရွှေ့နေပြီဖြစ်ကြောင်း သိရသည်။

လူဦးရေ သုံးသောင်းကျော်နေထို
င်နေသည့် အဆိုပါရပ်ကွက်အား ပြောင်းရွှေ့မှသာလျှင် စစ်တွေမြို့တွင် ဖြစ်ပွားနေသည့် အဓိကရုဏ်းများ လျော့နည်းသွားမည်ဖြစ်ခြင်းကြောင့် ပြောင်းရွှေ့ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

၂၃-၆-၁၂ ပြည်တွင်းသတင်းများ

- ပြင်းထန်သည့် တိုက်ပွဲကြောင့် ဦးသိန်းဇော် နှင့် ဆွေးနွေးရန် SSPP ပြင်ဆင် ... Read More
- ထိုင်းနိုင်ငံသျှမ်းသံဃာတော်များညီလာခံမှ ဥက္ကဌသစ်ရွေးချယ် ... Read More
- မူစယ်မြို့သစ်အိမ်ရာစီမံကိန်းအတွက် လယ်မြေအရောင်းအဝယ်ဈေးတည့် ... Read More
- လန်ဒန်ရောက် မြန်မာ တွေနဲ့ ဒေါ်စု တွေ့ဆုံ ...Read More
- မြန်မာပြည်ကို ကူညီဖို့ သမိုင်းဝင် ဗြိတိန်ပါလီမန် မိန့်ခွန်းမှာ ဒေါ်အောင်ဆန်း စုကြည် ထည့်သွင်းပြောဆို ...  Read More
- ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေး ၀င်ငွေ ထိခိုက် ... Read More
- ရသေ့တောင် ဒေသခံများ အသတ်ခံရမှု လူ ၂၀ ကျော် ဖမ်းဆီး ... Read More
- စစ်တွေအခြေအနေ စိတ်မချရသေး ... Read More
- ဘင်္ဂလားဒေ့ရှ်နိုင်ငံသား၉၀ခန့်လူဝင်မှုဥပဒေအရ ထောင်ဒဏ်ချမှတ် ...Read More
- ဒေါ်အောင်ဆန်းစုကြည် ယူကေ မြန်မာများနဲ့တွေ့ဆုံ ...Read More
- ဘင်္ဂါလီ တချို့နဲ့ သန်းခေါင်စာရင်းမရှိသူတွေကို သက်ဆိုင်ရာက နေရာရွှေ့ပြောင်း ... Read More
- အစိုးရတောင်းဆိုချက်အရ တပ်စခန်းနေရာကို SSA (မြောက်ပိုင်း)က ဆုတ်ခွာပေး ... Read More
- ဧရာဝတီမြစ်ကမ်းပြို၍ ရွာရွှေ့ပြောင်းရ ... Read More
- လယ်ယာမြေ အငြင်းပွားမှု NLD နဲ့ ၈၈ မျိုးဆက် ကူညီဆောင်ရွက် ... Read More
- အဓိကရုဏ်းကြောင့် သေဆုံးသူ (၉) ဦး ကူတောင်ရွာမှာသင်္ဂြိုဟ် ... Read More
-