လူမျိုးရေး အဓိကရုဏ်းများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်၊
စစ်တွေမြို့တွင်းရှိ နောက်ဆုံးကျန် မွတ်စလင်ရပ်ကွက်ဖြစ်သော အောင်မင်္ဂလာ(အောင်းဘားလာ)ရပ်ကွက်အား ဒေသခံအာဏာပိုင်များမှ အတင်းအကျပ်
ပြောင်းရွှေ့နေပြီဖြစ်ကြောင်း သိရသည်။
လူဦးရေ သုံးသောင်းကျော်နေထိုင်နေသည့် အဆိုပါရပ်ကွက်အား ပြောင်းရွှေ့မှသာလျှင် စစ်တွေမြို့တွင် ဖြစ်ပွားနေသည့် အဓိကရုဏ်းများ လျော့နည်းသွားမည်ဖြစ်ခြင်းကြောင့် ပြောင်းရွှေ့ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
“ဒီရပ်ကွက်ထဲက မွတ်စလင်တွေက လူလစ်ရင် ရခိုင်အိမ်တွေကိုမီးရှို့တာရှိတော့ရခိုင်တွေက ဒီရပ်ကွက်ကိုဖျက်ခြင်နေကြတာလေ။ဒီတော့ရခိုင်တွေဝင်ဖျက်ရင်ပြဿနာတွေကကြီးလာဦးမှာပဲ။ဒါကြောင့်ဒီရပ်ကွက်နေပြည်သူတွေကို
အမြန်ပြောင်းဖို့ စီစဉ်နေရတာ”ဟု ၎င်းကပြောသည်။
ယနေ့မနက်၁၀နာရီခွဲမှစတင်ကာအောင်မင်္ဂလာရပ်ကွက်နေပြည်သူများကိုစစ်တွေမြို့အပြင်ဘက်ရှိဘုမယ်ရွာနှင့်သဲဖြူချောင်ရွာများသို့အသုတ်လိုက်ပြောင်းရွေ့နေပြီး၊ယင်းပြည်သူများ၏အသက်အန္တရယ်ကိုစိုးရိမ်ရခြင်းမရှိစေရန်အဓိကထားစီစဉ်ဆောင်ရွက်နေကြောင်း ရဲတပ်ရင်း (၆)မှတာဝန်ရှိသူတစ်ဦးကဆိုသည်။
“သူတို့တွေကို နေရာရွှေ့ပေးမှ ဖြစ်မှာ၊
နေရာမရွှေ့ပေးဘူးဆိုရင်တော့ ဒီပြဿနာတွေက ကြီးထွားလာဖို့ပဲရှိတယ်”ဟု
စစ်တွေမြို့အခြေစိုက်ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီမှ
ပါတီဝင်တစ်ဦးက ဆိုသည်။
ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်နေ့က
စစ်တွေမြို့ရှိ သံဃာထုက မွတ်စလင်လူမျိုးများအား စစ်တွေမြို့နှင့်ဝေးလံသည့်အရပ်ဒေသများတွင်နေရာချထားပေးရေးနှင့်ရခိုင်လူမျိုးများနေ
ထိုင်သည့်ရပ်ကွက်နှင့်မွတ်စလင်လူမျိုးများနေထိုင်သည့်ရပ်ကွက်ကြားတွင်လုံခြုံရေးတပ်ရင်းများချထားပေးရေး ကိစ္စရပ်များကိုတောင်းဆိုခဲ့ကြသည်။
သတင်း... Yangon Chronicle
No comments:
Post a Comment
မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။