Tuesday, June 5, 2012

အလွဲသုံးစားမှုအား မကျေနပ်၍ ပဲခူး ကြံ့ခိုင်ရေးပါတီဝင်များ နုတ်ထွက်

ပဲခူးမြို့ ရပ်ကွက် ခုနှစ်ရပ်ကွက်မှ ကြံ့ခိုင်ရေးပါတီ ရပ်/ကျေး အဆင့် စည်းရုံးရေးမှူးများအပါ အ၀င်ပါတီဝင်အများအပြားသည်အထက်အဆင့်၏အလွဲသုံးစားပြုမှုအားသက်ဆိုင်ရာတိုင်းပါတီရုံးသို့တိုင်ကြားခဲ့သော်လည်းအရေးယူဆောင်ရွက်ပေးခြင်းမရှိသဖြင့်ပါတီမှဇွန်လဆန်းကနုတ်ထွက်ခဲ့ကြကြောင်းတိုင်း/ရုံးအဖွဲ့ဝင်ဟောင်းတဦးဖြစ်သူပဲခူးမြို့ခံတဦးက ပြောသည်။

“အောက်ခြေက အဖွဲ့ဝင်တွေက တိုင်း၊ ခရိုင်၊ မြို့နယ် ကော်မတီဝင်တွေက ခြစားနေတယ်။ ဒီလူတွေနဲ့ တွဲမလုပ်နိုင်ဘူး ဆိုပြီး နုတ်ထွက်ကုန်ကြတာ။ တိတိကျကျ သိရသလောက်တော့ ခုနှစ်ရပ်ကွက်ကတော့ လုံးဝ ဖွဲ့လို့ မရတော့ဘူး ၊ ရပ်/ကျေးအဆင့် ကော်မတီဝင် ၁၅ ဦး နုတ်ထွက် ကုန်ကြတယ်။ သာမန် ပါတီဝင်တွေ ဦးရေက ၁,၀၀၀ ကျော်လောက် ပါတယ်” ဟု မဇ္ဈိမကို ပြောသည်။