Tuesday, June 5, 2012

အလွဲသုံးစားမှုအား မကျေနပ်၍ ပဲခူး ကြံ့ခိုင်ရေးပါတီဝင်များ နုတ်ထွက်

ပဲခူးမြို့ ရပ်ကွက် ခုနှစ်ရပ်ကွက်မှ ကြံ့ခိုင်ရေးပါတီ ရပ်/ကျေး အဆင့် စည်းရုံးရေးမှူးများအပါ အ၀င်ပါတီဝင်အများအပြားသည်အထက်အဆင့်၏အလွဲသုံးစားပြုမှုအားသက်ဆိုင်ရာတိုင်းပါတီရုံးသို့တိုင်ကြားခဲ့သော်လည်းအရေးယူဆောင်ရွက်ပေးခြင်းမရှိသဖြင့်ပါတီမှဇွန်လဆန်းကနုတ်ထွက်ခဲ့ကြကြောင်းတိုင်း/ရုံးအဖွဲ့ဝင်ဟောင်းတဦးဖြစ်သူပဲခူးမြို့ခံတဦးက ပြောသည်။

“အောက်ခြေက အဖွဲ့ဝင်တွေက တိုင်း၊ ခရိုင်၊ မြို့နယ် ကော်မတီဝင်တွေက ခြစားနေတယ်။ ဒီလူတွေနဲ့ တွဲမလုပ်နိုင်ဘူး ဆိုပြီး နုတ်ထွက်ကုန်ကြတာ။ တိတိကျကျ သိရသလောက်တော့ ခုနှစ်ရပ်ကွက်ကတော့ လုံးဝ ဖွဲ့လို့ မရတော့ဘူး ၊ ရပ်/ကျေးအဆင့် ကော်မတီဝင် ၁၅ ဦး နုတ်ထွက် ကုန်ကြတယ်။ သာမန် ပါတီဝင်တွေ ဦးရေက ၁,၀၀၀ ကျော်လောက် ပါတယ်” ဟု မဇ္ဈိမကို ပြောသည်။
လွန်ခဲ့သည့်လများအတွင်း၌တိုင်း၊ခရိုင်၊မြို့နယ်အဆင့်မှကော်မီတီဝင်များမှလယ်သမားများအားဖြန့်ဖြူးရန်အကြောင်းပြ၍ဓါတ်မြေသြဇလျှောက်ထားခဲ့ပြီးရရှိလာသည့်အခါသုခမိန်ပွဲရုံ၌ရောင်းချခဲ့ကြသည်။ထိုမှရရှိလာသည့်အမြတ်ငွေကျပ်သိန်း၆၀၀ခန့်အားကိုယ်ကျိုးအတွက်အသုံးပြုခဲ့ကြသည်။အလားတူစားအုန်းဆီဖြန့်ဖြူးရေးနှင့်အခြားစီးပွားရေးလုပ်ပိုင်ခွင့်ပါမစ်များအားအစိုးရထံမှလျှောက်ထားပြီးပါမစ်များအားရောင်းချကာငွေများကိုကိုယ်ကျိုးအတွက်အသုံးပြုခဲ့ကြသည်ဟု ဆိုသည်။

“တိုင်းဒေသကြီး အဆင့်က ဆိုတာက ဒီကိစ္စတွေက လွန်သွားပြီ။ သူတို့တွေ အနေနဲ့ ဘာမှ လုပ်လို့ မရတော့လို့။ ဒီကိစ္စ ပြည်သူတွေ သိသွားရင် သူတို့ စည်းရုံးရေး လုပ်ငန်းစဉ်တွေ ထိခိုက်ပြီး ပြည်သူတွေ အယုံအကြည် မရှိမှာစိုးလို့ သိုသိုသိပ်သိပ်ပဲ ဒီကိစ္စကို လုပ်ဆောင်နေကြတာ။ ဒါပေမယ့် ဒီခြစားမှုကို တကယ်သိတဲ့ အောက်ခြေ အဖွဲ့ဝင်တွေက လုံးဝ မကျေနပ်ကြလို့ အခုလို ဖြစ်သွားတာ” ဟု အဆိုပါ တိုင်းရုံး ပါတီဝင်ဟောင်း တဦးက ပြောသည်။

ပဲခူးတိုင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး သက်ထွန်း က “တိုင်စာများသည့် အုပ်ချုပ်ရေးမှူးများအားထုတ်ပယ်ပေးမည်”ဟု ပြောထားသဖြင့်ပဲခူးတိုင်းစည်ပင်ဝန်ကြီး ဦးရဲမြင့်၏ တပည့်များကရပ်ရွာအုပ်ချုပ်ရေးကိစ္စရပ်များတွင်ဝင်ရောက်ချယ်လှယ်ကြကာ၎င်းတို့နှင့်အဆင်မပြေသည့်အုပ်ချုပ်ရေးမှူးများ၊ဝန်ထမ်းများအား“လီဆယ်တိုင်တန်းလျက်” ရှိနေကြောင်းအင်းတကော်ကျေးရွာမှပြည်ခိုင်ဖြိုးပါတီဝင်တဦးမှမီဒီယာများသို့ပေးပို့သည့်စာတစောင်၌ဖော်ပြပါရှိသည်။

No comments:

Post a Comment

မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။