Sunday, December 8, 2013

တောင်ကိုရီးယားနှင့်ပိုင်နက် အငြင်းပွားရေပြင်အနီး မြောက်ကိုရီးယား တိုက်ခိုက်ရေး ရဟတ်ယာဉ်နှင့် ဒုံးကျည်များတပ်ဖြန့်

တောင်နှင့် မြောက်ကိုရီးယားတို့၏ ပိုင်နက်အငြင်းပွား အနောက်ဘက်ပင်လယ်ပြင် အနီးသို့ မြောက်ကိုရီးယားက တိုက်ခိုက်ရေး ရဟတ်ယာဉ်များနှင့် ဒုံးကျည်များကို
တပ်ဖြန့် ပို့ဆောင်လိုက် ကြောင်း တောင်ကိုရီးယား ထောက်လှမ်းရေး အကြီးအကဲ
၏ ပြောကြားချက်ကို New York Times သတင်းတွင် ဖော်ပြထားသည်။

မြောက်ကိုရီးယားတွင် လွန်ခဲ့သော သီတင်းပတ်တွင်းက ခေါင်းဆောင် ကင်ဂျုံအန်
ပြီးလျှင် ဒုတိယ အာဏာအရှိဆုံးဟု ယူဆခံထားရသော ကင်ဂျုံအန်၏ ဦးလေးတော်သူ
ဂျန်ဆောင်သိတ်ကို ရာထူးမှ ထုတ်ပယ်လိုက်ပြီးနောက် ပြည်တွင်း နိုင်ငံရေး အာဏာ မတည်မငြိမ် ဖြစ်နေချိန်တွင် နိုင်ငံတကာကအာရုံလွှဲစေရန်ယခုကဲ့သို့ရန်စမှုများ ပြု
လုပ်လေ့ရှိသည်။မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်သည် ပြည်တွင်း၌ နိုင်ငံရေး
အာဏာခိုင်မာအောင် ကြိုးပမ်း နေချိန်များတွင် လူသိများစေမည့် လုပ်ရပ်များ ပြုလုပ်လေ့ ရှိကြောင်း တောင်ကိုရီးယား ထောက်လှမ်းရေး အကြီးအကဲ နမ်ဂျေဂျွန်းကတောင်ကိုရီး
ယား ပါလီမန်သို့ ပြောကြားခြင်း ဖြစ်သည်။

ြေေေ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်သည် လွန်ခဲ့သော သီတင်းပတ် အတွင်းက
၎င်း၏ ဦးလေးဖြစ်သူ ဂျန်ဆောင် သိတ်ကို ရာထူးမှ ဖယ်ရှားလိုက် သကဲ့သို့ ဂျန်ဆောင်သိတ်၏ ယောက်ဖ တော်စပ်သူ ကျူးဘားနိုင်ငံ ဆိုင်ရာ မြောက်ကိုရီးယား သံအမတ်ကိုလည်း နိုင်ငံသို့ ပြန်ခေါ်ခဲ့သည်။

ထို့ပြင်ဂျန်ဆောင်သိတ်၏တူဖြစ်သူမလေးရှားရှိ မြောက်ကိုရီးယားသံတမန်ကိုလည်း ပြန်
လည် ခေါ်ယူလိုက်ကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

မြောက်ကိုရီးယားသည် ယခုကဲ့သို့ အာဏာ အပြောင်းအလဲ ကာလမျိုးတွင် နိုင်ငံရပ်ခြားရှိ
၎င်းတို့၏ သံတမန်များ နိုင်ငံရေး ခိုလှုံသွားမည်ကို စိုးရိမ်၍ နိုင်ငံသို့ ပြန်ခေါ်လေ့ရှိသည်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်၏ ဦးလေး တော်စပ်သူ ဂျန်ဆောင်သိတ်ကို
ယခုကဲ့သို့ ရာထူးမှ ဖယ်ရှားသည့် လုပ်ရပ်သည် ကင်ဂျုံအန်၏ ဖခင်နှင့် အဘိုးဖြစ်သူ
တို့၏ လုပ်နည်း လုပ်ဟန်ဖြစ်သော အစိုးရ အဖွဲ့တွင်း လူတစ်ဦး တစ်ယောက်၏ သြဇာလွှမ်းမိုးမှုကို ရှောင်ရှားနိုင်စေရန်လူအပြောင်းအလဲလုပ်သည့်နည်းလမ်း
ဖြစ်ကြောင်း တောင်ကိုရီးယား လေ့လာ သုံးသပ်သူများက ပြောကြားသည်။

The Voice Weekly

၁၅၀၀ တန်ဖုန်းကဒ်ဖြင့်အာဆီယံ ၁၀ နိုင်ငံကိုပြည်တွင်းဖုန်းခေါ်ဆိုခအတိုင်း ခေါ်ဆိုနိုင်ပြီ

၁၅၀၀ တန်ဖုန်းကဒ်ဖြင့် အာဆီယံ ၁၀ နိုင်ငံကို ပြည်တွင်းဖုန်းခေါ်ဆိုခအတိုင်း
ခေါ်ဆိုနိုင်ပြီဖြစ်ပါသည်။ ယင်းသို့ ခေါ်ဆိုရာတွင်ရိုက်နှိပ်ရမည့် format ပုံစံကိုတော့ သိရှိရန်လိုအပ်ကြောင်းသိရှိရပါတ
ယ်။ သက်ဆိုင်ရာနိုင်ငံ code ရှေ့မှာ 0100 ကို အရင်ရိုက်ပြီးမှခေါ်ဆိုရမှာဖြစ်ကြောင်းနဲ့ယင်း code များမှာ

Singapore –010065,
Malaysia — 010060,
Thailand — 010066,
Brunei — 0100673,
Indonesia — 010062,
Laos –0100856,
Vietnam — 010084,
Cambodia — 0100855,
Philippines — 010063, တို့ဖြစ်ပါတယ်။

ယင်း 0100 code နဲ့ နိင်ငံ code ရိုက်ပြီးလျှင် ခေါ်ဆိုလိုသည့်ဖုန်းနံပါတ်ကို ရိုက်ထည့်ပြီး
ဖုန်းပြောနိုင်ပါပြီ။

ဒီလို ပြည်တွင်းဖုန်းခေါ်ဆိုခနဲ့ မြန်မာများအနေများတဲ့ အာဆီယံနိုင်ငံများသို့ ဖုန်းခေါ်ဆိုနိုင် မှာဖြစ်တဲ့အတွက် ကွန်နက်ရှင်မကောင်းပေမယ့် အင်တာနက် ကနေ အခကြေးငွေအနည်း ငယ်ဖြင့် ခေါ်ဆိုနိုင်သည့်နည်းလမ်းထက်တော့ ပိုမိုကောင်းမွန်လာစေမှာဖြစ်ပါတယ်။
 
Credit to > Myanmar Market Economy

လွှတ်တော်ကိုယ်စားလှယ်များအတွက် ဒေသဖွံ့ဖြိုးရေးခွင့်ပြုငွေ ကျပ်သိန်းတစ်ထောင်ပေးခြင်းသည် အခြေခံဥပဒေနှင့်မညီ၍ သမ္မတကန့်ကွက်သ၀ဏ်လွှာပို့

လွှတ်တော်ကိုယ်စားလှယ်များအား ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများလုပ်ကိုင်နိုင်ရန် အတွက်ကျပ်သိန်းတစ်ထောင်သုံးစွဲခွင့်ကိုပြည်ထောင်စုလွှတ်တော်မှခွင့်ပြုလိုက်ခြင်း
သည်အခြေခံဥပဒေနှင့် ဆန့်ကျင်နေသဖြင့် နိုင်ံတော်သမ္မတကကန့်ကွက်သည့် သ၀ဏ်လွှာကိုပြည်ထောင်စုလွှတ်တော်သို့ ပေးပို့ ထားကြောင်းသတင်းရရှိသည်။

``အဲဒါနဲ့ပတ်သက်လို့သမ္မတကလွှတ်တော်ကိုသ၀ဏ်လွှာပို့တယ်လို့သိရပါတယ်။
ကန့်ကွက်တယ်ဆိုတဲ့သဘောပါတယ်လို့သိရပါတယ်။အသေးစိတ်တော့မသိရပါသေး
ဘူး။လွှတ်တော်ကိုယ်စားလှယ်တွေရဲ့လက်ထဲကိုသ၀ဏ်လွှာမရောက်သေးပါဘူး။
ပြည်ထောင်စုလွှတ်တော်ကိုပဲရောက်ပါသေးတယ်´´ဟုပြည်ထောင်စုလွှတ်တော်
ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ပြည်သူ့လွှတ်တော်တရားစီရင်ရေး၊ဥပဒေရေးရာနှင့်
တိုင်ကြားစာများ၊အသနားခံစာများစိစစ်ရေးကော်မတီဥက္ကဋ္ဌ သူရဦးအောင်ကိုကပြော
သည်။ငွေကြေးသုံးစွဲမှုကိုင်တွယ်ဆောင်ရွက်ရာတွင် လွှတ်တော်ကိုယ်စားလှယ် များမှာ ကျွမ်းကျင်သူများမဟုတ်ကြသဖြင့် တည်ဆဲစည်းမျဉ်း၊ စည်းကမ်းများ၊ဥပဒေများနှင့် ငြိစွမ်းမှုဖြစ်လာနိုင်သည်ဟုသ၀ဏ်လွှာ တွင်ပါရှိကြောင်း၎င်းကဆိုသည်။