Friday, June 22, 2012
ရန်ကုန်မြို့လျှပ်စစ်မီးလုံလောက်ရေးဂျပန်ကကူညီမည်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအထွေထွေအတွင်းရေးမှူးဦးဌေးဦးခေါင်းဆောင်သည့်ကိုယ်စားလှယ်အဖွဲ့ဇွန်၁၄ရက်နေ့မှ၁၈ရက်နေ့အထိဂျပန်နိုင်ငံသို့ချစ်ကြည်ရေးခရီးသွားရောက်စဉ်ရန်ကုန်မြို့လျှပ်စစ်မီးလုံလောက်စွာရရှိရေးအတွက်ဂျပန်နိုင်ငံမှအမေရိကန်
ဒေါ်လာသန်း၂၀အကူအညီပေးမည်ဖြစ်ကြောင်းကတိပေးလိုက်ပြီးမကြာမီမြန်မာအစိုးရထံလွှဲပေးမည်ဟုသိရသည်။ဂျပန်နိုင်ငံခရီးစဉ်အတွင်းဦးဌေးဦးခေါင်းဆောင်သည့်ကိုယ်စား လှယ်အဖွဲ့သည်ဂျပန်ဝန်ကြီးချုပ်အပါအ၀င်ဂျပန်အစိုးရအဖွဲ့မှတာဝန်ရှိသူများ၊ဂျပန်လွှတ်
တော်နှင့်ဂျပန်နိုင်ငံပါတီများမှတာဝန်ရှိသူများနှင့်တွေ့ဆုံခဲ့သည်။

တရုတ်နယ်စပ်မှတစ်ဆင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းသို့ အရောဆီများ တရားမ၀င် ၀င်ရောက်
ရှမ်းပြည်နယ်(မြောက်ပိုင်း) ဒေသအတွင်းသို့ တစ်ဖက်နိုင်ငံ(တရုတ်ပြည်သူ့သမ္မတ နိုင်ငံ)မှ
တရားမ၀င် လိုင်စင်မဲ့စားသုံးဆီများ ၀င်ရောက်လာပြီး ယင်းဆီများကို စစ်ဆေးရာ
ဆီအရောများ ကို ပြန်လည်ပြုပြင် ထားသောဆီများဖြစ်နေသည်ကို တွ့ရှိရကြောင်း
ယနေ့ထုတ်နိုင်ငံပိုင်မီဒီယာများ တွင် တရားဝင်ဖော်ပြ ထား သည်။
ဈေးကွက်အတွင်းသို့ဝင်ရောက်လာသောဆီများကိုပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီကစစ်ဆေးခဲ့ရာတစ်ဖက်နိုင်ငံဆီစက်များ၏ဘေးထွက်ဆီများနှင့် ကြော်ပြီးဆီများကိုအအေးခံ စုစည်း ကာ ပြန်လည်
သန့်စင်ချက်လုပ်သော ဆီများဖြစ်ကြောင်း၊ ယင်းဆီများကို ပဲဆီအနံ့ထွက်စေသည့်
အရည် တစ်မျိုး ရောစပ်ပြီး ပဲဆီအဖြစ် ရောင်းချနေခြင်းဖြစ်ကြောင်း
အဆိုပါကော်မတီ၏ သတင်းတစ်ရပ်အရ သိရ သည်။
ယင်းဆီများကိုစားသုံးရန်သင့်တော်ခြင်းရှိမရှိစစ်ဆေးနိုင်ရေးကျန်းမာရေးဦးစီးဌာနအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန၊ မြန်မာနိုင်ငံစိုက်ပျိုးရေးအခြေခံစားသောက်ကုန်အသင်း၊ မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး၊ရိတ်သိမ်းချိန်လွန်နည်းပညာအသုံးချဌာနတို့ရှိဓာတ်ခွဲခန်းများသို့နမူနာများ ပေးပို့ခဲ့ရာ ဓာတ်ခွဲစမ်းသပ်စစ်ဆေးတွေ့ရှိချက်နှင့် GasChromatographyစက်ဖြင့်စမ်းသပ်စစ်ဆေးတွေ့ရှိချက်များအရမည်သည့်စားသုံးဆီအမျိုးအစားနှင့်မျှကိုက်ညီမှုမရှိကြောင်းနှင့်အသုံးပြုပြီးဆီအရောများကိုပြန်လည်ပြုပြင် ထားသောဆီများဖြစ်သည်ကိုစစ်ဆေးတွေ့ရှိရကြောင်းနိုင်ငံပိုင်မီဒီယာများတွင် ဖော်ပြထား သည်။
ရန်ကုန်-စစ်တွေ သွား သင်္ဘောနစ်မြုပ်
ရန်ကုန်မှစစ်တွေသို့တိုးဖိုးကျပ်သိန်း နှစ်သောင်းကျော်တင် ဆောင်လာသောရွှေဇေယျာအောင် သင်္ဘော သည် ကျောက်ဖြူမြို့ မုဆိုးမ ကျောက်တန်း အနီးတွင် ဇွန်
၉ရက်က နစ်မြုပ်သွားခဲ့ကြောင်း သိရသည်။
တန်ချိန် ၃၀ဝခန့်ရှိသော အဆိုပါ သင်္ဘောတွင် ရန်ကုန်မှ စစ်တွေသို့ ကားနှစ်စီးအပါအဝင် ဘိလပ်မြေ၊ ဓာတ်မြေဩဇာ၊ သကြား၊ ခေါက်ဆွဲ၊ ကျောင်းသုံးဗလာစာအုပ်၊ လူ သုံးကုန်၊ အလှကုန် ပစ္စည်းများ၊ အင်ဂျင် ဝိုင်များ၊ စားဖျော်ပစ္စည်းများကို ရန်ကုန် မှ စစ်တွေသို့ တင်ဆောင်လာကာ မောင်း နှင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။အဆိုပါသင်္ဘောတွင် သင်္ဘော သား ၁၈ဦးပါဝင်ပြီး တစ်ဦးတစ်ယောက်မျှသေဆုံးခြင်းမရှိကြောင်း သိရသည်။

Subscribe to:
Posts (Atom)