Friday, June 22, 2012

တရုတ်နယ်စပ်မှတစ်ဆင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းသို့ အရောဆီများ တရားမ၀င် ၀င်ရောက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) ဒေသအတွင်းသို့ တစ်ဖက်နိုင်ငံ(တရုတ်ပြည်သူ့သမ္မတနိုင်ငံ)မှ တရားမ၀င် လိုင်စင်မဲ့စားသုံးဆီများ ၀င်ရောက်လာပြီး ယင်းဆီများကို စစ်ဆေးရာ ဆီအရောများ ကို ပြန်လည်ပြုပြင် ထားသောဆီများဖြစ်နေသည်ကို တွ့ရှိရကြောင်း ယနေ့ထုတ်နိုင်ငံပိုင်မီဒီယာများတွင် တရားဝင်ဖော်ပြ ထား သည်။

ဈေးကွက်အတွင်းသို့ဝင်ရောက်လာသောဆီများကိုပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီကစစ်ဆေးခဲ့ရာတစ်ဖက်နိုင်ငံဆီစက်များ၏ဘေးထွက်ဆီများနှင့် ကြော်ပြီးဆီများကိုအအေးခံ စုစည်း ကာ ပြန်လည် သန့်စင်ချက်လုပ်သော ဆီများဖြစ်ကြောင်း၊ ယင်းဆီများကို ပဲဆီအနံ့ထွက်စေသည့် အရည် တစ်မျိုး ရောစပ်ပြီး ပဲဆီအဖြစ် ရောင်းချနေခြင်းဖြစ်ကြောင်း အဆိုပါကော်မတီ၏ သတင်းတစ်ရပ်အရ သိရ သည်။

ယင်းဆီများကိုစားသုံးရန်သင့်တော်ခြင်းရှိမရှိစစ်ဆေးနိုင်ရေးကျန်းမာရေးဦးစီးဌာနအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန၊ မြန်မာနိုင်ငံစိုက်ပျိုးရေးအခြေခံစားသောက်ကုန်အသင်း၊ မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး၊ရိတ်သိမ်းချိန်လွန်နည်းပညာအသုံးချဌာနတို့ရှိဓာတ်ခွဲခန်းများသို့နမူနာများ ပေးပို့ခဲ့ရာ ဓာတ်ခွဲစမ်းသပ်စစ်ဆေးတွေ့ရှိချက်နှင့် GasChromatographyစက်ဖြင့်စမ်းသပ်စစ်ဆေးတွေ့ရှိချက်များအရမည်သည့်စားသုံးဆီအမျိုးအစားနှင့်မျှကိုက်ညီမှုမရှိကြောင်းနှင့်အသုံးပြုပြီးဆီအရောများကိုပြန်လည်ပြုပြင် ထားသောဆီများဖြစ်သည်ကိုစစ်ဆေးတွေ့ရှိရကြောင်းနိုင်ငံပိုင်မီဒီယာများတွင် ဖော်ပြထား သည်။

No comments:

Post a Comment

မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။