Tuesday, August 20, 2013

မြန်မာ့ရေးရာသတင်းပဒေသာ

ဆရာဦးလွန်းဆွေကအခြေအနေအရပ်ရပ်ကြောင့်ရပ်နားသွားလိုက်တဲ့
“မြန်မာ့ရေးရာသတင်းပဒေသာ” ကဏ္ဍကိုအတတ်နိုင်ဆုံးကြိုးစားပြီး
လက်ဆင့်ကမ်းဆောင်ရွက်သွားပါမယ်။

၂၀၁၃ခုနှစ်သြဂုတ်လ (၁၉)ရက် (ညနေပိုင်း)
 ပြည်တွင်းသတင်းများ
-  ရပ်ကွက်အုပ်ချုပ်ရေးမှူးများအာဏာမပြရန်သမ္မတသတိပေး....အပြည့်အစုံဖတ်ရန်
-  ရန်သူမရှိမိတ်ဆွေသာရှိခဲ့သူ စာရေးဆရာကြီးဒဂုန်တာရာကွယ်လွန်ရှာပြီ .... အပြည့်အစုံဖတ်ရန်
- အသင်းအဖွဲ့များလွတ်လပ်စွာမှတ်ပုံတင်ခွင့်အတွက် လွှတ်တော်ကော်မတီကသဘောတူ...အပြည့်အစုံဖတ်ရန်
- အသုဘသွားပို့သည့်အလုပ်သမား ၄၉ဦးအလုပ်ထုတ်ခံရဟုဆို ....အပြည့်အစုံဖတ်ရန် 
- ရွှေတိဂုံဘုရားပေါ်တွင် ပျောက်သွားသည့်ငါးကျပ်သားရွှေခွက်ကိုအဘိုးအိုတစ်ဦးထံတွင်ပြန်တွေ့.....
  အပြည့်အစုံဖတ်ရန် 
- သယံဇာတ အကျိုးခံစားခွင့် လက်မှတ်ထိုး လှုပ်ရှားမှု ပြုလုပ် ....အပြည့်အစုံဖတ်ရန်
- နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ချို့ တက္ကသိုလ်ပြန်တက်ခွင့်ရ... အပြည့်အစုံဖတ်ရန်
- ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေး တရုတ်ထံမှဒေါ်လာသန်း ၁၀၀ချေးယူ...အပြည့်အစုံဖတ်ရန်
- ဒါရိုက်တာညွန့်မြန်မာညီညီအောင် အနုပညာလုပ်ခွင့် ၃လပိတ်ခံရ .... အပြည့်အစုံဖတ်ရန်  
- ပုံနှိပ်နှင့် ထုတ်ဝေဥပဒေကြမ်းအမျိုးသားလွှတ်တော်တွင် အခြေမလှ ...အပြည့်အစုံဖတ်ရန်
- ရခိုင်သယံဇာတပြည်သူများခံစားခွင့်ရရေး လှုပ်ရှားဆောင်ရွက် ...အပြည့်အစုံဖတ်ရန်
- ဒေါက်တာစင်သီယာမောင်ကို ငြိမ်းချမ်းရေးဆုချီးမြှင့် ...အပြည့်အစုံဖတ်ရန်
- ကင်တားနားရှမ်းပြည်ရောက် ....အပြည့်အစုံဖတ်ရန် 

 

ဆင်ကိုသတ်၍ ဆင်စွယ်ဖြတ်ခိုးမှု ပဲခူးမြို့နယ်တွင်ဖြစ်ပွား





ပဲခူးမြို့နယ်၊ထန်းတောကြီးရဲစခန်းအပိုင်၊စလူသစ်တောကြိုးဝိုင်း၊အကွက်အမှတ်(၁၈၅)
တွင် သြဂုတ်၁၂ရက်နေ့နံနက်(၇း၀၀)အချိန်ခန့်ကဆင်တစ်ကောင်သေနတ်ဒဏ်ရာဖြင့်သေ ဆုံးနေကြောင်းတော ခေါင်း ဦးသက်နိုင်၏သတင်းပေးချက်အရ ပဲခူးမြို့နယ်သစ်တောဦးစီး
အရာရှိ ဦးမျိုးလွင်နှင့် ဆင်ဆရာဝန် ဒေါက်တာကျော်စိုး၊ထန်းတောကြီးရဲစခန်းမှ ဒုရဲအုပ်အောင်ကျော် ထူးတို့အဖွဲ့မှ သက်သေ များနှင့်အတူအခင်းဖြစ်နေရာသို့သွားရောက်စစ်ဆေးခဲ့ရာ ၄င်းနေရာတွင်
အသက်(၂၅)နှစ်ခန့်၊အရပ် (၇)ပေခွဲရှိဆင်ထီးတစ်ကောင်ရှေ့ဝဲလက်၊ဦးခေါင်းနှင့်ဝဲဘက်ချိုင်းအောက် တွင် သေနတ်ကျည်ဆံ ထိ မှန်ပြီးဒဏ်ရာများဖြင့်သေဆုံးနေကြောင်းနှင့်ဆင်ထီး၏အစွယ်မှာ လည်းဖြတ်တောက်ထားခြင်းခံရသည်ကိုတွေ့ရှိရသည်။၎င်းဆင်မှာလွန်ခဲ့သော(၅)ရက်ခန့်က

 သေဆုံးနေကြောင်း ဆင်ဆရာဝန်၏စစ်ဆေး ချက် အရ သိရှိရပြီး အဆိုပါဆင်အားတာဝန်ရှိသူ
များမှ မီးရှို့ဖျတ်ဆီးခဲ့ပြီး ဆင်အားသတ်ဖြတ်၍အစွယ် ဖြတ်တောက်ခိုးယူသွားသူအား စုံစမ်း အရေးယူပေးပါရန် သစ်တောဦးစီးဌာနမှ တရားလိုပြုလုပ်၍ တိုင် တန်းထားကြောင်းသိရှိရသည်။

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ရပ်ရွာလူထုအခြေပြုသဘာဝဘေးအန္တရာယ် လျှော့ချရေးစီမံခန့်ခွဲမှုဆင့်ပွားသင်တန်းများ ပို့ချလျက်ရှိ



မြန်မာနိုင်ငံကြက်ခြေနီအသင်း ဘေးဒုက္ခစီမံခန့်ခွဲမှုဌာန ၏လမ်းညွှန်မှုနှင့် မြို့နယ်
ကြက်ခြေနီ ကော်မတီ၏ အနီးကပ်ကြီးကြပ်မှုခံယူလျက် ဆိပ်ဖြူမြို့နယ်အတွင်းရှိ
ကျေးရွာအုပ်စု(၁၂) အုပ်စုကို ရပ်ရွာလူထုအခြေပြု သဘာဝဘေးအန္တရာယ်လျှော့
ချရေးစီမံခန့်ခွဲမှုဆင့်ပွား သင် တန်း များကို ပို့ချလျက်ရှိပါသည်။
သင်တန်းများကို မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ ဒုတပ်ရင်းမှူး ဦးမောင်မောင်ဝင်း ၊ ရပ်ရွာ
လူထု အခြေပြုသဘာဝဘေးအန္တရာယ်လျှော့ချရေးစီမံခန့်ခွဲမှုဆင့်ပွားသင်တန်း
(CBDRM) မြို့နယ် ခေါင်းဆောင် ဦးမောင်မောင် နှင့် ရပ်ရွာလူထုအခြေပြု သဘာဝဘေးအန္တရာယ်လျှော့ချရေး စီမံခန့်ခွဲမှုဆင့်ပွားသင်တန်း(CBDRM) ရပ်ရွာ
ခေါင်းဆောင် (၁၂) တို့ကသင်တန်း နည်းပြများ အဖြစ်ဆောင်ရွက်ကာကျေးရွာ
တစ်ရွာလျှင် သင်တန်းသား ကျား(၁၅)ဦး ၊ မ(၁၅)ဦး စုစုပေါင်း (၃၀) ဦးဖြင့်ဖွင့်လှစ်
သွားမည်ဖြစ်ပြီး သင်တန်းကာလ (၅)ရက်ကြာမြင့်မည် ဖြစ်ကြောင်း ရပ်ရွာလူထု
အခြေပြု သဘာဝဘေးအန္တရာယ်လျှော့ချရေးစီမံခန့်ခွဲမှုဆင့်ပွားသင်တန်းမြို့နယ်
ခေါင်းဆောင် ဦးမောင်မောင် မှပြောကြားပါသည်။
အဆိုပါသင်တန်းများကိုရွာသစ်ကုန်းကျေးရွာ၊ သံချောင်းကျေးရွာ၊ကင်မွန်းတောင့်ကျေး
ရွာ၊ အင်းကန်ကျေးရွာများ တွင်ဖွင့်လှစ်ပြီးဖြစ်ပါသည်။ ကျန်ကျေးရွာများဖြစ်သော
အနောက် ကမ်းဖြူကျေးရွာ ၊ ကျားဘေကျေးရွာ ၊ တောင်ရွာမကျေးရွာ ၊ ကပိုင်ကျေးရွာ ၊
ဒေါသာကျေးရွာ ၊ ပင်းတလဲကျေးရွာ၊ မယ်ဇလီကွေ့ကျေးရွာနှင့် ချောင်းမကြီးကျေးရွာ
များတွင်လည်း ၂၀၁၃ ခု အောက်တိုဘာလ (၃၀)ရက်အတွင်း အပြီးသတ်ပို့ချ သွား မည်ဖြစ်သတင်းရရှိပါသည်။

 လေးမောင် (ဆိပ်ဖြူ)

တိုင်းဒေသကြီး ပင်စင် ဦးစီး ဌာနမှ ပခုက္ကူခရိုင်ဘဏ် အတွင်းရှိ မြို့ပြ နှင့် နိုင်ငံရေး ပင်စင် ခံစားခွင့် ရရှိရေး စီစစ်ဆောင်ရွက်





သြဂုတ် မွန်းလွဲ(၂)နာရီက မကွေးတိုင်းဒေသကြီး၊ပင်စင်ဦးစီးဌာနမှ အရာထမ်း၊
အမှုထမ်း(၅)ဦး တို့ပါဝင်သောအဖွဲ့သည် ပခုက္ကူမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်
(ခရိုင်ဘဏ်)သို့ လာရောက်ကာ မြို့ပြ / နိုင်ငံရေးပင်စင်စားများအတွက်
(၁-၄-၂၀၁၃)ရက်နေ့မှစ၍ ခံစားခွင့်ရှိသော တိုးမြှင့်ပင်စင်ခံစား ခွင့်ပြုမိန့်
ရရှိစေရန် စီစစ်ဆောင်ရွက်လျှက်ရှိသည်။
          ပခုက္ကူခရိုင်ဘဏ်တွင်မြို့ပြ / နိုင်ငံရေးပင်စင်စားဦးရေမှာ(၂၁၀၀) ဦး
ခန့်ရှိပြီး၊ တိုးမြှင့်ပင်စင်ခံစားခွင့်ပြု မိန့်ရရှိသူမှာ(၁၅၀၀)ဦးခန့်ရှိနေကာတိုးမြှင့်
ပင်စင်ခံစားခွင့်ပြုမိန့်ရရန်(၆၀၀)ဦးခန့်ကျန်ရှိနေသဖြင့်စီစစ်ခွင့်ပြု မိန့်ထုတ်ပေးခြင်း လုပ်ငန်းများဆောင်ရွက်ပေးသွားမည်ဟုတာဝန်ရှိသူတစ်ဦးကဆိုသည်။

အောင်(မန်းတက္ကသိုလ်)

ရှေ့ဆောင်ဂျာနယ် အတွဲ(၁) အမှတ်(၃၈) ( ၂၀၁၃ခုနှစ် သြဂုတ် ၂၃ရက်)

 
သြဂုတ် (၂၃)ရက်နေ့ထုတ် ရှေ့ဆောင် (The Leader ) ဂျာနယ်ကို
အောက်ပါ link တွင် download ရယူပြီးဖတ်နိုင်ပါသည်။ 

http://www.sendspace.com/file/r37vvc