Tuesday, January 22, 2013

တာချီလိတ်မြို့မှခရိုင်အုပ်ချုပ်ေ၇းမူုးမှမလျှော်မကန်ဆောင်ရွက်နေသည့်ကိစ္စကိုတင်ပြခြင်း၊


 


















- ကိုကိုခိုင်
၂၀-.၁--၂၀၁၃

ကာကွယ်ရေးဝန်ကြီး လက်နက် ပစ္စည်းညွန်ကြား ရေးမှူးရုံးမှ ဘဏ္ဍာအခွန်သို့ ရောက်လာသည့်မိုးကျရွှေကိုယ်များ

ကျွန်မကတော့ဘဏ္ဍာအခွန်ဝန်ကြီးဌာနလက်အောက်ကဌာနကြီးတခုရဲ့
လက်ထောက်ညွန်ကြားရေးမှူး အဆင့်ရှိတဲ့သူတယောက်ပါပဲ။
ကျွန်မတို့ဌာနရဲ့အရင်ဝန်ကြီး ဦးလှထွန်းကတော့သူ့ရဲ့ ကာကွယ်ရေးဝန်ကြီး
လက်နက်ပစ္စည်းညွန်ကြား ရေးမှူးရဲ့ဌာနကကျွန်မတို့ ဘဏ္ဍာအခွန်ကို ပြောင်း
လာတော့ ကကနက်တဌာနလုံးရှိလူကုန်ဘဏ္ဍာအခွန်ကို ပြောင်းလာကြတော့ 
တာပါပဲ။ဘာမှအဆင့်မရှိဘဲဝန်ကြီးဌာနတခုရဲ့လုပ်ထုံးလုပ်နည်းတွေကို သေသေ
ချာချာပိုင်ပိုင်နိုင်နိုင်မသိပါဘူး။

တကယ်သိတဲ့သူများကျတော့အကုန်ချောင်ထိုးပီးလုပ်ချင်တိုင်းလုပ်နေကျတာပါပဲ။ သူ့ကိုကက်ဖားရတ်ဖားနဲ့အခွန်ငွေတိုင်းပြည်ရဲ့ဘဏ်ဏ္ဍာမှန်သမျှသူ့ အတွက်လို့
ယူဆပီးလုပ်ကိုင်ပေးနိုင်တဲ့သူ့ရဲ့တပည့်လက်ရင်းတွေကိုရှိသမျှရာထူးကြီးတွေ ပေး
ထားတော့တာပါပဲ။သိတဲ့တတ်တဲ့ ဥပဒေလုပ်ထုံးလုပ်နည်းတွေနားလည်တဲ့လူတွေ
ကိုကြတော့တမျှော်တခေါ်ချင်းပြည်နယ်၊ လွိုင်ကော်၊ကယားပြည်နယ် အစရှိတဲ့မြို့တွေ
ကိုပို့ထားပါတယ်။

ပညာမတက်စာမတက်ဥပဒေနားလည်ပဲနဲ့ငွေရှာပေးနိုင်သောသူတို့သာ
လူစွမ်းကောင်းတွေ ဖြစ်ကုန်ပါတယ်။ရာထူးတွေကိုငွေတွေနဲ့ဝယ်ယူနေကြပါတယ်။
သူကိုယ်တိုင်ကလဲဘာမမသိပါဘူး။စာတော်ဖတ်နဲ့နေနေတဲ့ဘဝပါ။

သူခန့်ထားတဲ့သူရဲ့တပည့်လက်ရင်းညွန်ချုပ်တွေဆိုတာလဲသူလိုပါပဲ။ ဘာမှမတက်ပါဘူး။ လက်အောက်ဌာနတွေကနေ ဘယ်ဒုချုပ်က ဘယ်လောက်ပေးမလဲ၊ ဘယ်ညွန်မှူးက ဘယ်လောက်ပေးမလဲ၊ပေးနိုင်တဲ့ သူတွေသာရာထူးတွေအဆင့်ဆင့်တိုးပီး ကျော်ဖြတ်
ကုန်ကြ တော့တာ၊ကျွန်မတို့လိုတကယ်ကြိုးစားပီးအဆင့်ဆင့်တက်လာတဲ့သူတွေအတွက်
သိပ်ကိုနစ်နာပါတယ်။ သူ့ရဲ့တပည့်aအရင်းညွန်ချုပ်တွေဆိုဒီဌာနကနေဟိုဌာန၊ ဟိုဌာနကနေ ဒီဌာနကို ပြောင်းနေတာ ကောင်းမှကောင်းပါ။
အဲဒီလိုကောင်းအောင်လဲငွေရှာပီးပေးနိုင်ဖို့ကအဓိကဖြစ်နေပါတယ်။ယခုလဲရေတပ်က
ဝန်ကြီးပြောင်းလာပြန်ပါပြီ။ရေတထွန်းစိုတဲ့အတိုင်းရေတပ်ကလူတွေကောင်းစား နေပြန်ပါ
တယ်။

အရင်ဝန်ကြီးရဲ့တပည့်လက်ရင်းများကတော့သူတို့ဆရာဝန်ကြီးကဲ့သို့စာတော်ဖတ်၊ ရေးတော်
မူတွေကိုလက်စွဲလုပ်လို့နိုင်ငံတကာသွားနေကြပါသည်။ဒါကြောင့်မို့လို့တကယ်တော်တကယ်
တတ်ပီးတကယ်ဥပဒေနားလည်တဲ့ကျွန်မတို့လိုဝန်ထမ်း တွေကိုလဲ ကြည့်ပေးပါအုန်းလို့ပြော
ချင်ပါတယ်။

လေးစားစွာဖြင့်
မေ၀င်းဝင်း-

KIA အကြမ်းဖက်သောင်းကျန်းသူများကရတနာစံ ဘုန်းတော်ကြီးကျောင်းဆရာတော်အား ဖမ်းဆီး

ဖားကန့် မြို့နယ် ဆိုင်းဂျာဘွမ်ကျေးရွာရှိ ရတနာစံဘုန်းတော်ကြီးကျောင်းကျောင်းထိုင်
ဆရာတော် ဦးဝံသာရ၊ သက်တော်၄၆နှစ်အား ဇန်နဝါရီလ ၂၀ရက်မွန်းလွဲပိုင်းတွင် KIA
တပ်မဟာ(၁) ၊တပ်ရင်း(၃) ကဗိုလ် ကြီးအဆင့်ရှိ ဘရန်နူး ဦးစီးအင်အား၂၈ယောက်က
ဆရာတော်အား မြန်မာ့မျိုးချစ်တပ်မတော်သတင်း ပေးဟုဆိုကာဖမ်းဆီး ခေါ်ဆောင်သွား
ခဲ့ကြောင်းအဆိုပါကျောင်းမှ ဦးဇင်းရှင်ခေမာသ က  ပြောသည်။

ဦးဇင်းက"ဦးဇင်းတို့ ကဆွမ်းစားပြီးလို့ ကျိန်းမလို့ ရှိတုန်း အော်သံကြားလို့ ထွက်ကြည့်
တာလေ. .ကျောင်းထဲကိုသူတို့ အုပ်စုလိုက် ပြေးဝင်လာပြီး ကျောင်းပေါ်မှာကျိန်းနေတဲ့
ဆရာတော်ကြီးကိုသူပုန်၃ယောက်ကဒရွတ်တိုက်ဆွဲခေါ်သွားတာ...ဦးဇင်းတို့ ကဒကာ
ကြီးတို့ မှားလိမ့်မယ်....မလုပ်ပါနဲ့ လို့ တောင်းပန်တာကိုသူတို့ က သေချင်လို့ လားဆိုပြီး
ပြောပြောဆိုဆို သေနတ်နဲ့ ဦးဇင်းတို့ ကိုသူပုန်တစ်ယောက်ကချိန်ထားတာ...ဒါနဲ့ ဦးဇင်း
လည်းဘာမှမပြောတော့ဘူး..ဆရာတော်ကြီးကိုဦးဇင်းတို့  ကျောင်းကကိုရင်တွေနဲ့ ဦးဇင်း
တို့ ကန်တော့လိုက်သေးတယ်...သူပုန်တွေကမြန်မာ့မျိုးချစ်တပ်မတော်ကိုသူတို့ 
သတင်းတွေ ပေးတယ်ဆိုပြီးလာဖမ်းတာ"ဟုပြောသည်။

ရတနာစံဘုန်းတော်ကြီးကျောင်းတွင် ဆရာတော်ကြီးအပါအဝင် ဦးဇင်း ၃ပါး၊ကိုရင် ၇ပါးရှိပြီး
ဆိုင်းဂျာဘွမ်ကျေးရွာနှင့်အနီးတဝိုက်ရှိ ကျေးရွာများအဓိကကိုးကွယ်ကာရက်ကြီးခါကြီးနေ့ များတွင်၎င်းကျောင်းတွင်ဥပုဒ်သီလ စောင့်ကြသည်။
ref; စင်္ကာပူဖီး

တောင်ကိုရီးယား၏ ပထမဆုံးအမျိုးသမီးသမ္မတသစ် ပက်ဂျွန်ဟေးနှင့်ကိုရီးယားခရီးစဉ်တွင် ဒေါ်စု တွေ့ ဆုံမည်

မြန်မာ့အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည်မကြာမီသွားရောက်
မည့် တောင်ကိုရီးယားခရီးစဉ်အတွင်းဆိုးလ်မြို့တော်၌ တောင်ကိုရီးယား၏ပထမဆုံး
အမျိုးသမီးသမ္မတသစ်ဖြစ်လာသည့် ပက်ဂျွန်ဟေးနှင့် တွေ ဆုံရန် ရှိကြောင်းကိုရီးယား
အစိုးရနှင့်နီးစပ်သည့်တာဝန်ရှိသူတစ်ဥိးကိုကိုးကားကာတောင်ကိုရီးယားသတင်းအေဂျင်
စီယုံဟပ်က ဖေါ်ပြလိုက်သည်။

အဆိုပါတာဝန်ရှိသူကသမ္မတပက်ဂျွန်ဟေးသည် ဒေါ်စုအားဇန်န၀ါရီ၂၉တွင်တွေ့ ဆုံဖွယ်
ရှိကြောင်း၊ ဒေါ်စုသည် တောင်ကိုရီးယားသို့၂၈ရက်နေ့တွင်လာရောက်မည်ဖြစ်ကြောင်း
ဆိုသည်။ ဒေါ်စုသည် တောင်ကိုရီးယားခရီးစဉ်အတွင်းပြုံချန်မြို့၌ဇန်နဝါရီ၂၉မှ ဖေဖေါ်ဝါရီ
၅ရက်နေ့ အထိကျင်းပမည့်ဆောင်းရာသီကမ္ဘာ့အိုလံပစ်အထူးပွဲတော်၏ဖွင့်ပွဲသို့တက်ရောက်
မည်ဖြစ်ကြောင်း သိရသည်။

နိုဗယ်ဆုရှင်ဒေါ်အောင်ဆန်းစုကြည်သည်သူမ၏လူ့အခွင့်အရေးနှင့်ပညာရေးမြှင့်တင်မှု
ဆိုင်ရာ ဆောင်ရွက်ချက်များကြောင့်ဆိုးလ်အမျိုးသားတက္ကသိုလ် Seoul National
University ကချီးမြှင့်မည်ဂုဏ်ထူးဆောင်ဒေါက်တာဘွဲကိုလည်း ဖေဖေါ်ဝါရီ၁ရက်နေ့
တွင်လက်ခံရယူသွားရန်ရှိနေကြောင်းသိရသည်။


REF: Yonhap

ရန်ကုန်မှာ ရောက်နေတဲ့တရုတ်လူမျိုး ရိုက်စား ဆေးခန်းအကြောင်း ...

ရန်ကုန်မြို့  လသာမြို့နယ်ရှိ စဉ့် အိုးတန်းလမ်း အောက်ဘလောက်မှာရှိတဲ့ " ခေတ်မှီ"
ဆေးခန်းအကြောင်းနဲ့ ပတ်သက်လို့ သိသမျှ ဖောက်သည်ချလိုက်ချင်ပါတယ်...ဖြစ်ရပ်မှန်
ကိုယ်တွေ့ ပါ
ခုတစ်လော...ဂျာနယ်တွေမှာဆက်တိုက်ဆိုသလိုကြော်ငြာအားကောင်းကောင်းနဲ့ တွေ့ နေ
ရတော့...အနာနဲ့ ဆေးတည့်မလားဆိုပြီးတိုက်တိုက်ဆိုင်ဆိုင်ရောက်သွားခဲ့တယ်စရောက်
တည်းကသတိထားမိတာက....ဆေးခန်းအပြင်ဘတ်မှာအထွေထွေရောဂါကုဆရာဝန်
၂ယောက်အမည်ပဲဆိုင်းဘုတ်ချိတ်ထားတာတွေ့  ရတယ်
အဲ့ဒီဆရာဝန်၂ယောက်က မြန်မာနာမည်နဲ့ ....ပါနောက်တစ်ချက်က....လူနာမှတ်တမ်း
စာအုပ်ယူပြီးတာနဲ့ ပိုက်ဆံ ၅၀၀၀/ စတောင်းပါတယ် ဒါလဲ ထားတော့ ...နောက်တစ်ချက်
က .... ဆရာလာပြီတဲ့ဆိုပြီးနာမည်ခေါ်တော့ ....ကျမအထင်က မြန်မာဆရာဝန်ပဲထင်ခဲ့
တာပါ

အင်တာနက်တွင်တင်ထားသည့်ဝန်ကြီးဟောင်းဦးအောင်သောင်းသတင်းနှင့်ပတ်သက်ပြီးတောင်သာဒေသခံများလက်မခံ

ဇန်န၀ါရီလ(၁၉)ရက်နေ့တွင်အင်တာနက်သတင်းများ၌ တွေ့ရှိရသည့်မိန်းကလေးတဦးကို
အလိုမတူပဲဝန်ကြီးဟောင်းဦးအောင်သောင်းမယားငယ်ပြုထားခြင်းသတင်းနှင့်ပတ်သက်ပြီး
တောင်သာနှင့် တောင်သာမြို့နယ် ၀ဲလောင်ရွာရှိ ဒေသခံပြည်သူများမှလုံးဝလက်မခံကြောင်း
သိရှိရသည်။ဝဲလောင်ကျေးရွာနေရပ်မိရပ်ဖအငြိမ်းစားကျောင်းဆရာကြီးဦလှကျော်မှ၎င်း
သတင်းနှင့်ပတ်သက်ပြီးလုံးဝမှန်ကန်မှုမရှိကြောင်း၊၄င်းအင်တာနက်သတင်းသည်
ဝန်ကြီးဟောင်းဦးအောင်သောင်းအားမနာလိုအပုတ်ချလိုသူများမှလုပ်ကြံဖန်တီးထားခြင်း
ဖြစ်ကြောင်း၊၀ဲလောင်ကျေးရွာတွင်အိမ်ခြေ(၃၀၀)ခန့်ရှိပြီးအင်တာနက်သတင်းပါမအေးမို့မို့
လှိုင်ဟူသောအမည်ဝဲလောင်ရွာတွင်မရှိကြောင်း၊၄င်းသတင်းနှင့်ပတ်သက်ပြီးသံသယရှိသူ
များအနေဖြင့်အချိန်မရွေးလာရောက်စုံစမ်းနိုင်ကြောင်း ပြောဆိုသွားသည်။

ထို့ပြင်ဝဲလောင်ကျေးရွာရွှေဥမင်ဘုန်းကြီးကျောင်းကျောင်းထိုင်ဆရာတော်ဦးဓမ္မ၀ံသမှလည်း၎င်းသတင်းမမှန်ပါကြောင်း၊ဦးအောင်သောင်းအားတောင်သာတစ်မြို့နယ်လုံးမှချစ်ခင် ကြကြောင်း၊ဆရာတော်မှဝန်ကြီးဟောင်းဦးအောင်သောင်းဟာဝဲလောင်ရွာသားပါ။သူ့ကြောင့်ဒီဒေသတွေဘာသာသာသနာထွန်းကားပြီးကျန်းမာရေးပညာရေးအလုံးစုံတိုးတက်လာတာပါတစ်နယ်လုံးသူ့ကျေးဇူးမကင်းပါဘူး၊ အခုလိုမဟုတ်မမှန်အပုတ်ချတဲ့သတင်းဟာဘုန်းကြီးတို့ တောင်သာ ဒေသခံတွေကို စော်ကားလိုက်တာပါဘဲ အချိန်မရွေး လာရှင်းလို့ရပါ တယ် ဟုမိန့်ကြားသွားသည်။

ဝန်ကြီးဟောင်းဦးအောင်သောင်းသည် တောင်သာမြို့နယ်ဝဲလောင်ရွာသားတစ်ဦးဖြစ်ပြီး
တောင်သာမြို့နယ်မှ ရွေးကောက်ခံရသည့် ပြည်သူ့လွတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်ကာ
ပြည်သူ့လွတ်တော်မှဖွဲ့စည်းထားသည့် ငွေကြေးနှင့်ဘဏ်များဆိုင်ရာကော်မတီဥက္ကဌ
တာဝန်ထမ်းဆောင်လျက်ရှိသည်။ယခင်ကငြိမ်းချမ်ရေးလုပ်ငန်းစဉ်များတွင်ဦးဆောင်ပါဝင်
ခဲ့သော်လည်း၂၀၁၂ခုနုစ်နောင်းပိုင်းတွင်ကျန်းမားရေး အခြေနေအရ အနားယူခဲ့သည်။

ဖေသန်းဇော်(မြင်းခြံ)
TaungThar Thar Fb