မြန်မာ့အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည်မကြာမီသွားရောက်
မည့် တောင်ကိုရီးယားခရီးစဉ်အတွင်းဆိုးလ်မြို့တော်၌ တောင်ကိုရီးယား၏ပထမဆုံး
အမျိုးသမီးသမ္မတသစ်ဖြစ်လာသည့် ပက်ဂျွန်ဟေးနှင့် တွေ ဆုံရန် ရှိကြောင်းကိုရီးယား
အစိုးရနှင့်နီးစပ်သည့်တာဝန်ရှိသူတစ်ဥိးကိုကိုးကားကာတောင်ကိုရီးယားသတင်းအေဂျင်
စီယုံဟပ်က ဖေါ်ပြလိုက်သည်။
အဆိုပါတာဝန်ရှိသူကသမ္မတပက်ဂျွန်ဟေးသည် ဒေါ်စုအားဇန်န၀ါရီ၂၉တွင်တွေ့ ဆုံဖွယ်
ရှိကြောင်း၊ ဒေါ်စုသည် တောင်ကိုရီးယားသို့၂၈ရက်နေ့တွင်လာရောက်မည်ဖြစ်ကြောင်း
ဆိုသည်။ ဒေါ်စုသည် တောင်ကိုရီးယားခရီးစဉ်အတွင်းပြုံချန်မြို့၌ဇန်နဝါရီ၂၉မှ ဖေဖေါ်ဝါရီ
၅ရက်နေ့ အထိကျင်းပမည့်ဆောင်းရာသီကမ္ဘာ့အိုလံပစ်အထူးပွဲတော်၏ဖွင့်ပွဲသို့တက်ရောက်
မည်ဖြစ်ကြောင်း သိရသည်။
နိုဗယ်ဆုရှင်ဒေါ်အောင်ဆန်းစုကြည်သည်သူမ၏လူ့အခွင့်အရေးနှင့်ပညာရေးမြှင့်တင်မှု
ဆိုင်ရာ ဆောင်ရွက်ချက်များကြောင့်ဆိုးလ်အမျိုးသားတက္ကသိုလ် Seoul National
University ကချီးမြှင့်မည်ဂုဏ်ထူးဆောင်ဒေါက်တာဘွဲကိုလည်း ဖေဖေါ်ဝါရီ၁ရက်နေ့
တွင်လက်ခံရယူသွားရန်ရှိနေကြောင်းသိရသည်။
REF: Yonhap

No comments:
Post a Comment
မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။