Tuesday, January 22, 2013

ရန်ကုန်မှာ ရောက်နေတဲ့တရုတ်လူမျိုး ရိုက်စား ဆေးခန်းအကြောင်း ...

ရန်ကုန်မြို့  လသာမြို့နယ်ရှိ စဉ့် အိုးတန်းလမ်း အောက်ဘလောက်မှာရှိတဲ့ " ခေတ်မှီ"
ဆေးခန်းအကြောင်းနဲ့ ပတ်သက်လို့ သိသမျှ ဖောက်သည်ချလိုက်ချင်ပါတယ်...ဖြစ်ရပ်မှန်
ကိုယ်တွေ့ ပါ
ခုတစ်လော...ဂျာနယ်တွေမှာဆက်တိုက်ဆိုသလိုကြော်ငြာအားကောင်းကောင်းနဲ့ တွေ့ နေ
ရတော့...အနာနဲ့ ဆေးတည့်မလားဆိုပြီးတိုက်တိုက်ဆိုင်ဆိုင်ရောက်သွားခဲ့တယ်စရောက်
တည်းကသတိထားမိတာက....ဆေးခန်းအပြင်ဘတ်မှာအထွေထွေရောဂါကုဆရာဝန်
၂ယောက်အမည်ပဲဆိုင်းဘုတ်ချိတ်ထားတာတွေ့  ရတယ်
အဲ့ဒီဆရာဝန်၂ယောက်က မြန်မာနာမည်နဲ့ ....ပါနောက်တစ်ချက်က....လူနာမှတ်တမ်း
စာအုပ်ယူပြီးတာနဲ့ ပိုက်ဆံ ၅၀၀၀/ စတောင်းပါတယ် ဒါလဲ ထားတော့ ...နောက်တစ်ချက်
က .... ဆရာလာပြီတဲ့ဆိုပြီးနာမည်ခေါ်တော့ ....ကျမအထင်က မြန်မာဆရာဝန်ပဲထင်ခဲ့
တာပါ

အဲ့ဒီမှာ စတွေ့ တော့တာပါပဲ .... ဆရာဝန်ကတစ်ရုတ်လူမျိုးအသက်၃၀ခန့်  မြန်မာစကား
မတတ်ဘူး မြန်မာတစ်ရုတ်ကောင်မလေးတစ်ယောက်ကစကားပြန်လုပ်ပေးတယ်...အရင်
ကကျှီးပေါင်း ဖြစ်ဖူးလို့  မြန်မာဆရာဝန်နဲ့  ပြတာ ပျောက်သွားပြီးကာမှ....အခန့် မ
သင့်တော့ပြန်ဖြစ်ချင်သလို ဖြစ်တာနဲ့ ခုတစ်လောဂျာနယ်တွေမှာ ကြော်ငြာ ကောင်း
တာကြောင့်ဒီဆေးခန်းကို လာခဲ့မိတာ..မေးကြည့် တော့ တရုတ်တိုင်းရင်းဆေးဆရာ
လို့ပြောတယ်ဒါပေမယ့် ....
ဘာအထောက်အထားမှမရှိဘူးအနည်းဆုံးတိုင်းရင်းဆေးအသိအမှတ်ပြုလက်မှတ်တစ်ခု
ခုပေါ့...အဲ့ဒါလည်းမတွေ့ ရပါဘူး ....
အဓိကပြောပြချင်တာက ဆေးကိုရက်၃၀ သောက်ရမယ်ပြောတယ်..ပုခုံး၂ဖက်ကို
လည်းဆေးထိုးရမယ်လို့ ပြောတယ်...ဘာမှလဲသေချာစစ်ဆေးပေးတာမျိုးလည်းမရှိဘူး
ဒါပေမယ့်သောက်ရမယ့် ဆေးဖိုးကလေးသောင်းကျမယ်လို့ ပြောတယ်ထင်လိုက်တာ
ကရက်၃၀စာကို ဆေးဖိုး ငွေ လေးသောင်းလို့ ထင်လိုက်တာ...အဲ့ဒီအချိန်မှာဆရာဝန်
ကိုလည်းသိပ်မကြိုက်တော့..ဆေးလည်းမထိုးချင်ဘူး သောက်ဆေးကိုလည်း၁၅ရက်စာပဲ
ယူမယ်လို့ ပြောလိုက်တယ် ....
အဲ့ဒီ တော့ ကောင်မလေးကပိုက်ဆံအရင်ရှင်းရမယ်လို့ ပြောတယ် ဘောင်ချာမှာ ရေးထား
တာကြည့် လိုက်တော့600000(ခြောက်သိန်း)တိတိဖြစ်နေတာကိုတွေ့ လိုက်ရတယ်..သေ
ချာအောင် မေးကြည့်လိုက်တော့မှ ဆေးတစ်ရက် စာ ကိုလေးသောင်း ဆိုပြီးပြောတယ် .....
အံ့ သြလွန်းလို့ ယုံတောင်မယုံ နိုင်ပါဘူးသောက်သေး၃မျိုး နှင့်ကပ်ခွာတစ်ခုတစ်ရက်စာကို
လေးသောင်းကျတယ်ဆိုတာ....ဘယ်လိုဆေးမျိုးပါလဲစိတ်ဝင်စားစရာပါပဲအဲ့ဒါနဲ့ စကား
အချေအတင်မပြောချင်တော့တာနဲ့ ၂ရက်စာရှစ်သောင်းဖိုး ၀ယ်လာခဲ့ရပါတော့တယ် ....
ဒါပေမယ့်အဲ့ဒီဆေးကိုမသောက်တော့ဘူးလို့ ဆုံးဖြတ်လိုက်ပါတယ်....ကိုယ်မသိတာတွေသိ
ခဲ့ရလို့ ပဲစိတ်ဖြေလိုက်ပါတယ်မနက်ဖြန်ကစပြီးအဲ့ဒီဆေးခန်းကိုဆက်လက်စုံစမ်းသွားပြီး
အမှန်တရားကိုဖော်ထုတ်သွားမှာဖြစ်ပါတယ်ကိုယ့်လိုမဖြစ်ရလေအောင်ဓာတ်ပုံနှင့်တကွ
တင်ပြလိုက်ပါတယ်

No comments:

Post a Comment

မိမိအမြင်များကိုတစ်ဖက်သားအားထိခိုက်နစ်နာစေမည့်အသုံးအနှုန်းများအသုံးမပြုဘဲလွတ် လပ်စွာမှတ်ချက်ပေးနိုင်ပါသည်။